All Articlesကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Role of milk, water and dehydration in infants under 6 months

1 Mins read

အသက်ခြောက်လအောက်ကလေး ရေတိုက်ဖို့လိုမလိုနှင့် ရေဓာတ်ပြည့်မပြည့်

များသောအားဖြင့် မိခင်တွေဟာ မိမိတို့ကလေးကို နို့တိုက်ပြီးချိန်မှာဖြစ်ဖြစ် ရေနည်းနည်းလောက်တော့ တိုက်လိုကြပါတယ်..။ ဒါဟာ တကယ်တော့မမှန်ပါဘူး..။ သုတေသနတွေအရ အသက်ခြောက်လအောက်ကလေးတွေမှာ ရေတိုက်ခြင်းကို အားမပေးပါဘူး..။

အသက်ခြောက်လအောက်ကလေးတွေမှာ အဓိကလိုအပ်တာက မိခင်နို့ကိုပြည့်ပြည့်၀၀ မကြာခဏတိုက်ဖို့ပါပဲ..။ သဘာဝအလျောက် မိခင်နို့ထဲမှာ ကလေးငယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်ပေါင်းစုံနဲ့ ရေဓာတ်ပါလုံလုံလောက်လောက်ပါဝင်ပြီးဖြစ်တာကြောင့် ထပ်ပြီးရေတိုက်စရာမလိုအပ်ပါဘူး..။ ရေကိုအပြင်ကနေ ထပ်တိုက်တဲ့အခါ မသန့်ရှင်းတဲ့ရေဖြစ်ခဲ့ရင်… မမြင်နိုင်တဲ့ ပိုးမွှားတွေပါသွားခဲ့ရင် ကလေးမှာ ဝမ်းပျက်ဝမ်းလျှောအပြင် တိုက်ဖွိုက်လို ကူးစက်ရောဂါတွေရနိုင်တဲ့အတွက် မတိုက်သင့်ပါဘူး…။

တကယ်လို့ မိခင်နို့မတိုက်ဘဲ နို့မှုန့်တိုက်တဲ့ကလေးတွေမှာဆိုရင်တော့ နို့မှူန့်နဲ့ရေနဲ့ကို အချိူးအစားကျကျနနဖျော်စပ်ဖို့လိုပါလိမ့်မယ်..။ ယျေဘူယျအားဖြင့် နို့မှူန့်တစ်ဇွန်း(နို့မှူန့်ဘူးထဲက ပါလာတဲ့ဇွန်း) ကို ရေနှစ်အောင်စနဲ့ဖျော်ရမှာပါ..။ ကလေးငယ်အသက်ကြီးထွားလာတာနဲ့အမျှ…အရပ်ရှည်လာတာနဲ့အမျှ နို့ပိုစို့သောက်ဖို့လိုလာမှာပါ..။ မွေးကင်းစကနေ အသက်တစ်လမှာ တစ်နေ့ကို ၁၂ အောင်စကနေ နှစ်ဆယ့်လေးအောင်စလောက်အထိ တိုက်ဖို့လိုအပ်ပြီး အသက်လေးလကနေ ခြောက်လလောက်ဆိုရင်တော့ … တစ်နေ့ကို နို့ နှစ်ဆယ်အောင်စကနေ သုံးဆယ့်ခြောက်အောင်စလောက်ထိ တိုးပြီးလိုအပ်ပါတယ်..။ ရေဓာတ်နဲ့အာဟာရပြည့်စုံလုံလောက်မှူဟာ ကလေးငယ်တွေအတွက် အလွန်အရေးကြီးပါတယ်..။ သင့်ကလေးငယ်မှာ ရေဓာတ်ပြည့်မပြည့်ကို အောက်ပါအချက်တွေကို ကြည့်ပြီး ယျေဘူယျအားဖြင့်စစ်ဆေးနိုင်ပါတယ်..။

(၁) ကလေးငယ်ဆီးသွားနည်းရင် (နှစ်ဆယ့်လေးနာရီလုံးမှာ သေးစို diaper သေးခံ ခြောက်ခုထက်နည်းပြီး လဲရရင်… ဒါမှမဟုတ် နှစ်နာရီသုံးနာရီထက်ပိုပြီး ခြောက်သွေ့နေရင် ဆီးသွားနည်းတယ် ဆိုနိုင်ပါတယ်…)

(၂) အဝါရောင်ဖျော့ဖျော့မဟုတ်ဘဲ အဝါရောင်ရင့်ရင့်ဆီးသွားရင်

(၃) ဆောင်းရာသီမဟုတ်ဘဲ နှူတ်ခမ်းတွေ လျှာတွေ စိုစွတ်မှူမရှိဘဲ ခြောက်သွေ့ကွဲအက်နေရင်

(၄) ငိုတဲ့အခါ မျက်ရည်မထွက်ရင်

(၅) အရေပြားကိုဆွဲလိုက်တဲ့အခါ မူလအနေအထားကိုမြန်မြန်ပြန်မရောက်သွားဘဲ အရေပြားရှူံ့တွနေရှု်

(၆) မျက်တွင်းချိုင့်နေရင်

(၇) ကလေးငယ်အရမ်းမှိန်းရင်

(၈) လက်တွေခြေထောက်တွေ အလွန်အမင်းအေးစက်နေရင်

ဒီလို လက္ခဏာတွေရှိရင်တော့ သင့်ကလေးမှာ ရေဓာတ်ခမ်းခြောက်မှူရှိနေတယ် ဆိုနိုင်ပါတယ်..။

အချူပ်အားဖြင့်ဆိုရရင် မွေးကင်းစကနေ ခြောက်လအထိ ကလေးတွေကို ဖြစ်နိုင်ရင် မိခင်နို့တစ်မျိူးတည်းကိုသာ တိုက်ပါ..။ မကြာခဏတိုက်ပါ..။ ကလေးဆာတိုင်း ငိုတိုင်းတိုက်ပါ…။ မိခင်ကိုယ်တိုင်လည်း အစားဘာမှရှောင်စရာမလိုဘဲ အာဟာရပြည့်ပြည့်၀၀စားသုံးပါ..။ ရေကို အထူးတလည်အပြင်ကနေ ထပ်တိုက်စရာမလိုပါဘူး..။ အကြောင်းကြောင်းကြောင့် နို့မှူန့်တိုက်ရတယ်ဆိုရင် တကယ်အာဟာရဖြစ်စေတဲ့ ကောင်းမွန်တဲ့ နို့မှူန့်အမျိူးအစားကိုသာ မဖြစ်မနေ ဖျော်စပ်တိုက်ပါလို့ ဖော်ပြလိုက်ရပါတယ်..။

မေတ္တာဖြင့်

ဒေါက်တာစိမ်းမိုးစက်
အသက္ေျခာက္လေအာက္ကေလး ေရတိုက္ဖို႕လိုမလိုနွင့္ ေရဓာတ္ျပည့္မျပည့္

မ်ားေသာအားျဖင့္ မိခင္ေတြဟာ မိမိတို႕ကေလးကို နို႕တိုက္ျပီးခ်ိန္မွာျဖစ္ျဖစ္ ေရနည္းနည္းေလာက္ေတာ့ တိုက္လိုၾကပါတယ္..။ ဒါဟာ တကယ္ေတာ့မမွန္ပါဘူး..။ သုေတသနေတြအရ အသက္ေျခာက္လေအာက္ကေလးေတြမွာ ေရတိုက္ျခင္းကို အားမေပးပါဘူး..။

အသက္ေျခာက္လေအာက္ကေလးေတြမွာ အဓိကလိုအပ္တာက မိခင္နို႕ကိုျပည့္ျပည့္၀၀ မၾကာခဏတိုက္ဖို႕ပါပဲ..။ သဘာ၀အေလ်ာက္ မိခင္နို႕ထဲမွာ ကေလးငယ္ၾကီးထြားဖြံ႕ျဖိဳးဖို႕အတြက္ လိုအပ္တဲ႕ အာဟာရဓာတ္ေပါင္းစံုနဲ႕ ေရဓာတ္ပါလံုလံုေလာက္ေလာက္ပါ၀င္ျပီးျဖစ္တာေၾကာင့္ ထပ္ျပီးေရတိုက္စရာမလိုအပ္ပါဘူး..။ ေရကိုအျပင္ကေန ထပ္တိုက္တဲ႕အခါ မသန္႕ရွင္းတဲ႕ေရျဖစ္ခဲ႕ရင္… မျမင္နိုင္တဲ႕ ပိုးမႊားေတြပါသြားခဲ႕ရင္ ကေလးမွာ ၀မ္းပ်က္၀မ္းေလွ်ာအျပင္ တိုက္ဖြိဳက္လို ကူးစက္ေရာဂါေတြရနိုင္တဲ႕အတြက္ မတိုက္သင့္ပါဘူး…။

တကယ္လို႕ မိခင္နို႕မတိုက္ဘဲ နို႕မွုန္႕တိုက္တဲ႕ကေလးေတြမွာဆိုရင္ေတာ့ နို႕မွူန္႕နဲ႕ေရနဲ႕ကို အခ်ိဴးအစားက်က်နနေဖ်ာ္စပ္ဖို႔လိုပါလိမ့္မယ္..။ ေယ်ဘူယ်အားျဖင့္ နို႕မွူန္႕တစ္ဇြန္း(နို႕မွူန္႕ဘူးထဲက ပါလာတဲ႕ဇြန္း) ကို ေရနွစ္ေအာင္စနဲ႕ေဖ်ာ္ရမွာပါ..။ ကေလးငယ္အသက္ၾကီးထြားလာတာနဲ႕အမွ်…အရပ္ရွည္လာတာနဲ႕အမွ် နို႕ပိုစို႕ေသာက္ဖို႕လိုလာမွာပါ..။ ေမြးကင္းစကေန အသက္တစ္လမွာ တစ္ေန႕ကို ၁၂ ေအာင္စကေန နွစ္ဆယ့္ေလးေအာင္စေလာက္အထိ တိုက္ဖို႕လိုအပ္ျပီး အသက္ေလးလကေန ေျခာက္လေလာက္ဆိုရင္ေတာ့ … တစ္ေန႕ကို နို႕ နွစ္ဆယ္ေအာင္စကေန သံုးဆယ့္ေျခာက္ေအာင္စေလာက္ထိ တိုးျပီးလိုအပ္ပါတယ္..။ ေရဓာတ္နဲ႕အာဟာရျပည့္စံုလံုေလာက္မွူဟာ ကေလးငယ္ေတြအတြက္ အလြန္အေရးၾကီးပါတယ္..။ သင့္ကေလးငယ္မွာ ေရဓာတ္ျပည့္မျပည့္ကို ေအာက္ပါအခ်က္ေတြကို ၾကည့္ျပီး ေယ်ဘူယ်အားျဖင့္စစ္ေဆးနိုင္ပါတယ္..။

(၁) ကေလးငယ္ဆီးသြားနည္းရင္ (နွစ္ဆယ့္ေလးနာရီလံုးမွာ ေသးစို diaper ေသးခံ ေျခာက္ခုထက္နည္းျပီး လဲရရင္… ဒါမွမဟုတ္ နွစ္နာရီသံုးနာရီထက္ပိုျပီး ေျခာက္ေသြ႕ေနရင္ ဆီးသြားနည္းတယ္ ဆိုနိုင္ပါတယ္…)

(၂) အ၀ါေရာင္ေဖ်ာ့ေဖ်ာ့မဟုတ္ဘဲ အ၀ါေရာင္ရင့္ရင့္ဆီးသြားရင္

(၃) ေဆာင္းရာသီမဟုတ္ဘဲ နွူတ္ခမ္းေတြ လွ်ာေတြ စိုစြတ္မွူမရွိဘဲ ေျခာက္ေသြ႕ကြဲအက္ေနရင္

(၄) ငိုတဲ႕အခါ မ်က္ရည္မထြက္ရင္

(၅) အေရျပားကိုဆြဲလိုက္တဲ႕အခါ မူလအေနအထားကိုျမန္ျမန္ျပန္မေရာက္သြားဘဲ အေရျပားရွံဴ႕တြေနရႈ္

(၆) မ်က္တြင္းခ်ိဳင့္ေန၇င္

(၇) ကေလးငယ္အရမ္းမွိန္းရင္

(၈) လက္ေတြေျခေထာက္ေတြ အလြန္အမင္းေအးစက္ေနရင္

ဒီလို လကၡဏာေတြရွိရင္ေတာ့ သင့္ကေလးမွာ ေရဓာတ္ခမ္းေျခာက္မွူရွိေနတယ္ ဆိုနိုင္ပါတယ္..။

အခ်ဴပ္အားျဖင့္ဆိုရရင္ ေမြးကင္းစကေန ေျခာက္လအထိ ကေလးေတြကို ျဖစ္နိုင္ရင္ မိခင္နို႕တစ္မ်ိဴးတည္းကိုသာ တိုက္ပါ..။ မၾကာခဏတိုက္ပါ..။ ကေလးဆာတိုင္း ငိုတိုင္းတိုက္ပါ…။ မိခင္ကိုယ္တိုင္လည္း အစားဘာမွေရွာင္စရာမလိုဘဲ အာဟာရျပည့္ျပည့္၀၀စားသံုးပါ..။ ေရကို အထူးတလည္အျပင္ကေန ထပ္တိုက္စရာမလိုပါဘူး..။ အေၾကာင္းေၾကာင္းေၾကာင့္ နို႕မွူန္႕တိုက္ရတယ္ဆိုရင္ တကယ္အာဟာရျဖစ္ေစတဲ႕ ေကာင္းမြန္တဲ႕ နို႕မွူန္႕အမ်ိဴးအစားကိုသာ မျဖစ္မေန ေဖ်ာ္စပ္တိုက္ပါလို႕ ေဖာ္ျပလိုက္ရပါတယ္..။

ေမတၱာျဖင့္

ေဒါက္တာစိမ္းမိုးစက္

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *