လေးဘက်နာ၊အရေပြားလေးဘက်နာ နှင့် သွေးလေးဘက်နာ
လေးဘက်နာရောဂါ( Rheumatic Fever) ဆိုတာ သေချာစွာ ကုသခြင်းမရှိတဲ့ Strep Throat (Streptococcus ပိုးကြောင့်ဖြစ်တဲ့ လည်ချောင်းနာရောဂါ)နဲ့ Scarlet Fever ရောဂါတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့်ဖြစ်တာပါ။ ဒီရောဂါဟာ အသက် ၅နှစ်မှ ၁၅အရွယ်ထိ ကလေးငယ်တွေများအဖြစ်များပါတယ်။ ဒီထက်ပိုငယ်တဲ့ကလေးတွေနဲ့ အရွယ်ရောက်ပြီးလူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ လည်ချောင်းနာရောဂါကတော့ အဖြစ်များပေမယ့် လေးဘက်နာရောဂါကတော့ အမေရ်ကန်နိုင်ငံနဲ့ အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဖြစ်တာနည်းပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ လေးဘက်နာရောဂါက အဖြစ်များနေတုန်းပါပဲ။
ရောဂါလက္ခဏာတွေကတော့
Streptococcus ကြောင့်ဖြစ်တဲ့ လည်ချောင်းနာရောဂါဖြစ်ပြီး နှစ်ပတ်ကနေ လေးပတ်အတွင်းမှာ စတင်ပေါ်ပေါက်လာနိုင်ပါတယ်။ လေးဘက်နာရောဂါဟာ နှလုံး၊ အဆစ်အမြစ်၊ အရေပြားနဲ့ ပင်မအာရုံကြော ( Central Nervous System) တွေရောင်ရမ်းလာခြင်းရဲ့ လက္ခဏာတွေပြသလာပါတယ်။
-ဖျားနာခြင်း
-အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း ( အဓိကအားဖြင့် ခြေကျင်းဝတ်၊ ဒူးဆစ်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်နေရာများ)
-အဆစ်တစ်ခုမှ နာကျင်မှုသည် နောက်တစ်နေရာသို့ ကူးပြောင်းနာကျင်ခြင်း
-အဆစ်များမှာ နီရဲ၊ ပူလောင်၊ နာကျင်လာခြင်း
-အရေပြားအောက်တွင် နာကျင်ခြင်းမရှိသော မာမာအခဲလေးများပေါ်လာခြင်း (nodules)
-ရင်ဘတ်အောင့်ခြင်း
-နှလုံးခုန်မမှန်ဘဲ မောပန်းနုံးချိလွယ်ခြင်း
-အရေပြားပေါ်တွင် မနာကျင်သော အနီရောင်အကွက်လေးများပေါ်လာခြင်း ( Erythema Marginatum)
-ခန္ဓာကိုယ်လှုပ်ရှားမှုများပုံမမှန်ခြင်း( Syndeham Chorea) အဓိကအားဖြင့် မျက်နှာ၊လက်နှင့်ခြေထောက်တို့တွင် ပုံမမှန်သော လှုပ်ရှားမှုများဖြစ်လာတတ်ပါတယ်။ အဲလိုလှုပ်ရှားမှုတွေနဲ့တွဲပြီး အမူအကျင့်တွေပြောင်းလဲလာတာမျိုးလည်းရှိပါတယ်။
အရေပြားလေးဘက်နာရောဂါ
SLE ( Systemic Lupus Erythematosus) လို့ခေါ်တဲ့ ရောဂါကို အရေပြားလေးဘက်နာလို့ အများစုသိကြပါတယ်။ ဒီရောဂါဟာ မိမိရဲ့ ကိုယ်ခံအားတွေ ထကြွမှုလွန်ကဲတဲ့ Autoimmune ရောဂါပါ။ မိမိရဲ့ကိုယ်ခံအားစနစ်ကနေ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေကို တိုက်ခိုက်လို့ဖြစ်လာတာပါ။
ရောဂါလက္ခဏာများ
-ဖျားနာခြင်း
-အဆစ်အမြစ်များရောင်ရမ်းနာကျင်ခြင်း (အဆစ်အားလုံးပါဝင်တယ်ဆိုပေမယ့် လက်ချောင်းလေးများနဲ့ လက်ကောက်ဝတ်အဆစ်ရောင်တာကပိုများပါတယ်။)အရေပြားလေးဘက်နာရောဂါရှင် အမျိုသမီးငယ်များမှာ အရိုးကျိုးနိုင်ခြေပိုများပါတယ်။
-ရင်ဘတ်အောင့်ခြင်း
-ဆံပင်ကျွတ်ခြင်း
-ပါးစပ်အတွင်းတွင် အနာများပေါက်ခြင်း
-မျက်နှာတွင် လိပ်ပြာပုံအနီကွက်လေးဖြစ်လာတတ်ခြင်း
-ကြွက်သားများနာကျင်ကိုက်ခဲခြင်း
-မောပန်းနုံးချိလွယ်ခြင်း
-Lymph Nodes ဟုခေါ်သော ပြန်ရည်ကြိတ်များ ရောင်ရမ်းခြင်းစတာတွေပဲဖြစ်ပါတယ်။
SLE ရောဂါဟာ နှလုံးရဲ့အမြှေးပါး၊ နှလုံးကြွက်သားနဲ့ နှလုံးအဆို့ရှင်တွေလည်း ရောင်ရမ်းစေပါတယ်။ အဆုတ်ကိုလည်း အမြှေးဖုံးရောင်ရမ်းစေခြင်းကနေ Shrinking Lung Syndrome ထိဖြစ်စေနိုင်ပါတယ်။ ဦးနှောက်နဲ့အာရုံကြောကိုလည်း ထိခိုက်စေလို့ မကြာခဏခေါင်းကိုက်ခြင်းဖြစ်စေပါတယ်။ ကျောက်ကပ်ကိုလည်း ထိခိုက်စေပါတယ်။ ဆီးသွားတဲ့လမ်းကြောင်းတွေရောင်ရမ်းတာကနေစပါတယ်။
ဘယ်သူတွေအဖြစ်များကြသလဲ?
အရေပြားလေးဘက်နာရောဂါဟာ အမျိုးသမီးငယ်တွေမှာ အဖြစ်များပါတယ်။ အမျိုးသားများထက် ဖြစ်နိုင်ချေကိုးဆရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကနေ ကလေးကို ကူးစက်နိုင်ချေရှိပါတယ်။ ကိုယ်ဝန်ပျက်ကျနိုင်ချေလည်းရှိပါတယ်။ ဒါကြောင့် SLE ရောဂါရှင်အမျိုးသမီးငယ်တို့ဟာ ကိုယ်ဝန်ယူမယ်ဆိုရင် ဆရာဝန်နဲ့သေချာအရင်တိုင်ပင်သင့်လှပါတယ်။
သွေးလေးဘက်နာရောဂါ
သွေးလေးဘက်နာလို့သိကြတဲ့ Rheumatoid Arthritis ရောဂါဟာလည်း အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါကလည်း အရေပြားလေးဘက်နာလိုပဲ Autoimmmue ရောဂါဖြစ်ပါတယ်။ ကိုယ့်ရဲ့အဆစ်အမြစ်တွေကို ကိုယ်ခံအားကပြန်တိုက်ခိုက်တဲ့ရောဂါဖြစ်ပါတယ်။
-လက်ချောင်း၊ခြေချောင်းအဆစ်လေးတွေ နာကျင်ကိုက်ခဲတာကစပါတယ်။ ကွေးရဆန့်ရခက်ခဲပါတယ်။ လက်ချောင်းအဆစ်တွေကွေးကောင်သွားတဲ့အထိ RA ရောဂါကအဆစ်အမြစ်တွေကို တိုက်ခိုက်တတ်ပါတယ်။
ဒီရောဂါနဲ့ အရေပြားလေးဘက်နာကလည်း ဖြစ်ရတဲ့အကြောင်းအရင်းအတိအကျမရှိပါဘူး။ မျိုးဗီဇကြောင့်ဖြစ်နိုင်သလို ဟော်မုန်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ Enviromental Factors ပတ်ဝန်းကျင်ကြောင့်ဖြစ်ရတဲ့ အချက်အလက်တွေကြောင့်လည်း ဖြစ်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။ မိသားစုမှာရောဂါရာဇဝင်ရှိခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများခြင်း၊ ဗီတာမင် D ချို့တဲ့ခြင်း နဲ့ အခြားပတ်ဝန်းကျင်ညစ်ညမ်းမှုများရှိခြင်း၊ အစားအသောက်အနေအထိုင်ပုံစံ၊ အခြားသော ရောဂါပိုးကူးစက်ခံရခြင်း စတာတွေကလည်း ဖြစ်နိုင်ခြေပိုများစေတဲ့ အချက်တွေလို့ ဆိုပါတယ်။
ကုသခြင်းများ
သွေးလေးဘက်နာရောဂါနဲ့ အရေပြားလေးဘက်နာရောဂါဟာ လုံးဝပျောက်ကင်းအောင်ကုသလို့မရပါဘူး။ အရေပြားလေးဘက်နာရောဂါဆိုရင် အကိုက်အခဲပျောက်ဆေး၊ Steroid ပါတဲ့အရောင်ကျဆေး၊ ကိုယ်ခံအားကိုပြန်ဖိနှိပ်ပေးတဲ့ဆေးတွေသုံးပြီး ရောဂါကိုထိန်းရပါတယ်။ ဒီရောဂါတွေဟာ အသက်အန္တရာယ်လည်းရှိတဲ့အတွက် ရောဂါလက္ခဏာအနည်းငယ်ပြတာနဲ့ ကျွမ်းကျင်သူဆရာဝန်များဆီသွားရောက်ပြသသင့်ပါတယ်။ ရောဂါရှိမရှိကိုလည်း အဆင့်ဆင့်သေချာစစ်ဆေးပြီးမှ ရောဂါနာမည်တပ်လို့ရတာကြောင့်ဖြစ်ပါတယ်။ ကလေးတွေမှာအဖြစ်များတဲ့ လေးဘက်နာရောဂါ Rheumatic Fever ကိုတော့ လည်ချောင်းနာရောဂါ၊ဖျားတာနာတာဖြစ်လာရင် ပဋိဇီဝပိုးသတ်ဆေးကို course ပြည့်အောင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ပြီး လေးဘက်နာထပ်မဖြစ်အောင်ကာကွယ်လို့ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ေလးဘက္နာ၊အေရျပားေလးဘက္နာ ႏွင့္ ေသြးေလးဘက္နာ
ေလးဘက္နာေရာဂါ( Rheumatic Fever) ဆိုတာ ေသခ်ာစြာ ကုသျခင္းမရွိတဲ့ Strep Throat (Streptococcus ပိုးေၾကာင့္ျဖစ္တဲ့ လည္ေခ်ာင္းနာေရာဂါ)နဲ႔ Scarlet Fever ေရာဂါေတြရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေၾကာင့္ျဖစ္တာပါ။ ဒီေရာဂါဟာ အသက္ ၅ႏွစ္မွ ၁၅အရြယ္ထိ ကေလးငယ္ေတြမ်ားအျဖစ္မ်ားပါတယ္။ ဒီထက္ပိုငယ္တဲ့ကေလးေတြနဲ႔ အရြယ္ေရာက္ၿပီးလူငယ္ေတြမွာလည္း ျဖစ္ႏိုင္ပါတယ္။ လည္ေခ်ာင္းနာေရာဂါကေတာ့ အျဖစ္မ်ားေပမယ့္ ေလးဘက္နာေရာဂါကေတာ့ အေမရ္ကန္ႏိုင္ငံနဲ႔ အျခားဖြံ႔ၿဖိဳးၿပီးႏိုင္ငံေတြမွာ ျဖစ္တာနည္းပါတယ္။ ဒါေပမယ့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာေတာ့ ေလးဘက္နာေရာဂါက အျဖစ္မ်ားေနတုန္းပါပဲ။
ေရာဂါလကၡဏာေတြကေတာ့
Streptococcus ေၾကာင့္ျဖစ္တဲ့ လည္ေခ်ာင္းနာေရာဂါျဖစ္ၿပီး ႏွစ္ပတ္ကေန ေလးပတ္အတြင္းမွာ စတင္ေပၚေပါက္လာႏိုင္ပါတယ္။ ေလးဘက္နာေရာဂါဟာ ႏွလံုး၊ အဆစ္အျမစ္၊ အေရျပားနဲ႔ ပင္မအာရံုေၾကာ ( Central Nervous System) ေတြေရာင္ရမ္းလာျခင္းရဲ႕ လကၡဏာေတြျပသလာပါတယ္။
-ဖ်ားနာျခင္း
-အ႐ိုးအဆစ္မ်ား နာက်င္ကိုက္ခဲျခင္း ( အဓိကအားျဖင့္ ေျခက်င္းဝတ္၊ ဒူးဆစ္၊ လက္ေကာက္ဝတ္၊ တံေတာင္ဆစ္ေနရာမ်ား)
-အဆစ္တစ္ခုမွ နာက်င္မႈသည္ ေနာက္တစ္ေနရာသို႔ ကူးေျပာင္းနာက်င္ျခင္း
-အဆစ္မ်ားမွာ နီရဲ၊ ပူေလာင္၊ နာက်င္လာျခင္း
-အေရျပားေအာက္တြင္ နာက်င္ျခင္းမရွိေသာ မာမာအခဲေလးမ်ားေပၚလာျခင္း (nodules)
-ရင္ဘတ္ေအာင့္ျခင္း
-ႏွလံုးခုန္မမွန္ဘဲ ေမာပန္းနံုးခ်ိလြယ္ျခင္း
-အေရျပားေပၚတြင္ မနာက်င္ေသာ အနီေရာင္အကြက္ေလးမ်ားေပၚလာျခင္း ( Erythema Marginatum)
-ခႏၶာကိုယ္လႈပ္ရွားမႈမ်ားပံုမမွန္ျခင္း( Syndeham Chorea) အဓိကအားျဖင့္ မ်က္ႏွာ၊လက္ႏွင့္ေျခေထာက္တို႔တြင္ ပံုမမွန္ေသာ လႈပ္ရွားမႈမ်ားျဖစ္လာတတ္ပါတယ္။ အဲလိုလႈပ္ရွားမႈေတြနဲ႔တြဲၿပီး အမူအက်င့္ေတြေျပာင္းလဲလာတာမ်ိဳးလည္းရွိပါတယ္။
အေရျပားေလးဘက္နာေရာဂါ
SLE ( Systemic Lupus Erythematosus) လို႔ေခၚတဲ့ ေရာဂါကို အေရျပားေလးဘက္နာလို႔ အမ်ားစုသိၾကပါတယ္။ ဒီေရာဂါဟာ မိမိရဲ႕ ကိုယ္ခံအားေတြ ထႂကြမႈလြန္ကဲတဲ့ Autoimmune ေရာဂါပါ။ မိမိရဲ႕ကိုယ္ခံအားစနစ္ကေန ခႏၶာကိုယ္ရဲ႕ တစ္ရႉးေတြကို တိုက္ခိုက္လို႔ုျဖစ္လာတာပါ။
ေရာဂါလကၡဏာမ်ား
-ဖ်ားနာျခင္း
-အဆစ္အျမစ္မ်ားေရာင္ရမ္းနာက်င္ျခင္း (အဆစ္အားလံုးပါဝင္တယ္ဆိုေပမယ့္ လက္ေခ်ာင္းေလးမ်ားနဲ႔ လက္ေကာက္ဝတ္အဆစ္ေရာင္တာကပိုမ်ားပါတယ္။)အေရျပားေလးဘက္နာေရာဂါရွင္ အမ်ိဳသမီးငယ္မ်ားမွာ အ႐ိုးက်ိဳးႏိုင္ေျခပိုမ်ားပါတယ္။
-ရင္ဘတ္ေအာင့္ျခင္း
-ဆံပင္ကြ်တ္ျခင္း
-ပါးစပ္အတြင္းတြင္ အနာမ်ားေပါက္ျခင္း
-မ်က္ႏွာတြင္ လိပ္ျပာပံုအနီကြက္ေလးျဖစ္လာတတ္ျခင္း
-ႂကြက္သားမ်ားနာက်င္ကိုက္ခဲျခင္း
-ေမာပန္းနံုးခ်ိလြယ္ျခင္း
-Lymph Nodes ဟုေခၚေသာ ျပန္ရည္ႀကိတ္မ်ား ေရာင္ရမ္းျခင္းစတာေတြပဲျဖစ္ပါတယ္။
SLE ေရာဂါဟာ ႏွလံုးရဲ႕အေျမႇးပါး၊ ႏွလံုးႂကြက္သားနဲ႔ ႏွလံုးအဆို႔ရွင္ေတြလည္း ေရာင္ရမ္းေစပါတယ္။ အဆုတ္ကိုလည္း အေျမႇးဖံုးေရာင္ရမ္းေစျခင္းကေန Shrinking Lung Syndrome ထိျဖစ္ေစႏိုင္ပါတယ္။ ဦးေႏွာက္နဲ႔အာရံုေၾကာကိုလည္း ထိခိုက္ေစလို႔ မၾကာခဏေခါင္းကိ္ုက္ျခင္းျဖစ္ေစပါတယ္။ ေက်ာက္ကပ္ကိုလည္း ထိခိုက္ေစပါတယ္။ ဆီးသြားတဲ့လမ္းေၾကာင္းေတြေရာင္ရမ္းတာကေနစပါတယ္။
ဘယ္သူေတြအျဖစ္မ်ားၾကသလဲ?
အေရျပားေလးဘက္နာေရာဂါဟာ အမ်ိဳးသမီးငယ္ေတြမွာ အျဖစ္မ်ားပါတယ္။ အမ်ိဳးသားမ်ားထက္ ျဖစ္ႏိုင္ေခ်ကိုးဆရွိပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မိခင္ကေန ကေလးကို ကူးစက္ႏိုင္ေခ်ရွိပါတယ္။ ကိုယ္ဝန္ပ်က္က်ႏိုင္ေခ်လည္းရွိပါတယ္။ ဒါေၾကာင့္ SLE ေရာဂါရွင္အမ်ိဳးသမီးငယ္တို႔ဟာ ကိုယ္ဝန္ယူမယ္ဆိုရင္ ဆရာဝန္နဲ႔ေသခ်ာအရင္တိုင္ပင္သင့္လွပါတယ္။
ေသြးေလးဘက္နာေရာဂါ
ေသြးေလးဘက္နာလို႔သိၾကတဲ့ Rheumatoid Arthritis ေရာဂါဟာလည္း အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားပါတယ္။ ဒီေရာဂါကလည္း အေရျပားေလးဘက္နာလိုပဲ Autoimmmue ေရာဂါျဖစ္ပါတယ္။ ကိုယ့္ရဲ႕အဆစ္အျမစ္ေတြကို ကိုယ္ခံအားကျပန္တိုက္ခိုက္တဲ့ေရာဂါျဖစ္ပါတယ္။
-လက္ေခ်ာင္း၊ေျခေခ်ာင္းအဆစ္ေလးေတြ နာက်င္ကိုက္ခဲတာကစပါတယ္။ ေကြးရဆန္႔ရခက္ခဲပါတယ္။ လက္ေခ်ာင္းအဆစ္ေတြေကြးေကာင္သြားတဲ့အထိ RA ေရာဂါကအဆစ္အျမစ္ေတြကို တိုက္ခိုက္တတ္ပါတယ္။
ဒီေရာဂါနဲ႔ အေရျပားေလးဘက္နာကလည္း ျဖစ္ရတဲ့အေၾကာင္းအရင္းအတိအက်မရွိပါဘူး။ မ်ိဳးဗီဇေၾကာင့္ျဖစ္ႏိုင္သလို ေဟာ္မုန္းေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ Enviromental Factors ပတ္ဝန္းက်င္ေၾကာင့္ျဖစ္ရတဲ့ အခ်က္အလက္ေတြေၾကာင့္လည္း ျဖစ္ႏိုင္ေျခရွိတယ္လို႔ဆိုပါတယ္။ မိသားစုမွာေရာဂါရာဇဝင္ရွိျခင္း ၊ ေဆးလိပ္ေသာက္ျခင္း ၊ပတ္ဝန္းက်င္ညစ္ညမ္းျခင္း၊ ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္ထိေတြ႕မႈမ်ားျခင္း၊ ဗီတာမင္ D ခ်ိဳ႕တဲ့ျခင္း နဲ႔ အျခားပတ္ဝန္းက်င္ညစ္ညမ္းမႈမ်ားရွိျခင္း၊ အစားအေသာက္အေနအထိုင္ပံုစံ၊ အျခားေသာ ေရာဂါပိုးကူးစက္ခံရျခင္း စတာေတြကလည္း ျဖစ္ႏိုင္ေျခပိုမ်ားေစတဲ့ အခ်က္ေတြလို႔ ဆိုပါတယ္။
ကုသျခင္းမ်ား
ေသြးေလးဘက္နာေရာဂါနဲ႔ အေရျပားေလးဘက္နာေရာဂါဟာ လံုးဝေပ်ာက္ကင္းေအာင္ကုသလို႔မရပါဘူး။ အေရျပားေလးဘက္နာေရာဂါဆိုရင္ အကိုက္အခဲေပ်ာက္ေဆး၊ Steroid ပါတဲ့အေရာင္က်ေဆး၊ ကိုယ္ခံအားကိုျပန္ဖိႏွိပ္ေပးတဲ့ေဆးေတြသံုးၿပီး ေရာဂါကိုထိန္းရပါတယ္။ ဒီေရာဂါေတြဟာ အသက္အႏၲရာယ္လည္းရွိတဲ့အတြက္ ေရာဂါလကၡဏာအနည္းငယ္ျပတာနဲ႔ ကြ်မ္းက်င္သူဆရာဝန္မ်ားဆီသြားေရာက္ျပသသင့္ပါတယ္။ ေရာဂါရွိမရွိကိုလည္း အဆင့္ဆင့္ေသခ်ာစစ္ေဆးၿပီးမွ ေရာဂါနာမည္တပ္လို႔ရတာေၾကာင့္ျဖစ္ပါတယ္။ ကေလးေတြမွာအျဖစ္မ်ားတဲ့ ေလးဘက္နာေရာဂါ Rheumatic Fever ကိုေတာ့ လည္ေခ်ာင္းနာေရာဂါ၊ဖ်ားတာနာတာျဖစ္လာရင္ ပဋိဇီဝပိုးသတ္ေဆးကို course ျပည့္ေအာင္ ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း ေသာက္ၿပီး ေလးဘက္နာထပ္မျဖစ္ေအာင္ကာကြယ္လို႔ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)