လုံခြုံစိတ်ချ လိင်မှုကိစ္စ
“ငါ့သမီး တော်လှ တော်လှ… ယောင်းမ မြင်းစီးထွက်ပြ ရတယ်လို့ကွာ… တောက် “… ညပိုင်းလေး ခဏအားနေတုန်း.. မြန်မာဇာတ်ကားလေး ကြည့်နေတုန်း… မင်းသမီးရဲ့ အဖေမှ တက်တခေါက်ခေါက်နဲ့ ပြောနေတဲ့ စကားသံပါ…အဲ့မှာ ကိုယ်ကလည်း ဆရာဝန်ဆိုတော့ ဆရာဝန်အတွေးလေး တွေးမိပြန်ပပေါ့…လူငယ်သဘာဝ အချစ်အတွက် အလိုလိုက်ခဲ့ကြပေမယ့်… ကျန်းမာရေး အသိနည်းတဲ့အခါမှာ မဖြစ်သင့်တာတွေ ဖြစ်ကြ လူမှုရေးပြသနာတွေ အပြင် လိင်ဆက်ဆံမှုကြောင့် ကူးစက်ရောဂါတွေ ကြုံကြရနိုင်ပါတယ်…. ဒါကြောင့် အရွယ်ရောက်လာတဲ့သူတိုင်းမှာ လုံခြုံစိတ်ချရတဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုအကြောင်းကို သိထားဖို့ လိုအပ်ပါတယ်…
အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုဆိုတာ…?
မိမိတင်မကပဲ မိမိရဲ့ လိင်ဆက်ဆံဖော်ကိုပါ လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ခြင်း ဖြစ်ပါတယ်..
လိင်ဆက်ဆံတဲ့အခါမှာ… ပါးစပ်၊ စအို၊ မိန်းမကိုယ်မှ တဆင့် ဆက်ဆံတတ်ကြပါတယ်..မည်သို့ ဆက်ဆံစေကာမူ.. ဒီလို ကာကွယ်ဖို့ရာ နည်းလမ်းတွေ အများကြီး ရှိပါတယ်.. နီးစပ်ရာ ဆေးဆိုင် စတိုးဆိုင်တွေမှာ အမျိုးသားသုံး ကွန်ဒုံး၊ အမျိုးသမီးသုံး ကွန်ဒုံးတွေ ဝယ်ယူနိုင်ပါတယ်… မှန်ကန်သော နည်းလမ်းကို အသုံးပြုပါက…ကိုယ်ဝန် မရှိနိုင်ဖို့ ရောဂါမကူးစက်ဖို့ရာခိုင်နှုန်းအများစုရှိပါတယ်…
လိင့်မှတဆင့် ကူးစက်ရောဂါတွေ အတတ်နိုင်ဆုံး ကာကွယ်ဖို့ရာ… နည်းလမ်း တချို့လဲ ရှိပါတယ်…
– လိင်ဆက်ဆံခြင်းမပြုပဲ… ပွေ့ဖက်တာ… မိမိဘာသာ အာသာဖြေခြင်း..(သို့) မိမိအဖော်ရှေ့မှာ အာသာဖြေခြင်း…
– လိင်မဆက်ဆံခင် မိမိ(သို့) ဆက်ဆံဖော်၏ လိင်အင်္ဂါတဝိုက်တွင် ပေါက်ပြဲခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ အနာများ ရှိနေလား စစ်ဆေးပါ
– ဆေးစစ်ခြင်း(သို့)မိမိဆီမှာ ကူးစက်ရောဂါ ရှိပါက ပုံမှန်ကုသခြင်း ပြုလုပ်ပါ…
– မူးယစ် သုံးစွဲခြင်း ၊ အရက်သေစာ သောက်စားပြီးနောက် လိင်ဆက်ဆံပါက.. အကာအကွယ် အသုံးပြုပုံ မမှန်ကန်တတ်တာမို့ ဖြစ်နိုင်ပါက ရှောင်ကြည်ပါ… မူးယစ်ဆေးသုံးတဲ့အခါမှာလဲ ဆေးထမုးအပ်ကို မျှဝေသုံးစွဲခြင်း မပြုပါနှင့်…
– sex toys တွေ အသုံးပြုပါက အတူတူသုံးခြင်း မပြုပါနဲ့.. အသုံးပြုပြီးနောက်တွင် သန့်ရှင်းစွာထားပါ…
– ပါးစပ် ၊ စအို (သို့) မိန်းမကိုယ်မှ တဆင့် တခါ ဆက်ဆံပြီးတိုင်း အကာအကွယ်အသစ် လဲလှယ်အသုံးပြုပါ….
– liquid based lubricant အသုံးပြုပါ
– ကြမ်းတမ်းစွာ ဆက်ဆံခြင်းပြုပါက ကွန်ဒုံးပေါက်ပြဲခြင်းများ တွေကြုံရနိုင်သလို…လိင်အင်္ဂါတွင် ထိခိုက်ခြင်း ပြဲခြင်းမှာ ဖြစ်နိုင်ပါတယ်… မိမိဆက်ဆံဖော်မှ နာကျင်မှု ခံစားရပါက ရပ်တန့်ပါ…
မိမိကိုယ်ရော ဆက်ဆံဖော်ကိုပါ…လိင်မှတဆင့် ရောဂါပိုး မကူးစက်ဖို့ရာ .. လိင်အင်္ဂါမှ ထွက်သော အရည်များ၊ သွေးများကို မထိတွေ့ဖို့လိုအပ်ပြီး အရေပြားမှတဆင့် (သို့) လိင်အင်္ဂါမှတဆင့် မထိတွေ့နိုင်အောင် သတိထားသင့်ပါတယ်….
လိင်မှတဆင့် ရောဂါကူးစက်မှု လျော့ချဖို့ရာ အကာအကွယ်ကို မှန်ကန်စွာ အသုံးပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်..
ပိုင်နီမောင်
လံုျခံဳစိတ္ခ် လိင္မႈကိစၥ
“ငါ့သမီး ေတာ္လွ ေတာ္လွ… ေယာင္းမ ျမင္းစီးထြက္ျပ ရတယ္လို႔ကြာ… ေတာက္ “… ညပိုင္းေလး ခဏအားေနတုန္း.. ျမန္မာဇာတ္ကားေလး ၾကည့္ေနတုန္း… မင္းသမီးရဲ႕ အေဖမွ တက္တေခါက္ေခါက္နဲ႔ ေျပာေနတဲ့ စကားသံပါ…အဲ့မွာ ကုိယ္ကလည္း ဆရာဝန္ဆိုေတာ့ ဆရာဝန္အေတြးေလး ေတြးမိျပန္ပေပါ့…လူငယ္သဘာဝ အခ်စ္အတြက္ အလိုလိုက္ခဲ့ၾကေပမယ့္… က်န္းမာေရး အသိနည္းတဲ့အခါမွာ မျဖစ္သင့္တာေတြ ျဖစ္ၾက လူမႈေရးျပသနာေတြ အျပင္ လိင္ဆက္ဆံမႈေၾကာင့္ ကူးစက္ေရာဂါေတြ ၾကံဳၾကရႏိုင္ပါတယ္…. ဒါေၾကာင့္ အရြယ္ေရာက္လာတဲ့သူတိုင္းမွာ လံုျခံဳစိတ္ခ်ရတဲ့ အႏၱရာယ္ကင္းတဲ့ လိင္ဆက္ဆံမႈအေၾကာင္းကို သိထားဖို႔ လိုအပ္ပါတယ္…
အႏၱရာယ္ကင္းတဲ့ လိင္ဆက္ဆံမႈဆိုတာ…?
မိမိတင္မကပဲ မိမိရဲ႕ လိင္ဆက္ဆံေဖာ္ကိုပါ လိင္မွတဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါေတြကို ကာကြယ္ျခင္း ျဖစ္ပါတယ္..
လိင္ဆက္ဆံတဲ့အခါမွာ… ပါးစပ္၊ စအို၊ မိန္းမကုိယ္မွ တဆင့္ ဆက္ဆံတတ္ၾကပါတယ္..မည္သို႔ ဆက္ဆံေစကာမူ.. ဒီလို ကာကြယ္ဖို႔ရာ နည္းလမ္းေတြ အမ်ားႀကီး ႐ွိပါတယ္.. နီးစပ္ရာ ေဆးဆိုင္ စတိုးဆိုင္ေတြမွာ အမ်ိဳးသားသံုး ကြန္ဒံုး၊ အမ်ိဳးသမီးသံုး ကြန္ဒံုးေတြ ဝယ္ယူႏိုင္ပါတယ္… မွန္ကန္ေသာ နည္းလမ္းကုိ အသံုးျပဳပါက…ကုိယ္ဝန္ မ႐ွိႏို္င္ဖို့ ေရာဂါမကူးစက္ဖို ့ရာခိုင္ႏႈန္းအမ်ားစု႐ွိပါတယ္…
လိင့္မွတဆင့္ ကူးစက္ေရာဂါေတြ အတတ္ႏိုင္ဆံုး ကာကြယ္ဖို႔ရာ… နည္းလမ္း တခ်ိဳ႕လဲ ႐ွိပါတယ္…
– လိင္ဆက္ဆံျခင္းမျပဳပဲ… ေပြ႔ဖက္တာ… မိမိဘာသာ အာသာေျဖျခင္း..(သို႔) မိမိအေဖာ္ေ႐ွ႕မွာ အာသာေျဖျခင္း…
– လိင္မဆက္ဆံခင္ မိမိ(သို႔) ဆက္ဆံေဖာ္၏ လိင္အဂၤါတဝိုက္တြင္ ေပါက္ျပဲျခင္း၊ အနံ႔ဆိုးထြက္ျခင္း၊ အနာမ်ား ႐ွိေနလား စစ္ေဆးပါ
– ေဆးစစ္ျခင္း(သို႔)မိမိဆီမွာ ကူးစက္ေရာဂါ ႐ွိပါက ပံုမွန္ကုသျခင္း ျပဳလုပ္ပါ…
– မူးယစ္ သံုးစြဲျခင္း ၊ အရက္ေသစာ ေသာက္စားၿပီးေနာက္ လိင္ဆက္ဆံပါက.. အကာအကြယ္ အသံုးျပဳပံု မမွန္ကန္တတ္တာမို႔ ျဖစ္ႏိုင္ပါက ေ႐ွာင္ၾကည္ပါ… မူးယစ္ေဆးသံုးတဲ့အခါမွာလဲ ေဆးထမုးအပ္ကုိ မွ်ေဝသံုးစဲြျခင္း မျပဳပါႏွင့္…
– sex toys ေတြ အသံုးျပဳပါက အတူတူသံုးျခင္း မျပဳပါနဲ႔.. အသံုးၿပဳၿပီးေနာက္တြင္ သန္႔႐ွင္းစြာထားပါ…
– ပါးစပ္ ၊ စအို (သို႔) မိန္းမကုိယ္မွ တဆင့္ တခါ ဆက္ဆံၿပီးတိုင္း အကာအကြယ္အသစ္ လဲလွယ္အသံုးျပဳပါ….
– liquid based lubricant အသံုးျပဳပါ
– ၾကမ္းတမ္းစြာ ဆက္ဆံျခင္းျပဳပါက ကြန္ဒံုးေပါက္ျပဲျခင္းမ်ား ေတြၾကံဳရႏိုင္သလို…လိင္အဂၤါတြင္ ထိခိုက္ျခင္း ျပဲျခင္းမွာ ျဖစ္ႏိုင္ပါတယ္… မိမိဆက္ဆံေဖာ္မွ နာက်င္မႈ ခံစားရပါက ရပ္တန္႔ပါ…
မိမိကုိယ္ေရာ ဆက္ဆံေဖာ္ကုိပါ…လိင္မွတဆင့္ ေရာဂါပိုး မကူးစက္ဖို႔ရာ .. လိင္အဂၤါမွ ထြက္ေသာ အရည္မ်ား၊ ေသြးမ်ားကို မထိေတြ႔ဖို႔လိုအပ္ၿပီး အေရျပားမွတဆင့္ (သို႔) လိင္အဂၤါမွတဆင့္ မထိေတြ႔ႏိုင္ေအာင္ သတိထားသင့္ပါတယ္….
လိင္မွတဆင့္ ေရာဂါကူးစက္မႈ ေလ်ာ့ခ်ဖို႔ရာ အကာအကြယ္ကို မွန္ကန္စြာ အသံုးျပဳၾကဖို႔ တုိက္တြန္းလိုက္ရပါတယ္..
ပိုင္နီေမာင္