( သားအိမ်ပြင်ပ သန္ဓေလွဲမှားနေရာတည်ရာမှ …..)
” သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းပုံမှန်ပဲနော်.. ဆေးခန်းလေးတော့ သေချာလာပြလှည့် “….
ရပ်ကွက်ထဲက ဒေါ်စပ်စု ခေါ် ဒေါ်သေးတင်ရယ်ပါ… တနေကုန် ရပ်ကွက်ထဲ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ စကားလှည့်ပြော စပ်စုနေတော့ လူက ပင်ပန်းရောပေါ့… စပ်စုချက်ကတော့ ကမ်းကုန်… သူ လာရင် မေးခွန်း တစ်ခု ပါလာစမြဲ…. ခုလဲ
” ဆရာရေ… ရပ်ကွက်ထဲက ကိုယ်ဝန်သည်မိလုံးဆိုတဲ့တစ်ယောက်… ကိုယ်ဝန်ရှိတာမှမကြာသေး ဗိုက်တွေအရမ်းအောင့်တယ်ဆိုပြီး ဆေးရုံ အပြေးတင်လိုက်ရတယ်တဲ့.. သန္ဓေသားက နေရာလွဲနေတယ်ဆိုပါကော…”
” နေရာလွဲမှားသန္ဓေတည်တာ စိုးရိမ်ရလား … ပြီးတော့ ပြောသလို အဲ့ဒါကြီးက ကွဲထွက်သွားရင်ရော.. အန္တရာယ်ဖြစ်မှာလား ဆရာ.. ဗဟုသုတ အနေနဲ့ပြောပြပါဦး” …
” ဒီလို ကြီးဒေါ်ရေ့.. နေရာလွဲမှားသန္ဓေတည်ခြင်းဆိုတာ ပုံမှန် သားအိမ်ထဲမှာ သန္ဓေသားတည်ခြင်းမဟုတ်ပဲ ဘေးပြင်ပ… သားဥပြွန်တို့ ၊ ပြွန်နဲ့ သားဥအိမ်ဆက်ထားရာ(သို့)ပြွန်နဲ့ သားအိမ် ဆက်ထားရာနေရာတွေမှာ သွားတည်တာမျိုးပေါ့.. အများစု ဖြစ်ပွားတဲ့နေရာကတော့ ပြွန်အတွင်းမှာ ပေါ့…
ဒီလိုအချိန်မှာ သန္ဓေသားကြီးထွားလာတာနဲ့ အမျှ သားဥပြွန်ဟာ ဆုတ်ပြဲကွဲထွက်လာဖို့ ပိုများလာမယ်… နောက်ဆုံး ကွဲထွက်လာတဲ့အခါ အတွင်းမှာ သွေးထွက်မှုများပြီး အန္တရာယ်ဖြစ်မယ်…စိုးရိမ်ရတယ် ”
” ပြီးတော့ နေရာလွဲမှားသန္ဓေတည်တတ်တာဟာ ကိုယ်ဝန်ဆောင် အယောက်၅၀နဲ့ ၁၀၀ကြားမှာ တစ်ယောက်လောက်ဖြစ်နိုင်တယ်.. ဒီလိုဖြစ်လာခဲ့ရင် ပုံမှန်သန္ဓေသား ကလေးလိုတော့ မမွေးဖွာလာနိုင်တော့ဘူး.. မတော်ရင် မိခင်ကျန်းမာရေးကိုပါ ထိခိုက်နိုင်တယ်.. ဒါကြောင့် မိခင်ရဲ့ ကျန်းမာရေးနဲ့ ဖြစ်လာမယ့် အန္တရာယ်တွေကို အဓိကထား ကာကွယ်ကုသရမယ်”..
“ဒါဖြင့် အဲ့လို နေရာလွဲမှား သန္ဓေတည်တာကို ဘယ်လို သိနိုင်မလဲ ဆရာ”
” လက္ခဏာတွေကတော့ …သားအိမ်ခေါင်းမှာ နာကျင်တာမျိုးရှိမယ်…ဗိုက်အောင့်မယ်.. အဓိကအားဖြင့် နေရာလွဲမှားတဲ့ ပြွန်ဘက်မှာ ပေါ့.. ပုံမှန်ကိုယ်ဝန်ဆောင်တွေမှာ တွေ့ရတတ်တဲ့ ရင်သားပိုကြီးတာ နာတာတွေ၊ ရာသီထိန်တာတွေ ဖြစ်မယ်.. တချို့အမျိုးသမီးတွေမှာ ရာသီသွေးဆင်းတဲ့ ပုံမျိုးရှိနိုင်ပါတယ်.. ဒါပေမယ့် သွေးတွင်းhCG လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ဓာတ်ကို စစ်လိုက်ရင် ပုံမှန်ကိုယ်ဝန်ထက် နည်းတာကို တွေ့ရမယ်..
အဲ့ဒီကနေမှ ပြောခဲ့သလို ပြွန်ကွဲထွက်ဆုတ်ပြဲတာမျိုးရှိလာခဲ့ရင် ဗိုက်မခံမရပ်နိုင်အောင် အောင့်မယ်.. ဖြူဖျော့မယ်..မူးဝေမယ် ..ဒီလို လက္ခဏာတွေ တွေ့ရမယ် ကြီးဒေါ်ရေ…”
” နို့ နေပါဦး ဆရာ.. ဒီလို နေရာလွဲမှား သန္ဓေတည်တာက အမျိုးသမီးတိုင်းမှာ ဖြစ်နိုင်တာပေါ့နော်…”
ဒီလိုတော့ ရှိတယ်.. အမျိုးသမီးတိုင်း ဖြစ်နိုင်ပေမယ့် ပိုဖြစ်ဖို့ အခွင့်အရေးများတဲ့သူတွေ ရှိတယ်.. ဥပမာ
- ယခင် နေရာလွဲမှား သန္ဓေတည်ဖူးသူများ
- ယခင် ခွဲစိတ်မှုတစခုကြောင့် သားဥပြွန်ကို ထိခိုက်ထားမိဖူးသူ
- ယခင် သားဥပြွန်ထဲသို့ ဆေးရည် အစရှိတာတွေနဲ့ ထည့်သွင်းကုသရဖူးသူ
- သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း သုံးဖူးသူ
- တင်ပါးဆုံတွင်း ယောင်ရမ်း ဒဏ်ရာရောဂါ ဖြစဖူးသူများ
- ဆေးလိပ်သောက်သူ
- ယခင် ကလေးမရနိုင်သော ရောဂါ ရှိထားဖူးသူ(အရပ်အခေါ် – မြုံခြင်း)
တွေမှာ ပိုဖြစ်နိုင်တယ် ကြီးဒေါ်..
“အမလေး.. ဒါဆို ဒီလိုမျိုး ရောဂါ ရှိခဲ့ရင် ပိုသတိထားရာမှာပေါ့နော့..”
“ဒါပေါ့ဗျ.. ဒီလို နေရာလွဲမှားသန္ဓေတည်တာမျိုး ရှိခဲ့ရင်…စောသိရင် စောနိုင်သလောက် ဆေးရုံတက်ရောက်ပြီး ခွဲစိတ်ကုသမှုခံယူရမယ် …သန္ဓေသားထက် မိခင်ရဲ့ကျန်းမာရေးကို ပိုအလေးပေးရမယ်…ကျန်းမာရေး စစ်ဆေးမှု ပုံမှန် လုပ်ရမယ်….အချိန်မရွေး ကွဲထွက်ဆုတ်ပြဲလာမျိုးရှိရင် .. အရေးပေါ်အခြေအနေမို့ ..ဆေးရုံတက်ထားရင်တော့ အကောင်းဆုံးပေါ့ ”
“ကျေးဇူးပါ .. ဆရာရေ့ …ဒါမျိုးကျ ကျုပ်စပ်စုတတ်တာက ဗဟုသုတ အများကြီးပွားပြန်ပါကောလား…ဒါဆိုပြန်လိုက်ပါဦးမယ် နော့..”
“ဟုတ်ပါပြီဗျာ…”
“အောင်မလေး.. မိလုံး တစ်ယောက် ကျန်းမာလို့ အိမ်ပြန်ရောက်လာပါစေတော်….”
ဒေါ်စပ်စု တစ်ယောက် တတွတ်တွတ်ရွတ်ရင်း ထွက်သွားလေရဲ့…..
ပိုင်နီမောင်
( သားအိမ္ျပင္ပ သေႏၶလဲြမွားေနရာတည္ရာမွ …..)
” ေသြးေပါင္ခ်ိန္၊ ႏွလံုးခုန္ႏႈန္းပံုမွန္ပဲေနာ္.. ေဆးခန္းေလးေတာ့ ေသခ်ာလာျပလွည့္ “….
ရပ္ကြက္ထဲက ေဒၚစပ္စု ေခၚ ေဒၚေသးတင္ရယ္ပါ… တေနကုန္ ရပ္ကြက္ထဲ ဟိုစပ္စပ္ ဒီစပ္စပ္နဲ႔ စကားလွည့္ေျပာ စပ္စုေနေတာ့ လူက ပင္ပန္းေရာေပါ့… စပ္စုခ်က္ကေတာ့ ကမ္းကုန္… သူ လာရင္ ေမးခြန္း တစ္ခု ပါလာစျမဲ…. ခုလဲ
” ဆရာေရ… ရပ္ကြက္ထဲက ကုိယ္ဝန္သည္မိလံုးဆိုတဲ့တစ္ေယာက္… ကိုယ္ဝန္႐ွိတာမွမျကာေသး ဗိုက္ေတြအရမ္းေအာင့္တယ္ဆိုၿပီး ေဆးရံု အေျပးတင္လိုက္ရတယ္တဲ့.. သေႏၶသားက ေနရာလဲြေနတယ္ဆိုပါေကာ…”
” ေနရာလဲြမွားသေႏၶတည္တာ စိုးရိမ္ရလား … ၿပီးေတာ့ ေျပာသလို အဲ့ဒါႀကီးက ကဲြထြက္သြားရင္ေရာ.. အႏၱရာယ္ျဖစ္မွာလား ဆရာ.. ဗဟုသုတ အေနနဲ႔ေျပာျပပါဦး” …
” ဒီလို ႀကီးေဒၚေရ႕.. ေနရာလဲြမွားသေႏၶတည္ျခင္းဆိုတာ ပံုမွန္ သားအိမ္ထဲမွာ သေႏၶသားတည္ျခင္းမဟုတ္ပဲ ေဘးျပင္ပ… သားဥႁပြန္တို႔ ၊ ျပြန္နဲ႔ သားဥအိမ္ဆက္ထားရာ(သို႔)ႁပြန္နဲ႔ သားအိမ္ ဆက္ထားရာေနရာေတြမွာ သြားတည္တာမ်ိဳးေပါ့.. အမ်ားစု ျဖစ္ပြားတဲ့ေနရာကေတာ့ ႁပြန္အတြင္းမွာ ေပါ့…
ဒီလိုအခ်ိန္မွာ သေႏၶသားႀကီးထြားလာတာနဲ႔ အမ်ွ သားဥႁပြန္ဟာ ဆုတ္ျပဲကဲြထြက္လာဖို႔ ပိုမ်ားလာမယ္… ေနာက္ဆံုး ကဲြထြက္လာတဲ့အခါ အတြင္းမွာ ေသြးထြက္မႈမ်ားၿပီး အႏၱရာယ္ျဖစ္မယ္…စိုးရိမ္ရတယ္ ”
” ၿပီးေတာ့ ေနရာလဲြမွားသေႏၶတည္တတ္တာဟာ ကိုယ္ဝန္ေဆာင္ အေယာက္၅၀နဲ႔ ၁၀၀ၾကားမွာ တစ္ေယာက္ေလာက္ျဖစ္ႏိုင္တယ္.. ဒီလိုျဖစ္လာခဲ့ရင္ ပံုမွန္သေႏၶသား ကေလးလိုေတာ့ မေမြးဖြာလာႏိုင္ေတာ့ဘူး.. မေတာ္ရင္ မိခင္က်န္းမာေရးကိုပါ ထိခိုက္ႏိုင္တယ္.. ဒါေၾကာင့္ မိခင္ရဲ႕ က်န္းမာေရးနဲ႔ ျဖစ္လာမယ့္ အႏၱရာယ္ေတြကုိ အဓိကထား ကာကြယ္ကုသရမယ္”..
“ဒါျဖင့္ အဲ့လို ေနရာလဲြမွား သေႏၶတည္တာကို ဘယ္လို သိႏိုင္မလဲ ဆရာ”
” လကၡဏာေတြကေတာ့ …သားအိမ္ေခါင္းမွာ နာက်င္တာမ်ိဳး႐ွိမယ္…ဗိုက္ေအာင့္မယ္.. အဓိကအားျဖင့္ ေနရာလဲြမွားတဲ့ ႁပြန္ဘက္မွာ ေပါ့.. ပံုမွန္ကိုယ္ဝန္ေဆာင္ေတြမွာ ေတြ႔ရတတ္တဲ့ ရင္သားပိုႀကီးတာ နာတာေတြ၊ ရာသီထိန္တာေတြ ျဖစ္မယ္.. တခ်ိဳ႕အမ်ိဳးသမီးေတြမွာ ရာသီေသြးဆင္းတဲ့ ပံုမ်ိဳး႐ွိႏိုင္ပါတယ္.. ဒါေပမယ့္ ေသြးတြင္းhCG လို့ေခၚတဲ့ ကိုယ္ဝန္ေဆာင္ဓာတ္ကို စစ္လိုက္ရင္ ပံုမွန္ကုိယ္ဝန္ထက္ နည္းတာကို ေတြ႕ရမယ္..
အဲ့ဒီကေနမွ ေျပာခဲ့သလို ႁပြန္ကဲြထြက္ဆုတ္ျပဲတာမ်ိဳး႐ွိလာခဲ့ရင္ ဗိုက္မခံမရပ္ႏိုင္ေအာင္ ေအာင့္မယ္.. ျဖဴေဖ်ာ့မယ္..မူးေဝမယ္ ..ဒီလို လကၡဏာေတြ ေတြ႔ရမယ္ ႀကီးေဒၚေရ…”
” ႏို႔ ေနပါဦး ဆရာ.. ဒီလို ေနရာလဲြမွား သေႏၶတည္တာက အမ်ိဳးသမီးတိုင္းမွာ ျဖစ္ႏိုင္တာေပါ့ေနာ္…”
ဒီလိုေတာ့ ႐ွိတယ္.. အမ်ိဳးသမီးတိုင္း ျဖစ္ႏိုင္ေပမယ့္ ပိုျဖစ္ဖို႔ အခြင့္အေရးမ်ားတဲ့သူေတြ ႐ွိတယ္.. ဥပမာ
- ယခင္ ေနရာလဲြမွား သေႏၶတည္ဖူးသူမ်ား
- ယခင္ ခဲြစိတ္မႈတစခုေၾကာင့္ သားဥႁပြန္ကို ထိခိုက္ထားမိဖူးသူ
- ယခင္ သားဥႁပြန္ထဲသို႔ ေဆးရည္ အစ႐ွိတာေတြနဲ႔ ထည့္သြင္းကုသရဖူးသူ
- သားအိမ္တြင္းထည့္ သေနၶတားပစၥည္း သံုးဖူးသူ
- တင္ပါးဆံုတြင္း ေယာင္ရမ္း ဒဏ္ရာေရာဂါ ျဖစဖူးသူမ်ား
- ေဆးလိပ္ေသာက္သူ
- ယခင္ ကေလးမရႏိုင္ေသာ ေရာဂါ ႐ွိထားဖူးသူ(အရပ္အေခၚ – ျမံဳျခင္း)
ေတြမွာ ပိုျဖစ္ႏိုင္တယ္ ႀကီးေဒၚ..
“အမေလး.. ဒါဆို ဒီလိုမ်ိဳး ေရာဂါ ႐ွိခဲ့ရင္ ပိုသတိထားရာမွာေပါ့ေနာ့..”
“ဒါေပါ့ဗ်.. ဒီလို ေနရာလဲြမွားသေႏၶတည္တာမ်ိဳး ႐ွိခဲ့ရင္…ေစာသိရင္ ေစာႏိုင္သေလာက္ ေဆးရံုတက္ေရာက္ၿပီး ခဲြစိတ္ကုသမႈခံယူရမယ္ …သေႏၶသားထက္ မိခင္ရဲ ့က်န္းမာေရးကို ပိုအေလးေပးရမယ္…က်န္းမာေရး စစ္ေဆးမႈ ပံုမွန္ လုပ္ရမယ္….အခ်ိန္မေရြး ကဲြထြက္ဆုတ္ျပဲလာမ်ိဳး႐ွိရင္ .. အေရးေပၚအေျခအေနမို႔ ..ေဆးရံုတက္ထားရင္ေတာ့ အေကာင္းဆံုးေပါ့ ”
“ေက်းဇူးပါ .. ဆရာေရ႕ …ဒါမ်ိဳးက် က်ဳပ္စပ္စုတတ္တာက ဗဟုသုတ အမ်ားႀကီးပြားျပန္ပါေကာလား…ဒါဆိုျပန္လိုက္ပါဦးမယ္ ေနာ့..”
“ဟုတ္ပါၿပီဗ်ာ…”
“ေအာင္မေလး.. မိလံုး တစ္ေယာက္ က်န္းမာလို႔ အိမ္ျပန္ေရာက္လာပါေစေတာ္….”
ေဒၚစပ္စု တစ္ေယာက္ တတြတ္တြတ္ရြတ္ရင္း ထြက္သြားေလရဲ႕…..
ပိုင္နီေမာင္