ရက်ရှောင်နည်းဟာ တကယ်ပဲစိတ်ချရသလား

အိမ်ထောင်သည်တွေမှာ ကိုယ်ဝန်မရအောင် သားဆက်ခြားနည်းတွေအမျိုးမျိုးရှိတဲ့အထဲက ရက်ရှောင်နည်းလို့ လူသိများတဲ့ Calender Method အကြောင်းရေးသားချင်ပါတယ်။ ရက်ရှောင်ပြီးအတူနေနည်းမှာ အမျိုးသမီးရဲ့ Safe Period ကိုတွက်ဖို့ကအဓိကအကျဆုံးဖြစ်ပါတယ်။ ရာသီစက်ဝန်းတစ်ခုဟာ ရာသီသွေးပေါ်တဲ့ပထမရက်ကနေ နောက်တစ်လမှာသွေးပေါ်တဲ့ပထမရက်ထိကို One Menstrual Cycle လို့တွက်ပါတယ်။ အဲဒီမှာ Day 1 ကနေ 7 ထိနဲ့ Day21 ကနေ နောက်ရာသီစမလာခင်အချိန်ထိဟာ အမျိုးသမီးရဲ့ Safe Period ဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အတူတူနေရင် ကိုယ်ဝန်ရဖို့စိတ်ပူစရာမလိုပါဘူး။ သို့သော် ဒီ Safe Period ဟာ အမျိုးသမီးတစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရာသီစက်ဝန်းရဲ့ရက်ကာလမတူညီကြတာကြောင့်ပါ။ ပုံမှန်ရာသီစက်ဝန်းကတော့ ၂၈ရက် သို့မဟုတ် ဒီထက်နည်းတာမျိုးရှိပါတယ်။

အမျိုးသမီးတစ်ဦးရဲ့ ရာသီစက်ဝန်းမှာ အဆင့်သုံးဆင့်ရှိပါတယ်။ အဲဒါတွေကတော့

(1)Follicular Phase

ပထမဆုံးရာသီလာတဲ့ရက်ကနေစပါတယ်။ ၁၂ရက်ကနေ ၁၄ရက်ထိကြာတတ်ပါတယ်။ ဒီအဆင့်ကို သားဥမကြွေခင်အကြိုအဆင့် (Pre Ovulatory Phase) လို့ခေါ်ပါတယ်။ သားဥဟာ တဖြည်းဖြည်းရင့်ကျက်လာတဲ့အချိန်ပါ။

(2) Ovulation Phase

ဒီအဆင့်က ရာသီလာပြီး ၁၂ရက်ကနေ ၁၄ရက်မှာစတင်ပါတယ်။ ဒီအဆင့်မှာ follicle ကနေ သားဥလေးကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီအဆင့်ရောက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ Estrogen , Gonadotrophin Releasing Hormone , FSH နဲ့ LH စတဲ့ဟော်မုန်းတွေထွက်တဲ့အတွက် သနေါ်အအောင်နိုင်ဆုံးအချိန်ဖြစ်ပါတယ်။ ရင့်ကျက်နေတဲ့သားဥရဲ့သက်တမ်းဟာ တစ်ရက်ဖြစ်ပါတယ်။

(3)Luteal Phase

ဒီအချိန်မှာ Follicle ကနေ သားအိမ်နံရံကိုထူစေတဲ့ progesterone hormone ထွက်ပါတယ်။ ဒီအချိန်မှာ ကိုယ်ဝန်ဖြစ် သန္ဓေအောင်ရင် Progesterone ဆက်ထွက်ပြီး သားအိမ်နံရံပိုထူပါတယ်။ သန္ဓေမအောင်ခဲ့ရင်တော့ ဟော်မုန်းတက်မထွက်တော့ဘဲ follicle လေးဟာသေဆုံးပါတယ်။ ပြီးတဲ့အခါ သားအိမ်နံရံတွေလည်း ကွာကျပြီး ရာသီသွေးဆင်းခြင်းဖြစ်ပေါ်လာပါတော့တယ်။ ဒီအဆင့်ကလည်း ၁၂ရက်ကနေ ၁၄ရက်ထိကြာပါတယ်။

ရက်ရှောင်နည်းကိုဟာ တကယ်ပဲစိတ်ချရသလားဆိုရင်တော့ ကိုယ်ဝန်တားနိုင်ဖို့အတွက် စိတ်ချရခြင်းနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးခြင်း၊ နေမကောင်းခြင်းနဲ့ အခြားအကြောင်းအရာတစ်မျိုးမျိုးကြောင့် သားဥကြွေတဲ့ရက်က စောတာ၊နောက်ကျတာဖြစ်တတ်ပါတယ်။ ဒီနည်းဟာ လက်မောင်းထဲ Implant ထည့်ပြီး သန္ဓေတားတာမျိုး၊ သောက်ဆေးသောက်တာမျိုးတွေလောက် စိတ်မချရပါဘူး။ဒါ့အပြင်
ရာသီတစ်လတစ်ခါ မှန်မှန်မလာတဲ့အမျိုးသမီးတွေနဲ့ ရာသီစက်ဝန်းရက် သိပ်ကိုတိုလွန်း ရှည်လွန်း ပုံမှန်မဖြစ်တဲ့အမျိုးသမီးတွေအတွက်လည်း မသုံးသင့်လို့ပါ။

ဒါကြောင့် ကိုယ်ဝန်တားခြင်းကို ရာနှုန်းပြည့်နီးပါးစိတ်ချရချင်တယ်ဆိုရင်တော့ မိမိရဲ့လိုအပ်ချက်၊ကျန်းမာရေးအခြေအနေအပေါ်မူတည်ပြီး သားဆက်ခြားနည်းလမ်းတစ်ခုခုကို ဆရာဝန်နဲ့တိုင်ပင်ပြီး စနစ်တကျသားဆက်ခြားသင့်ကြောင်းရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)
ရက္ေရွာင္နည္းဟာ တကယ္ပဲစိတ္ခ်ရသလား

အိမ္ေထာင္သည္ေတြမွာ ကိုယ္ဝန္မရေအာင္ သားဆက္ျခားနည္းေတြအမ်ိဳးမ်ိဳးရွိတဲ့အထဲက ရက္ေရွာင္နည္းလို႔ လူသိမ်ားတဲ့ Calender Method အေၾကာင္းေရးသားခ်င္ပါတယ္။ ရက္ေရွာင္ၿပီးအတူေနနည္းမွာ အမ်ိဳးသမီးရဲ႕ Safe Period ကိုတြက္ဖို႔ကအဓိကအက်ဆံုးျဖစ္ပါတယ္။ ရာသီစက္ဝန္းတစ္ခုဟာ ရာသီေသြးေပၚတဲ့ပထမရက္ကေန ေနာက္တစ္လမွာေသြးေပၚတဲ့ပထမရက္ထိကို One Menstrual Cycle လို႔တြက္ပါတယ္။ အဲဒီမွာ Day 1 ကေန 7 ထိနဲ႔ Day21 ကေန ေနာက္ရာသီစမလာခင္အခ်ိန္ထိဟာ အမ်ိဳးသမီးရဲ႕ Safe Period ျဖစ္ပါတယ္။ အဲဒီရက္ေတြမွာ အတူတူေနရင္ ကိုယ္ဝန္ရဖို႔စိတ္ပူစရာမလိုပါဘူး။ သို႔ေသာ္ ဒီ Safe Period ဟာ အမ်ိဳးသမီးတစ္ဦးနဲ႔တစ္ဦး မတူၾကပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ရာသီစက္ဝန္းရဲ႕ရက္ကာလမတူညီၾကတာေၾကာင့္ပါ။ ပံုမွန္ရာသီစက္ဝန္းကေတာ့ ၂၈ရက္ သို႔မဟုတ္ ဒီထက္နည္းတာမ်ိဳးရွိပါတယ္။

အမ်ိဳးသမီးတစ္ဦးရဲ႕ ရာသီစက္ဝန္းမွာ အဆင့္သံုးဆင့္ရွိပါတယ္။ အဲဒါေတြကေတာ့

(1)Follicular Phase

ပထမဆံုးရာသီလာတဲ့ရက္ကေနစပါတယ္။ ၁၂ရက္ကေန ၁၄ရက္ထိၾကာတတ္ပါတယ္။ ဒီအဆင့္ကို သားဥမေႂကြခင္အႀကိဳအဆင့္ (Pre Ovulatory Phase) လို႔ေခၚပါတယ္။ သားဥဟာ တျဖည္းျဖည္းရင့္က်က္လာတဲ့အခ်ိန္ပါ။

(2) Ovulation Phase

ဒီအဆင့္က ရာသီလာၿပီး ၁၂ရက္ကေန ၁၄ရက္မွာစတင္ပါတယ္။ ဒီအဆင့္မွာ follicle ကေန သားဥေလးကို ထုတ္လႊတ္လိုက္ပါတယ္။ ဒီအဆင့္ေရာက္ေနတဲ့အခ်ိန္မွာ ခႏၶာကိုယ္ကေန Estrogen , Gonadotrophin Releasing Hormone , FSH နဲ႔ LH စတဲ့ေဟာ္မုန္းေတြထြက္တဲ့အတြက္ သေႏၚအေအာင္ႏိုင္ဆံုးအခ်ိန္ျဖစ္ပါတယ္။ ရင့္က်က္ေနတဲ့သားဥရဲ႕သက္တမ္းဟာ တစ္ရက္ျဖစ္ပါတယ္။

(3)Luteal Phase

ဒီအခ်ိန္မွာ Follicle ကေန သားအိမ္နံရံကိုထူေစတဲ့ progesterone hormone ထြက္ပါတယ္။ ဒီအခ်ိန္မွာ ကိုယ္ဝန္ျဖစ္ သေႏၶေအာင္ရင္ Progesterone ဆက္ထြက္ၿပီး သားအိမ္နံရံပိုထူပါတယ္။ သေႏၶမေအာင္ခဲ့ရင္ေတာ့ ေဟာ္မုန္းတက္မထြက္ေတာ့ဘဲ follicle ေလးဟာေသဆံုးပါတယ္။ ၿပီးတဲ့အခါ သားအိမ္နံရံေတြလည္း ကြာက်ၿပီး ရာသီေသြးဆင္းျခင္းျဖစ္ေပၚလာပါေတာ့တယ္။ ဒီအဆင့္ကလည္း ၁၂ရက္ကေန ၁၄ရက္ထိၾကာပါတယ္။

ရက္ေရွာင္နည္းကိုဟာ တကယ္ပဲစိတ္ခ်ရသလားဆိုရင္ေတာ့ ကိုုယ္၀န္တားႏုုိင္ဖိုု႔အတြက္ စိတ္ခ်ရျခင္းနည္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိတ္ဖိစီးျခင္း၊ ေနမေကာင္းျခင္းနဲ႔ အျခားအေၾကာင္းအရာတစ္မ်ိဳးမ်ိဳးေၾကာင့္ သားဥေၾကြတဲ့ရက္က ေစာတာ၊ေနာက္က်တာျဖစ္တတ္ပါတယ္။ ဒီနည္းဟာ လက္ေမာင္းထဲ Implant ထည့္ၿပီး သေႏၶတားတာမ်ိဳး၊ ေသာက္ေဆးေသာက္တာမ်ိဳးေတြေလာက္ စိတ္မခ်ရပါဘူး။ဒါ့အျပင္
ရာသီတစ္လတစ္ခါ မွန္မွန္မလာတဲ့အမ်ိဳးသမီးေတြနဲ႔ ရာသီစက္၀န္းရက္ သိပ္ကိုုတိုုလြန္း ရွည္လြန္း ပံုမွန္မျဖစ္တဲ့အမ်ိဳးသမီးေတြအတြက္လည္း မသံုးသင့္လို႔ပါ။

ဒါေၾကာင့္ ကိုယ္ဝန္တားျခင္းကို ရာႏႈန္းျပည့္နီးပါးစိတ္ခ်ရခ်င္တယ္ဆိုရင္ေတာ့ မိမိရဲ႕လိုအပ္ခ်က္၊က်န္းမာေရးအေျခအေနအေပၚမူတည္ၿပီး သားဆက္ျခားနည္းလမ္းတစ္ခုခုကို ဆရာဝန္နဲ႔တိုင္ပင္ၿပီး စနစ္တက်သားဆက္ျခားသင့္ေၾကာင္းေရးသားလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *