All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သန္ဓေတားဆေးတွေရဲ့ အသုံးဝင်ပုံ

1 Mins read

”သန္ဓေတားဆေးတွေရဲ့ အသုံးဝင်ပုံ”

နေ့စဉ်သောက်ရတဲ့ သန္ဓေတားဆေးကတ်လေးတွေကို အိမ်ထောင်ရှင်အမျိုးသမီးတိုင်း သိကြမှာပါ။ ဒီဆေးတွေဟာ Oestrogen နဲ့ Progestogen ပေါင်းထားတာဖြစ်ပြီး Combined oral contraceptive pills လို့ခေါ်ပါတယ်။
ကိုယ်ဝန်တားဆေးဆိုတဲ့အတိုင်း ကိုယ်ဝန်မရဖို့သူကဆောင်ရွက်ပေးပါတယ်။ ထူးခြားတာက ဒီဆေးကတ်လေးတွေဟာ အခြားရောဂါတွေကို ကုသတဲ့နေရာတွေမှာလည်း အသုံးဝင်နေတာပါပဲ။ ဘယ်နေရာတွေမှာ အသုံးဝင်နေတာလဲဆိုတာ ရေးသားဖော်ပြပေးချင်ပါတယ်။


*Polycystic Ovary Syndrome (PCOS)

အမျိုးသမီးတွေမှာ ဟော်မုန်းဓာတ်မညီမျှမှုကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာစုဖြစ်ပါတယ်။ သူတို့မှာ ဟော်မုန်းလည်ပတ်မှုဟာ မမှန်တဲ့အတွက် မဟော်မုန်း( Oestrogen ) သာမန်ထက်ပိုများနေပါတယ်။ အဲဒီလို မဟော်မုန်းတွေများနေရင် သားအိမ်မှာတစ်ရှူးတွေ၊ဆဲလ်တွေ ပိုပွားများလာပြီး သားအိမ်အတွင်းထဲမှာ အသားစတွေပိုလာတတ်ပါတယ်။ အဲလိုပွားလာရင် ပုံမှန်လူထက် ကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။ PCOS ရောဂါရှိတဲ့အမျိုးသမီးတွေကို COC pills နဲ့ Progestin only pills စတဲ့ ကိုယ်ဝန်တားဆေးတွေနဲ့ ဟော်မုန်းညီမျှသွားအောင် ကုသကြပါတယ်။

*အမွေးအမျှင်ထူခြင်း

အမျိုးသားများကဲ့သို့ အမွေးအမျှင်ထူထဲပေါက်ရောက်တဲ့အမျိုးသမီးတွေကို နေ့စဉ်သောက်ကိုယ်ဝန်တားဆေးတွေနဲ့ ကုသလို့ရပါတယ်။

*Endometriosis ရောဂါ

Endometriosis လို့ခေါ်တဲ့ သားအိမ်ထဲမှာရှိရမယ့် တစ်ရှူးစတွေဟာ သားအိမ်ပြင်ပနဲ့ သားအိမ်အတွင်းမှာ (မူမမှန်သောပွားများခြင်း)နဲ့ပွားများနေတဲ့ရောဂါမှာ ဒီဆေးတွေကိုသုံးပါတယ်။ သားဥကြွေတာနဲ့ ရာသီလာတာကိုတားပြီး Endometriosis ကြောင့်ဖြစ်တဲ့ ရာသီလာရင်အလွန်အမင်းနာကျင်ခြင်းကို သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်နေသလို အယောင်ပြသက်ရောက်မှုကိုဖြစ်စေပြီး ပွားများနေတဲ့ဆဲလ်တွေကို ပျက်စီးစေပါတယ်။ COC pills ရော၊ Progestogen only pills ရော ဒီရောဂါမှာ သုံးပါတယ်။

*ဝက်ခြံထွက်ခြင်း

ဒီဆေးကတ်လေးတွေကို ဝက်ခြံအများအပြားထွက်တတ်တဲ့သူတွေကိုလည်း ကုသမှုအနေနဲ့ သုံးလို့ရပါတယ်။

*ရာသီမလာခြင်း

ရာသီပျောက်နေတဲ့အမျိုးသမီးများ ရာသီပြန်ပေါ်စေဖို့နဲ့ ရာသီစက်ဝန်းက ပုံမှန်မဟုတ်ဘဲ လာချင်သလိုလာနေလို့ စိတ်ပျက်နေရတဲ့ အမျိုးသမီးတို့အတွက် အသုံးဝင်ပါတယ်။ ဒီဆေးက သဘာဝအတိုင်းလာတဲ့ ရာသီစက်ဝန်းကို ဖယ်ပြီး နှစ်ဆယ့်ရှစ်ရက်မှာတစ်ခါလာတဲ့ ရာသီစက်ဝန်းကို ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။

အထက်ဖော်ပြပါအချက်တွေဟာ ကိုယ်ဝန်တားဆေးကတ်တွေရဲ့ အသုံးဝင်ပုံတွေဖြစ်ပါတယ်။ ဘယ်နည်းလမ်းကိုပဲ သုံးမယ်လို့ စိတ်ကူးစိတ်ကူး ကျွမ်းကျင်သူ ဆရာဝန်တစ်ဦးဦးနဲ့ အလျင်တိုင်ပင်ပြီးမှ ကုသမှုယူဖို့လိုအပ်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

”သေႏၶတားေဆးေတြရဲ႕ အသံုးဝင္ပံု”

ေန႔စဥ္ေသာက္ရတဲ့ သေႏၶတားေဆးကတ္ေလးေတြကို အိမ္ေထာင္ရွင္အမ်ိဳးသမီးတိုင္း သိၾကမွာပါ။ ဒီေဆးေတြဟာ Oestrogen နဲ႔ Progestogen ေပါင္းထားတာျဖစ္ၿပီး Combined oral contraceptive pills လို႔ေခၚပါတယ္။
ကိုယ္ဝန္တားေဆးဆိုတဲ့အတိုင္း ကိုယ္ဝန္မရဖို႔သူကေဆာင္ရြက္ေပးပါတယ္။ ထူးျခားတာက ဒီေဆးကတ္ေလးေတြဟာ အျခားေရာဂါေတြကို ကုသတဲ့ေနရာေတြမွာလည္း အသံုးဝင္ေနတာပါပဲ။ ဘယ္ေနရာေတြမွာ အသံုးဝင္ေနတာလဲဆိုတာ ေရးသားေဖာ္ျပေပးခ်င္ပါတယ္။


*Polycystic Ovary Syndrome (PCOS)

အမ်ိဳးသမီးေတြမွာ ေဟာ္မုန္းဓာတ္မညီမွ်မႈေၾကာင့္ျဖစ္တဲ့ ေရာဂါလကၡဏာစုျဖစ္ပါတယ္။ သူတို႔မွာ ေဟာ္မုန္းလည္ပတ္မႈဟာ မမွန္တဲ့အတြက္ မေဟာ္မုန္း( Oestrogen ) သာမန္ထက္ပိုမ်ားေနပါတယ္။ အဲဒီလို မေဟာ္မုန္းေတြမ်ားေနရင္ သားအိမ္မွာတစ္ရႉးေတြ၊ဆဲလ္ေတြ ပိုပြားမ်ားလာၿပီး သားအိမ္အတြင္းထဲမွာ အသားစေတြပိုလာတတ္ပါတယ္။ အဲလိုပြားလာရင္ ပံုမွန္လူထက္ ကင္ဆာျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။ PCOS ေရာဂါရွိတဲ့အမ်ိဳးသမီးေတြကို COC pills နဲ႔ Progestin only pills စတဲ့ ကိုယ္ဝန္တားေဆးေတြနဲ႔ ေဟာ္မုန္းညီမွ်သြားေအာင္ ကုသၾကပါတယ္။

*အေမြးအမွ်င္ထူျခင္း

အမ်ိဳးသားမ်ားကဲ့သို႔ အေမြးအမွ်င္ထူထဲေပါက္ေရာက္တဲ့အမ်ိဳးသမီးေတြကို ေန႔စဥ္ေသာက္ကိုယ္ဝန္တားေဆးေတြနဲ႔ ကုသလို႔ရပါတယ္။

*Endometriosis ေရာဂါ

Endometriosis လို႔ေခၚတဲ့ သားအိမ္ထဲမွာရွိရမယ့္ တစ္ရႉးစေတြဟာ သားအိမ္ျပင္ပနဲ႔ သားအိမ္အတြင္းမွာ (မူမမွန္ေသာပြားမ်ားျခင္း)နဲ႔ပြားမ်ားေနတဲ့ေရာဂါမွာ ဒီေဆးေတြကိုသံုးပါတယ္။ သားဥေႂကြတာနဲ႔ ရာသီလာတာကိုတားၿပီး Endometriosis ေၾကာင့္ျဖစ္တဲ့ ရာသီလာရင္အလြန္အမင္းနာက်င္ျခင္းကို သက္သာေစပါတယ္။ ကိုယ္ဝန္ေဆာင္ေနသလို အေယာင္ျပသက္ေရာက္မႈကိုျဖစ္ေစၿပီး ပြားမ်ားေနတဲ့ဆဲလ္ေတြကို ပ်က္စီးေစပါတယ္။ COC pills ေရာ၊ Progestogen only pills ေရာ ဒီေရာဂါမွာ သံုးပါတယ္။

*ဝက္ျခံထြက္ျခင္း

ဒီေဆးကတ္ေလးေတြကို ဝက္ျခံအမ်ားအျပားထြက္တတ္တဲ့သူေတြကိုလည္း ကုသမႈအေနနဲ႔ သံုးလို႔ရပါတယ္။

*ရာသီမလာျခင္း

ရာသီေပ်ာက္ေနတဲ့အမ်ိဳးသမီးမ်ား ရာသီျပန္ေပၚေစဖို႔နဲ႔ ရာသီစက္ဝန္းက ပံုမွန္မဟုတ္ဘဲ လာခ်င္သလိုလာေနလို႔ စိတ္ပ်က္ေနရတဲ့ အမ်ိဳးသမီးတို႔အတြက္ အသံုးဝင္ပါတယ္။ ဒီေဆးက သဘာဝအတိုင္းလာတဲ့ ရာသီစက္ဝန္းကို ဖယ္ၿပီး ႏွစ္ဆယ့္ရွစ္ရက္မွာတစ္ခါလာတဲ့ ရာသီစက္ဝန္းကို ဖန္တီးေပးလိုက္တာျဖစ္ပါတယ္။

အထက္ေဖာ္ျပပါအခ်က္ေတြဟာ ကိုယ္ဝန္တားေဆးကတ္ေတြရဲ႕ အသံုးဝင္ပံုေတြျဖစ္ပါတယ္။ ဘယ္နည္းလမ္းကိုပဲ သံုးမယ္လို႔ စိတ္ကူးစိတ္ကူး ကြ်မ္းက်င္သူ ဆရာဝန္တစ္ဦးဦးနဲ႔ အလ်င္တိုင္ပင္ၿပီးမွ ကုသမႈယူဖို႔လိုအပ္ပါတယ္လို႔ ေရးသားလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *