သွားအကြောထုတ်ခြင်း/သွးအမြစ်ကုထုံး
ယနေ့ခေတ်မှာ ကျွန်တော်တို့ဟာ သွားနှင့်ပတ်သတ်တဲ့ ဝေဒနာတွေခံစားရတဲ့အခါ သွားတစ်ချောင်းကို အလွယ်တကူအဆုံးရှုံးခံပြီး နှုတ်ပစ်ခြင်း ကိုမရွေးချယ်ကြတော့ပါဘူး။
ကျွန်တော်တို့ရဲ့ ပျက်စီးယိုယွင်းနေတဲ့ သွားများကို အကောင်းနီးပါးပြန်လည်အသုံးပြုနိုင်ရန် အတွက် အရပ်အခေါ် သွားအကြောထုတ်တယ် အကြောဖြတ်တယ် လို့အသိများကြတဲ့ သွားအမြစ်ကုထုံး Root Canal Therapy(RCT) ဖြင့်ကုသလာကြပါတယ်။
ကျွန်တော်တို့ရဲ့ သွားတွေကို အပေါ်ယံ ကြွေသွားလွှာ ထို့နောက် ဆင်စွယ်အရောင်ရှိတဲ့ ဆင်စွယ်နှစ်လွှာ တို့က အတွင်းဆုံးရှိ မွသွားလွှာ ခေါ် အာရုံကြောများ ရှိသောအလွှာကို ကာကွယ်ပေးထားကြပါတယ်
သွားပိုစားခြင်းနှင့် အခြားအကြောင်းများကြောင့် မွသွားလွှာ ထိခိုက်သည့်အခါမှာ သွားအကြောကုခြင်းဖြင့် ရောဂါပျောက်ကင်းနိုင်ပါတယ်။
သွားအကြောကုရင်အချိန်ကြာသလား?
များသောအားဖြင့် အကြောကုသမှုတွေက တစ်ခါထဲနဲ့မပြီးပါဘူး။သုံးခေါက်လေးခေါက်လောက် ဆေးခန်းကိုသွားဖို့လိုတတ်ပါတယ်။ကုသမှုပြီးဖို့က တစ်ရက်ကနေပြီး နှစ်ပတ်လောက်အထိကြာနိုင်ပါတယ်။
ကုသမှုအဆင့်တွေက ဘာတွေလဲ?
လိုအပ်ရင် ထုံဆေးထိုးပြီး သွားရဲ့ရောင်ရမ်းနေတဲ့ မွသွားလွှာထိ သွားကိုဖွင့်လိုက်ပါတယ်။အဲဒီနောက် ရောင်ရမ်းနေတဲ့အာရုံကြောတွေကို သွားအမြစ်တစ်ခုချင်းစီထိ ကုန်စင်အောင်ဖယ်ရှားရတယ်။ သွားအမြစ်တစ်လျှောက်သန့်ရှင်းပြီးနောက် သွားကိုဆေးထည့်ပြီးတစ်ပတ်ခန့်ထားပါတယ်။ နောက်တစ်ခေါက်ကျရင် အမြစ်တစ်ချောင်းစီကို အကြောတုလေးတွေနဲ့ပိတ်ပြီး သွားကိုပြန်လည်ဖာထေးပါတယ်။ နောက်ဆုံးမှာတော့ ပကတိသွားလိုမာကြောအောင် သွားကိုသတ္တု သို့ ကြွေအစွပ် စွပ်ပေးရပါတယ်။
သွားအကြောကုရင်နာကျင်နိုင်ပါသလား?
ကုသချိန်မှာ နာကျင်မှုရှိနိုင်ရင် သင့်ရဲ့သွားဆရာဝန်က ထုံးဆေးထိုးပေးမှာဖြစ်တဲ့အတွက် နာကျင်မှု မရှိနိုင်ပါဘူး။
အားသာချက်တွေကဘာတွေဖြစ်မလဲ?
အကြောမကုရင် ရွေးချယ်စရာက သွားနှုတ်တဲ့နည်းပဲရှိပါတယ်။သွားနှုတ်ရင်သွားအကောင်းတစ်ချောင်းဆုံးရှုံးမယ်။သွားနှုတ်ပြီးပြန်စိုက်တဲ့အခါ ဘေးသွားနှစ်ချောင်းကို စားရတဲ့အတွက် ဘေးသွားတွေကိုထိခိုက်နိုင်ပါတယ်။အကြောကုရင် သွားနှုတ်စရာမလိုတဲ့အတွက် သွားတစ်ချောင်းမဆုံးရှုံးပါဘူး အကြာကြီးရှိနေမှာပါ။
အားနည်းချက်က?
ပကတိသွားလိုပဲတစ်ခေါက်ထဲနဲ့မပြီးနိုင်တဲ့အတွက် ဆေးခန်းကိုသုံးလေးခေါက်သွားရဖို့လိုအပ်ပါတယ်။သွားနှုတ်တာထက်ကုန်ကျစရိတ်များနိုင်ပါတယ်။
Dr.မင်းယုဝေချမ်း
သြားအေၾကာထုတ္ျခင္း/သြးအျမစ္ကုထံုး
ယေန႔ေခတ္မွာ ကြၽန္ေတာ္တို႔ဟာ သြားႏွင့္ပတ္သတ္တဲ့ ေဝဒနာေတြခံစားရတဲ့အခါ သြားတစ္ေခ်ာင္းကို အလြယ္တကူအဆံုး႐ွံုးခံၿပီး ႏႈတ္ပစ္ျခင္း ကိုမေရြးခ်ယ္ၾကေတာ့ပါဘူး။
ကြၽန္ေတာ္တို႔ရဲ႕ ပ်က္စီးယိုယြင္းေနတဲ့ သြားမ်ားကို အေကာင္းနီးပါးျပန္လည္အသံုးျပဳႏိုင္ရန္ အတြက္ အရပ္အေခၚ သြားအေၾကာထုတ္တယ္ အေၾကာျဖတ္တယ္ လို႔အသိမ်ားၾကတဲ့ သြားအျမစ္ကုထံုး Root Canal Therapy(RCT) ျဖင့္ကုသလာၾကပါတယ္။
ကြ်န္ေတာ္တို႔ရဲ႕ သြားေတြကို အေပၚယံ ေႂကြသြားလႊာ ထို႔ေနာက္ ဆင္စြယ္အေရာင္ရွိတဲ့ ဆင္စြယ္နွစ္လႊာ တို႔က အတြင္းဆံုး႐ွိ မြသြားလႊာ ေခၚ အာရံုေၾကာမ်ား ႐ွိေသာအလႊာကို ကာကြယ္ေပးထားၾကပါတယ္
သြားပိုစားျခင္းနွင္႔ အျခားအေၾကာင္းမ်ားေၾကာင့္ မြသြားလႊာ ထိခိုက္သည့္အခါမွာ သြားအေၾကာကုျခင္းျဖင့္ ေရာဂါေပ်ာက္ကင္းႏိုင္ပါတယ္။
သြားအေၾကာကုရင္အခ်ိန္ၾကာသလား?
မ်ားေသာအားျဖင့္ အေၾကာကုသမႈေတြက တစ္ခါထဲနဲ႔မၿပီးပါဘူး။သံုးေခါက္ေလးေခါက္ေလာက္ ေဆးခန္းကိုသြားဖို႔လိုတတ္ပါတယ္။ကုသမႈၿပီးဖို႔က တစ္ရက္ကေနၿပီး ႏွစ္ပတ္ေလာက္အထိၾကာႏိုင္ပါတယ္။
ကုသမႈအဆင့္ေတြက ဘာေတြလဲ?
လိုအပ္ရင္ ထံုေဆးထိုးျပီး သြားရဲ႕ေရာင္ရမ္းေနတဲ့ မြသြားလႊာထိ သြားကိုဖြင့္လိုက္ပါတယ္။အဲဒီေနာက္ ေရာင္ရမ္းေနတဲ့အာရံုေၾကာေတြကို သြားအျမစ္တစ္ခုခ်င္းစီထိ ကုန္စင္ေအာင္ဖယ္႐ွားရတယ္။ သြားအျမစ္တစ္ေလ်ွာက္သန္႔႐ွင္းၿပီးေနာက္ သြားကိုေဆးထည့္ၿပီးတစ္ပတ္ခန္႔ထားပါတယ္။ ေနာက္တစ္ေခါက္က်ရင္ အျမစ္တစ္ေခ်ာင္းစီကို အေၾကာတုေလးေတြနဲ႔ပိတ္ၿပီး သြားကိုျပန္လည္ဖာေထးပါတယ္။ ေနာက္ဆံုးမွာေတာ့ ပကတိသြားလိုမာေၾကာေအာင္ သြားကိုသတၱဳ သို႔ ေႂကြအစြပ္ စြပ္ေပးရပါတယ္။
သြားအေၾကာကုရင္နာက်င္ႏိုင္ပါသလား?
ကုသခ်ိန္မွာ နာက်င္မႈ႐ွိႏိုင္ရင္ သင့္ရဲ႕သြားဆရာဝန္က ထံုးေဆးထိုးေပးမွာျဖစ္တဲ့အတြက္ နာက်င္မႈ မ႐ွိႏိုင္ပါဘူး။
အားသာခ်က္ေတြကဘာေတြျဖစ္မလဲ?
အေၾကာမကုရင္ ေရြးခ်ယ္စရာက သြားႏႈတ္တဲ့နည္းပဲရွိပါတယ္။သြားႏႈတ္ရင္သြားအေကာင္းတစ္ေခ်ာင္းဆံုး႐ွံုးမယ္။သြားႏႈတ္ၿပီးျပန္စိုက္တဲ့အခါ ေဘးသြားႏွစ္ေခ်ာင္းကို စားရတဲ့အတြက္ ေဘးသြားေတြကိုထိခိုက္ႏိုင္ပါတယ္။အေၾကာကုရင္ သြားႏႈတ္စရာမလိုတဲ့အတြက္ သြားတစ္ေခ်ာင္းမဆံုး႐ွံုးပါဘူး အၾကာႀကီး႐ွိေနမွာပါ။
အားနည္းခ်က္က?
ပကတိသြားလိုပဲတစ္ေခါက္ထဲနဲ႔မၿပီးႏိုင္တဲ့အတြက္ ေဆးခန္းကိုသံုးေလးေခါက္သြားရဖို႔လိုအပ္ပါတယ္။သြားႏႈတ္တာထက္ကုန္က်စရိတ္မ်ားႏိုင္ပါတယ္။
Dr.မင္းယုေဝခ်မ္း