ကိုယ်ဝန်တားဆေးဖြတ်ပြီးတဲ့အခါ ကလေးပြန်ရဖို့စောင့်ရမှာလား?
ကျွန်မတို့ ဆေးခန်းထိုင်တဲ့အခါ အိမ်ထောင်ရှင်အမျိုးသမီးတွေလာပြရင် အများဆုံးမေးတဲ့မေးခွန်းနှစ်ခုရှိပါတယ်။ နံပါတ်တစ်က ကိုယ်ဝန်တားချင်တယ် ဘာနည်းလမ်းတွေရှိသလဲဆိုတာပါ။ နံပါတ်နှစ်ကတော့ သန္ဓေတားဆေးဖြတ်ပြီးရင် ကလေးရဖို့ဘယ်လောက်ပြန်စောင့်ရလဲဆိုတဲ့ မေးခွန်းပါ။
ခုနံပါတ်နှစ်မေးခွန်းဖြစ်တဲ့ ကိုယ်ဝန်တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ဘယ်လောက်စောင့်ရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
*နေ့စဉ်သောက်ဆေးကတ်များ
Combined Oral Contraceptive Pills လို့ခေါ်တဲ့ နေ့စဉ်သောက်သန္ဓေတားဆေးကတ်တွေဟာ သောက်သုံးရလွယ်ကူပြီး အကျိုးအာနိသင်ထိရောက်မှုလည်းကောင်းပါတယ်။ ဒီဆေးကို ဖြတ်ပြီးရင် ချက်ချင်းကလေးရနိုင်ပါတယ်။ ဒါပေနယ့် ကိုယ်ဝန်ရနိုင်တဲ့နုှန်းကတော့ ဆေးဖြတ်ပြီး သုံးလကနေ ခြောက်လအတွင်းမှာ ပုံမှန်လူထက်အနည်းငယ်နည်းပါတယ်။ ခုအချိန်မှာကိုယ်ဝန်လည်းတားချင်တယ်..ဆေးဖြတ်ပြီးရင်တော့ ကလေးမြန်မြန်လိုချင်တယ်ဆိုတဲ့ အိမ်ထောင်ရှင်တွေအတွက် သင့်တော်တဲ့သန္ဓေတားနည်းဖြစ်ပါတယ်။
*ထိုးဆေးများ
Depot Medroxyprogestrone acetate ထိုးဆေးပါ။ သုံးလခံဆေးလို့လည်း ခေါ်ကြပါတယ်။ ဒီဆေးကတော့ သုံးလမှတစ်ခါထိုးရုံပဲဖြစ်လို့ နေ့စဉ်ဆေးသောက်ရတဲ့အလုပ်တော့ မရှိပါဘူး။ ဓမ္မတာလာရင် အလွန်နာကျင်ကိုက်ခဲတတ်တဲ့အမျိုးသမီးတွေအတွက် နာကျင်မှုတွေသက်သာစေပါတယ်။ နို့တိုက်မိခင်တွေလည်း ထိုးလို့ရပါတယ်။ ဒီဆေးကိုဖြတ်ပြီးရင်တော့ ကိုယ်ဝန်ရဖို့ကြာတတ်ပါတယ်။ ပျမ်းမျှအနေနဲ့ ဆေးဖြတ်ပြီး ဆယ်လကျော်ကြာမှ ကိုယ်ဝန်ရနိုင်ပါတယ်။ ဒါပေမယ့် အချို့ကတော့ ဆယ့်နှစ်လ သို့မဟုတ် ဆယ့်ငါးလကြာတတ်ပါတယ်။ တစ်ခါတစ်လေ နှစ်နှစ်လောက်ထိ ကိုယ်ဝန်မရတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မြန်မြန်ပြန်ရချင်တဲ့ အိမ်ထောင်ရှင်တွေဆိုရင် သုံးလခံဆေးထိုးဖို့ကို သေချာစဉ်းစားသင့်ပါတယ်။
*Jadelle Implants
လက်မောင်းထဲထည့်တဲ့သန္ဓေတားပစ္စည်းလို့ အသိများပါတယ်။ Silicone tube လေးနှစ်ချောင်းဖြစ်ပြီး တစ်ချောင်းစီမှာ Levonogestrel 75 mg ပါပါတယ်။ ဒီပစ္စည်းလေးကို ထုတ်ပြီးရင် ရက်သတ္တပတ်ခြောက်ပတ်ကျော်ရင် ကိုယ်ဝန်ပြန်စရနိုင်တယ်လို့ စစ်တမ်းကောက်ချက်တွေကဆိုပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အနည်းငယ်အချိန်ကွာဟမှုရှိနိုင်ပေမယ့် ဒီပစ္စည်းဟာ ထုတ်ပြီး အချိန်အကြာကြီး သက်ရောက်မှုတော့မရှိပါဘူး။ ထုတ်ပြီးရက်သတ္တပတ် အနည်းငယ်အကြာမှာ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။
*သားအိမ်အတွင်းထည့်သော သန္ဓေတားပစ္စည်းများ(IUCDs)
Intrauterine Contraceptive Device ဖြစ်ပါတယ်။ သားအိမ်အတွင်းထဲကို Multiload copper 375 IUCD လို့ခေါ်တဲ့ပစ္စည်းလေးထည့်ပြီး သန္ဓေတားခြင်းမျိုးဖြစ်ပါတယ်။ ဒီပစ္စည်းကိုထုတ်ပြီးရင်လည်း ကိုယ်ဝန်ပြန်ရနိုင်ချိန်ကမြန်ဆန်ပါတယ်။ အချိန် သုံးလ သို့မဟုတ် လေးလနောက်ပိုင်းမှာ ကလေးပြန်ရနိုင်ပါတယ်။ ဒါပေမယ့် ခုနစ်နှစ်လောက် နှစ်ရှည်သုံးလာတဲ့သူဆိုရင်တော့ ကိုယ်ဝန်ပြန်ရမယ့်အချိန်က ဒီထက်ပိုကြာပါလိမ့်မယ်။ ဒါကလည်း နှစ်အကြာကြီး ပစ္စည်းထည့်ထားတဲ့လူနာမှာသာ ဖြစ်လေ့ရှိတာပါ။
*အရေးပေါ်သန္ဓေတားဆေး
Emergency Contraceptive Pills လို့ခေါ်တဲ့ အရေးပေါ်သန္ဓေတားဆေးဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိပြီးရင် ၇၂နာရီအတွင်းမှာသောက်ရတဲ့ဆေးဖြစ်ပါတယ်။ ရေရှည်စွဲသောက်လို့မရပါဘူး။ အရေးပေါ်ဆေးဆိုတဲ့အတိုင်း အရေးပေါ်အခြေအနေ (ဥပမာ ကွန်ဒုံးပေါက်ပြဲသွားခြင်း၊ သုံးလခံဆေးထိုးရန် နှစ်ပတ်လောက်ကျေနောက်ကျသွားခြင်း၊ နေ့စဉ်သောက်ဆေးကတ်မှ ဆေးသောက်ရန် သုံးရက်ပျက်ကွက်ခြင်း သို့မဟုတ် လိင်အကြမ်းဖက်မှုခံရခြင်း စတဲ့အရေးပေါ်အခြေအနေများ)အတွက်သာဖြစ်ပါတယ်။ အဲဒီဆေးသောက်ပြီးလို့ ဓမ္မတာပေါ်ပြီးရင် ကိုယ်ဝန်ပြန်ရနိုင်မှုက ပုံမှန်အတိုင်းပဲဖြစ်ပါတယ်။ ရေရှည်အသုံးပြုရမယ့် သားဆက်ခြားနည်းမဟုတ်ပါဘူး။
ခုဆိုရင် ဘယ်လိုသားဆက်ခြားနည်းလမ်းတွေဟာ ဆေးဖြတ်ပြီးရင် ကလေးရဖို့ဘယ်လောက်ကြာနိုင်လဲဆိုတာကို သိနိုင်ကြမှာပါ။ ကိုယ်နဲ့အဆင်အပြေဆုံးဖြစ်မယ့် နည်းလမ်းကို ရွေးချယ်ပြီးရင် ပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ…။
မောင်(ဆေး-၁)
ကိုယ္ဝန္တားေဆးျဖတ္ၿပီးတဲ့အခါ ကေလးျပန္ရဖို႔ေစာင့္ရမွာလား?
ကြ်န္မတို႔ ေဆးခန္းထိုင္တဲ့အခါ အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြလာျပရင္ အမ်ားဆံုးေမးတဲ့ေမးခြန္းႏွစ္ခုရွိပါတယ္။ နံပါတ္တစ္က ကိုယ္ဝန္တားခ်င္တယ္ ဘာနည္းလမ္းေတြရွိသလဲဆိုတာပါ။ နံပါတ္ႏွစ္ကေတာ့ သေႏၶတားေဆးျဖတ္ၿပီးရင္ ကေလးရဖို႔ဘယ္ေလာက္ျပန္ေစာင့္ရလဲဆိုတဲ့ ေမးခြန္းပါ။
ခုနံပါတ္ႏွစ္ေမးခြန္းျဖစ္တဲ့ ကိုယ္ဝန္တားေဆးျဖတ္ၿပီးရင္ ကေလးရဖို႔ ဘယ္ေလာက္ေစာင့္ရမလဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။
*ေန႔စဥ္ေသာက္ေဆးကတ္မ်ား
Combined Oral Contraceptive Pills လို႔ေခၚတဲ့ ေန႔စဥ္ေသာက္သေႏၶတားေဆးကတ္ေတြဟာ ေသာက္သံုးရလြယ္ကူၿပီး အက်ိဳးအာနိသင္ထိေရာက္မႈလည္းေကာင္းပါတယ္။ ဒီေဆးကို ျဖတ္ၿပီးရင္ ခ်က္ခ်င္းကေလးရႏိုင္ပါတယ္။ ဒါေပနယ့္ ကိုယ္ဝန္ရႏိုင္တဲ့ႏုွန္းကေတာ့ ေဆးျဖတ္ၿပီး သံုးလကေန ေျခာက္လအတြင္းမွာ ပံုမွန္လူထက္အနည္းငယ္နည္းပါတယ္။ ခုအခ်ိန္မွာကိုယ္ဝန္လည္းတားခ်င္တယ္..ေဆးျဖတ္ၿပီးရင္ေတာ့ ကေလးျမန္ျမန္လိုခ်င္တယ္ဆိုတဲ့ အိမ္ေထာင္ရွင္ေတြအတြက္ သင့္ေတာ္တဲ့သေႏၶတားနည္းျဖစ္ပါတယ္။
*ထိုးေဆးမ်ား
Depot Medroxyprogestrone acetate ထိုးေဆးပါ။ သံုးလခံေဆးလို႔လည္း ေခၚၾကပါတယ္။ ဒီေဆးကေတာ့ သံုးလမွတစ္ခါထိုးရံုပဲျဖစ္လို႔ ေန႔စဥ္ေဆးေသာက္ရတဲ့အလုပ္ေတာ့ မရွိပါဘူး။ ဓမၼတာလာရင္ အလြန္နာက်င္ကိုက္ခဲတတ္တဲ့အမ်ိဳးသမီးေတြအတြက္ နာက်င္မႈေတြသက္သာေစပါတယ္။ ႏို႔တိုက္မိခင္ေတြလည္း ထိုးလို႔ရပါတယ္။ ဒီေဆးကိုျဖတ္ၿပီးရင္ေတာ့ ကိုယ္ဝန္ရဖို႔ၾကာတတ္ပါတယ္။ ပ်မ္းမွ်အေနနဲ႔ ေဆးျဖတ္ၿပီး ဆယ္လေက်ာ္ၾကာမွ ကိုယ္ဝန္ရႏိုင္ပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ကေတာ့ ဆယ့္ႏွစ္လ သို႔မဟုတ္ ဆယ့္ငါးလၾကာတတ္ပါတယ္။ တစ္ခါတစ္ေလ ႏွစ္ႏွစ္ေလာက္ထိ ကိုယ္ဝန္မရတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ျမန္ျမန္ျပန္ရခ်င္တဲ့ အိမ္ေထာင္ရွင္ေတြဆိုရင္ သံုးလခံေဆးထိုးဖို႔ကို ေသခ်ာစဥ္းစားသင့္ပါတယ္။
*Jadelle Implants
လက္ေမာင္းထဲထည့္တဲ့သေႏၶတားပစၥည္းလို႔ အသိမ်ားပါတယ္။ Silicone tube ေလးႏွစ္ေခ်ာင္းျဖစ္ၿပီး တစ္ေခ်ာင္းစီမွာ Levonogestrel 75 mg ပါပါတယ္။ ဒီပစၥည္းေလးကို ထုတ္ၿပီးရင္ ရက္သတၱပတ္ေျခာက္ပတ္ေက်ာ္ရင္ ကိုယ္ဝန္ျပန္စရႏိုင္တယ္လို႔ စစ္တမ္းေကာက္ခ်က္ေတြကဆိုပါတယ္။ လူတစ္ဦးနဲ႔တစ္ဦး အနည္းငယ္အခ်ိန္ကြာဟမႈရွိႏိုင္ေပမယ့္ ဒီပစၥည္းဟာ ထုတ္ၿပီး အခ်ိန္အၾကာႀကီး သက္ေရာက္မႈေတာ့မရွိပါဘူး။ ထုတ္ၿပီးရက္သတၱပတ္ အနည္းငယ္အၾကာမွာ ကိုယ္ဝန္ျပန္ရႏိုင္ပါတယ္။
*သားအိမ္အတြင္းထည့္ေသာ သေႏၶတားပစၥည္းမ်ား(IUCDs)
Intrauterine Contraceptive Device ျဖစ္ပါတယ္။ သားအိမ္အတြင္းထဲကို Multiload copper 375 IUCD လို႔ေခၚတဲ့ပစၥည္းေလးထည့္ၿပီး သေႏၶတားျခင္းမ်ိဳးျဖစ္ပါတယ္။ ဒီပစၥည္းကိုထုတ္ၿပီးရင္လည္း ကိုယ္ဝန္ျပန္ရႏိုင္ခ်ိန္ကျမန္ဆန္ပါတယ္။ အခ်ိန္ သံုးလ သို႔မဟုတ္ ေလးလေနာက္ပိုင္းမွာ ကေလးျပန္ရႏိုင္ပါတယ္။ ဒါေပမယ့္ ခုနစ္ႏွစ္ေလာက္ ႏွစ္ရွည္သံုးလာတဲ့သူဆိုရင္ေတာ့ ကိုယ္ဝန္ျပန္ရမယ့္အခ်ိန္က ဒီထက္ပိုၾကာပါလိမ့္မယ္။ ဒါကလည္း ႏွစ္အၾကာျကီး ပစၥည္းထည့္ထားတဲ့လူနာမွာသာ ျဖစ္ေလ့ရွိတာပါ။
*အေရးေပၚသေႏၶတားေဆး
Emergency Contraceptive Pills လို႔ေခၚတဲ့ အေရးေပၚသေႏၶတားေဆးဟာ အကာအကြယ္မပါဘဲ လိင္ဆက္ဆံမိၿပီးရင္ ၇၂နာရီအတြင္းမွာေသာက္ရတဲ့ေဆးျဖစ္ပါတယ္။ ေရရွည္စြဲေသာက္လို႔မရပါဘူး။ အေရးေပၚေဆးဆိုတဲ့အတိုင္း အေရးေပၚအေျခအေန (ဥပမာ ကြန္ဒံုးေပါက္ၿပဲသြားျခင္း၊ သံုးလခံေဆးထိုးရန္ ႏွစ္ပတ္ေလာက္ေက်ေနာက္က်သြားျခင္း၊ ေန႔စဥ္ေသာက္ေဆးကတ္မွ ေဆးေသာက္ရန္ သံုးရက္ပ်က္ကြက္ျခင္း သို႔မဟုတ္ လိင္အၾကမ္းဖက္မႈခံရျခင္း စတဲ့အေရးေပၚအေျခအေနမ်ား)အတြက္သာျဖစ္ပါတယ္။ အဲဒီေဆးေသာက္ၿပီးလို႔ ဓမၼတာေပၚျပီးရင္ ကိုယ္ဝန္ျပန္ရႏိုင္မႈက ပံုမွန္အတိုင္းပဲျဖစ္ပါတယ္။ ေရရွည္အသံုးျပဳရမယ့္ သားဆက္ျခားနည္းမဟုတ္ပါဘူး။
ခုဆိုရင္ ဘယ္လိုသားဆက္ျခားနည္းလမ္းေတြဟာ ေဆးျဖတ္ၿပီးရင္ ကေလးရဖို႔ဘယ္ေလာက္ၾကာႏိုင္လဲဆိုတာကို သိႏိုင္ၾကမွာပါ။ ကိုယ္နဲ႔အဆင္အေျပဆံုးျဖစ္မယ့္ နည္းလမ္းကို ေရြးခ်ယ္ၿပီးရင္ ျပည့္စုံတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ႏိုင္ၾကပါလိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ...။
ေမာင္(ေဆး-၁)