ကိုယ်ဝန်ဆောင်မေမေတိုင်းထိုးသင့်တဲ့မေးခိုင်ရောဂါကာကွယ်ဆေး

မိဂျမ်းဘုံတစ်ယောက် ကျန်းမာရေးနဲ့ပတ်သက်ရင် သူသိ၊ သူတတ်၊ သူဆရာမကြီး။ ဖျားရင်လည်း ကိုယ့်ဘာသာ ဆေးစပ်သောက် ပျောက်ရော။ အနီးအနားကလူတွေ ဘာလို့ ဆေးခန်းသွားပြနေကြ လည်း မိဂျမ်းပုံ တွေးရင်း ရီချင်သည်။ အခုလည်း မိဂျမ်းဘုံတစ်ယောက် ကိုယ်ဝန်ရရော။ အမေတို့လည်း ကိုယ့်ကို လက်သည်နဲ့ပဲ ဗိုက်နာတယ်ဆို ညှစ် ။ ခဏနေ ကလေးထွက်ဆိုတဲ့ အတိုင်းမွေးတဲ့ အတိုင်း ကိုယ်လည်း အထွေအထူး စဉ်းစားမနေ၊ ဗိုက်နာမှ လက်သည်ခေါ်မွေးမည်။

မိဂျမ်းဘုံ အလုပ်လုပ်နေတဲ့ အိမ်က အန်တီကတော့

” နင်ကိုယ်ဝန်မအပ်သေးဘူးလား”

ချည်းမေးတိုင်း မိဂျမ်းဘုံ ရယ်ကျဲကျဲပင်။ ဝမ်းရေးရှာဖွေနေရတဲ့အချိန်မှာ ကိုယ်ဝန်ကို အချိန်ပေးပြီး မအပ်နိုင်။ လစေ့တော့ ကလေးကို ချောချောခြူခြူပင်မွေးသည်။ လက်သည်နဲ့ပဲ ခဏလေးနာပြီး လွယ်လွယ်ကူကူ မွေးလိုက်ရလို့ မိဂျမ်းဘုံ တစ်ယောက် သူ့ဆုံးဖြတ်ချက်မှန်သည်ဟုပင် တွေးလိုက်သေးသည်။ ပြသနာက ကလေးမွေးပြီး ၁၀ရက်လောက်အကြာမှ စဖြစ်သည်။ မိဂျမ်းဘုံ သားလေး မွေးကင်းစ ရက်သားကလေးလေး အငိုလုံးဝမရပ်၊ မိခင်နို့ကိုလည်းမသောက်တော့။ ရက်နည်းနည်းကြာတော့ မေးရိုးကစလို့ခိုင်လာပြီ။ အတက်ရောဂါလို ကြွက်သာတွေ တွန့်ဆွဲနေပြီ။မျက်နှာကလည်း မဲ့တဲ့တဲ့ ။ ကျောကုန်းတစ်ခုလုံးတောင့်တင်းနေပြီ။

ဒီတစ်ခါတော့ အရပ်က ပြောလွန်းလို့ ကလေးဆေးရုံ ကို အပြေးသွားလိုက်သည်။ ဆေးရုံရောက်တော့ ဆရာဝန်တွေက ပြာပြာသလဲ ပဲ

“ကလေးက မွေးပင်းစ မေးခိုင်ဖြစ်နေပြီ။ အမေ ကိုယ်ဝန်ဆောင်တုန်းက မေးခိုင်ကာကွယ်ဆေး မထိုးဘူးလား။ အရေးကြီးတယ် မြန်မြန်ကုရမယ်”

မိဂျမ်းဘုံတစ်ယောက် ဆရာဝန်တွေထဲ မယောင်မလည်နဲ့ကလေးက အရေးပေါ်ခန်းထဲမှာ ဆေးပုလင်းတွေ ချိတ်လျှက်။ မိဂျမ်းဘုံကို ဆရာဝန်တစ်ယောက်က ကလေးအခြေအနေရှင်းပြရင်း

” အမ ကိုယ်ဝန်ဆောင် စဉ်ထိုးတဲ့ မေးခိုင်ကာကွယ်ဆေးဆိုတာ အလွန်အရေးကြီးတယ်။ အမသာ ကာကွယ်ဆေး ထိုးထားမယ်ဆိုရင် အမကလေးဒီလိုဖြစ်မှာမဟုတ်ဘူး”

“ဆရာရယ် ကျွန်မ နားမရှင်းလို့ပါ။ သေချာလေးရှင်းပြပါလား။ ကျွန်မဆေးမထိုးတာနဲ့ ဘယ်လိုပတ်သက်လဲဟင်?”

ဆရာလည်း

” ဒီလို အမ ကိုယ်ဝန်ဆောင်တဲ့အချိန် မေးခိုင်ကာကွယ်ဆေး ၂ လုံးထိုးဖို့လိုတယ်။ အမက မေးခိုင်ကာကွယ်ဆေးထိုးလိုက်တော့မှ မေးခိုင်ပိုးအတွက် ကိုယ်ခံအားတွေထွက်လာတယ်။ ဒီကိုယ်ခံအားတွေကကလေးအချင်းကတစ်ဆင့် ကလေးဆီကိုရောက်တယ်။ ကလေးဆီရောက်တဲ့ ကိုယ်ခံအားနဲ့ ကလေးမှာ မေးခိုင်ပိုးဝင်ရင် ခံနိုင်ရည်ရှိအောင်ခုခံပေးတယ်။ အမက မေးခိုင်ကာကွယ်ဆေးကို ကိုယ်ဝန်အပ်အပ်ခြင်းတစ်ကြိမ်၊ ၄ပတ်ခြား တစ်ကြိမ်သာ သေချာထိုးမယ်ဆိုရင် အမ ကလေးလည်း ဒီလိုမဖြစ်ရတော့ဘူးပေါ့”

မိဂျမ်းဘုံ တစ်ယောက် မိမိရဲ့ တတ်ယောင်ကား အသိတွေမှာခဲ့လေခြင်းလို့ တွေးနေတဲ့ အချိန်မှာ မိဂျမ်းဘုံသားလေးကတော့ အရေးပေါ်ခန်းထဲမှာ။

မယ်တင်( ဆေး၁ )

ကိုယ္ဝန္ေဆာင္ေမေမတိုင္းထိုးသင့္တဲ့ေမးခိုင္ေရာဂါကာကြယ္ေဆး

မိဂ်မ္းဘံုတစ္ေယာက္ က်န္းမာေရးနဲ႔ပတ္သက္ရင္ သူသိ၊ သူတတ္၊ သူဆရာမႀကီး။ ဖ်ားရင္လည္း ကိုယ့္ဘာသာ ေဆးစပ္ေသာက္ ေပ်ာက္ေရာ။ အနီးအနားကလူေတြ ဘာလို႔ ေဆးခန္းသြားျပေနၾက လည္း မိဂ်မ္းပံု ေတြးရင္း ရီခ်င္သည္။ အခုလည္း မိဂ်မ္းဘံုတစ္ေယာက္ ကိုယ္ဝန္ရေရာ။ အေမတို႔လည္း ကိုယ့္ကို လက္သည္နဲ႔ပဲ ဗိုက္နာတယ္ဆို ညႇစ္ ။ ခဏေန ကေလးထြက္ဆိုတဲ့ အတိုင္းေမြးတဲ့ အတိုင္း ကိုယ္လည္း အေထြအထူး စဥ္းစားမေန၊ ဗိုက္နာမွ လက္သည္ေခၚေမြးမည္။

မိဂ်မ္းဘံု အလုပ္လုပ္ေနတဲ့ အိမ္က အန္တီကေတာ့

” နင္ကိုယ္ဝန္မအပ္ေသးဘူးလား”

ခ်ည္းေမးတိုင္း မိဂ်မ္းဘံု ရယ္က်ဲက်ဲပင္။ ဝမ္းေရးရွာေဖြေနရတဲ့အခ်ိန္မွာ ကိုယ္ဝန္ကို အခ်ိန္ေပးၿပီး မအပ္ႏိုင္။ လေစ့ေတာ့ ကေလးကို ေခ်ာေခ်ာျခဴျခဴပင္ေမြးသည္။ လက္သည္နဲ႔ပဲ ခဏေလးနာၿပီး လြယ္လြယ္ကူကူ ေမြးလိုက္ရလို႔ မိဂ်မ္းဘံု တစ္ေယာက္ သူ႔ဆံုးျဖတ္ခ်က္မွန္သည္ဟုပင္ ေတြးလိုက္ေသးသည္။ ျပသနာက ကေလးေမြးၿပီး ၁၀ရက္ေလာက္အၾကာမွ စျဖစ္သည္။ မိဂ်မ္းဘံု သားေလး ေမြးကင္းစ ရက္သားကေလးေလး အငိုလံုးဝမရပ္၊ မိခင္ႏို႔ကိုလည္းမေသာက္ေတာ့။ ရက္နည္းနည္းၾကာေတာ့ ေမးရိုးကစလို႔ခိုင္လာၿပီ။ အတက္ေရာဂါလို ႂကြက္သာေတြ တြန္႔ဆြဲေနၿပီ။မ်က္ႏွာကလည္း မဲ့တဲ့တဲ့ ။ ေက်ာကုန္းတစ္ခုလံုးေတာင့္တင္းေနၿပီ။

ဒီတစ္ခါေတာ့ အရပ္က ေျပာလြန္းလို႔ ကေလးေဆးရံု ကို အေျပးသြားလိုက္သည္။ ေဆးရံုေရာက္ေတာ့ ဆရာဝန္ေတြက ျပာျပာသလဲ ပဲ

“ကေလးက ေမြးပင္းစ ေမးခိုင္ျဖစ္ေနၿပီ။ အေမ ကိုယ္ဝန္ေဆာင္တုန္းက ေမးခိုင္ကာကြယ္ေဆး မထိုးဘူးလား။ အေရးႀကီးတယ္ ျမန္ျမန္ကုရမယ္”

မိဂ်မ္းဘံုတစ္ေယာက္ ဆရာဝန္ေတြထဲ မေယာင္မလည္နဲ႔ကေလးက အေရးေပၚခန္းထဲမွာ ေဆးပုလင္းေတြ ခ်ိတ္လၽွက္။ မိဂ်မ္းဘံုကို ဆရာဝန္တစ္ေယာက္က ကေလးအေျခအေနရွင္းျပရင္း

” အမ ကိုယ္ဝန္ေဆာင္ စဥ္ထိုးတဲ့ ေမးခိုင္ကာကြယ္ေဆးဆိုတာ အလြန္အေရးႀကီးတယ္။ အမသာ ကာကြယ္ေဆး ထိုးထားမယ္ဆိုရင္ အမကေလးဒီလိုျဖစ္မွာမဟုတ္ဘူး”

“ဆရာရယ္ ကၽြန္မ နားမရွင္းလို႔ပါ။ ေသခ်ာေလးရွင္းျပပါလား။ ကၽြန္မေဆးမထိုးတာနဲ႔ ဘယ္လိုပတ္သက္လဲဟင္?”

ဆရာလည္း

” ဒီလို အမ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္ ေမးခိုင္ကာကြယ္ေဆး ၂ လံုးထိုးဖို႔လိုတယ္။ အမက ေမးခိုင္ကာကြယ္ေဆးထိုးလိုက္ေတာ့မွ ေမးခိုင္ပိုးအတြက္ ကုိယ္ခံအားေတြထြက္လာတယ္။ ဒီကိုယ္ခံအားေတြကကေလးအခ်င္းကတစ္ဆင့္ ကေလးဆီကိုေရာက္တယ္။ ကေလးဆီေရာက္တဲ့ ကိုယ္ခံအားနဲ႔ ကေလးမွာ ေမးခိုင္ပိုးဝင္ရင္ ခံႏိုင္ရည္ရွိေအာင္ခုခံေပးတယ္။ အမက ေမးခိုင္ကာကြယ္ေဆးကို ကိုယ္ဝန္အပ္အပ္ျခင္းတစ္ႀကိမ္၊ ၄ပတ္ျခား တစ္ႀကိမ္သာ ေသခ်ာထိုးမယ္ဆိုရင္ အမ ကေလးလည္း ဒီလိုမျဖစ္ရေတာ့ဘူးေပါ့”

မိဂ်မ္းဘံု တစ္ေယာက္ မိမိရဲ႕ တတ္ေယာင္ကား အသိေတြမွာခဲ့ေလျခင္းလို႔ ေတြးေနတဲ့ အခ်ိန္မွာ မိဂ်မ္းဘံုသားေလးကေတာ့ အေရးေပၚခန္းထဲမွာ။

မယ္တင္( ေဆး၁ )

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *