ဆယ်ကျော်သက်နှင့်သံဓါတ်၏အရေးပါပုံ

ဆယ်ကျော်သက်အရွယ်ဆိုတာ တကယ့်ကိုတက်သစ်စ၊စိတ်ရောခန္ဓာပါ ဖွံ့ဖြိုးတိုးတက်ဆုံးအရွယ်။ အဲ့ဒီအရွယ်မှာ လိုအပ်တဲ့အာဟာရဓါတ်တွေမ ရရင် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနည်းပါးမှာ အမှန်။ ဒီလိုဆယ်ကျော်သက်တွေအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေအများကြီးထဲကမှ သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ သံဓါတ်ရဲ့အရေးပါပုံအကြောင်းလေးကိုပြောပြပေးချင်ပါတယ်။

သံဓါတ်က လူတွေအတွက်ဘယ်လိုအရေးပါတာလဲ???

ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေရှင်သန်ဖို့လိုအပ်တဲ့ အောက်ဆီဂျင်နဲ့အာဟာရကိုသယ်ဆောင်ပေးလို့ လူတွေအတွက်မရှိမဖြစ်အာဟာရဓါတ်ပါ၊၊ ဒါ့အပြင် ဦးနှောက်နှင့်အာရုံကြောစနစ်၊ကိုယ်ခံစွမ်းအားစနစ်တွေမှာလဲ သံဓါတ်ကအရေးပါပါတယ်။

သံဓါတ်နည်းရင် ဘာတွေဖြစ်မလဲ???

မောပန်းနွမ်းနယ်ခြင်း၊ခေါင်းမူးခေါင်းကိုက်ခြင်း၊ရင်တုန်အသက်ရှုမဝခြင်း၊ကိုယ်ခံစွမ်းအားကျ၍မကြာခနဖျားနာခြင်း၊အာရုံစူးစိုက်နိုင်စွမ်းနည်းပါးခြင်း စတဲ့လက္ခဏာများဖြစ်ပေါ်တတ်ပါတယ်။

ဆယ်ကျော်သက်တွေမှာ တစ်နေ့တာလိုအပ်တဲ့သံဓါတ်ပမာဏကဘယ်လောက်လဲ???

အသက် ၉နှစ်မှ ၁၃နှစ်အတွင်းမှာယောကျာ်းလေးရောမိန်းကလေးရော တစ်ရက်ကိုသံဓါတ်ပမာဏ ၈မီလီဂရမ်လိုအပ်ပါတယ်။ ဒါပေမယ့် အသက် ၁၄နှစ်မှ ၁၈နှစ်အတွင်းရောက်သွားတဲ့အခါ (မိန်းကလေးတွေက ၁၅မီလီဂရမ်)နဲ့ (ယောကျာ်းလေးတွေအတွက် ၁၁မီလီဂရမ်)လောက်အထိကို သံဓါတ်လိုအပ်ချက်က ခုန်တက်သွားပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ဆယ်ကျော်သက်အရွယ်မှာကြီးထွားလာတဲ့ကြွက်သားပမာဏနဲ့သွေးထုထည်ပမာဏအတွက် သံဓါတ်ကိုပိုအပ်လာလို့ပဲဖြစ်ပါတယ်။

မိန်းကလေးတွေမှာ သံဓါတ်ပိုလိုအပ်ရတဲ့အကြောင်းတရားကတော့ လစဉ်ဓမ္မတာမှဆုံးရှုံးနေတဲ့သံဓါတ်ပမာဏကိုပြန်လည်ဖြည့်တင်းဖို့လိုတာကြောင့်ပဲဖြစ်ပါတယ်။

နေ့စဉ်စားသုံးနေတဲ့အစားအစာတွေက လိုအပ်တဲ့သံဓါတ်ပမာဏကိုလုံလောက်ရဲ့လား???

ပုံမှန်စားသုံးနေတဲ့ အစားအစာထဲမှာနေ့စဉ်လိုအပ်တဲ့သံဓါတ်ပမာဏပြည့်မှီပါတယ်။ ဒါပေမယ့် တစ်ချို့အစားအသောက်ရှောင်တဲ့လူ၊သတ်သတ်လွတ်သမား၊ဝိတ်လျှော့ဖို့အစားအစာလျှော့ထားတဲ့သူတွေနဲ့ မိန်းကလေးတွေမှာတော့ဓမ္မတာကြောင့် သံဓါတ်မပြည့်မှီတာကိုတွေ့ရလေ့ရှိပါတယ်။

သံဓါတ်ပေါကြွယ်ဝတဲ့အစားအစာတွေက ဘာတွေလဲ???

သံဓါတ်ပြည့်ဝတဲ့ အစားအစာတွေကတော့-

၁။အသား(အမဲ၊ကြက်၊ဝက်၊သိုး၊ငါး စသည်)

၂။အသည်းအမျိုးမျိုး

၃။ဥ အမျိုးမျိုး

၄။အသီးအနံှများ(ဂေါ်ဖီပန်း၊ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီ၊ပဲအမျိုးမျိုး)

၅။အခွံမာသီးများ စသည်တို့ဖြစ်ပါတယ်။

သံဓါတ်စုပ်ယူမှုကောင်းအောင်ဘာတွေလုပ်ရမလဲ???

၁။ဗီတာမင်စီဟာ အစာအိမ်အူလမ်းကြောင်းမှသံဓါတ်စုပ်ယူမှုကိုအားကောင်းစေတာကြောင့် ၎င်းနှင့်သံဓါတ်ပေါကြွယ်ဝတဲ့အစားအစာတွေကိုတွဲဖက်စားသုံးပေးသင့်ပါတယ်။

၂။လက်ဖက်ရည်၊ကော်ဖီ၊ဝိုင်နီတို့ဟာ သံဓါတ်စုပ်ယူမှုကိုလျှော့ကျစေတာကြောင့် အစားအစာနဲ့ ၎င်းတို့ကိုတွဲပြီးမစားသင့်ပါဘူး

၃။လိုအပ်ပါက ဆရာဝန်နှင့်ပြသပြီး သံဓါတ်အားဆေးများမှီဝဲနိုင်ပါတယ်။

ဆယ်ကျော်သက်တွေအတွက်သံဓါတ်ရဲ့အရေးပါပုံကို သိရှိပြီးတဲ့နောက်မှာ အာဟာရမျှတစွာ စားသောက်နေထိုင်ပြီး တိုင်းပြည်အတွက်အားထားရတဲ့ ကျန်းမာတက်ကြွတဲ့လူငယ်များဖြစ်ကြပါစေကြောင်း ဆုမွန်တောင်းလျက်။

dr.yelwin mm

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…