“ခေတ်အခါ၊အသိပညာနဲ့ ဆင်ခြင်စရာ”
ခေတ်ကာလအလျောက် လက်မထပ်မီအတူနေခြင်းတွေ ပေါများလာခြင်းဟာယောကျ်ားလေးတွေထက် မိန်းကလေးတွေမှာ နစ်နာစရာတွေပိုများလာပါတယ်။
မိန်းကလေးတွေအနေန ဲ့မိမိချစ်သူနဲ့လက်မထပ်ခင် အတူနေဖို့ဆုံးမဖြတ်မီ အောက်ပါအချက်လေးတွေကို ကြိုတင်သိရှိထားပြီး စဉ်းစားချင့်ချိန်သင့်ပါတယ်။
လက်မထပ်ခင် မိမိချစ်သူနဲ့ အတူနေခြင်းနဲ့ပတ်သက်ပြီး ကောင်းခြင်း၊ မကောင်းခြင်း ဖြစ်သင့်တယ်၊မဖြစ်သင့်ဘူးဆိုတာထက် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်လေးတွေ သိထားရအောင်မျှဝေပေးချင်ပါတယ်။
(1)သိပြီးသားကိစ္စဖြစ်တဲ့ ကိုယ်ဝန်ရနိုင်ခြင်းပါ။
ဆေးခန်းမှာ မမျှော်လင့်ဘဲ မလိုချင်ဘဲ ကိုယ်ဝန်ရသွားလို့ဆိုပြီး လာပြတဲ့လူနာအတော်များများတွေ့ဖူးပါတယ်။ အချို့ကလည်း တားဆေးသုံးရကောင်းမှန်းကိုမသိတာ….အချို့ကလည်း အတူနေချစ်သူက ဆေးဝယ်မတိုက်လို့၊ မိမိဘာသာဆေးသွားဝယ်ရမှာရှက်လို့ ဝယ်မသောက်ဖြစ်တာနဲ့တင် ကိုယ်ဝန်ရသွားတာမျိုးပါ။
ဒါကြောင့် ဒီလိုအခြေအနေမျိုးကြုံလာခဲ့မယ်ဆိုရင်? ??
(2)လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကူးနိုင်ပါတယ်။
HIV/AIDS ၊ အသည်းရောင်အသားဝါ ဘီပိုး စီပိုး၊ ကာလသားရောဂါအပါအဝင် အခြားသောလိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်နိုင်ပါတယ်။အကာအကွယ် ကွန်ဒုံးသုံးပြီး ဆက်ဆံမယ်ဆိုရင်တော့ ဒီအန္တရာယ်ကိုကာကွယ်နိုင်ပါတယ်။ သင့်ချစ်သူက အကာအကွယ်သုံးဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင်ရော?
(3)အတူနေပြီးနောက် မိန်းမကိုယ်စုတ်ပြြဲခင်း
အဖြစ်မများပေမယ့်….ဖြစ်လာခဲ့ရင်? ?? အတူနေပြီးနောက် မိန်းမကိုယ်စုတ်ပြဲခြင်းဆိုတာ ချစ်တင်းနှောစဉ် အနေအထားမမှန်တာကြောင့်ဖြစ်လေ့ရှိပြီး သွေးထွက်လွန်တာမျိုးဖြစ်တတ်ပါတယ်။ လက်ထပ်ပြီးစုံတွဲမှာ ဒီလိုကိစ္စကြုံလာခဲ့မယ်ဆိုရင် ဆေးရုံပြေးသွားလိုက်ရင် ပြသနာမရှိပေမယ့်….လက်မထပ်ရသေးဘဲအတူနေစဉ်မှာဖြစ်လာခဲ့ရင်….မိန်းကလေးကိုယ်တိုင်ကလည်း ဆေးရုံသွားရမှာရှက်တာ….အတူနေချစ်သူက တာဝန်မယူချင်လို့ ဆေးရုံမပို့ပေးဘဲ ခေါင်းရှောင်သွားပြီး ဟိုတယ်မှာထားခဲ့တာမျိုးဆိုရင် မလိုလားအပ်တဲ့ အသက်အန္တရာယ်အထိကြုံတွေ့နိုင်ပါတယ်။
(4)ဓာတ်ပုံ၊ဗီဒီယိုတွေ
နှစ်ဦးသဘောတူဖြစ်စေ၊ခိုးရိုက်တာမျိုးဖြစ်စေ ရိုက်ထားပြီး နှစ်ယောက်အဆင်မပြေ လမ်းခွဲတဲ့အချိန်မျိုးမှာ Social Media ပေါ်မှာတင်ပြီး အရှက်ရအောင်လုပ်တာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။
အထက်ဖော်ပြပါအချက်လေးတွေကတော့ ပတ်ဝန်းကျင်မှာ အတွေ့များတဲ့ လက်မထပ်မီအတူနေခြင်းရဲ့ ပြသနာရပ်လေးတွေပဲဖြစ်ပါတယ်။ဒီအချက်လေးတွေကို ကြိုတင်သိရှိထားပြီး လက်မထပ်ခင်အတူနေခြင်းကိုရှောင်ကြဉ်မလား (သို့) ဒီပြသနာတွေကိုဘယ်လိုကာကွယ်ဖြေရှင်းမလဲဆိုတာကတော့ မိမိချစ်သူနဲ့အတူမနေမီသေချာစဉ်းစားသင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။
ဒေါက်တာဝင်း (UM2)
“ေခတ္အခါ၊အသိပညာနဲ႔ ဆင္ျခင္စရာ”
ေခတ္ကာလအေလ်ာက္ လက္မထပ္မီအတူေနျခင္းေတြ ေပါမ်ားလာျခင္းဟာေယာက်္ားေလးေတြထက္ မိန္းကေလးေတြမွာ နစ္နာစရာေတြပိုမ်ားလာပါတယ္။
မိန္းကေလးေတြအေနန ဲ႔မိမိခ်စ္သူနဲ႔လက္မထပ္ခင္ အတူေနဖို႔ဆံုးမျဖတ္မီ ေအာက္ပါအခ်က္ေလးေတြကို ႀကိဳတင္သိ႐ွိထားၿပီး စဥ္းစားခ်င့္ခ်ိန္သင့္ပါတယ္။
လက္မထပ္ခင္ မိမိခ်စ္သူနဲ႔ အတူေနျခင္းနဲ႔ပတ္သက္ၿပီး ေကာင္းျခင္း၊ မေကာင္းျခင္း ျဖစ္သင့္တယ္၊မျဖစ္သင့္ဘူးဆိုတာထက္ ၾကံဳေတြ႔ရႏိုင္တဲ့ အႏၱရာယ္ေလးေတြ သိထားရေအာင္မ်ွေဝေပးခ်င္ပါတယ္။
(1)သိၿပီးသားကိစၥျဖစ္တဲ့ ကိုယ္ဝန္ရႏိုင္ျခင္းပါ။
ေဆးခန္းမွာ မေမ်ွာ္လင့္ဘဲ မလိုခ်င္ဘဲ ကိုယ္ဝန္ရသြားလို႔ဆိုၿပီး လာျပတဲ့လူနာအေတာ္မ်ားမ်ားေတြ႔ဖူးပါတယ္။ အခ်ိဳ႕ကလည္း တားေဆးသံုးရေကာင္းမွန္းကိုမသိတာ….အခ်ိဳ႕ကလည္း အတူေနခ်စ္သူက ေဆးဝယ္မတိုက္လို႔၊ မိမိဘာသာေဆးသြားဝယ္ရမွာ႐ွက္လို႔ ဝယ္မေသာက္ျဖစ္တာနဲ႔တင္ ကိုယ္ဝန္ရသြားတာမ်ိဳးပါ။
ဒါေၾကာင့္ ဒီလိုအေျခအေနမ်ိဳးၾကံဳလာခဲ့မယ္ဆိုရင္? ??
(2)လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြကူးႏိုင္ပါတယ္။
HIV/AIDS ၊ အသည္းေရာင္အသားဝါ ဘီပိုး စီပိုး၊ ကာလသားေရာဂါအပါအဝင္ အျခားေသာလိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြ ကူးစက္ႏိုင္ပါတယ္။အကာအကြယ္ ကြန္ဒံုးသံုးၿပီး ဆက္ဆံမယ္ဆိုရင္ေတာ့ ဒီအႏၱရာယ္ကိုကာကြယ္ႏိုင္ပါတယ္။ သင့္ခ်စ္သူက အကာအကြယ္သံုးဖို႔ ျငင္းဆန္ခဲ့မယ္ဆိုရင္ေရာ?
(3)အတူေနျပီိးေနာက္ မိန္းမကိုယ္စုတ္ျပျဲခင္း
အျဖစ္မမ်ားေပမယ့္….ျဖစ္လာခဲ့ရင္? ?? အတူေနၿပီးေနာက္ မိန္းမကိုယ္စုတ္ျပဲျခင္းဆိုတာ ခ်စ္တင္းေႏွာစဥ္ အေနအထားမမွန္တာေၾကာင့္ျဖစ္ေလ့႐ွိၿပီး ေသြးထြက္လြန္တာမ်ိဳးျဖစ္တတ္ပါတယ္။ လက္ထပ္ၿပီးစံုတြဲမွာ ဒီလိုကိစၥၾကံဳလာခဲ့မယ္ဆိုရင္ ေဆးရံုေျပးသြားလိုက္ရင္ ျပသနာမ႐ွိေပမယ့္….လက္မထပ္ရေသးဘဲအတူေနစဥ္မွာျဖစ္လာခဲ့ရင္….မိန္းကေလးကိုယ္တိုင္ကလည္း ေဆးရံုသြားရမွာ႐ွက္တာ….အတူေနခ်စ္သူက တာဝန္မယူခ်င္လို႔ ေဆးရံုမပို႔ေပးဘဲ ေခါင္းေရွာင္သြားၿပီး ဟိုတယ္မွာထားခဲ့တာမ်ိဳးဆိုရင္ မလိုလားအပ္တဲ့ အသက္အနၱရာယ္အထိၾကံဳေတြ႔ႏိုင္ပါတယ္။
(4)ဓာတ္ပံု၊ဗီဒီယိုေတြ
ႏွစ္ဦးသေဘာတူျဖစ္ေစ၊ခိုး႐ိုက္တာမ်ိဳးျဖစ္ေစ ႐ိုက္ထားၿပီး ႏွစ္ေယာက္အဆင္မေျပ လမ္းခြဲတဲ့အခ်ိန္မ်ိဳးမွာ Social Media ေပၚမွာတင္ၿပီး အ႐ွက္ရေအာင္လုပ္တာမ်ိဳးလည္း ၾကံဳေတြ႔ရႏိုင္ပါတယ္။
အထက္ေဖာ္ျပပါအခ်က္ေလးေတြကေတာ့ ပတ္ဝန္းက်င္မွာ အေတြ႔မ်ားတဲ့ လက္မထပ္မီအတူေနျခင္းရဲ႕ ျပသနာရပ္ေလးေတြပဲျဖစ္ပါတယ္။ဒီအခ်က္ေလးေတြကို ႀကိဳတင္သိ႐ွိထားၿပီး လက္မထပ္ခင္အတူေနျခင္းကိုေ႐ွာင္ၾကဥ္မလား (သို႔) ဒီျပသနာေတြကိုဘယ္လိုကာကြယ္ေျဖ႐ွင္းမလဲဆိုတာကေတာ့ မိမိခ်စ္သူနဲ႔အတူမေနမီေသခ်ာစဥ္းစားသင့္တဲ့အခ်က္ေလးေတြပဲျဖစ္ပါတယ္။
ေဒါက္တာဝင္း (UM2)