မျက်ရည်တု
မျက်လုံးလေးတွေ ခြောက်သွေ့နေတဲ့အခါ ခို့လို့ခုလုနဲ့ ယားကျိကျိဖြစ်ကာ အမြင်ဝေဝါးစေပြီး နေရထိုင်ရခက်စေပါတယ်။မျက်ကပ်မှန် အသုံးပြုသူတွေ၊ အသက်အရွယ်ရလာသူတွေ၊အလွန်ပူပြင်းခြောက်သွေ့တဲ့ အရပ်ဒေသမှာ နေထိုင်သူတွေ၊ကွန်ပျူတာ၊ဖုန်းစခရင်တွေကို အချိန်ကြာမြင့်စွာကြည့်ရသူတွေနဲ့ အချို့သော မျက်စိဝေဒနာ ခံစားရသူတွေမှာ မျက်ရည်ခမ်းခြောက်တတ်ပါတယ်။မျက်လုံးခြောက်ပြီး ခိုးလိုးခုလု ဖြစ်တာကို ကာကွယ်ဖို့ မျက်ရည်တု (Artificial tear) မျက်စဉ်း အသုံးပြုနိုင်ပါတယ်။
အတော်အသင့် မျက်လုံးခြောက်သူတွေမှာ မျက်ရည်တု တစ်နေ့ ၄ကြိမ်ခန့် မျက်စဉ်းခပ်ရန်လိုပါတယ်။ မျက်ရည်အထွက်နည်းပြီး မျက်စိအလွန်ခြောက်သွေ့သူတွေကတော့ တစ်နေ့ ၁၀ကြိမ်ဝန်းကျင်ခန့် မျက်စဉ်းခပ်သင့်ပါတယ်။မျက်ကပ်မှန်အသုံးပြုသူတွေအတွက်ကတော့ အထူးပြုလုပ်ထားတဲ့ မျက်ကပ်မှန်ကို မပျက်စီးစေတဲ့ မျက်ရည်တုမျက်စဉ်းကို ရွေးချယ်သုံးသင့်ပါတယ်။
မျက်ရည်တု မျက်စဉ်းအသုံးပြုပြီး မျက်စိနာခြင်း၊နီခြင်း၊အမြင်အာရုံမှုံဝါးခြင်းများ ဖြစ်လာခဲ့ရင်တော့ ဆက်လက်အသုံးပြုခြင်းမပြုဘဲ မျက်စိအထူးကုဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခုပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည် (ဆေး ၂)
မ်က္ရည္တု
မ်က္လံုးေလးေတြ ေျခာက္ေသြ႕ေနတဲ့အခါ ခို႔လို႔ခုလုနဲ႔ ယားက်ိက်ိျဖစ္ကာ အျမင္ေဝဝါးေစၿပီး ေနရထိုင္ရခက္ေစပါတယ္။မ်က္ကပ္မွန္ အသံုးျပဳသူေတြ၊ အသက္အရြယ္ရလာသူေတြ၊အလြန္ပူျပင္းေျခာက္ေသြ႕တဲ့ အရပ္ေဒသမွာ ေနထိုင္သူေတြ၊ကြန္ပ်ဴတာ၊ဖုန္းစခရင္ေတြကို အခ်ိန္ၾကာျမင့္စြာၾကည့္ရသူေတြနဲ႔ အခ်ိဳ႕ေသာ မ်က္စိေဝဒနာ ခံစားရသူေတြမွာ မ်က္ရည္ခမ္းေျခာက္တတ္ပါတယ္။မ်က္လံုးေျခာက္ၿပီး ခိုးလိုးခုလု ျဖစ္တာကို ကာကြယ္ဖို႔ မ်က္ရည္တု (Artificial tear) မ်က္စဥ္း အသံုးျပဳႏိုင္ပါတယ္။
အေတာ္အသင့္ မ်က္လံုးေျခာက္သူေတြမွာ မ်က္ရည္တု တစ္ေန႔ ၄ႀကိမ္ခန္႔ မ်က္စဥ္းခပ္ရန္လိုပါတယ္။ မ်က္ရည္အထြက္နည္းၿပီး မ်က္စိအလြန္ေျခာက္ေသြ႕သူေတြကေတာ့ တစ္ေန႔ ၁၀ျကိမ္ဝန္းက်င္ခန့္ မ်က္စဥ္းခပ္သင့္ပါတယ္။မ်က္ကပ္မွန္အသံုးျပဳသူေတြအတြက္ကေတာ့ အထူးျပဳလုပ္ထားတဲ့ မ်က္ကပ္မွန္ကို မပ်က္စီးေစတဲ့ မ်က္ရည္တုမ်က္စဥ္းကို ေရြးခ်ယ္သံုးသင့္ပါတယ္။
မ်က္ရည္တု မ်က္စဥ္းအသံုးျပဳၿပီး မ်က္စိနာျခင္း၊နီျခင္း၊အျမင္အာရံုမႈံဝါးျခင္းမ်ား ျဖစ္လာခဲ့ရင္ေတာ့ ဆက္လက္အသံုးျပဳျခင္းမျပဳဘဲ မ်က္စိအထူးကုဆရာဝန္ႏွင့္ သြားေရာက္ျပသသင့္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခုပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္ (ေဆး ၂)