ကလေးမွေးပြီးအချင်းကျန်ခြင်း

ကလေးမွေးရခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်းဟာ အင်မတန်အန္တရာယ်များတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေပြီလို့စသိရာကနေ ကလေးမွေးပြီးတဲ့အချိန်အထိ ကလေးရောမိခင်ရောကျန်းမာအောင် ဂရုစိုက်နေရတဲ့အချိန်တွေဖြစ်သလို လွယ်လွယ်ကူကူဘေးကင်းရန်ကင်းမွေးနိုင်ဖို့ကလည်းအရမ်းအရေးကြီးပါတယ်။မီးဖွားရာမှာလည်း အဆင့်3ဆင့်ခွဲထားပြီး သူ့အဆင့်နဲ့သူ အရေးကြီးတဲ့အခြေအနေတွေရှိနေနိုင်ပါတယ်။ သားအိမ်ကောင်းကောင်းညှစ်နေပေမယ့် သားအိမ်ခေါင်းကောင်းကောင်းမပွင့်တာ၊ မွေးလမ်းကြောင်းကျဉ်းနေတာ၊ ခေါင်းနဲ့မဆင်းပဲတင်ပါးဆုံနဲ့ဆင်းနေတာ၊မွေးပြီးသွေးသွန်တာတွေကလည်း အရမ်းကြီးမားတဲ့အန္တရာယ်တွေပေးနိုင်ပါတယ်။

မွေးပြီးအချင်းကျန်တာကလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ကလေးရဲ့တစ်ကိုယ်လုံးမွေးပြီတာနဲ့ အချင်းကိုလည်းချရပါတယ်။ အချင်းမချရင်မွေးပြီးသွေးသွန်နိုင်သလို ချက်ချင်းမကုသနိုင်ရင်အသက်သေဆုံးနိုင်ပါတယ်။ အချင်းကျန်တယ်ဆိုရာမှာလည်း အချင်းတစ်ခုလုံး ဒါမှမဟုတ်အစိတ်အပိုင်းတစ်ခုကျန်နေရင်လည်း အချင်းကျန်တယ်လို့ခေါ်ပြီး ဘယ်လောက်ပဲကျန်ကျန်စိုးရိမ်ရပါတယ်။အချင်းကျန်နေသေးသရွေ့သွေးမတိတိနိုင်သလို သားအိမ်ကလည်းကောင်းကောင်းကျုံ့နိုင်မှာမဟုတ်တဲ့အတွက် အချင်းကိုကုန်စင်အောင်ချဖို့လိုအပ်ပါတယ်။

ကလေးမွေးပြီးပြီးချင်းအချင်းမကျတာနဲ့ အချင်းကျန်နေပြီလို့ပြောလို့မရသေးပါဘူး။ ကလေးတစ်ကိုယ်လုံးထွက်ပြီး မိနစ်30ကျော်အထိအချင်းမကျတော့မှ အချင်းကျန်တယ်လို့ခေါ်ကြပါတယ်။ အချင်းကျန်စေနိုင်တဲ့အကြောင်းအရာတစ်ခုကတော့ ယခင်ကဗိုက်ခွဲမွေးပြီး အဆိုပါခွဲကြောင်းမှာအချင်းကကပ်နေပြီးကွာကျမလာတာမျိုးမှာဖြစ်တတ်ပါတယ်။ သားအိမ်ကောင်းကောင်းမကျုံ့ရင်လည်းဖြစ်နိုင်ပါတယ်။
အချင်းကျန်တာရဲ့အသိသာဆုံးလက္ခဏာတစ်ခုကတော့ သွေးသွန်တာပဲဖြစ်ပါတယ်။ သွေးကမတိတ်ပဲဆက်တိုက်ထွက်နေပြီး မိခင်ကတဖြည်းဖြည်းသွေးဆုတ်လာပြီးသွေးပေါင်ကျကာ အသက်ပါသွားနိုင်ပါတယ်။
အချင်းထွက်လာပြီးရင်လည်း အကုန်ထွက်မထွက်စစ်ဆေးရပါတယ်။ အကုန်ထွက်လာပြီဆိုတော့မှ သွေးတိတ်မှာဖြစ်ပါတယ်။

အချင်းကျန်နေပြီဆိုရင်တော့ အရင်ဆုံးကျန်နေတဲ့အချင်းကို လက်နဲ့နှိုက်ပြီး ဖယ်ရှားရမှာဖြစ်ပါတယ်။ လက်နဲ့နှိုက်ပြီးဖယ်ရှားလို့ရနိုင်တဲ့အတိုင်းအတာတစ်ခုမှာရှိနေရင်တော့ အလွယ်တကူဖယ်နိုင်မှာဖြစ်ပြီးလက်တစ်ဆုံးရောက်တဲ့အထိ မရနိုင်ဘူးဆိုရင်တော့ ခွဲစိတ်ပြီးဖယ်ထုတ်ရမှာဖြစ်ပါတယ်။ဒါမှသာသွေးတိတ်ပြီးစိတ်ချရတဲအြခြေအနေရောက်မှာဖြစ်ပါတယ်။

အချင်းကျန်တယ်ဆိုတာက အရေးကြီးတဲ့အခြေအနေဖြစ်ပါတယ်။ ကလေးမွေးတာ အိမ်မှာလက်သည်နဲ့မွေးလို့ရတယ်ဆိုပေမယ့် အဆိုပါအခြေအနေမျိုးကြုံတွေ့လာပြီဆိုရင်တော့ပစ္စည်းကိရိလိုအပ်ယာစုံလင်တဲ့ ဆေးရုံမှာမွေးဖွားတာအကောင်းဆုံးဖြစ်ပါတယ်။ လိုအပ်ရင်လိုအပ်သလို သင်တော်တဲ့ကုသမှာကိုခံယူနိုင်မှ စိတ်ချရမှာဖြစ်ပါတယ်။

Dr. ZZ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…