All Articlesကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

သံဓာတ်က ကလေးတွေအတွက် ဘယ်လောက်အရေးပါလဲ?

1 Mins read

?သံဓာတ်က ကလေးတွေအတွက် ဘယ်လောက်အရေးပါလဲ?

ကလေးတွေမှာ ဘာလို့ သံဓာတ်ပိုလိုအပ်တာလဲ? သံဓာတ်ပြည့်ဝရင် Iron Man ကြီးဖြစ်သွားမှာမို့လား။ အဲ့လိုတော့ မဟုတ်ပါဘူး။ သဘာဝလွန်စွမ်းအားရှင်ကြီး ဖြစ်မှာတော့ မဟုတ်ပေမဲ့ ဘဝလမ်းခရီးကို ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်နဲ့ လျှောက်လှမ်းသွားနိုင်ဖို့တော့ သံဓာတ်အားနည်းနေလို့မဖြစ်ပါဘူး။ ကလေးတွေရဲ့ ပြည့်ဝတဲ့ ဖွံ့ဖြိုးမှုအတွက် သံဓာတ်လိုအပ်သလို ကိုယ်ခံစွမ်းအားအမြဲပြည့်ဝနေဖို့လည်း သံဓာတ်ပြည့်ဝဖို့လိုပါတယ်။

?သံဓာတ်ဆိုတာဘာလဲ၊ ဘယ်ကရလဲ ??

Iron လို့ခေါ်တဲ့ သံဓာတ်ဆိုတာ လူ၊ သစ်ပင်၊ တိရစ္ဆာန် စတဲ့ သက်ရှိတွေအတွက် မရှိမဖြစ် ပါဝင်တဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်ပါတယ်။ သဘာဝအားဖြင့်

– အသည်း၊ အသား၊ ငါး၊ ပုဇွန် အမျိုးမျိုး

– ပဲအမျိုးမျိုး၊ တို့ဟူး

– နို့ထွက်ပစ္စည်းအမျိုးမျိုး

– အစိမ်းရောင် ဟင်းသီးဟင်းရွက် အမျိုးမျိုး

စတာတွေမှာပါဝင်ပြီး

-သံဓာတ်အားဖြည့် (Irofortified)လုပ်ထားတဲ့ အစေ့အနှံ Cereals ၊ ပေါင်မုန့်နဲ့ ခေါက်ဆွဲတွေ

– နို့မှုန့်တွေ

စတာတွေကနေလည်း သံဓာတ်ရနိုင်ပါတယ်။

?လူတွေမှာ ဘာလို့ သံဓာတ်မရှိမဖြစ်တာလဲ ??

လူတစ်ယောက် အသက်ရှင်ရပ်တည်ဖို့ ကောင်းမွန်စွာ မမောမပန်း သွားလာလှုပ်ရှားနိုင်ဖို့ အောက်စီဂျင်လိုအပ်ပါတယ်။ ဒီအဆုတ်ကရှူသွင်းလိုက်တဲ့ အောက်စီဂျင်ကို ခန္ဓာကိုယ်တစ်ခုလုံးကို သယ်ပို့ပေးတာကတော့ သွေးနီဥတွေပေါ့။ ဒီသွေးနီဥတွေမှာ အောက်စီဂျင်ခိုနားပြီး သယ်ဆောင်သွားနိုင်ဖို့ Hemoglobin လိုအပ်ပါတယ်။ အဲ့ဒီ့ ဟေမိုဂလိုဘင် ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တာကတော့ မိတ်ဆွေကောင်းကြီး “သံဓာတ်”ပဲပေါ့။ ဒီတော့ အကြောင်းအမျိုးမျိုးကြောင့် သံဓာတ်အားနည်းလာရင် သွေးအားပါနည်းလာပြီး မောပန်းနွမ်းနယ် အသက်ရှူမဝတာကတစ်ဆင့် သိပ်ဆိုးလာရင် နှလုံးမှာ Haemic Murmur ဆိုတဲ့ နှလုံးခုန်သံမမှန်တာတွေ နှလုံးခုန်မြန်တာတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆုံး Anemic Heart Failure ဆိုတဲ့ နှလုံးရောဂါအဆင့်ဖြစ်သွားရင်တော့ နှလုံးပျက်စီးပြီး အသက်အန္တရာယ်ပါ ဖြစ်နိုင်ပါတယ်။

?ကလေးတွေမှာ သံဓာတ်ဘယ်လောက်ပမာဏ လိုအပ်လဲ ??

▪မွေးကင်းစမှ ခြောက်လအထိ

မိခင်နို့အပြည့်အဝသောက်နေရတဲ့ ကလေးတွေအတွက် သံဓာတ်ထပ်အားဖြည့်ပေးဖို့ မလိုတတ်ပါဘူး။ အမေအစားမရှောင်ဘဲ အာဟာရပြည့်အောင်စားပေးဖို့တော့ လိုပါတယ်။

▪ခုနစ်လ မှ တစ်နှစ်အထိ

ဖြည့်စွက်စာ စကျွေးတဲ့ အချိန်ကစပြီး သံဓာတ်ကြွယ်ဝတဲ့ အသည်း၊အသား၊ပဲ၊အသီးအရွက် စတာတွေကို စုံလင်မျှတအောင်ကျွေးပေးရပါမယ်။ တစ်နေ့ကို သံဓာတ် 11mg လိုအပ်ပါတယ်။

▪တစ်နှစ် မှ သုံးနှစ်အထိ

နို့သောက်တာလျော့သွားတဲ့ အရွယ်ဖြစ်လို့ အစာမှာပိုဖြည့်ပေးဖို့လိုပါတယ်။ တစ်နေ့စာ လိုအပ်ချက် 7mg ဖြစ်ပါတယ်။

▪လေးနှစ် မှ ရှစ်နှစ်အထိ

နေ့စဉ်10mg လိုပါတယ်။

▪ကိုးနှစ်မှ ဆယ့်သုံးနှစ် အထိ

တစ်နေ့စာ 8 mg လိုအပ်ပါတယ်။

▪ဆယ်ကျော်သက်အရွယ်

ယောက်ျားလေးတွေအတွက် နေ့စဉ် 11mg လိုအပ်ပြီး မိန်းကလေးတွေကတော့ နေ့စဉ်15mg ရဖို့လိုပါတယ်။ လစဉ်ရာသီသွေးဆုံးရှုံးမှုကြောင့် သွေးအားနည်းတာ အဖြစ်အများဆုံး အရွယ်လည်း ဖြစ်လို့ပါ။

အချုပ်ဆိုရရင်တော့ သံဓာတ်ပြည့်ဝနေရင် တော်ရုံရောဂါတွေကို မှုစရာမလိုပဲ ရင်ဆိုင်ကာကွယ်နိုင်ပါမယ်။ ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးလာပါလိမ့်မယ်။ ခန္ဓာကိုယ်ရဲ့သံဓာတ်စုပ်ယူမှုကို အားကောင်းစေဖို့အတွက် Vitamin C လည်း လိုအပ်ပါသေးတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း
(26.6.19)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…