မိန်းကလေးဆိုတိုင်း ခန္ဓာကိုယ်မှာကျားဟော်မုန်း လုံးဝမရှိတာလား

ကျားဟော်မုန်းလို့အများခေါ်ကြတဲ့ တက်စတိုစတီရုန်း(Testosterone)ကို ခန္ဓာကိုယ်ကြွက်သားသန်စွမ်းအောင်ဖြစ်စေ၊ အိမ်ထောင်ရေးသုခမပြည့်စုံ၊ ကျဆင်းနေသောကြောင့်ဖြစ်စေ အမျိုးသားများထိုးတတ်ကြပါတယ်။ ဒီတက်စတိုစတီရုန်းဆိုတဲ့ဟော်မုန်းဟာ အမျိုးသားတွေမှာပဲရှိသလား၊ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာရော ဘာတွေဖြစ်ပေါ်စေသလဲ ကြည့်ကြရအောင်နော်။

တက်စတိုစတီရုန်းဟာ အမျိုးသားတွေရဲ့ကျားဟော်မုန်း၊ အမျိုးသားများတွင်ရှိသည်ဆိုပေမယ့် အမျိုးသမီးများမှာလည်း သားဥအိမ်မှအနည်းငယ်ထုတ်လုပ်တဲ့အတွက် Testosteroneသည် အမျိုးသမီးများမှာလည်း သဘာဝအလျောက်အနည်းငယ်ရှိပါတယ်။

တက်စတိုစတီရုန်းဟာ အမျိုးသမီးထုအတွက်လည်းအကျိုးရှိပါတယ်။ ဒီဟော်မုန်းဟာ အရိုးမျညးသန်စွမ်းစေတဲ့ အကျိုးသတ္တိရှိပြီး ကြွက်သားများသန်စွမ်းမှုကိုလည်းအားပေးပါတယ်။ Testosterone ရဲ့ နောက်ထပ်ထူးခြားတဲ့အစွမ်းတစ်ခုကတော့ မိမိကိုယ်မိမိကျေနပ်ပျော်ရွှင်မှုရှိစေခြင်း (Sense of Well Being)ကိုပေးစွမ်းတာပါပဲ။ ဒါ့အပြင် လိင်မှုဆိုင်ရာအကျိုးအာနိသင်ပေးစွမ်းတဲ့ ဟော်မုန်းဖြစ်တာနဲ့အညီ အမျိုးသမီးများအတွက်လည်း အိမ်ထောင်ရေးသုခကိုပိုမိုခံစားရစေတယ် လို့ဆိုပါတယ်။ ဒီအကျိုးကျေးဇူးတွေဟာ အမျိုးသမီးတစ်ဦးမှ ပုံမှန်ထွက်ရှိတဲ့ဟော်မုန်းပမာဏနဲ့ လုံလောက်တာကြောင့် ဟော်မုန်းဆေးများ ထပ်မံထိုးနှံသုံးစွဲစရာမလိုအပ်ပါဘူး။

အမျိုးသမီးတွေမှာTestosteroneဟော်မုန်းပမာဏ နည်းပါးစေတဲ့အချက်ကတော့ သွေးဆုံးပြီးတဲ့အခါမှာဟော်မုန်းထုတ်လုပ်မှုရပ်ဆိုင်းသွားခြင်းကြောင့်ဖြစ်ပါတယ်။ သွေးဆုံးအရွယ်မတိုင်ခင် ဟော်မုန်းနည်းရတဲ့အကြောင်းဆိုရင်တော့ စိတ်ဖိစီးမှု(Stress)ကြောင့်ပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါမှာ တက်စတိုစတီရုန်းဟော်မုန်းဖြစ်မယ့် ဒြပ်ပေါင်းတွေဟာ စိတ်ဖိစီးမှု(Stress)ကိုခံနိုင်ရည်ရှိစေမယ့် Cortisol အဖြစ်ကိုပြောင်းလဲပေးရတာကြောင့် Testosterone ဟော်မုန်းပမာဏနည်းပါးသွားပါတယ်။ ဒီအခါမှာ –

  • လိင်စိတ်နည်းသွားခြင်း
  • လိင်ဆက်ဆံရာတွင်ကျေနပ်မှုမရနိုင်ခြင်း
  • စိတ်ဓာတ်ကျလွယ်ခြင်း
  • နုံးချိခြင်း
  • အားမရှိခြင်း စတဲ့အချက်တွေကိုခံစားရပါတော့တယ်။

တက်စတိုစတီရုန်းနည်းပါးခြင်းရှိနေပြီဆိုရင်တော့ သွေးတွင်းဟော်မုန်းပမာဏကိုတိုင်းတာပြီး လိုအပ်ပါက ဟော်မုန်းထိုးဆေးများပေးရပါတယ်။ ဒါပေမယ့် ဒါဟာလည်း တတ်ကျွမ်းနားလည်တဲ့ဆရာဝန်များရဲ့ ညွှန်ကြားချက်နဲ့သာ ထိုးနှံသင့်တာဖြစ်ပါတယ်။ အကယ်၍မလိုအပ်ဘဲထိုးနှံခဲ့လို့ တက်စတိုစတီရုန်းဟော်မုန်းပမာဏ များနေခဲ့မယ်ဆိုရင်တော့

  • ဝက်ခြံများထွက်ခြင်း
  • မျက်နှာတွင် အမွှေးအမှင်များထွက်လာခြင်း
  • ယောကျ်ားဆန်းသောကြွက်သားများရှိလာခြင်း၊ ယောကျ်ားလေးပုံသဏ္ဌာန်နဖူးပြောင်လာခြင်း
  • အသံသြလာခြင်း
  • ရာသီဆင်းရာတွင်မမှန်ခြင်းတို့ဖြစ်တတ်ပါတယ်။

ဒါကြောင့် တက်စတိုစတီရုန်းရဲ့ သဘောသဘာဝကို သိချင်၊စူးစမ်းချင်ကြတဲ့ အမျိုးသမီးများ သိရှိနိုင်စေဖို့ တင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

မိန္းကေလးဆိုတိုင္း ခႏၶာကိုယ္မွာက်ားေဟာ္မုန္း လံုးဝမ႐ွိတာလား

က်ားေဟာ္မုန္းလို႔အမ်ားေခၚၾကတဲ့ တက္စတိုစတီ႐ုန္း(Testosterone)ကို ခႏၶာကိုယ္ႂကြက္သားသန္စြမ္းေအာင္ျဖစ္ေစ၊ အိမ္ေထာင္ေရးသုခမျပည့္စံု၊ က်ဆင္းေနေသာေၾကာင့္ျဖစ္ေစ အမ်ိဳးသားမ်ားထိုးတတ္ၾကပါတယ္။ ဒီတက္စတိုစတီ႐ုန္းဆိုတဲ့ေဟာ္မုန္းဟာ အမ်ိဳးသားေတြမွာပဲ႐ွိသလား၊ အမ်ိဳးသမီးေတြရဲ႕ခႏၶာကိုယ္မွာေရာ ဘာေတြျဖစ္ေပၚေစသလဲ ၾကည့္ၾကရေအာင္ေနာ္။

တက္စတိုစတီ႐ုန္းဟာ အမ်ိဳးသားေတြရဲ႕က်ားေဟာ္မုန္း၊ အမ်ိဳးသားမ်ားတြင္႐ွိသည္ဆိုေပမယ့္ အမ်ိဳးသမီးမ်ားမွာလည္း သားဥအိမ္မွအနည္းငယ္ထုတ္လုပ္တဲ့အတြက္ Testosteroneသည္ အမ်ိဳးသမီးမ်ားမွာလည္း သဘာဝအေလ်ာက္အနည္းငယ္႐ွိပါတယ္။

တက္စတိုစတီ႐ုန္းဟာ အမ်ိဳးသမီးထုအတြက္လည္းအက်ိဳး႐ွိပါတယ္။ ဒီေဟာ္မုန္းဟာ အ႐ိုးမ်ညးသန္စြမ္းေစတဲ့ အက်ိဳးသတၱိ႐ွိၿပီး ႂကြက္သားမ်ားသန္စြမ္းမႈကိုလည္းအားေပးပါတယ္။ Testosterone ရဲ႕ ေနာက္ထပ္ထူးျခားတဲ့အစြမ္းတစ္ခုကေတာ့ မိမိကိုယ္မိမိေက်နပ္ေပ်ာ္ရႊင္မႈ႐ွိေစျခင္း (Sense of Well Being)ကိုေပးစြမ္းတာပါပဲ။ ဒါ့အျပင္ လိင္မႈဆိုင္ရာအက်ိဳးအာနိသင္ေပးစြမ္းတဲ့ ေဟာ္မုန္းျဖစ္တာနဲ႔အညီ အမ်ိဳးသမီးမ်ားအတြက္လည္း အိမ္ေထာင္ေရးသုခကိုပိုမိုခံစားရေစတယ္ လို႔ဆိုပါတယ္။ ဒီအက်ိဳးေက်းဇူးေတြဟာ အမ်ိဳးသမီးတစ္ဦးမွ ပံုမွန္ထြက္႐ွိတဲ့ေဟာ္မုန္းပမာဏနဲ႔ လံုေလာက္တာေၾကာင့္ ေဟာ္မုန္းေဆးမ်ား ထပ္မံထိုးႏွံသံုးစြဲစရာမလိုအပ္ပါဘူး။

အမ်ိဳးသမီးေတြမွာTestosteroneေဟာ္မုန္းပမာဏ နည္းပါးေစတဲ့အခ်က္ကေတာ့ ေသြးဆံုးၿပီးတဲ့အခါမွာေဟာ္မုန္းထုတ္လုပ္မႈရပ္ဆိုင္းသြားျခင္းေၾကာင့္ျဖစ္ပါတယ္။ ေသြးဆံုးအရြယ္မတိုင္ခင္ ေဟာ္မုန္းနည္းရတဲ့အေၾကာင္းဆိုရင္ေတာ့ စိတ္ဖိစီးမႈ(Stress)ေၾကာင့္ပဲျဖစ္ပါတယ္။ စိတ္ဖိစီးမႈမ်ားတဲ့အခါမွာ တက္စတိုစတီ႐ုန္းေဟာ္မုန္းျဖစ္မယ့္ ျဒပ္ေပါင္းေတြဟာ စိတ္ဖိစီးမႈ(Stress)ကိုခံႏိုင္ရည္႐ွိေစမယ့္ Cortisol အျဖစ္ကိုေျပာင္းလဲေပးရတာေၾကာင့္ Testosterone ေဟာ္မုန္းပမာဏနည္းပါးသြားပါတယ္။ ဒီအခါမွာ -

  • လိင္စိတ္နည္းသြားျခင္း
  • လိင္ဆက္ဆံရာတြင္ေက်နပ္မႈမရႏိုင္ျခင္း
  • စိတ္ဓာတ္က်လြယ္ျခင္း
  • ႏံုးခ်ိျခင္း
  • အားမ႐ွိျခင္း စတဲ့အခ်က္ေတြကိုခံစားရပါေတာ့တယ္။

တက္စတိုစတီ႐ုန္းနည္းပါးျခင္း႐ွိေနၿပီဆိုရင္ေတာ့ ေသြးတြင္းေဟာ္မုန္းပမာဏကိုတိုင္းတာၿပီး လိုအပ္ပါက ေဟာ္မုန္းထိုးေဆးမ်ားေပးရပါတယ္။ ဒါေပမယ့္ ဒါဟာလည္း တတ္ကြၽမ္းနားလည္တဲ့ဆရာဝန္မ်ားရဲ႕ ၫႊန္ၾကားခ်က္နဲ႔သာ ထိုးႏွံသင့္တာျဖစ္ပါတယ္။ အကယ္၍မလိုအပ္ဘဲထိုးႏွံခဲ့လို႔ တက္စတိုစတီ႐ုန္းေဟာ္မုန္းပမာဏ မ်ားေနခဲ့မယ္ဆိုရင္ေတာ့

  • ဝက္ျခံမ်ားထြက္ျခင္း
  • မ်က္ႏွာတြင္ အေမႊးအမွင္မ်ားထြက္လာျခင္း
  • ေယာက်္ားဆန္းေသာႂကြက္သားမ်ား႐ွိလာျခင္း၊ ေယာက်္ားေလးပံုသဏၭာန္နဖူးေျပာင္လာျခင္း
  • အသံၾသလာျခင္း
  • ရာသီဆင္းရာတြင္မမွန္ျခင္းတို႔ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ တက္စတိုစတီ႐ုန္းရဲ႕ သေဘာသဘာဝကို သိခ်င္၊စူးစမ္းခ်င္ၾကတဲ့ အမ်ိဳးသမီးမ်ား သိ႐ွိႏိုင္ေစဖို႔ တင္ျပလိုက္ရပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *