အစာအိမ်ကင်ဆာဖြစ်စေနိုင်သောအကြောင်းအရာများ
အစာအိမ်ကင်ဆာရောဂါသည် အဖြစ်များသောကင်ဆာရောဂါတစ်မျိုးဖြစ်သည်။ တစ်ကမ္ဘာလုံးအနေဖြင့်ကြည့်လျှင် ကင်ဆာရောဂာများထဲတွင် ပဉ္စမမြောက်အဖြစ်အများဆုံးဖြစ်ပြီး ကင်ဆာရောဂါဖြင့်သေဆုံးမှုတွင် တတိယနေရာတွင်ရှိသည်။ အစာအိမ်ကင်ဆာသည် မျိုးရိုးလိုက်တတ်သလို အခြားသောအကြောင်းအရာများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဖြစ်စေနိုင်သောအကြောင်းအရာများမှာအောက်ပါအတိုင်းဖြစ်သည်။
– ငယ်ရွယ်ချိန်တွင်ဖြစ်ခဲ၍ အသက်၅၀ကျော်တွင်အဖြစ်များသည်။
– ယောကျာ်းများတွင်ပိုအဖြစ်များသည်။
– ကျောက်မီးသွေးတွင်း၊သတ္တုနှင့် ရာဘာစက်ရုံအလုပ်သမားများတွင်လည်းဖြစ်နိုင်သည်
-ဆေးလိပ်သောက်ခြင်း
– အစာအိမ်ခွဲစိတ်မှုခံယူဖူးခြင်း
– ‘A’သွေးပိုင်ရှင်များတွင်ပိုအဖြစ်များသည်
– ငါးဆားနယ်၊အသားဆားနယ်စသော ငန်သောအစားအစာများ၊ ကျပ်တိုက်ထားသောအစားအစာများ၊ ဆားရည်စိမ်အသီးအရွက်များ စားသုံးခြင်း
– ဓာတ်ရောင်ခြည်ထိတွေ့မှုရှိခြင်း
– (pernicious anaemia) ဟုခေါ်သော သွေးအားနည်းရောဂါကြောင့်လည်းဖြစ်နိုင်သည်။ ထိုရောဂါသည် ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်သည်။ Vit B12 ချို့တဲ့မှုဖြစ်စေနိုင်သောအကြောင်းအရာများမှာ (၁)မိမိကိုယ်ခံအားစနစ်မှ ကိုယ်ပိုင်ဆဲလ်များအားပြန်တိုက်ခြင်းကြောင့်ဖြစ်သော ရောဂာ( autoimmune disease) ၊(၂) အသား၊ငါး၊အမဲသား၊ဥအမျိုးမျိုး၊နို့နှင့်နို့ထွက်ပစ္စည်းများ စသော Vit B12 ပါဝင်သောအစားအစာများ မစားသုံးခြင်း၊(၃)သံပြားကောင်များရှိခြင်း နှင့် (၄)အစာအိမ်ခွဲစိတ်မှု တို့ဖြစ်သည်။
-( Helicobacter pylori ) ဟုခေါ်သောဘက်တီးရီးယားပိုးကြောင့်လည်းဖြစ်စေနိုင်သည်။ ထိုပိုးသည် အစာလမ်းကြောင်းတလျှောက်ဝင်၍ အစာအိမ်တွင်နေလေ့ရှိသည်။ သူ့ကြောင့် အစာအိမ်အနာလည်းဖြစ်နိုင်ပါသည်။ အဆိုပါဘက်တီးရီးယားပိုးရှိသူတိုင်းတွင် အစာအိမ်ကင်ဆာမဖြစ်သော်လည်း (non-cardiac gastric cancer) ကင်ဆာရောဂါရှင်အများစုတွင်ထိုပိုးရှိတတ်သည်။ သို့ဖြစ်ပါ၍ အစာအိမ်အနာရှိသူနှင့် ဖြစ်ဖူးသူများသည် အစာအိမ်မှန်ပြောင်းကြည့်သင့်၍ ပိုးရှိပါကကျွမ်းကျင်ရာဆရာဝန်နှင့်ပျောက်ကင်းသည်အထိ ပြသသင့်ပါသည်။ ထို (H.pylori) ဘက်တီးရီးယား မကူးစက်စေရန် – အိမ်သာဝင်ပြီးတိုင်းနှင့် အစာမစားမီတွင်လက်သေချာဆေးရမည်၊ မသန့်ရှင်းသောရေနှင့်အစားအစာများရှောင်ကြဉ်ရမည်။
– မိဘဆွေမျိုးများတွင်ဖြစ်ဖူးလျှင်လည်း ဖြစ်နိုင်ပါသည်။မျိုးရိုးလိုက်၍အစာအိမ်ကင်ဆာဖြစ်စေနိုင်သောရောဂါများမှာ – hereditary diffuse gastric cancer, lynch syndrome, Peutz-jeghers syndrome အစရှိသည်တို့ဖြစ်သည်။အထက်ပါရောဂါများ မျိုးရိုးရှိလျှင် ကျွမ်းကျင်ရာဆရာဝန်များ၏လမ်းညွှန်မှုဖြင့် ၂နှစ်(သို့)၃နှစ်လျှင် တစ်ကြိမ်အစာလမ်းကြောင်းမှန်ပြောင်းကြည့်၍ ပုံမှန်စစ်ဆေးမှုခံယူသင့်ပါသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် ရောဂါမကျွမ်းမှီကြိုတင်သိ၍ ကုသမှုခံယူရာတွင်များစွာအကျိုးရှိပါသည်။
မေတ္တာမွန်ဖြင့်
နွေ
အစာအိမ္ကင္ဆာျဖစ္ေစႏိုင္ေသာအေၾကာင္းအရာမ်ား
အစာအိမ္ကင္ဆာေရာဂါသည္ အျဖစ္မ်ားေသာကင္ဆာေရာဂါတစ္မ်ိုးျဖစ္သည္။ တစ္ကမၻာလုံးအေနျဖင့္ျကည့္လ်ွင္ ကင္ဆာေရာဂာမ်ားထဲတြင္ ပဥၥမေျမာက္အျဖစ္အမ်ားဆုံးျဖစ္ျပီး ကင္ဆာေရာဂါျဖင့္ေသဆုံးမွုတြင္ တတိယေနရာတြင္ရွိသည္။ အစာအိမ္ကင္ဆာသည္ မ်ိုးရိုးလိုက္တတ္သလို အျခားေသာအေျကာင္းအရာမ်ားေျကာင့္လည္း ျဖစ္နိုင္ပါသည္။ ၿဖစ္ေစနိုင္ေသာအေျကာင္းအရာမ်ားမွာေအာက္ပါအတိုင္းျဖစ္သည္။
– ငယ္ရြယ္ခ်ိန္တြင္ျဖစ္ခဲ၍ အသက္၅၀ေက်ာ္တြင္အျဖစ္မ်ားသည္။
– ေယာက်ာ္းမ်ားတြင္ပိုအျဖစ္မ်ားသည္။
– ေက်ာက္မီးေသြးတြင္း၊သတၱဳႏွင့္ ရာဘာစက္႐ုံအလုပ္သမားမ်ားတြင္လည္းျဖစ္ႏိုင္သည္
-ေဆးလိပ္ေသာက္ျခင္း
– အစာအိမ္ခဲြစိတ္မွုခံယူဖူးျခင္း
– ‘A’ေသြးပိုင္႐ွင္မ်ားတြင္ပိုအျဖစ္မ်ားသည္
– ငါးဆားနယ္၊အသားဆားနယ္စေသာ ငန္ေသာအစားအစာမ်ား၊ က်ပ္တိုက္ထားေသာအစားအစာမ်ား၊ ဆားရည္စိမ္အသီးအရြက္မ်ား စားသုံးျခင္း
– ဓာတ္ေရာင္ျခည္ထိေတြ႔မႈရိွျခင္း
– (pernicious anaemia) ဟုေခၚေသာ ေသြးအားနည္းေရာဂါေၾကာင့္လည္းျဖစ္ႏိုင္သည္။ ထိုေရာဂါသည္ ဗီတာမင္ B12 ခ်ိဳ႕တ့ဲမႈေၾကာင့္ျဖစ္သည္။ Vit B12 ခ်ိဳ႕တ့ဲမႈျဖစ္ေစႏိုင္ေသာအေၾကာင္းအရာမ်ားမွာ (၁)မိမိကိုယ္ခံအားစနစ္မွ ကိုယ္ပိုင္ဆဲလ္မ်ားအားျပန္တိုက္ျခင္းေျကာင့္ျဖစ္ေသာ ေရာဂာ( autoimmune disease) ၊(၂) အသား၊ငါး၊အမဲသား၊ဥအမ်ိဳးမ်ိဳး၊ႏို႔ႏွင့္ႏို႔ထြက္ပစၥည္းမ်ား စေသာ Vit B12 ပါဝင္ေသာအစားအစာမ်ား မစားသုံးျခင္း၊(၃)သံျပားေကာင္မ်ား႐ွိျခင္း ႏွင့္ (၄)အစာအိမ္ခဲြစိတ္မႈ တို႔ျဖစ္သည္။
-( Helicobacter pylori ) ဟုေခၚေသာဘက္တီးရီးယားပိုးေၾကာင့္လည္းျဖစ္ေစႏိုင္သည္။ ထိုပုိးသည္ အစာလမ္းေၾကာင္းတေလ်ွာက္ဝင္၍ အစာအိမ္တြင္ေနေလ့႐ွိသည္။ သူ႔ေၾကာင့္ အစာအိမ္အနာလည္းျဖစ္ႏိုင္ပါသည္။ အဆိုပါဘက္တီးရီးယားပိုး႐ွိသူတိုင္းတြင္ အစာအိမ္ကင္ဆာမျဖစ္ေသာ္လည္း (non-cardiac gastric cancer) ကင္ဆာေရာဂါ႐ွင္အမ်ားစုတြင္ထိုပိုးရိွတတ္သည္။ သုိ႔ျဖစ္ပါ၍ အစာအိမ္အနာ႐ွိသူႏွင့္ ျဖစ္ဖူးသူမ်ားသည္ အစာအိမ္မွန္ေျပာင္းၾကည့္သင့္၍ ပိုးရိွပါကကြၽမ္းက်င္ရာဆရာဝန္ႏွင့္ေပ်ာက္ကင္းသည္အထိ ျပသသင့္ပါသည္။ ထို (H.pylori) ဘက္တီးရီးယား မကူးစက္ေစရန္ – အိမ္သာဝင္ၿပီးတိုင္းႏွင့္ အစာမစားမီတြင္လက္ေသခ်ာေဆးရမည္၊ မသန္႔႐ွင္းေသာေရႏွင့္အစားအစာမ်ားေ႐ွာင္ၾကဥ္ရမည္။
– မိဘေဆြမ်ိဳးမ်ားတြင္ျဖစ္ဖူးလ်ွင္လည္း ျဖစ္ႏိုင္ပါသည္။မ်ိဳး႐ိုးလိုက္၍အစာအိမ္ကင္ဆာျဖစ္ေစႏိုင္ေသာေရာဂါမ်ားမွာ – hereditary diffuse gastric cancer, lynch syndrome, Peutz-jeghers syndrome အစ႐ွိသည္တို႔ျဖစ္သည္။အထက္ပါေရာဂါမ်ား မ်ိုးရိုးရွိလ်ွင္ က်ြမ္းက်င္ရာဆရာဝန္မ်ား၏လမ္းညြွန္မႈျဖင့္ ၂နွစ္(သို့)၃နွစ္လ်ွင္ တစ္ျကိမ္အစာလမ္းေျကာင္းမွန္ေျပာင္းျကည့္၍ ပုံမွန္စစ္ေဆးမွုခံယူသင့္ပါသည္။ထိုသုိ့ျပုလုပ္ျခင္းျဖင့္ ေရာဂါမက်ြမ္းမီွျကိုတင္သိ၍ ကုသမႈခံယူရာတြင္မ်ားစြာအက်ိုးရွိပါသည္။
ေမတၱာမြန္ျဖင့္
ေႏြ