ကိုယ်ဟာလူကြမ်းလေးပါ
ဒီခေါင်းစဉ်ကိုရေးရမှာ အတန်ငယ်မျက်နှာပူသလိုရှိပေမယ့်လည်း သိထားသင့်တဲ့အကြောင်းအရာလေးမို့ ရေးရပါဦးမည်။
ချစ်ရည်လူးရာမှာ ပုံမှန်အခြေအနေမှသွေဖည်ပြီး ကြမ်းတမ်းစွာ ကာမအာရုံကိုခံစားချင်တဲ့ Sadism လို့ခေါ်တဲ့ လိင်စိတ်ဆိုင်ရာပုံမမှန်ခြင်းပါ။
တစ်ဖက်ဆက်ဆံဖော်အပေါ် ရုပ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း၊စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း နာကျင် စေခြင်းဖြင့် ကာမအာရုံကျေနပ်မှုရယူလိုခြင်းဖြစ်ပါတယ်။
လိင်စိတ်ဆိုင်ရာပုံမမှန်ခြင်းအဆင့်ပေါ်မူတည်ပြီး မိမိအဖော်ကို လိင်ဆက်ဆံရာတွင်
- ကိုက်ခြင်း
- ရိုက်နှက်ခြင်း
- ဆေးလိပ်မီးဖြင့်တို့ခြင်း
- ကြိုးတုပ်ခြင်း
- လက်ထိပ်ခတ်(လက်ကိုကြိုးနဲ့ချည်နှောင်ထားခြင်း)
- အခန်းတွင်းပိတ်လှောင်ထားခြင်း
- ကြာပွတ်ဖြင့်ရိုက်ခြင်း…အစရှိသည့် ရုပ်ပိုင်းဆိုင်ရာနာကျင်စေခြင်းအပြင် မိမိအဖော်ကို လွှမ်းမိုးထိန်းချုပ်ပြီး
- ကြောက်ရွံထိတ်လန့်စေခြင်း
- ရှက်ရွံစေခြင်း စသည့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာရစေခြင်းများပါဝင်ပါတယ်။
ဒီလိုပုံမမှန်မှုကိုဖြစ်ပေါ်စေတဲ့ တိကျတဲ့အကြောင်းရင်းသီးသီး သန့်သန့်မရှိပေမယ့် လေ့လာတွေ့ရှိချက်တွေအရတော့ ဒီလိုဝေဒနာရှင်အများစုဟာ လူမှုဝန်းကျင် အလုပ်နယ်ပယ်မှာ အာဏာမရှိသူများမှာ အတွေ့ရများကြောင်း၊ သူတို့ရဲ့အငုံ့စိတ်ပေါ်အခြေခံပြီး ယခုကဲ့သို့လိင်ပိုင်းဆိုင်ရာကိစ္စတွေမှာ အနိုင်ယူပြီး သာယာမှုခံစား တတ်တဲ့ ပုံမမှန်မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။
အချို့ကိစ္စရပ်တွေမှာ တစ်ဖက်လူကို သေစေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ပြီး ကာမရယူခြင်းအထိ အခြေအနေဆိုးရွားပြင်းထန်နိုင်ပါတယ်။
ဒီလို လိင်စိတ်ဆိုင်ရာပုံမမှန်ဖြစ်နေသူများဟာ မိမိကိုယ်ကို ပုံမမှန်ဖြစ်နေမှန်း သိရှိနားလည်ပြီး မိမိဆန္ဒအလျောက်ကုသမှုခံယူခြင်းထက်…. လိင်ဆက်ဆံဖော်သေဆုံးမှု၊ညှဉ်းပနိးနှိပ်စက်မှု စတဲ့ ရာဇဝတ်မှုကျူးလွန်မိပြီးမှသာလျှင် ကုသမှုခံယူရကောင်းမှန်းသိတတ်ကြပါတယ်။
ချစ်ရည်လူးရာမှာ ပုံမှန်ထက် အနည်းငယ်ပိုမိုကြမ်းတမ်းရုံနဲ့တော့ Sadist ရယ်လို့ မသတ်မှတ်ပါဘူး။ အထက်ဖော်ပြပါ အပြုအမူမျိုးကို မကြာခဏ(သုံးကြိမ်ထက်ပို) ပြုမူနေမယ်၊တစ်ဖက်ဆက်ဆံဖော်ရဲ့ စိတ်ဆန္ဒကိုဆန့်ကျင်ပြီး နိုင်ထက်စီးနင်းကာမအကြမ်းဖက်မှုတွေပြုလုပ်နေပြီဆိုရင်တော့ Sadism လို့ခေါ်တဲ့ လိင်စိတ်ပုံမမှန်မှုကိုခံစားနေရသူ Sadist အဖြစ် သတ်မှတ်နိုင်ပါတယ်။
ဒေါက်တာမျိုး(UM 1)
ကိုယ္ဟာလူၾကမ္းေလးပါ
ဒီေခါင္းစဥ္ကိုေရးရမွာ အတန္ငယ္မ်က္ႏွာပူသလို႐ွိေပမယ့္လည္း သိထားသင့္တဲ့အေၾကာင္းအရာေလးမို႔ ေရးရပါဦးမည္။
ခ်စ္ရည္လူးရာမွာ ပံုမွန္အေျခအေနမွေသြဖည္ၿပီး ၾကမ္းတမ္းစြာ ကာမအာရံုကိုခံစားခ်င္တဲ့ Sadism လို႔ေခၚတဲ့ လိင္စိတ္ဆိုင္ရာပံုမမွန္ျခင္းပါ။
တစ္ဖက္ဆက္ဆံေဖာ္အေပၚ ႐ုပ္ပိုင္းဆိုင္ရာအားျဖင့္ေသာ္လည္းေကာင္း၊စိတ္ပိုင္းဆိုင္ရာအားျဖင့္ေသာ္လည္းေကာင္း နာက်င္ ေစျခင္းျဖင့္ ကာမအာရံုေက်နပ္မႈရယူလိုျခင္းျဖစ္ပါတယ္။
လိင္စိတ္ဆိုင္ရာပံုမမွန္ျခင္းအဆင့္ေပၚမူတည္ၿပီး မိမိအေဖာ္ကို လိင္ဆက္ဆံရာတြင္
- ကိုက္ျခင္း
- ႐ိုက္ႏွက္ျခင္း
- ေဆးလိပ္မီးျဖင့္တို႔ျခင္း
- ႀကိဳးတုပ္ျခင္း
- လက္ထိပ္ခတ္(လက္ကိုႀကိဳးနဲ႔ခ်ည္ေႏွာင္ထားျခင္း)
- အခန္းတြင္းပိတ္ေလွာင္ထားျခင္း
- ၾကာပြတ္ျဖင့္႐ိုက္ျခင္း...အစ႐ွိသည့္ ႐ုပ္ပိုင္းဆိုင္ရာနာက်င္ေစျခင္းအျပင္ မိမိအေဖာ္ကို လႊမ္းမိုးထိန္းခ်ဳပ္ၿပီး
- ေၾကာက္ရြံထိတ္လန္႔ေစျခင္း
- ႐ွက္ရြံေစျခင္း စသည့္ စိတ္ပိုင္းဆိုင္ရာဒဏ္ရာရေစျခင္းမ်ားပါဝင္ပါတယ္။
ဒီလိုပံုမမွန္မႈကိုျဖစ္ေပၚေစတဲ့ တိက်တဲ့အေၾကာင္းရင္းသီးသီး သန္႔သန္႔မ႐ွိေပမယ့္ ေလ့လာေတြ႔႐ွိခ်က္ေတြအရေတာ့ ဒီလိုေဝဒနာ႐ွင္အမ်ားစုဟာ လူမႈဝန္းက်င္ အလုပ္နယ္ပယ္မွာ အာဏာမ႐ွိသူမ်ားမွာ အေတြ႔ရမ်ားေၾကာင္း၊ သူတို႔ရဲ႕အငံု႔စိတ္ေပၚအေျခခံၿပီး ယခုကဲ့သို႔လိင္ပိုင္းဆိုင္ရာကိစၥေတြမွာ အႏိုင္ယူၿပီး သာယာမႈခံစား တတ္တဲ့ ပံုမမွန္မႈျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း ေတြ႔႐ွိရပါတယ္။
အခ်ိဳ႕ကိစၥရပ္ေတြမွာ တစ္ဖက္လူကို ေသေစတဲ့အထိ ညႇဥ္းပန္းႏွိပ္စက္ၿပီး ကာမရယူျခင္းအထိ အေျခအေနဆိုးရြားျပင္းထန္ႏိုင္ပါတယ္။
ဒီီလို လိင္စိတ္ဆိုင္ရာပံုမမွန္ျဖစ္ေနသူမ်ားဟာ မိမိကိုယ္ကို ပံုမမွန္ျဖစ္ေနမွန္း သိ႐ွိနားလည္ၿပီး မိမိဆႏၵအေလ်ာက္ကုသမႈခံယူျခင္းထက္.... လိင္ဆက္ဆံေဖာ္ေသဆံုးမႈ၊ညႇဥ္းပနိးႏွိပ္စက္မႈ စတဲ့ ရာဇဝတ္မႈက်ဴးလြန္မိၿပီးမွသာလ်ွင္ ကုသမႈခံယူရေကာင္းမွန္းသိတတ္ၾကပါတယ္။
ခ်စ္ရည္လူးရာမွာ ပံုမွန္ထက္ အနည္းငယ္္ပိုမိုၾကမ္းတမ္းရံုနဲ႔ေတာ့ Sadist ရယ္လို႔ မသတ္မွတ္ပါဘူး။ အထက္ေဖာ္ျပပါ အျပဳအမူမ်ိဳးကို မၾကာခဏ(သုံးႀကိမ္ထက္ပို) ျပဳမူေနမယ္၊တစ္ဖက္ဆက္ဆံေဖာ္ရဲ႕ စိတ္ဆႏၵကိုဆန္႔က်င္ၿပီး ႏိုင္ထက္စီးနင္းကာမအၾကမ္းဖက္မႈေတြျပဳလုပ္ေနၿပီဆိုရင္ေတာ့ Sadism လို႔ေခၚတဲ့ လိင္စိတ္ပံုမမွန္မႈကိုခံစားေနရသူ Sadist အျဖစ္ သတ္မွတ္ႏိုင္ပါတယ္။
ေဒါက္တာမ်ိဳး(UM 1)