All Articlesဆီးချိုရောဂါအထွေထွေရောဂါများ

Role of diet and drug compliance in Diabetes

1 Mins read

ကျန်းမာတဲ့စားသောက်မှုပုံစံနဲ့ဆေးမှန်မှန်သောက်ပြီး ဆီးချို ထိန်းကြမယ်!

ဆီးချို ရောဂါဟာ မကူးစက်တတ်တဲ့နာတာရှည်ရောဂါတွေထဲမှာ အဖြစ်များဆုံးနဲ့ နောက်ဆက်တွဲအများဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ဆီးချိုဖြစ်တဲ့အသက်အရွယ်တဖြည်းဖြည်းငယ်လာတာနဲ့အတူ ဆီးချိုဖြစ်တဲ့လူနာဦးရေလည်း တဖြည်းဖြည်းတိုးလို့နေပါတယ်။

ဆီးချိုရောဂါကို ဘာလို့ကြောက်ကြတာလဲ?

ဆီးချိုကိုအလွယ်နားလည်အောင်ပြောရရင် သွေးထဲမှာအချိုဓာတ်များနေတဲ့ရောဂါပါ။သွေးထဲမှာအချိုဓာတ်များတာဟာ အန္တရာယ်ရှိသလားဆိုရင် ရှိပါတယ်လို့ဖြေရပါမယ်။ဆီးချိုဟာခန္ဓာကိုယ်ရဲ့ဘယ်နေရာကိုအဓိကထိသလဲမေးရင် တစ်ကိုယ်လုံးကိုတိုက်ခိုက်တတ်တဲ့ရောဂါပဲဖြစ်ပါတယ်။ပတ်ဝန်းကျင်မှာကြားဖူးမြင်ဖူးကြပါလိမ့်မယ်။ဆီးချိုကြောင့် မျက်လုံးကွယ်တာ ခြေထောက်ဖြတ်ရတာ ကျောက်ကပ်မကောင်းတော့တာ နှလုံးရောဂါ လေဖြတ်တာနဲ့ အာရုံကြောတွေထိခိုက်တာကနေ အချိန်မတိုင်ခင်သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။

အစားအသောက်နဲ့ဆေးဝါးတွေဟာဆီးချိုကိုထိန်းဖို့ဘယ်လောက်အရေးပါသလဲ?

အပေါ်မှာပြောထားတဲ့ ရောဂါတွေကို မခံစားချင်ရင် မျှတတဲ့စားသောက်မှုပုံစံရှိအောင် ဂရုစိုက်ရမယ့်အပြင် ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုလည်း ပုံမှန်စွဲစွဲမြဲမြဲသောက်ရပါမယ်။

IMG

ဆီးချိုအစားအသောက်လို့ပြောလိုက်တာနဲ့ လူတွေကနှာခေါင်းရှုှုံ့တတ်ကြပါတယ်။ကိုယ့်ရဲ့အာသီသတွေကို အလွန်အမင်းချိုးနှိမ်ရမယ်။ထမင်းလုံးဝမစားရဘူး။လျှာပေါ်တင်လို့ချိုတာမှန်သမျှမစားသင့်ဘူး။ဆီးချိုသမားအတွက်သီးသန့်ထုတ်ထားတဲ့ဖြည့်စွက်စာတွေကိုပဲစားရမယ် စတဲ့အယူအဆမှားတွေကိုခေါင်းထဲကထုတ်ပစ်လိုက်ပါ။

ဆီးချိုသမားစားသင့်တဲ့အစားအသောက်ဟာ လူတိုင်းစားသင့်တဲ့အစားအသောက်ပုံစံအမှန်ပါပဲ။အစာအုပ်စုသုံးခုစလုံးမျှတစွာ ပါဝင်ပြီးအဓိကအားဖြင့်အချက်နှစ်ချက်နဲ့ကိုက်ညီရပါမယ်။တစ်နေ့တာလိုအပ်တဲ့အာဟာရကိုပြည့်မီရမယ့်အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ပုံမှန်ဖြစ်အောင်ထိန်းထားနိုင်တဲ့စားသောက်မှုပုံစံဖြစ်ရပါမယ်။ကိုယ်ဘာစားနေသလဲ ပမာဏကဘယ်လောက်လဲအမြဲချိန်ညှိနေရပါမယ်။စားသောက်ကုန်တွေမှာပါတဲ့ အဆီပါဝင်မှုနှုန်း ကယ်လိုရီပါဝင်မှုနှုန်းကိုလည်း အမြဲစစ်ဆေးတတ်တဲ့အကျင့်လုပ်သင့်ပါတယ်။

ယခင်ကတော့ ဆီးချိုအစားအသောက်မှာ carbohydrate ခေါ် ကစီဓာတ်လျှော့စားဖို့ဘက်ကိုပဲ စောင်းပေးခဲ့ကြပါတယ်။သည်အခါမှာ ထမင်းတော့လျှော့စားပြီး ပြန်ကြော်ဆီတွေ တိရစ္ဆာန်ကထွက်တဲ့အဆီတွေကိုပိုစားမိတတ်ပါတယ်။သွေးတွင်းအဆီဓာတ်များပြားခြင်းဟာ အင်ဆူလင်ရဲ့လုပ်ငန်းဆောင်တာကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ဒီတော့ ထမင်းလျှော့စားနေပါရက်နဲ့ ဆီးချိုုတော့မထိန်းနိုင်ဘူးဆိုတဲ့ ပြဿ နာတွေပေါ်လာပါတော့တယ်။

IMG2

အထက်မှာပြောခဲ့တဲ့အတိုင်း ကစီဓာတ် အသားဓာတ်နဲ့ အဆီပါဝင်မှုမျှတအောင်စားရပါမယ်။ဆီးချိုသမားအတွက်သင့်လျော်တဲ့ကစီဓာတ် အဆီ အသားကိုရွေးစားဖို့ပါပဲ။ဥပမာ_ဆန်ဖြူအစားဆန်လုံးညိုစားတာ အနီရောင်ရှိတဲ့အသားတွေအစား ငါး ပင်လယ်စာ အရေခွံဖယ်ထားတဲ့ကြက်သား အဆီမပါတဲ့အသားမျိုးစားတာ အဆီပါဝင်မှုနှုန်းနည်းတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကိုရွေးချယ်တာနဲ့ အဆီဓာတ်ကို ပြန်ကြော်ဆီတွေ Fast food တွေကမယူပဲ အစေ့အဆံတွေကနေရယူတာမျိုုးတွေလုပ်ရပါမယ်။အသီးအနှံများများစားတဲ့အကျင့်နဲ့ ဆေးလိပ် အရက်ရှောင်ပြီး အားကစားတစ်ခုခုလိုက်စားတာမျိုးလည်းပြုလုပ်ရမှာဖြစ်ပါတယ်။

ဆီးချိုကို အစားသောက်တစ်ခုတည်းနဲ့ထိန်းလို့မရတော့တဲ့အခါ ဆေးကူရပါတယ်။သောက်ဆေးဖြစ်နိုင်သလို insulin ထိုးဆေးလည်းဖြစ်နိုင်ပါတယ်။အစားသောက်နဲ့ ဆေးဝါးဟာ ဆီးချိုထိန်းဖို့အတွက် အချင်းချင်းအထောက်အကူပြုပေးကြပါတယ်။ဥပမာ_ဆီးချိုုဆေး တစ်နေ့ ၃ ကြိမ်သောက်နေရတဲ့သူဟာ အစားအသောက်သေချာမစားရင် ဆီးချိုကျတဲ့အန္တရာယ်နဲ့ကြုံတွေ့ရမှာပါ။ဒီလိုပဲ အစားအသောက်ကြောင့်တက်လာနိုင်တဲ့ ဆီးချိုပမာဏကိုလည်း ဆေးနဲ့ထိန်းညှိရမှာဖြစ်ပါတယ်။ဒါကြောင့်သောက်ဆေး ထိုးဆေးကြောင့်အဆင်မပြေတာမျိုးရှိရင် မိမိသဘောနဲ့မရပ်ပစ်ဘဲ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးပြောင်းတာ ပမာဏချိန်ညှိတာမျိုးတွေလုပ်သင့်ပါတယ်။

IMG4

ဆီးချိုဟာ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။လုံးဝပျောက်ကင်းဖို့မဖြစ်နိုင်ပါဘူး။သို့သော်လည်း ကျန်းမာတဲ့စားသောက်နေထိုင်မှုပုံစံနဲ့ ဆေးပုံမှန်သောက်ခြင်းဟာ ဆီးချိုရောဂါကိုနှောင့်နှေးစေပြီး နောက်ဆက်တွဲရောဂါတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။ဆီးချိုဝေဒနာရှင်တွေဟာ အစားအသောက်အနေအထိုင်သတိရှိဖို့နဲ့ စိတ်ရှည်ဖို့လိုအပ်ပါတယ်။ဒါမှသာ ရောဂါဘယကင်းပြီး သက်တမ်းစေ့နေနိုင်မှာပဲဖြစ်ပါတယ်။

Dr. ပွင့်ဖြိုးကျော်

က်န္းမာတဲ့စားေသာက္မႈပံုစံနဲ႔ေဆးမွန္မွန္ေသာက္ျပီး ဆီးခ်ိဳ ထိန္းၾကမယ္!

ဆီးခ်ိဳ ေရာဂါဟာ မကူးစက္တတ္တဲ့နာတာရွည္ေရာဂါေတြထဲမွာ အျဖစ္မ်ားဆံုးနဲ႔ ေနာက္ဆက္တြဲအမ်ားဆံုးေရာဂါတစ္ခုျဖစ္ပါတယ္။ဆီးခ်ိဳျဖစ္တဲ႔အသက္အရြယ္တျဖည္းျဖည္းငယ္လာတာနဲ႔အတူ ဆီးခ်ိဳျဖစ္တဲ့လူနာဦးေရလည္း တျဖည္းျဖည္းတိုးလို႔ေနပါတယ္။

ဆီးခ်ိဳေရာဂါကို ဘာလို႔ေၾကာက္ၾကတာလဲ?

ဆီးခ်ိဳကိုအလြယ္နားလည္ေအာင္ေျပာရရင္ ေသြးထဲမွာအခ်ိဳဓာတ္မ်ားေနတဲ့ေရာဂါပါ။ေသြးထဲမွာအခ်ိဳဓာတ္မ်ားတာဟာ အႏၲရာယ္ရွိသလားဆိုရင္ ရွိပါတယ္လို႔ေျဖရပါမယ္။ဆီးခ်ိဳဟာခႏၶာကို္ယ္ရဲ႕ဘယ္ေနရာကိုအဓိကထိသလဲေမးရင္ တစ္ကိုယ္လံုးကိုတိုက္ခိုက္တတ္တဲ့ေရာဂါပဲျဖစ္ပါတယ္။ပတ္ဝန္းက်င္မွာၾကားဖူးျမင္ဖူးၾကပါလိမ့္မယ္။ဆီးခ်ိဳေၾကာင့္ မ်က္လံုးကြယ္တာ ေျခေထာက္ျဖတ္ရတာ ေက်ာက္ကပ္မေကာင္းေတာ့တာ ႏွလံုးေရာဂါ ေလျဖတ္တာနဲ႔ အာရုံေၾကာေတြထိခိုက္တာကေန အခ်ိန္မတိုင္ခင္ေသဆံုးသည္အထိျဖစ္ေစနိုင္ပါတယ္။

အစားအေသာက္နဲ႔ေဆးဝါးေတြဟာဆီးခ်ိဳကိုထိန္းဖို႕ဘယ္ေလာက္အေရးပါသလဲ?

အေပၚမွာေျပာထားတဲ႔ ေရာဂါေတြကို မခံစားခ်င္ရင္ မ်ွတတဲ့စားေသာက္မႈပံုစံရွိေအာင္ ဂရုစုိက္ရမယ့္အျပင္ ဆရာဝန္ညႊန္ၾကားထားတဲ႔ေဆးကိုလည္း ပံုမွန္စြဲစြဲျမဲျမဲေသာက္ရပါမယ္။

IMG

ဆီးခ်ိဳအစားအေသာက္လို႔ေျပာလိုက္တာနဲ႔ လူေတြကႏွာေခါင္းရႈံႈ႕တတ္ၾကပါတယ္။ကိုယ့္ရဲ႔အာသီသေတြကို အလြန္အမင္းခ်ိဳးႏွိမ္ရမယ္။ထမင္းလံုးဝမစားရဘူး။လ်ွာေပၚတင္လို႔ခ်ိဳတာမွန္သမ်ွမစားသင့္ဘူး။ဆီးခ်ိဳသမားအတြက္သီးသန္႔ထုတ္ထားတဲ႔ျဖည့္စြက္စာေတြကိုပဲစားရမယ္ စတဲ့အယူအဆမွားေတြကိုေခါင္းထဲကထုတ္ပစ္လိုက္ပါ။

ဆီးခ်ိဳသမားစားသင့္တဲ့အစားအေသာက္ဟာ လူတိုင္းစားသင့္တဲ႔အစားအေသာက္ပံုစံအမွန္ပါပဲ။အစာအုပ္စုသံုးခုစလံုးမ်ွတစြာ ပါဝင္ျပီးအဓိကအားျဖင့္အခ်က္ႏွစ္ခ်က္နဲ႔ကိုက္ညီရပါမယ္။တစ္ေန႔တာလိုအပ္တဲ့အာဟာရကိုျပည့္မီရမယ့္အျပင္ ေသြးတြင္းသၾကားဓာတ္ကိုလည္း ပံုမွန္ျဖစ္ေအာင္ထိန္းထားနိုင္တဲ႔စားေသာက္မႈပံုစံျဖစ္ရပါမယ္။ကိုယ္ဘာစားေနသလဲ ပမာဏကဘယ္ေလာက္လဲအျမဲခ်ိန္ညွိေနရပါမယ္။စားေသာက္ကုန္ေတြမွာပါတဲ့ အဆီပါဝင္မႈႏႈန္း ကယ္လိုရီပါဝင္မႈႏႈန္းကိုလည္း အျမဲစစ္ေဆးတတ္တဲ့အက်င့္လုပ္သင့္ပါတယ္။

ယခင္ကေတာ့ ဆီးခ်ိဳအစားအေသာက္မွာ carbohydrate ေခၚ ကစီဓာတ္ေလ်ွာ့စားဖို႔ဘက္ကိုပဲ ေစာင္းေပးခဲ႔ၾကပါတယ္။သည္အခါမွာ ထမင္းေတာ့ေလ်ွာ့စားျပီး ျပန္ေၾကာ္ဆီေတြ တိရစၧာန္ကထြက္တဲ႔အဆီေတြကိုပိုစားမိတတ္ပါတယ္။ေသြးတြင္းအဆီဓာတ္မ်ားျပားျခင္းဟာ အင္ဆူလင္ရဲ႕လုပ္ငန္းေဆာင္တာကိုအေႏွာင့္အယွက္ျဖစ္ေစပါတယ္။ဒီေတာ့ ထမင္းေလ်ွာ့စားေနပါရက္နဲ႔ ဆီးခ်ိဳဳေတာ့မထိန္းနိုင္ဘူးဆိုတဲ႔ ျပႆ နာေတြေပၚလာပါေတာ့တယ္။

IMG2

အထက္မွာေျပာခဲ႔တဲ႔အတိုင္း ကစီဓာတ္ အသားဓာတ္နဲ႔ အဆီပါဝင္မႈမ်ွတေအာင္စားရပါမယ္။ဆီးခ်ိဳသမားအတြက္သင့္ေလ်ာ္တဲ့ကစီဓာတ္ အဆီ အသားကိုေရြးစားဖို႕ပါပဲ။ဥပမာ_ဆန္ျဖဴအစားဆန္လံုးညိဳစားတာ အနီေရာင္ရွိတဲ႔အသားေတြအစား ငါး ပင္လယ္စာ အေရခြံဖယ္ထားတဲ႔ၾကက္သား အဆီမပါတဲ့အသားမ်ိဳးစားတာ အဆီပါဝင္မႈႏႈန္းနည္းတဲ႔႔ ႏို႔နဲ႔ႏို႕ထြက္ပစၥည္းေတြကိုေရြးခ်ယ္တာနဲ႔ အဆီဓာတ္ကို ျပန္ေၾကာ္ဆီေတြ Fast food ေတြကမယူပဲ အေစ့အဆံေတြကေနရယူတာမ်ိဳဳးေတြလုပ္ရပါမယ္။အသီးအႏွံမ်ားမ်ားစားတဲ႔အက်င့္နဲ႔ ေဆးလိပ္ အရက္ေရွာင္ျပီး အားကစားတစ္ခုခုလိုက္စားတာမ်ိဳးလည္းျပဳလုပ္ရမွာျဖစ္ပါတယ္။

ဆီးခ်ိဳကို အစားေသာက္တစ္ခုတည္းနဲ႔ထိန္းလို႔မရေတာ့တဲ႔႔အခါ ေဆးကူရပါတယ္။ေသာက္ေဆးျဖစ္နိုင္သလို insulin ထိုးေဆးလည္းျဖစ္နိုင္ပါတယ္။အစားေသာက္နဲ႔ ေဆးဝါးဟာ ဆီးခ်ိဳထိန္းဖို႕အတြက္ အခ်င္းခ်င္းအေထာက္အကူျပဳေပးၾကပါတယ္။ဥပမာ_ဆီးခ်ိဳဳေဆး တစ္ေန႕ ၃ ၾကိမ္ေသာက္ေနရတဲ႔သူဟာ အစားအေသာက္ေသခ်ာမစားရင္ ဆီးခ်ိဳက်တဲ့အႏၲရာယ္နဲ႕ၾကံဳေတြ႔ရမွာပါ။ဒီလိုပဲ အစားအေသာက္ေၾကာင့္တက္လာနိုင္တဲ႔ ဆီးခ်ိဳပမာဏကိုလည္း ေဆးနဲ႔ထိန္းညွိရမွာျဖစ္ပါတယ္။ဒါေၾကာင့္ေသာက္ေဆး ထိုးေဆးေၾကာင့္အဆင္မေျပတာမ်ိဳးရွိရင္ မိမိသေဘာနဲ႔မရပ္ပစ္ဘဲ ဆရာဝန္နဲ႔တိိုင္ပင္ျပီး ေဆးေျပာင္းတာ ပမာဏခ်ိန္ညွိတာမ်ိဳးေတြလုပ္သင့္ပါတယ္။

IMG4

ဆီးခ်ိဳဟာ နာတာရွည္ေရာဂါတစ္ခုျဖစ္ပါတယ္။လံုးဝေပ်ာက္ကင္းဖို႔မျဖစ္နုိင္ပါဘူး။သို႕ေသာ္လည္း က်န္းမာတဲ့စားေသာက္ေနထိုင္မႈပံုစံနဲ႕ ေဆးပံုမွန္ေသာက္ျခင္းဟာ ဆီးခ်ိဳေရာဂါကိုေႏွာင့္ေနွးေစျပီး ေနာက္ဆက္တြဲေရာဂါေတြကိုလည္း တားဆီးေပးနိုင္ပါတယ္။ဆီးခ်ိဳေဝဒနာရွင္ေတြဟာ အစားအေသာက္အေနအထိုင္သတိရွိဖို႔နဲ႔ စိတ္ရွည္ဖို႔လိုအပ္ပါတယ္။ဒါမွသာ ေရာဂါဘယကင္းျပီး သက္တမ္းေစ့ေနနိုင္မွာပဲျဖစ္ပါတယ္။

Dr. ပြင့္ျဖိဳးေက်ာ္

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *