အိမ်မှာဆော့ရင်းဂရုပြုစရာ ထိခိုက်ဒဏ်ရာကင်းဝေးစေဖို့

ကလေးငယ်များဟာ မိမိကိုယ်ကိုထိန်းသိမ်းနိုင်စွမ်းနည်းပါသေးတယ်။ အထူးသဖြင့် တွားသွားတဲ့အရွယ်၊ လမ်းလျှောက်တတ်ခါစအရွယ်လေးတွေဟာ ကိုယ့်ရဲ့ဟန်ချက်ကိုညီအောင်တောင် မနည်းထိန်းနေရသေးတာမို့ ဒီအချိန်မှာ မတော်တဆထိခိုက်မှုဖြစ်နိုင်ခြေအလွန်များပါတယ်။

ကမ္ဘာပေါ်မှာတစ်နှစ်ကို အသက်၁၅နှစ်အောက်ကလေးပေါင်း ၂သန်းခန့်ဟာ နှစ်စဉ် အိမ်မှာနေရင်းဆော့ရင်း ထိခိုက်ဒဏ်ရာရပြီး ကျန်းမာရေးဌာနများကိုရောက်ကြရပါတယ်။ ဒီအထဲမှာ ငါးနှစ်အောက်ကလေးများဟာ အဖြစ်အများဆုံးပဲဖြစ်ပါတယ်။ ဒီအထဲမှာမှ အမြင့်မှပြုတ်ကျခြင်းဟာ ထိပ်ဆုံးမှရပ်တည်နေပါတယ်။

ထိခိုက်ဒဏ်ရာရမှုအများစုဟာ အိပ်ခန်း၊ လှေကားထစ်နဲ့မီးဖိုချောင်ထမင်းစားခန်းမှာသာအဖြစ်များပါတယ်။ မှောင်ရီပျိုးစအချိန်နဲ့ညအမှောင်ကူးချိန်မှာ ထိခိုက်ဒဏ်ရာရမှု ပိုများပါတယ်။

အဖြစ်များသော ထိခိုက်ဒဏ်ရာရမှုများ

“အမြင့်မှချော်ကျခြင်း”

အိမ်မှာနေရင်း ကလေးများထိခိုက်ဒဏ်ရာရမှုမှာ အမြင့်မှပြုတ်ကျခြင်းဟာ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ ကလေးရဲ့ခြေလှမ်းပုံမမှန်သေးတဲ့အရွယ်ဆိုရင်တော့ မြေပြင်ညီမှာပဲ ခလုတ်တိုက်ပြီး ချော်လဲခြင်းမျိုးလဲ ဖြစ်နိုင်ပါတယ်။ ပြူတင်းပေါက်မှချော်ကျခြင်း၊ လှေကားထစ်မှလိမ့်ကျခြင်းတို့ဟာလည်းအဖြစ်များပါတယ်။

“မီးဆိုတာပူကာလောင်တတ်တယ်”

ချော်ကျခြင်းရဲ့အနောက်မှာတော့ မီးအပူလောင်ခြင်းဟာ ဒုတိယနေရာကလိုက်နေပါတယ်။ အထူးသဖြင့် လက်နဲ့အရာဝတ္ထုများကိုလှမ်းဆွဲတတ်တဲ့အရွယ်၊ လမ်းလျှောက်တတ်ကာစ လျှောက်သွားလျှောက်ဆွဲတတ်တဲ့အရွယ်မှာ အပူလောင်တတ်ပါတယ်။ နယ်မှာနေပြီး မီးသွေးမီးဖို ဂက်စ်မီးဖိုနဲ့ချက်တဲ့မိဘများအနေနဲ့ပိုမိုသတိထားရပါမယ်။ လျှပ်စစ်မီးနဲ့ချက်တယ်ဆိုရင် မီးဖိုခုံအမြင့်ကို ကလေးမမီနိုင်အောင် မြင့်မြင့်ထားရပါမယ်။

“ဖန်၊မှန် တိုက်မိ ကျကွဲ တက်နင်း ထိရှ အော်ငို ဖြစ်စဉ်”

အိမ်မှာရှိတဲ့ ပန်းအိုး၊ ဖန်ခွက်များကိုခကလေးကလှမ်းဆွဲတဲ့အခါ ကျကွဲပြီး မှန်စလေးတွေဖွာထွက်ကုန်ပါတယ်။ ကလေးငယ်တွေဟာ ဒီအန္တရာယ်တွေကိုဂရုမပြုတတ်တဲ့အတွက် ဖန်စစူးခြင်း၊ စိုက်နေခြင်း ဖြစ်သွားတတ်ပါတယ်။

“တွေ့တဲ့အရည် ရေအမှတ်နဲ့ သောက်ပစ်တတ်တဲ့ကလေးငယ်”

အိမ်တွင်းအဆောင် ဆေးဝါးများနဲ့ အလှကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများကို ကလေးများလက်လှမ်းမီတဲ့အခါ ပါးစပ်ထဲကို တွေ့ရာထည့်တတ်တဲ့အရွယ်ကလေးငယ်များဟာ အဆိပ်မိတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ အရက်ပျံသောက်မိခြင်း၊ ပိုလိုအဆိပ်၊ ရွက်ဖျန်းဆေးအဆိပ်စသည်တို့်သောက်မိတဲ့အတွက်ဆေးရုံတင်ရတဲ့ ကလေးငယ်တွေ အများအပြားရှိပါတယ်။

“နှာခေါင်းပေါက်လည်းထည့်မှာပဲ မဆံ့ရင်လည်းထည့်မှာပဲ”

အသက်အရမ်းငယ်တဲ့ကလေးတွေကို လက်မအရွယ်ထက်သေးတဲ့ ကစားစရာတွေပေးဆော့မယ်ဆိုရင် ပါးစပ်ထဲထည့်တတ်တဲ့အခါ လည်ချောင်းဝမှာနင်ပြီး အသက်ရှူကြပ်ခြင်းဖြစ်စေတတ်ပါတယ်။ ပလပ်စတစ်ကြွပ်ကြွပ်အိတ်များဟာလည်း ကလေးငယ်ရဲ့ဦးခေါင်းကိုရစ်ပတ်ပြီး အသက်ရှူကြပ်ကာ အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

“ဂရုစိုက်ကြမယ် မိဘတို့ရယ်”

ဒီလိုအန္တရာယ်တွေကင်းဝေးစေဖို့အတွက် မိဘတို့ ကြိုတင်စဉ်းစားပြီး ဂရုစိုက်ရမယ့်အချက်တွေကတော့

  • လှေကားရှိတယ်ဆိုရင် လှေကား အတက်နဲ့အဆင်းအဝမှာ ကလေးငယ်များပြုတ်မကျအောင် အကာအရံများတပ်ပေးထားပါ။
  • ကျိုးပဲ့၊ ယိုင်နဲ့နေသော လှေကားထစ်နဲ့လက်ရန်းတွေကိုပြင်ဆင်ပါ။
  • မှန်ပြူတင်းများအား သံပန်းတပ်ထားပါ။
  • မီးအပူလောင်နိုင်သောအရာများ၊ မီးဖို ထမင်းအိုးများကို ကလေးလက်လှမ်းမမီနိုင်သောနေရာတွင်ထားပါ။
  • ဘယ်တော့မှ ကလေးငယ်တစ်ဖက် ကော်ဖီပူတစ်ခွက်ကို တွဲလျက်မကိုင်ပါနှင့်။
  • ကလေးများကောက်ယူကာ စားပစ်၊ သောက်ပစ်လိုက်နိုင်သော ဆေး၊ အလှကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးဆေးရည်များကို ကလေးများလက်လှမ်းမမီနိုင်သောနေရာတွင်ထားပါ။ သို့မဟုတ် ကြောင်အိမ်၊ ဘီဒိုအစရှိသည်တို့နှင့်သိမ်းပါ။ အမတတ်သာသည့်အဆုံးဆိုလျှင် ကလေးများဖွင့်ရခက်သောအဖုံးအရစ်နှင့်သိမ်းပါ။
  • ပလပ်စတစ်စ အမှိုက်စများကို သေချာစိာသိမ်းဆည်းပါ။

ကလေးငယ်များအားလုံး ဥပဒ်ရန်ဘေး ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်

စိုင်းမြတ်သူ

အိမ္မွာေဆာ့ရင္းဂ႐ုျပဳစရာ ထိခိုက္ဒဏ္ရာကင္းေဝးေစဖို႔

ကေလးငယ္မ်ားဟာ မိမိကိုယ္ကိုထိန္းသိမ္းႏိုင္စြမ္းနည္းပါေသးတယ္။ အထူးသျဖင့္ တြားသြားတဲ့အရြယ္၊ လမ္းေလ်ွာက္တတ္ခါစအရြယ္ေလးေတြဟာ ကိုယ့္ရဲ႕ဟန္ခ်က္ကိုညီေအာင္ေတာင္ မနည္းထိန္းေနရေသးတာမို႔ ဒီအခ်ိန္မွာ မေတာ္တဆထိခိုက္မႈျဖစ္ႏိုင္ေျခအလြန္မ်ားပါတယ္။

ကမၻာေပၚမွာတစ္ႏွစ္ကို အသက္၁၅ႏွစ္ေအာက္ကေလးေပါင္း ၂သန္းခန္႔ဟာ ႏွစ္စဥ္ အိမ္မွာေနရင္းေဆာ့ရင္း ထိခိုက္ဒဏ္ရာရၿပီး က်န္းမာေရးဌာနမ်ားကိုေရာက္ၾကရပါတယ္။ ဒီအထဲမွာ ငါးႏွစ္ေအာက္ကေလးမ်ားဟာ အျဖစ္အမ်ားဆံုးပဲျဖစ္ပါတယ္။ ဒီအထဲမွာမွ အျမင့္မွျပဳတ္က်ျခင္းဟာ ထိပ္ဆံုးမွရပ္တည္ေနပါတယ္။

ထိခိုက္ဒဏ္ရာရမႈအမ်ားစုဟာ အိပ္ခန္း၊ ေလွကားထစ္နဲ႔မီးဖိုေခ်ာင္ထမင္းစားခန္းမွာသာအျဖစ္မ်ားပါတယ္။ ေမွာင္ရီပ်ိဳးစအခ်ိန္နဲ႔ညအေမွာင္ကူးခ်ိန္မွာ ထိခိုက္ဒဏ္ရာရမႈ ပိုမ်ားပါတယ္။

အျဖစ္မ်ားေသာ ထိခိုက္ဒဏ္ရာရမႈမ်ား

“အျမင့္မွေခ်ာ္က်ျခင္း”

အိမ္မွာေနရင္း ကေလးမ်ားထိခိုက္ဒဏ္ရာရမႈမွာ အျမင့္မွျပဳတ္က်ျခင္းဟာ ထိပ္ဆံုးမွာရပ္တည္ေနပါတယ္။ ကေလးရဲ႕ေျခလွမ္းပံုမမွန္ေသးတဲ့အရြယ္ဆိုရင္ေတာ့ ေျမျပင္ညီမွာပဲ ခလုုတ္တိုက္ၿပီး ေခ်ာ္လဲျခင္းမ်ိဳးလဲ ျဖစ္ႏိုင္ပါတယ္။ ျပဴတင္းေပါက္မွေခ်ာ္က်ျခင္း၊ ေလွကားထစ္မွလိမ့္က်ျခင္းတို႔ဟာလည္းအျဖစ္မ်ားပါတယ္။

“မီးဆိုတာပူကာေလာင္တတ္တယ္”

ေခ်ာ္က်ျခင္းရဲ႕အေနာက္မွာေတာ့ မီးအပူေလာင္ျခင္းဟာ ဒုတိယေနရာကလိုက္ေနပါတယ္။ အထူးသျဖင့္ လက္နဲ႔အရာဝတၳဳမ်ားကိုလွမ္းဆြဲတတ္တဲ့အရြယ္၊ လမ္းေလ်ွာက္တတ္ကာစ ေလ်ွာက္သြားေလ်ွာက္ဆြဲတတ္တဲ့အရြယ္မွာ အပူေလာင္တတ္ပါတယ္။ နယ္မွာေနၿပီး မီးေသြးမီးဖို ဂက္စ္မီးဖိုနဲ႔ခ်က္တဲ့မိဘမ်ားအေနနဲ႔ပိုမိုသတိထားရပါမယ္။ လ်ွပ္စစ္မီးနဲ႔ခ်က္တယ္ဆိုရင္ မီးဖိုခံုအျမင့္ကို ကေလးမမီႏိုင္ေအာင္ ျမင့္ျမင့္ထားရပါမယ္။

“ဖန္၊မွန္ တိုက္မိ က်ကြဲ တက္နင္း ထိ႐ွ ေအာ္ငို ျဖစ္စဥ္”

အိမ္မွာ႐ွိတဲ့ ပန္းအိုး၊ ဖန္ခြက္မ်ားကိုခကေလးကလွမ္းဆြဲတဲ့အခါ က်ကြဲၿပီး မွန္စေလးေတြဖြာထြက္ကုန္ပါတယ္။ ကေလးငယ္ေတြဟာ ဒီအႏၲရာယ္ေတြကိုဂ႐ုမျပဳတတ္တဲ့အတြက္ ဖန္စစူးျခင္း၊ စိုက္ေနျခင္း ျဖစ္သြားတတ္ပါတယ္။

“ေတြ႔တဲ့အရည္ ေရအမွတ္နဲ႔ ေသာက္ပစ္တတ္တဲ့ကေလးငယ္”

အိမ္တြင္းအေဆာင္ ေဆးဝါးမ်ားနဲ႔ အလွကုန္ပစၥည္းမ်ား၊ လုပ္ငန္းသံုးပစၥည္းမ်ားကို ကေလးမ်ားလက္လွမ္းမီတဲ့အခါ ပါးစပ္ထဲကို ေတြ႔ရာထည့္တတ္တဲ့အရြယ္ကေလးငယ္မ်ားဟာ အဆိပ္မိတတ္ၾကပါတယ္။ ျမန္မာႏိုင္ငံမွာ အရက္ပ်ံေသာက္မိျခင္း၊ ပိုလိုအဆိပ္၊ ရြက္ဖ်န္းေဆးအဆိပ္စသည္တို္႔ေသာက္မိတဲ့အတြက္ေဆးရံုတင္ရတဲ့ ကေလးငယ္ေတြ အမ်ားအျပား႐ွိပါတယ္။

“ႏွာေခါင္းေပါက္လည္းထည့္မွာပဲ မဆ့ံရင္လည္းထည့္မွာပဲ”

အသက္အရမ္းငယ္တဲ့ကေလးေတြကို လက္မအရြယ္ထက္ေသးတဲ့ ကစားစရာေတြေပးေဆာ့မယ္ဆိုရင္ ပါးစပ္ထဲထည့္တတ္တဲ့အခါ လည္ေခ်ာင္းဝမွာနင္ၿပီး အသက္႐ွဴၾကပ္ျခင္းျဖစ္ေစတတ္ပါတယ္။ ပလပ္စတစ္ႂကြပ္ႂကြပ္အိတ္မ်ားဟာလည္း ကေလးငယ္ရဲ႕ဦးေခါင္းကိုရစ္ပတ္ၿပီး အသက္႐ွဴၾကပ္ကာ အသက္အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။

“ဂ႐ုစိုက္ၾကမယ္ မိဘတို႔ရယ္”

ဒီလိုအႏၲရာယ္ေတြကင္းေဝးေစဖို႔အတြက္ မိဘတို႔ ႀကိဳတင္စဥ္းစားၿပီး ဂ႐ုစိုက္ရမယ့္အခ်က္ေတြကေတာ့

  • ေလွကား႐ွိတယ္ဆိုရင္ ေလွကား အတက္နဲ႔အဆင္းအဝမွာ ကေလးငယ္မ်ားျပဳတ္မက်ေအာင္ အကာအရံမ်ားတပ္ေပးထားပါ။
  • က်ိဳးပဲ့၊ ယိုင္နဲ႔ေနေသာ ေလွကားထစ္နဲ႔လက္ရန္းေတြကိုျပင္ဆင္ပါ။
  • မွန္ျပဴတင္းမ်ားအား သံပန္းတပ္ထားပါ။
  • မီးအပူေလာင္ႏိုင္ေသာအရာမ်ား၊ မီးဖို ထမင္းအိုးမ်ားကို ကေလးလက္လွမ္းမမီႏိုင္ေသာေနရာတြင္ထားပါ။
  • ဘယ္ေတာ့မွ ကေလးငယ္တစ္ဖက္ ေကာ္ဖီပူတစ္ခြက္ကို တြဲလ်က္မကိုင္ပါႏွင့္။
  • ကေလးမ်ားေကာက္ယူကာ စားပစ္၊ ေသာက္ပစ္လိုက္ႏိုင္ေသာ ေဆး၊ အလွကုန္ပစၥည္းမ်ားႏွင့္ လုပ္ငန္းသံုးေဆးရည္မ်ားကို ကေလးမ်ားလက္လွမ္းမမီႏိုင္ေသာေနရာတြင္ထားပါ။ သို႔မဟုတ္ ေၾကာင္အိမ္၊ ဘီဒိုအစ႐ွိသည္တို႔ႏွင့္သိမ္းပါ။ အမတတ္သာသည့္အဆံုးဆိုလ်ွင္ ကေလးမ်ားဖြင့္ရခက္ေသာအဖံုးအရစ္ႏွင့္သိမ္းပါ။
  • ပလပ္စတစ္စ အမိႈက္စမ်ားကို ေသခ်ာစိ္ာသိမ္းဆည္းပါ။

ကေလးငယ္မ်ားအားလံုး ဥပဒ္ရန္ေဘး ကင္းေဝးၿပီး က်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *