ကိုယ်ဝန်ဆောင်မိခင်နှင့် သံဓာတ်၏အရေးပါပုံ
ကိုယ်ဝန်ဆောင်မိခင်လောင်းများတွင် သံါ်ာတ်အရေးြကိးသည့်အကြောင်း ကြော်ငြာများ ကျန်းမာရေးစာစောင်များမှတဆင့် ကြားဖူးကြပါလိမ့်မည် ။ ဘာလို့ ဒီသတ္တုဓာတ်ဟာ အရေးကြီးရသလဲ ကိုယ်လုံလုံလောက်စားသုံးရဲ့လားဆိုပြီး အတွေးဝင်ကြပါလိမ့်မယ် ။ ဒီ့အတွက် ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် သံဓာတ်အကြောင်းဖော်ပြလိုက်ရပါတယ် ။
ဘာလို့ သံဓာတ်လိုသလဲ ?
အခြေခံသဘောအရ သင့်သွေးအတွင်းရှိ အောက်စီဂျင်သယ်ဆောင်ပေးသော သွေးနီဥများဖွဲ့စည်းမှုတွင် သံဓာတ်သည် အရေးပါသော အရေးကြီးသော ဓာတ်ဖြစ်သည် ။ ကိုယ်ဝန်ဆောင်ကာလတွင် မိခင်မှ သန္ဓေသားလောင်းလေးဆီသို့ သွေးမှတဆင့် အောက်ဆီဂျင်များ အလုံအလောက်ပို့ရန် လိုအပ်သဖြင့် သွေးများများလိုအပ်မှုနှင့်အတူ သံဓာတ်ပါ အလွန်အမင်းလိုအပ်လာခြင်းဖြစ်သာ် ။ ဘယ်လောက်ထိ လိုအပ်မှုကြီးမားသနည်း ဆိုလျှင် ကိုယ်ဝန်မရှိခင် နဂိုလိုအပ်ချက်ထပ် နှစ်ဆလိုအပ်ပါတယ် ။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်အတွင်း သိုလှောင်ထားသော သံဓာတ်များ ၊ ကိုယ်ဝန်ဆောင်အားဆေးများ ၊ နေ့စဉ်စားသုံးနေသော အာဟာရများမှ သံဓာတ်ဟာ လုံလောက်စွာရရှိပါတယ် ။ ဒါကြောင့် သံဓာတ်အားဆေးသပ်သပ်မလိုအပ်ပါ ။
သံဓာတ်အလွန်အမင်းချို့တဲ့ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလအတွင်း အန္တရာယ်များလှပါတယ် ။ ဘာကြောင့်လဲဆိုတော့ လမစေ့မီ မွေးဖွားခြင်း ၊ ပေါင်မပြည့်ခြင်း ၊ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းတို့ဖြစ်စေနိုင်ခြင်းကြောင့်ဖြစ်ပါတယ် ။ သို့သော် စောလျင်စွာ သိရှိပြီး သေချာစွာ ကုသမယ် သံဓာတ်ပြန်လည်ဖြည့်တင်းနိုင်မယ်ဆိုရင် အပေါ်က အန္တရာယ်တွေဟာ ပျောက်ကွယ်သွားမှာပါ ။ သံဓာတ်အားနည်းလျှင် မောပန်းလွယ်ခြင်း ၊ ခေါင်းမူး ခေါင်းကိုက်ခြင်း ၊ မူးဝေခြင်း လက္ခဏာများ ပြသလေ့ရှိပါတယ် ။ ဒါဟာ ကိုယ်ဝန်ဆောင် လက္ခဏာများဟု မှားယွင်းထင်မြင်ယူဆတတ်ကြသည့်အတွက် အန္တရာယ်ရှိပါတယ် ။
သံဓာတ် သင့်မှာ လုံလုံလောက်လောက်ရှိပါသလား ?
ဆရာဝန်များအနေဖြင့် သင်ကိုယ်ဝန်အပ်စဉ်ကာလအတွင်း သွေးစစ်ရင်း သွေးအားနည်းခြင်း ရှိမရှိကို စစ်ဆေးလေ့ရှိပါတယ် ။ သွေးအားကောင်းစေတဲ့အစားအစာများဖြစ်တဲ့ အနီရောင်ရှိသည့် အသားများ အရွက်ဖားဖားကြီးများ ပဲအမျိုးမျိုး ဥများလအစေ့အဆန်များ တိရစ္ဆာန်ထွက်ပစ္စည်းများ စားခြင်းဟာ သံဓာတ်ဖြည့်တင်းနေခြင်းပါပဲ ။ ဒါကြောင့် သင့်အနေနဲ့ ဒီလိုအစားအစာတွေ ပုံမှန်စားသုံးခြင်းဖြင့် သံဓာတ်လုံလောက်မှုရှိမရှိ စိုးရိမ် မရှိပါဘူး ။ သံဓာတ်အလွန်အမင်းအားနည်းကြောင်း သင့်ဆရာဝန်မှ ပြောကြားပါက သံဓာတ်အားဆေး သောက်ရန်လိုအပ်လာပါပြီ ။ ထို့အတွက် သက်ဆိုင်ရာ ဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း သံဓာတ်အားဖြည့်ဆေးကို တိတိကျကျသောက်ရန် အရေးကြီးပါတယ် ။
မွေးဖွားပြီးလျှင်ကော ?
ကိုယ်ဝန်ဆောင်ကာလအတွင်း သံဓာတ်အားနည်းသူ မိခင်များအနေဖြင့် မွေးဖွားပြီးလျှင် အများစုမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားကြောင်း တွေ့ရှိရပါတယ် ။ သို့သော် မွေးဖွားပြီးသည်အထိ ဆက်လက်နည်းနေမည်ဆိုပါက ပြန်လည်ဖြည့်တင်းရန် လိုအပ်ပြီး သို့မှသာ ကျန်းမာပျော်ရွှင်စွာ ရင်သွေးငယ်နဲ့ နေထိုင်နိုင်မှာပါ ။
အားလုံးကျန်းမာ ကြပါစေ
ဒေါက်ပီ
ကိုယ္ဝန္ေဆာင္မိခင္နွင့္ သံဓာတ္၏အေရးပါပံု
ကိုယ္ဝန္ေဆာင္မိခင္ေလာင္းမ်ားတြင္ သံၚာတ္အေရးႀက္ိးသည့္အေၾကာင္း ေၾကာ္ျငာမ်ား က်န္းမာေရးစာေစာင္မ်ားမွတဆင့္ ၾကားဖူးၾကပါလိမ့္မည္ ။ ဘာလို႔ ဒီသတၱဳဓာတ္ဟာ အေရးႀကီးရသလဲ ကိုယ္လံုလံုေလာက္စားသံုးရဲ႕လားဆိုၿပီး အေတြးဝင္ၾကပါလိမ့္မယ္ ။ ဒီ့အတြက္ ကိုယ္ဝန္ေဆာင္မိခင္ေလာင္းမ်ားအတြက္ သံဓာတ္အေၾကာင္းေဖာ္ျပလိုက္ရပါတယ္ ။
ဘာလို႔ သံဓာတ္လိုသလဲ ?
အေျခခံသေဘာအရ သင့္ေသြးအတြင္းရွိ ေအာက္စီဂ်င္သယ္ေဆာင္ေပးေသာ ေသြးနီဥမ်ားဖြဲ႕စည္းမႈတြင္ သံဓာတ္သည္ အေရးပါေသာ အေရးႀကီးေသာ ဓာတ္ျဖစ္သည္ ။ ကိုယ္ဝန္ေဆာင္ကာလတြင္ မိခင္မွ သေႏၶသားေလာင္းေလးဆီသို႔ ေသြးမွတဆင့္ ေအာက္ဆီဂ်င္မ်ား အလံုအေလာက္ပို႔ရန္ လိုအပ္သျဖင့္ ေသြးမ်ားမ်ားလိုအပ္မႈႏွင့္အတူ သံဓာတ္ပါ အလြန္အမင္းလိုအပ္လာျခင္းျဖစ္သာ္ ။ ဘယ္ေလာက္ထိ လိုအပ္မႈႀကီးမားသနည္း ဆိုလွ်င္ ကိုယ္ဝန္မရွိခင္ နဂိုလိုအပ္ခ်က္ထပ္ ႏွစ္ဆလိုအပ္ပါတယ္ ။
ပံုမွန္အားျဖင့္ ခႏၶာကိုယ္အတြင္း သိုေလွာင္ထားေသာ သံဓာတ္မ်ား ၊ ကိုယ္ဝန္ေဆာင္အားေဆးမ်ား ၊ ေန႔စဥ္စားသံုးေနေသာ အာဟာရမ်ားမွ သံဓာတ္ဟာ လံုေလာက္စြာရရွိပါတယ္ ။ ဒါေၾကာင့္ သံဓာတ္အားေဆးသပ္သပ္မလိုအပ္ပါ ။
သံဓာတ္အလြန္အမင္းခ်ဳိ႕တ့ဲျခင္းဟာ ကိုယ္ဝန္ေဆာင္ကာလအတြင္း အႏၲရာယ္မ်ားလွပါတယ္ ။ ဘာေၾကာင့္လဲဆိုေတာ့ လမေစ့မီ ေမြးဖြားျခင္း ၊ ေပါင္မျပည့္ျခင္း ၊ ကေလးငယ္၏ စိတ္ပိုင္းဆိုင္ရာထိခိုက္ျခင္းတို႔ျဖစ္ေစႏိုင္ျခင္းေၾကာင့္ျဖစ္ပါတယ္ ။ သို႔ေသာ္ ေစာလ်င္စြာ သိရွိၿပီး ေသခ်ာစြာ ကုသမယ္ သံဓာတ္ျပန္လည္ျဖည့္တင္းႏိုင္မယ္ဆိုရင္ အေပၚက အႏၲရာယ္ေတြဟာ ေပ်ာက္ကြယ္သြားမွာပါ ။ သံဓာတ္အားနည္းလွ်င္ ေမာပန္းလြယ္ျခင္း ၊ ေခါင္းမူး ေခါင္းကိုက္ျခင္း ၊ မူးေဝျခင္း လကၡဏာမ်ား ျပသေလ့ရွိပါတယ္ ။ ဒါဟာ ကိုယ္ဝန္ေဆာင္ လကၡဏာမ်ားဟု မွားယြင္းထင္ျမင္ယူဆတတ္ၾကသည့္အတြက္ အႏၲရာယ္ရွိပါတယ္ ။
သံဓာတ္ သင့္မွာ လံုလံုေလာက္ေလာက္ရွိပါသလား ?
ဆရာဝန္မ်ားအေနျဖင့္ သင္ကိုယ္ဝန္အပ္စဥ္ကာလအတြင္း ေသြးစစ္ရင္း ေသြးအားနည္းျခင္း ရွိမရွိကို စစ္ေဆးေလ့ရွိပါတယ္ ။ ေသြးအားေကာင္းေစတ့ဲအစားအစာမ်ားျဖစ္တ့ဲ အနီေရာင္ရွိသည့္ အသားမ်ား အရြက္ဖားဖားႀကီးမ်ား ပဲအမ်ဳိးမ်ဳိး ဥမ်ားလအေစ့အဆန္မ်ား တိရစၧာန္ထြက္ပစၥည္းမ်ား စားျခင္းဟာ သံဓာတ္ျဖည့္တင္းေနျခင္းပါပဲ ။ ဒါေၾကာင့္ သင့္အေနနဲ႔ ဒီလိုအစားအစာေတြ ပံုမွန္စားသံုးျခင္းျဖင့္ သံဓာတ္လံုေလာက္မႈရွိမရွိ စိုးရိမ္ မရွိပါဘူး ။ သံဓာတ္အလြန္အမင္းအားနည္းေၾကာင္း သင့္ဆရာဝန္မွ ေျပာၾကားပါက သံဓာတ္အားေဆး ေသာက္ရန္လိုအပ္လာပါၿပီ ။ ထို႔အတြက္ သက္ဆိုင္ရာ ဆရာဝန္မွ ၫႊန္ၾကားသည့္အတိုင္း သံဓာတ္အားျဖည့္ေဆးကို တိတိက်က်ေသာက္ရန္ အေရးႀကီးပါတယ္ ။
ေမြးဖြားၿပီးလွ်င္ေကာ ?
ကိုယ္ဝန္ေဆာင္ကာလအတြင္း သံဓာတ္အားနည္းသူ မိခင္မ်ားအေနျဖင့္ ေမြးဖြားၿပီးလွ်င္ အမ်ားစုမွာ ပံုမွန္အတိုင္းျပန္ျဖစ္သြားေၾကာင္း ေတြ႕ရွိရပါတယ္ ။ သို႔ေသာ္ ေမြးဖြားၿပီးသည္အထိ ဆက္လက္နည္းေနမည္ဆိုပါက ျပန္လည္ျဖည့္တင္းရန္ လိုအပ္ၿပီး သို႔မွသာ က်န္းမာေပ်ာ္ရႊင္စြာ ရင္ေသြးငယ္နဲ႔ ေနထိုင္ႏိုင္မွာပါ ။
အားလံုးက်န္းမာ ၾကပါေစ
ေဒါက္ပီ