” ချောဆီသုံးပြီး ချစ်ရည်လူးတဲ့အခါ “

တံတွေး….ဆီ…သံလွင်ဆီ…စတာတွေကတော့ ချောဆီစစ်စစ်မဟုတ်သော်ငြား ချစ်ရည်လူးချိန်မှာ လိုအပ်ရင်လိုအပ်သလို ချောဆီအနေနဲ့ သုံးတတ်ကြပါတယ်။ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ချချစွာ ချစ်ရည်လူးကြမယ်ဆိုရင်တော့ ဒီ့အတွက် အထူးထုတ်လုပ်ထားတဲ့ တစ်ကိုယ်ရည်သုံးချောဆီ(Personal Lubricants)က ပိုသင့်တော်ပါလိမ့်မယ်။ဒီအမျိုးအစားက ဆေးရုံဆေးခန်းတွေမယ် နှာခေါင်းပိုက် ဆီးပိုက်ထည့်တဲ့အခါ၊စအိုကို လက်နှိုက်စစ်ဆေးတဲ့အခါသုံးတဲ့ ချောဆီ(Medical Lubricant/Surgical Lubricant)တွေနဲ့လည်း အနည်းအငယ်မတူ ကွဲပြားမှုရှိပါတယ်။

လိင်မှုရေးရာကိစ္စတွေအတွက် ထုတ်လုပ်ထားတဲ့ချောဆီ….အကြမ်းဖျင်းအားဖြင့် အမျိုးအစား (၃)မျိုး ရှိပါတယ်။

ပထမတစ်မျိုးကတော့ ရေကိုအခြေခံပြုလုပ်ထားတဲ့အမျိုးအစားပါ။အသုံးအများဆုံးအမျိုးအသားဆိုလည်း ဟုတ်ပါတယ်။ကွန်ဒုံးနဲ့လည်း တွဲသုံးလို့ရတယ်။တစ်ခုပဲ…ရေထဲမှာချစ်ရည်လူးတဲ့အခါမှာတော့ သုံးလို့အဆင်မပြေနိုင်ပါဘူး။

အမျိုးအစားနှစ်ကတော့ ဆီကိုအခြေခံထားတဲ့ချောဆီပါ။သူကတော့ ကွန်ဒုံးနဲ့တွဲသုံးလို့မရပါဘူး။ဒါကြောင့် ကွန်ဒုံးသုံးဖို့မလိုသူတွေ….အထူးသဖြင့် အိမ်ထောင်ရှင်တွေပေါ့(အိမ်ထောင်ဖက်က ခြေငြိမ်ဖို့တော့ လိုမယ်နော်။မဟုတ်ရင် ကွန်ဒုံးမသုံးတဲ့အခါ လိင်ကတစ်ဆင့်ကူးစက်တဲ့ရာဂါတွေ ရလာနိုင်တယ်။)
သုံးခုမြောက်အမျိုးအစားကတော့ ဆီလီကွန်နဲ့ပြုလုပ်ထားတဲ့ချောဆီအမျိုးအစားပါ။သူက ပိုပြီးအချိန်ကြာကြာခံပါတယ်။တစ်ခုပဲ…ဆီလီကွန်နဲ့ပြုလုပ်တဲ့ လိင်အာသာဖြေစက်တွေ အရုပ်တွေနဲ့ တွဲသုံးမယ်ဆိုရင် အရုပ်တွေပျက်စီးလွယ်တာကြောင့် အကျိုးဆက်အနေနဲ့
သုံးစွဲသူကိုလည်း ပိုးဝင်စေနိုင်ပါတယ်။

နောက်ထပ်အကြံပေးချင်တာတစ်ခုကတော့ ကလေးယူဖို့ကြိုးစားနေတဲ့ စုံတွဲတွေအတွက်ပါ။တံတွေး၊သံလွင်ဆီတွေက အမျိုးသားရဲ့ သုတ်ရည်ထဲမှာပါဝင်တဲ့သုတ်ပိုးလေးတွေကို သေစေနိုင်ပါတယ်။

ဒါကြောင့် ကလေးယူဖို့ပြင်ဆင်နေချိန်မှာ ချောဆီသုံးမယ်ဆိုရင် အထက်မှာပြောခဲ့တဲ့ တစ်ကိုယ်ရည်သုံးချောဆီတွေကိုပဲ သုံးဖို့သင့်ပါတယ်။

မေ (ဆေး ၂)

” ေခ်ာဆီသံုးၿပီး ခ်စ္ရည္လူးတဲ့အခါ “

တံေတြး….ဆီ…သံလြင္ဆီ…စတာေတြကေတာ့ ေခ်ာဆီစစ္စစ္မဟုတ္ေသာ္ျငား ခ်စ္ရည္လူးခ်ိန္မွာ လိုအပ္ရင္လိုအပ္သလို ေခ်ာဆီအေနနဲ႔ သံုးတတ္ၾကပါတယ္။က်န္းမာေရးနဲ႔ညီၫြတ္ၿပီး စိတ္ခ်ခ်စြာ ခ်စ္ရည္လူးၾကမယ္ဆိုရင္ေတာ့ ဒီ့အတြက္ အထူးထုတ္လုပ္ထားတဲ့ တစ္ကိုယ္ရည္သံုးေခ်ာဆီ(Personal Lubricants)က ပိုသင့္ေတာ္ပါလိမ့္မယ္။ဒီအမ်ိဳးအစားက ေဆးရံုေဆးခန္းေတြမယ္ နွာေခါင္းပိုက္ ဆီးပိုက္ထည့္တဲ့အခါ၊စအိုကို လက္ႏိႈက္စစ္ေဆးတဲ့အခါသံုးတဲ့ ေခ်ာဆီ(Medical Lubricant/Surgical Lubricant)ေတြနဲ႔လည္း အနည္းအငယ္မတူ ကြဲျပားမႈ႐ွိပါတယ္။

လိင္မႈေရးရာကိစၥေတြအတြက္ ထုတ္လုပ္ထားတဲ့ေခ်ာဆီ….အၾကမ္းဖ်င္းအားျဖင့္ အမ်ိဳးအစား (၃)မ်ိဳး ႐ွိပါတယ္။

ပထမတစ္မ်ိဳးကေတာ့ ေရကိုအေျခခံျပဳလုပ္ထားတဲ့အမ်ိဳးအစားပါ။အသံုးအမ်ားဆံုးအမ်ိဳးအသားဆိုလည္း ဟုတ္ပါတယ္။ကြန္ဒံုးနဲ႔လည္း တြဲသံုးလို႔ရတယ္။တစ္ခုပဲ…ေရထဲမွာခ်စ္ရည္လူးတဲ့အခါမွာေတာ့ သံုးလို႔အဆင္မေျပႏိုင္ပါဘူး။

အမ်ိဳးအစားႏွစ္ကေတာ့ ဆီကိုအေျခခံထားတဲ့ေခ်ာဆီပါ။သူကေတာ့ ကြန္ဒံုးနဲ႔တြဲသံုးလို႔မရပါဘူး။ဒါေၾကာင့္ ကြန္ဒံုးသံုးဖို႔မလိုသူေတြ….အထူးသျဖင့္ အိမ္ေထာင္႐ွင္ေတြေပါ့(အိမ္ေထာင္ဖက္က ေျခၿငိမ္ဖို႔ေတာ့ လိုမယ္ေနာ္။မဟုတ္ရင္ ကြန္ဒံုးမသံုးတဲ့အခါ လိင္ကတစ္ဆင့္ကူးစက္တဲ့ရာဂါေတြ ရလာႏိုင္တယ္။)
သံုးခုေျမာက္အမ်ိဳးအစားကေတာ့ ဆီလီကြန္နဲ႔ျပဳလုပ္ထားတဲ့ေခ်ာဆီအမ်ိဳးအစားပါ။သူက ပိုၿပီးအခ်ိန္ၾကာၾကာခံပါတယ္။တစ္ခုပဲ…ဆီလီကြန္နဲ႔ျပဳလုပ္တဲ့ လိင္အာသာေျဖစက္ေတြ အ႐ုပ္ေတြနဲ႔ တြဲသံုးမယ္ဆိုရင္ အ႐ုပ္ေတြပ်က္စီးလြယ္တာေၾကာင့္ အက်ိဳးဆက္အေနနဲ႔
သံုးစြဲသူကိုလည္း ပိုးဝင္ေစႏိုင္ပါတယ္။

ေနာက္ထပ္အၾကံေပးခ်င္တာတစ္ခုကေတာ့ ကေလးယူဖို႔ႀကိဳးစားေနတဲ့ စံုတြဲေတြအတြက္ပါ။တံေတြး၊သံလြင္ဆီေတြက အမ်ိုးသားရဲ့ သုတ္ရည္ထဲမွာပါဝင္တဲ့သုတ္ပိုးေလးေတြကို ေသေစႏိုင္ပါတယ္။

ဒါေၾကာင့္ ကေလးယူဖို႔ျပင္ဆင္ေနခ်ိန္မွာ ေခ်ာဆီသံုးမယ္ဆိုရင္ အထက္မွာေျပာခဲ့တဲ့ တစ္ကိုယ္ရည္သံုးေခ်ာဆီေတြကိုပဲ သံုးဖို႔သင့္ပါတယ္။

ေမ (ေဆး ၂)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *