“လုပ်ငန်းခွင် လုံခြုံမှု”

လုပ်ငန်းခွင် လုံခြုံမှူဆိုတာ ဘယ်လို လုပ်ငန်းခွင်အတွက်မဆို ရှေ့ဆုံးမှာထား စဉ်းစားသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်…. လုံခြုံမှူ မရှိတဲ့ လုပ်ငန်းခွင်ဟာ ယုံကြည်စိတ်ချရမှူနဲ့ အကျိူးအမြတ်ပေးနိုင်တဲ့ လုပ်ငန်းခွင် မဟုတ်တာ သေချာပါတယ်…

အမေရိကန် နိုင်ငံမှာ ဆိုရင်…. အလုပ်သမား တွေကို လျော်ကြေးငွေအဖြစ် တစ်ပတ်ကို အမေရိကန် ဒေါ်လာ တစ်ကုဋေပေးလျော်ကြပါတယ်…. ဒါကိုကြည့်ခြင်းအားဖြင့် လုပ်ငန်းခွင် safety ဆိုတာကို သူတို့ ဘယ်လောက်အလေးထားသလဲ သိနိုင်ပါတယ်….

လုပ်ငန်းခွင်မှာ လုံခြုံမှူရဖို့ အရေးကြီးတဲ့ အခြေခံ အချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်….

(1) ဖြစ်နိုင်ချေ ရှိတဲ့ အန္တရာယ် တွေကို တွက်ဆထားပါ

သင့်အလုပ်ခွင်ရဲ့ သဘောသဘာဝနဲ့ ဆက်စပ်တဲ့ ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ် တွေကို ကြိုတင်တွက်ဆထားပါ… ဒါမှသာ ဒီအန္တရာယ်တွေကို ရှောင်ရှားဖို့ နည်းလမ်းတွေကို သင့်ကြံဆနိုင်မှာဖြစ်ပါတယ်…

(2) လုပ်ငန်းခွင်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှူ နည်းနိုင်သမျှနည်းပါစေ

စိတ်ဖိစီးမှူ ဖြစ်စေတဲ့ အကြောင်းတွေထဲမှာ နာရီအကြာကြီး အလုပ်လုပ်ရတာ…. တာဝန်ယူရတာတွေများလွန်းတာ…လုပ်ငန်းခွင် က တခြားလုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် လုပ်ငန်းရှင်သူဌေးနဲ့ ဆက်ဆံရေးမပြေလည်တာတွေက အဖြစ်များပါတယ်..

(3) ပုံမှန် အနားယူချိန်ထားပေးပါ

ပုံမှန်အနားယူလို့ အားပြည့်အင်ပြည့် လတ်ဆတ်နေခြင်းဟာ သင့်ကို လုပ်ငန်းခွင် ထိခိုက်မှု ကနေ ကာကွယ် ပေးပါလိမ့်မယ်…. မနက်စောစော လုပ်ငန်းခွင် စတဲ့အချိန်မှာ သင့်အတွက် အခက်ဆုံးအလုပ်တွေလုပ်တာဟာ ကောင်းတဲ့ စီမံမှူတစ်ခုပါ…

(4) ဖြစ်နိုင်ရင် စက်ပစ္စည်းအကူအညီကို ရယူပါ

လေးလွန်းတဲ့ လုပ်ငန်းခွင် ပစ္စည်း တွေကို သင်တစ်ယောက်တည်း သယ်မနေမယ့်အစား…. စက်ပစ္စည်းတွေ အကူအညီရယူတာက သင့်အတွက် အကျိူးများစေပါလိမ့်မယ်…

(5) ကာကွယ်ရေးဝတ်စုံ PPE ကို လိုအပ်တာနဲ့ ဝတ်ဆင်ပါ

နားအဆို့တွေ… နားကာတွေ… ဦးထုပ်အမာတွေ….မျက်လုံးကာတွေ…လက်အိပ်တွေ နဲ့ မျက်နှာဖုံးတွေ ဟာ သင့်ကို လုပ်ငန်းခွင် ထိခိုက်မှု ကနေ အများကြီး ကာကွယ်ပေးနိုင်မှာပါ….

(6) သင့်အလုပ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို အချိန်မရွေး အကြောင်းကြားပါ

လုပ်ငန်းခွင် အန္တရာယ်နဲ့ ထိခိုက်မှူတွေနဲ့ ပတ်သက်လို့ သင့်မှာ တစ်ခုခုပြောစရာလိုလာတဲ့အခါ… သင့်အလုပ်ရှင် ဒါမှမဟုတ် HR ကိုချက်ချင်း အကြောင်းကြားပါ…. သင့်အလုပ်ရှင်ဟာ လုပ်ငန်းခွင် လုံခြုံမှူ အတွက် ဥပဒေအရ တာဝန်ရှိပါတယ်….

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်


လုပ်ငန်းခွင် လုံခြုံမှူဆိုတာ ဘယ်လို လုပ်ငန်းခွင်အတွက်မဆို ရှေ့ဆုံးမှာထား စဉ်းစားသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်…. လုံခြုံမှူ မရှိတဲ့ လုပ်ငန်းခွင်ဟာ ယုံကြည်စိတ်ချရမှူနဲ့ အကျိုးအမြတ်ပေးနိုင်တဲ့ လုပ်ငန်းခွင် မဟုတ်တာ သေချာပါတယ်…










လေးလွန်းတဲ့ လုပ်ငန်းခွင် ပစ္စည်း တွေကို သင်တစ်ယောက်တည်း သယ်မနေမယ့်အစား…. စက်ပစ္စည်းတွေ အကူအညီရယူတာက သင့်အတွက် အကျိုးများစေပါလိမ့်မယ်…





မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *