All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး
အမျိုးသားများတွင် သုက်လွှတ်ရန်ခက်ခဲခြင်း
1 Mins read
အမျိုးသားများတွင် သုက်လွှတ်ရန်ခက်ခဲခြင်း
အမျိုးသားတွေမှာ အတူနေပြီးချိန်မှာ သုက်လွှတ်တာမထူးဆန်းတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်အတူနေပြီးချိန်မှာ သုက်မလွှွှတ်နိုင်ဘူးဆိုရင် သုက်မလွှတ်နိုင်တဲ့ အကြောင်းအရာတွေကို ရှာဖွေရပါတယ်။ သုက်မလွှတ်နိုင်တဲ့အခြေအနေတွေဆိုတာလည်း ကြုံလေ့ကြုထရှိနိုင်ပါတယ်။
သုက်လွှတ်တဲ့ ဖြစ်စဉ်မှာ သုက်ပိုးတွေကိုအမျိူးသားအင်္ဂါကနေတစ်ဆင့် ခန္ဓာကိုယ်ရဲ့အပြင်ကို ထွက်လာရပါတယ်။ အချို့အမျိုးသားတွေမှာ သုက်လွှတ်တဲ့ခံ စားချက်ရပေမယ့် သုက်မထွက်တာရှိနိုင်ပါတယ်။ ပုံမှန်အနေနဲ့ထွက်လာရမဲ့သုက်အနေနဲ့ ထွက်မလာနိုင်ရင်တော့ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ရှာဖွေပြီးကုသရပါမယ်။
သုက်လွှတ်တာကိုနှောင့်ယှက်နိုင်တဲ့အကြောင်းအရာတွေရှိနိုင်ပါ တယ်။ အာရုံကြောအားနည်းတဲ့ရောဂါတွေကြောင့်ဖြစ်နိုင်သလို ဆီးချိုရောဂါလိုမျိူး အာရုံကြောကိုထိခိုက်တာ၊ ဆီးကြိတ်ကုခွဲစိတ်ဖူးတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဝှေးစေ့ကင်ဆာမှာ ခွဲစိတ်ရင်းနဲ့သုတ်လွှတ်နိုင်တဲ့ အစိတ်အပိုင်းတွေကို ထိခိုက်သွားရင်လည်း သုက်လွှတ်တာကို ဟန့်တားနိုင်ပါတယ်။
သုက်မလွှတ်နိုင်တာရဲ့ အဓိကစိုးရိမ်စရာကတော့ သားသမီးမရနိုင်တာပါ။ အမျိုးသားရဲ့သုက်နဲ့ အမျိုးသမီးရဲ့သားဥတို့ပေါင်းစပ်မှ ရင်သွေးရနိုင်တဲ့အနေအထားဖြစ်တာကြောင့်သုက်မလွှတ်နိုင်ရင် ကလေးရနိုင်ခြေအလွန်နည်းပါးပါတယ်။
သုက်လွှွှတ်နိုင်အောင်ကုသလို့တော့ရနိုင်ပေမယ့် ဘာကြောင့်
သုက်မလွှတ်နိုင်တာလည်းဆိုတဲ့ အကြောင်းပြချက်ကတော့ အရေးကြီးပါတယ်။ ခွဲစိတ်တာကလည်း ပြုလုပ်ခဲတဲ့ကုသမှုတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဝှေးစေ့ ဆီးကြိတ်အစရှိတာတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တာ၊ ထိခိုက်ဒဏ်ရာရထားတာတွေ ရှိမယ်ဆိုရင်လည်း ကုသဖို့မလွယ်ကူပါဘူး။
အာရုံကြောတွေအားနည်းတာ၊ အလုပ်မလုပ်တော့တာတွေဆိုရင်လည်း ကုသရတာအခက်အခဲအများကြီးရှိနိုင်ပါတယ်။ ဆေးနဲ့ကုသလို့ရနိုင်ပေမယ့် အနည်းငယ်သောသူများအတွက်သာ ထိရောက်တဲ့ကုသမှုဖြစ်ပါတယ်။
ဆေးနဲ့ကုသရင်လည်းဆေးရဲ့အာနိသင်အပြင် ဘေးထွက်ဆိုးကျိုးတွေပါ ခံစားရနိုင်ပါတယ်။
သားသမီးမရနိုင်တဲ့အခြေအနေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းတော့ရှိပါတယ်။ အမျိုးသားရဲ့သုက်ကိုယူပြီး အမျိုးသမီးရဲ့ သားဥနဲ့ပေါင်းစပ်ပြီး သန္ဓေအောင်အောင်ပြုလုပ်တဲ့နည်းလမ်းကလည်း တဖြည်းဖြည်းတွင်ကျယ်လာပြီဖြစ်ပါတယ်။
သုက်မလွှတ်နိုင်တဲ့အခြေအနေကတော့ ကြုံလေ့ထြုံရှိနိုင်ပါတယ်။ အဆိုပါအခြေအနေကို ဖြစ်စေနိုင်တဲ့အရာတွေ အကြောင်းရင်းတွေကို ကာကွယ်တာ၊ ရှောင်ရှားတာတွေနဲ့ သုက်မလွှတ်နိုင်တဲ့အခြေအနေကို ရှောင်ရှားကြရပါမယ်။
Dr. ZZ
သုက်လွှတ်နိုင်အောင်ကုသလို့တော့ရနိုင်ပေမယ့် ဘာကြောင့်
Dr. ZZ
Related posts
အမျိုးသား ကျန်းမာရေး
အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ
1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး
ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)
1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး
ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)
1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
Leave a Reply
Your email address will not be published. Required fields are marked *