ဖခင်လောင်းတစ်ဦးရဲ့အခန်းကဏ္ဍ

အမျိုးသမီးတစ်ဦးကိုယ်ဝန်ဆောင်တဲ့အခါမှာ ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက်မှု၊ အလေးပေးမှု၊နားလည်အားပေးမှုတွေဟာ အထူးလိုအပ်ပါတယ်။ အချို့သောဖခင်လောင်းများဟာ လုပ်ပေးချင်တဲ့စေတနာရှိပါလျက်နဲ့ ဘာလုပ်ပေးရမယ်မှန်းမသိတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ဝန်ဆောင်ဇနီးအပေါ်ကိုဘယ်လိုစောင့်ရှောက်ပေးသင့်တယ်ဆိုတာကို ရေးသားဖော်ပြလိုက်ရပါတယ်။

(၁)ဖတ်မှတ်လေ့လာခြင်း

ပထမဆုံးအချက်ကတော့ ဗဟုသုတရှာမှီးရမှာဖြစ်ပါတယ်။ အမျိုးသမီးတွေကိုယ်ဝန်ဆောင်စဉ်မှာဖြစ်တတ်တဲ့ ပြောင်းလဲမှုတွေကို သိရှိနေသင့်ပါတယ်။ အမျိုးသမီးရဲ့ အစားအသောက်အနေအထိုင်ပြောင်းလဲတတ်ပုံတွေကနေ မွေးဖွားခါနီး၊မွေးဖွားစဉ်ဖြစ်တတ်တဲ့ အရာတွေကို ဖတ်မှတ်ထားရင် ဇနီးသည်ကို စောင့်ရှောက်တဲ့နေရာမှာအင်မတန်အသုံးဝင်ပါတယ်။

(၂)ဇနီးသည်၏ မနက်ပိုင်းတွင် ပျို့အန်သောဝေဒနာကို သိရှိနားလည်ထားခြင်း

Morning sickness လို့ခေါ်တဲ့ မနက်ပိုင်းမှာ အလွန်ပျို့ချင်အန်ချင်ဖြစ်တဲ့ ဝေဒနာဟာ ကိုယ်ဝန်ဆောင်တွေကို အလွန်ဒုက္ခပေးပါတယ်။ ကိုယ်ဝန်သည်ဟာ ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ အဲလိုအချိန်မျိုးမှာ ခင်ပွန်းဟာ ဇနီးဖြစ်သူအနားမှာနေပြီး အားပေးရပါမယ်။ ပြုစုစောင့်ရှောက်ရပါမယ်။

(၃)အားပေးမှု

ကိုယ်ဝန်ဆောင်စဉ်မှာ အမျိုးသမီးဟာ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကို တစ်ပြိုင်တည်းခံစားရပါတယ်။ ဒါ့အပြင် ကြောက်ရွံ့စိတ်တွေ၊ မသေချာမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများစွာလည်း ကြုံတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်လုံးမှာ ခင်ပွန်းသည်ရဲ့ အားပေးမှုကလိုအပ်ပါတယ်။ ဇနီးရဲ့အနားမှာရှိနေကြောင်းပြောပြီး စိုးရိမ်စရာဘာမှမရှိကြောင်းအားပေးနေဖို့လိုအပ်ပါတယ်။

(၄)အိမ်မှုကိစ္စများကိုကူညီပေးခြင်း

ဇနီးဖြစ်သူကိုယ်ဝန်ဆောင်စဉ်မှာ ချက်ပြုတ်ခြင်း၊အိမ်မှုကိစ္စပြုလုပ်ခြင်းများကို ကူညီပေးသင့်ပါတယ်။ ဇနီးဖြစ်သူဟာ အင်မတန်ကျေနပ်နှစ်သိမ့်မှာဖြစ်ပါတယ်။ဇနီးရဲ့တာဝန်တွေကိုခွဲယူရာလည်းရောက်ပါတယ်။

(၅)AN Care များတွင် လိုက်ပါပေးခြင်း

ကိုယ်ဝန်ရှိတာနဲ့ သားဖွားမီးယပ်ဆရာဝန်ဆီမှာ Antenatal Care ယူရပါတယ်။ အဲလိုသွားရောက်ပြသတဲ့အခါတွေမှာ တတ်နိုင်သမျှအချိန်ပေးသင့်ပါတယ်။ဘယ်နေ့ဘယ်ရက် သွားရမယ်ဆိုတာကို ဇနီးနဲ့အတူ လိုက်မှတ်သားသင့်ပါတယ်။

(၆)ကြိုတင်ပြင်ဆင်ခြင်း

ကလေးမီးဖွားဖို့အတွက် ကြိုတင်ပြင်ဆင်ရာမှာ အမျိုးသမီးတွေသာ တာဝန်ရှိတာမဟုတ်ပါဘူး။ကလေးမွေးဖို့ပြင်ဆင်တာ စောင့်ဆိုင်းရတာဟာ အမျိုးသမီးအတွက် စိတ်ဖိစီးစေပါတယ်။ ဒီအချိန်မှာ စိတ်တည်ငြိမ်အောင် ဘေးကနေကူညီရပါမယ်။ အားလုံးပြင်ဆင်ထားပြီးဖြစ်တဲ့အတွက် ဘာမှစိုးရိမ်စရာမရှိတော့ကြောင်း ပြောပြတတ်ရပါမယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအတွက် ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုလိုပဲ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကလည်းအရေးကြီးပါတယ်။ အနားမှာ အနီးကပ်ဆုံးဖြစ်တဲ့ ခင်ပွန်းသည်ဟာ ဒီအချက်ကို ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

ဖခင္ေလာင္းတစ္ဦးရဲ႕အခန္းက႑

အမ်ိဳးသမီးတစ္ဦးကိုယ္ဝန္ေဆာင္တဲ့အခါမွာ ခင္ပြန္းျဖစ္သူရဲ႕ ဂ႐ုစိုက္မႈ၊ အေလးေပးမႈ၊နားလည္အားေပးမႈေတြဟာ အထူးလိုအပ္ပါတယ္။ အခ်ိဳ႕ေသာဖခင္ေလာင္းမ်ားဟာ လုပ္ေပးခ်င္တဲ့ေစတနာရွိပါလ်က္နဲ႔ ဘာလုပ္ေပးရမယ္မွန္းမသိတာမ်ိဳးေတြ ရွိပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ကိုယ္ဝန္ေဆာင္ဇနီးအေပၚကိုဘယ္လိုေစာင့္ေရွာက္ေပးသင့္တယ္ဆိုတာကို ေရးသားေဖာ္ျပလိုက္ရပါတယ္။

(၁)ဖတ္မွတ္ေလ့လာျခင္း

ပထမဆံုးအခ်က္ကေတာ့ ဗဟုသုတရွာမွီးရမွာျဖစ္ပါတယ္။ အမ်ိဳးသမီးေတြကိုယ္ဝန္ေဆာင္စဥ္မွာျဖစ္တတ္တဲ့ ေျပာင္းလဲမႈေတြကို သိရွိေနသင့္ပါတယ္။ အမ်ိဳးသမီးရဲ႕ အစားအေသာက္အေနအထိုင္ေျပာင္းလဲတတ္ပံုေတြကေန ေမြးဖြားခါနီး၊ေမြးဖြားစဥ္ျဖစ္တတ္တဲ့ အရာေတြကို ဖတ္မွတ္ထားရင္ ဇနီးသည္ကို ေစာင့္ေရွာက္တဲ့ေနရာမွာအင္မတန္အသံုးဝင္ပါတယ္။

(၂)ဇနီးသည္၏ မနက္ပိုင္းတြင္ ပ်ဳိ့အန္ေသာေဝဒနာကို သိရွိနားလည္ထားျခင္း

Morning sickness လို႔ေခၚတဲ့ မနက္ပိုင္းမွာ အလြန္ပ်ိဳ႕ခ်င္အန္ခ်င္ျဖစ္တဲ့ ေဝဒနာဟာ ကိုယ္ဝန္ေဆာင္ေတြကို အလြန္ဒုကၡေပးပါတယ္။ ကိုယ္ဝန္သည္ဟာ ပင္ပန္းႏြမ္းနယ္တတ္ပါတယ္။ အဲလိုအခ်ိန္မ်ိဳးမွာ ခင္ပြန္းဟာ ဇနီးျဖစ္သူအနားမွာေနၿပီး အားေပးရပါမယ္။ ျပဳစုေစာင့္ေရွာက္ရပါမယ္။

(၃)အားေပးမႈ

ကိုယ္ဝန္ေဆာင္စဥ္မွာ အမ်ိဳးသမီးဟာ ေပ်ာ္ရႊင္မႈနဲ႔ စိတ္လႈပ္ရွားမႈကို တစ္ၿပိဳင္တည္းခံစားရပါတယ္။ ဒါ့အျပင္ ေၾကာက္ရြံ႕စိတ္ေတြ၊ မေသခ်ာမႈေတြနဲ႔ ႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈမ်ားစြာလည္း ၾကံဳေတြ႕ရပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္ကာလတစ္ေလွ်ာက္လံုးမွာ ခင္ပြန္းသည္ရဲ႕ အားေပးမႈကလိုအပ္ပါတယ္။ ဇနီးရဲ႕အနားမွာရွိေနေၾကာင္းေျပာၿပီး စိုးရိမ္စရာဘာမွမရွိေၾကာင္းအားေပးေနဖို႔လိုအပ္ပါတယ္။

(၄)အိမ္မႈကိစၥမ်ားကိုကူညီေပးျခင္း

ဇနီးျဖစ္သူကိုယ္ဝန္ေဆာင္စဥ္မွာ ခ်က္ျပဳတ္ျခင္း၊အိမ္မႈကိစၥျပဳလုပ္ျခင္းမ်ားကို ကူညီေပးသင့္ပါတယ္။ ဇနီးျဖစ္သူဟာ အင္မတန္ေက်နပ္ႏွစ္သိမ့္မွာျဖစ္ပါတယ္။ဇနီးရဲ႕တာဝန္ေတြကိုခြဲယူရာလည္းေရာက္ပါတယ္။

(၅)AN Care မ်ားတြင္ လိုက္ပါေပးျခင္း

ကိုယ္ဝန္ရွိတာနဲ႔ သားဖြားမီးယပ္ဆရာဝန္ဆီမွာ Antenatal Care ယူရပါတယ္။ အဲလိုသြားေရာက္ျပသတဲ့အခါေတြမွာ တတ္ႏိုင္သမွ်အခ်ိန္ေပးသင့္ပါတယ္။ဘယ္ေန႔ဘယ္ရက္ သြားရမယ္ဆိုတာကို ဇနီးနဲ႔အတူ လိုက္မွတ္သားသင့္ပါတယ္။

(၆)ႀကိဳတင္ျပင္ဆင္ျခင္း

ကေလးမီးဖြားဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ရာမွာ အမ်ိဳးသမီးေတြသာ တာဝန္ရွိတာမဟုတ္ပါဘူး။ကေလးေမြးဖို႔ျပင္ဆင္တာ ေစာင့္ဆိုင္းရတာဟာ အမ်ိဳးသမီးအတြက္ စိတ္ဖိစီးေစပါတယ္။ ဒီအခ်ိန္မွာ စိတ္တည္ၿငိမ္ေအာင္ ေဘးကေနကူညီရပါမယ္။ အားလံုးျပင္ဆင္ထားၿပီးျဖစ္တဲ့အတြက္ ဘာမွစိုးရိမ္စရာမရွိေတာ့ေၾကာင္း ေျပာျပတတ္ရပါမယ္။

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးအတြက္ ႐ုပ္ပိုင္းဆိုင္ရာက်န္းမာမႈလိုပဲ စိတ္ပိုင္းဆိုင္ရာလံုျခံဳမႈကလည္းအေရးႀကီးပါတယ္။ အနားမွာ အနီးကပ္ဆံုးျဖစ္တဲ့ ခင္ပြန္းသည္ဟာ ဒီအခ်က္ကို ျဖည့္ဆည္းေပးရမွာျဖစ္ပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *