အတူနေခြင်းဟာ အိမ်ထောင်ရေးအတွက်ဘာကြောင့်အရေးကြီးသလဲ?
အတူနေကြတယ်ဆိုတာ ဒီဘက်ခေတ်မှာတော့ ကြားနေကျဝေါဟာရတစ်ခုဖြစ်နေပါပြီ။ အရင်ကတော့ လက်ထပ်ပြီးမှသာ အတူနေကြပါတယ်။ အခုဆိုရင်တော့ လက်မထပ်သေးပဲအတူတူနေကြတာတွေလည်းရှိနေပြီဖြစ်ပါတယ်။ အတူနေတယ်ဆိုရာမှာ အမျိုးသား၊ အမျိုးသမီးဆက်ဆက်ဆံရေးထက် ပိုမိုတဲ့အကြောင်းအရာတွေရှိနေပါတယ်။ ခဏသာတွေ့ကြုံရတဲ့သူတွေမှာသိသာမှုမရှိပေမယ့် အိမ်ထောင်ပြုပြီးနှစ်ယောက်တစ်ဘဝထူထောင်ကြတော့မယ်ဆိုရင် အတူနေခြင်းဟာ အိမ်ထောင်ရေးမှာအရမ်းအရေးပါလာပါတယ်။
အတူနေတာရဲ့အရေးကြီးတဲ့အကျိုးဆက်တစ်ခုကတော့ နွေးထွေးနီးကပ်တဲ့ဆက်ဆံရေးတစ်မျိုးကိုဖြစ်ပေါ်စေပါတယ်။ မိမိတို့ရဲ့ဆက်ဆံရေးမှာလည်း ပိုမြင့်တဲ့အဆင့်တစ်ခုကိုထပ်မံတက်လှမ်းလိုက်ခြင်းနဲ့တူပါတယ်။ အတူနေခြင်းကြောင့် နှစ်ဦးကြားပိုမိုရင်းနှီးပွင့်လင်းတဲ့ဆက်ဆံရေးမျိုးရှိလာပါတယ်။ အဆိုပါအကျိုးဆက်တွေက အိမ်ထောင်ရေးကိုသာယာခိုင်မြဲအောင်ပြုလုပ်ပေးနိုင်သလို အိမ်တွင်းရေးကိစ္စတွေကို တိုင်ပင်ညှိနှိုင်းရာမှာလည်းအထောက်အကူဖြစ်စေပါတယ်။
အတူနေခြင်းကြောင့် ကောင်းကျိုးတွေများစွာဖြစ်ထွန်းစေပါတယ်။ အတူနေခြင်းဟာ ခန္ဓာကိုယ်ကအဆီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သလို ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။ အတူနေစဉ်မှာထွက်တဲ့ဟော်မုန်းတွေက နာကျင်မှုတွေကိုသက်သာစေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ သွေးပေါင်ကျစေပြီး စိတ်ဖိစီးမှုလျော့နည်းစေနိုင်လို့ နှစ်ဦးစလုံးကျန်းကျန်းမာမာနဲ့ အိမ် ထောင်ရေးကို တည်ဆောက်စေနိုင်ပါတယ်။
အတူနေရာကနေ မိမိကောမိမိအဖော်အတွက်ပါ ကျေနပ်မှုတွေဖြစ်စေပါတယ်။ မိမိကိုယ်ကိုယုံကြည်မှုမြင့်မားစေပြီး လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိတွေ့ဆက်ဆံမှုတွေမှာ ပိုမိုအဆင်ပြေလာနိုင်စေပါတယ်။ အပေးအယူမျှတမှု၊ သဟဇာတဖြစ်မှု၊ အပြန်အလှန်နားလည်မှု၊ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေတိုးပွားလာနိူင်စေပါတယ်။ အဆိုပါအရာတွေဟာ အိမ်ထောင်ရေးသာယာစေသလို တည်မြဲ အောင်လည်းစွမ်းဆောင်ပေးပါတယ်။
အိမ်ထောင်ပြုတယ်ဆိုတာ အတူနေဖို့တစ်ခုတည်းတင်မကပေမယ့် အတူနေတာက ကြီးမားတဲ့အခန်းကနေပါဝင်ပါတယ်။ အတူနေရာကနေရတဲ့အကျိုးကျေးဇူာ မိမိတို့နှစ်ဦးတင်မကပဲ ပတ်ဝန်းကျင်မှာ၊ အလုပ်မှာဆက်ဆံရာမှာလည်း တက်ကြွလန်းဆန်းစေပြီး စိတ်ဖိစီးမှုလျော့ကျစေပါတယ်။
မိမိတို့မိသားစုကို နှစ်ဦးတည်းမဟုတ်တော့ပဲ မိသားစုကိုပိုမိုစိုပြေလာစေမယ့်ရင်သွေးတွေရရှိဖို့ကလည်း အတူနေခြင်းရရှိနိုင်ပါတယ်။ ရင်သွေးတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး အိမ်ထောင်ရေးမှာ အဆင်ပြေစေနိုင်ပါတယ်။
အတူနေခြင်းဟာ မသိလိုက်သလိုနေရင်တော့ အမျိုးသား၊ အမျိုးသမီးဆက်ဆံရေးတစ်ခုလိုပဲထင်နိုင်စရာရှိပါတယ်။
ဒါပေမယ့် ရရှိနိုင်တဲ့အကျိူးဆက်တွေကတော့များပြားလှပါတယ်။ အိမ်ထောင်ရေးမှာသာမက မိမိအတွက်ကော၊ မိမိအဖော်အတွက်ပါကောင်းကျိုးတွေဖြစ်ထွန်းစေနိုင်ပါတယ်။ ကျန်းမာရေးအတွက်အထောက်အကူပြုပြီး မိသားစုအတွက်ပါကောင်းကျိုးတွေရရှိနိုင်ပါတယ်။ ဒါကြောင့် အတူနေခြင်းရဲ့အကျိုးတွေဟာ အိမ်ထောင်ရေးအတွက်ကော မိမိအတွက်ပါအရေးကြီးတာကို သတိပြုမိဖို့လိုပါတယ်။
Dr. ZZ
အတူေနျခင္းဟာ အိမ္ေထာင္ေရးအတြက္ဘာေၾကာင့္အေရးႀကီးသလဲ?
အတူေနၾကတယ္ဆိုတာ ဒီဘက္ေခတ္မွာေတာ့ ၾကားေနက်ေဝါဟာရတစ္ခုျဖစ္ေနပါၿပီ။ အရင္ကေတာ့ လက္ထပ္ၿပီးမွသာ အတူေနၾကပါတယ္။ အခုဆိုရင္ေတာ့ လက္မထပ္ေသးပဲအတူတူေနၾကတာေတြလည္းရိွေနၿပီျဖစ္ပါတယ္။ အတူေနတယ္ဆိုရာမွာ အမ်ဳိးသား၊ အမ်ဳိးသမီးဆက္ဆက္ဆံေရးထက္ ပိုမိုတဲ့အေၾကာင္းအရာေတြရိွေနပါတယ္။ ခဏသာေတြ႕ႀကံဳရတဲ့သူေတြမွာသိသာမႈမရိွေပမယ့္ အိမ္ေထာင္ျပဳၿပီးႏွစ္ေယာက္တစ္ဘဝထူေထာင္ၾကေတာ့မယ္ဆိုရင္ အတူေနျခင္းဟာ အိမ္ေထာင္ေရးမွာအရမ္းအေရးပါလာပါတယ္။
အတူေနတာရဲ႕အေရးႀကီးတဲ့အက်ဳိးဆက္တစ္ခုကေတာ့ ေႏြးေထြးနီးကပ္တဲ့ဆက္ဆံေရးတစ္မ်ဳိးကိုျဖစ္ေပၚေစပါတယ္။ မိမိတို႔ရဲ႕ဆက္ဆံေရးမွာလည္း ပိုျမင့္တဲ့အဆင့္တစ္ခုကိုထပ္မံတက္လွမ္းလိုက္ျခင္းနဲ႔တူပါတယ္။ အတူေနျခင္းေၾကာင့္ ႏွစ္ဦးၾကားပိုမိုရင္းႏီွးပြင့္လင္းတဲ့ဆက္ဆံေရးမ်ဳိးရိွလာပါတယ္။ အဆိုပါအက်ဳိးဆက္ေတြက အိမ္ေထာင္ေရးကိုသာယာခိုင္ၿမဲေအာင္ျပဳလုပ္ေပးႏိုင္သလို အိမ္တြင္းေရးကိစၥေတြကို တိုင္ပင္ညိႇႏိႈင္းရာမွာလည္းအေထာက္အကူျဖစ္ေစပါတယ္။
အတူေနျခင္းေၾကာင့္ ေကာင္းက်ဳိးေတြမ်ားစြာျဖစ္ထြန္းေစပါတယ္။ အတူေနျခင္းဟာ ခႏၶာကိုယ္ကအဆီေတြကိုေလာင္ကြၽမ္းေစႏိုင္ပါတယ္။ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေစႏိုင္သလို ကိုယ္ခံစြမ္းအားကိုလည္း ျမႇင့္တင္ေပးပါတယ္။ အတူေနစဥ္မွာထြက္တဲ့ေဟာ္မုန္းေတြက နာက်င္မႈေတြကိုသက္သာေစၿပီး ေသြးလည္ပတ္မႈေကာင္းေစပါတယ္။ ေသြးေပါင္က်ေစၿပီး စိတ္ဖိစီးမႈေလ်ာ့နည္းေစႏိုင္လို႔ ႏွစ္ဦးစလံုးက်န္းက်န္းမာမာနဲ႔ အိမ္ ေထာင္ေရးကို တည္ေဆာက္ေစႏိုင္ပါတယ္။
အတူေနရာကေန မိမိေကာမိမိအေဖာ္အတြက္ပါ ေက်နပ္မႈေတြျဖစ္ေစပါတယ္။ မိမိကိုယ္ကိုယံုၾကည္မႈျမင့္မားေစၿပီး လန္းဆန္းတက္ႂကြေစႏိုင္ပါတယ္။ စိတ္ပို္င္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕ဆက္ဆံမႈေတြမွာ ပိုမိုအဆင္ေျပလာႏိုင္ေစပါတယ္။ အေပးအယူမွ်တမႈ၊ သဟဇာတျဖစ္မႈ၊ အျပန္အလွန္နားလည္မႈ၊ သံေယာဇဥ္၊ ခ်စ္ျခင္းေမတၱာေတြတိုးပြားလာႏိူင္ေစပါတယ္။ အဆိုပါအရာေတြဟာ အိမ္ေထာင္ေရးသာယာေစသလို တည္ၿမဲ ေအာင္လည္းစြမ္းေဆာင္ေပးပါတယ္။
အိမ္ေထာင္ျပဳတယ္ဆိုတာ အတူေနဖို႔တစ္ခုတည္းတင္မကေပမယ့္ အတူေနတာက ႀကီးမားတဲ့အခန္းကေနပါဝင္ပါတယ္။ အတူေနရာကေနရတဲ့အက်ဳိးေက်းဇူာ မိမိတို႔ႏွစ္ဦးတင္မကပဲ ပတ္ဝန္းက်င္မွာ၊ အလုပ္မွာဆက္ဆံရာမွာလည္း တက္ႂကြလန္းဆန္းေစၿပီး စိတ္ဖိစီးမႈေလ်ာ့က်ေစပါတယ္။
မိမိတို႔မိသားစုကို ႏွစ္ဦးတည္းမဟုတ္ေတာ့ပဲ မိသားစုကိုပိုမိုစိုေျပလာေစမယ့္ရင္ေသြးေတြရရိွဖို႔ကလည္း အတူေနျခင္းရရိွႏိုင္ပါတယ္။ ရင္ေသြးေတြနဲ႔အတူေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္ၿပီး အိမ္ေထာင္ေရးမွာ အဆင္ေျပေစႏိုင္ပါတယ္။
အတူေနျခင္းဟာ မသိလိုက္သလိုေနရင္ေတာ့ အမ်ဳိးသား၊ အမ်ဳိးသမီးဆက္ဆံေရးတစ္ခုလိုပဲထင္ႏိုင္စရာရိႇပါတယ္။
ဒါေပမယ့္ ရရိွႏိုင္တဲ့အက်ဴိးဆက္ေတြကေတာ့မ်ားျပားလွပါတယ္။ အိမ္ေထာင္ေရးမွာသာမက မိမိအတြက္ေကာ၊ မိမိအေဖာ္အတြက္ပါေကာင္းက်ဳိးေတြျဖစ္ထြန္းေစႏိုင္ပါတယ္။ က်န္းမာေရးအတြက္အေထာက္အကူျပဳၿပီး မိသားစုအတြက္ပါေကာင္းက်ဳိးေတြရရိွႏိုင္ပါတယ္။ ဒါေၾကာင့္ အတူေနျခင္းရဲ႕အက်ဳိးေတြဟာ အိမ္ေထာင္ေရးအတြက္ေကာ မိမိအတြက္ပါအေရးႀကီးတာကို သတိျပဳမိဖို႔လိုပါတယ္။
Dr. ZZ