mydoctor-top-telemedicine
အချင်းကပ်ခြင်း
ယျေဘုယျအားဖြင့် ကလေးမွေးဖွားပြီးတဲ့နောက်သိပ်မကြာခင်မှာ သားအိမ်ရဲ့ကျုံ့အားကြောင့်…သိပ်မကြာခင်မှာ အချင်းပါ တပါတည်း မွေးဖွားလေ့ရှိပါတယ်..။ ဒါက သဘာဝပါ….။ ဒီလိုမဟုတ်ဘဲ ကလေးမွေးဖွားပြီး နာရီဝက်နဲ့အထက် ကြာသည့်တိုင်အောင် အချင်းက သားအိမ်ထဲမှာပဲ ရှိနေသေးတယ်ဆိုရင်တော့ အချင်းကပ်တယ်လို့ ခေါ်ပါတယ်…။
အချင်းကပ်စေတဲ့ အကြောင်းအရင်းများ
အဓိကအားဖြင့်တော့ ဒီလို အချင်းကပ်စေတဲ့ အကြောင်းအရင်း သုံးခုရှိပါတယ်..။
(၁) သားအိမ်က အချင်းအပြင်ထွက်နိုင်လောက်အောင် လုံလုံလောက်လောက် ညှစ်အားမရှိတဲ့အခါ အချင်းကပ်ခြင်းဖြစ်တတ်ပါတယ်..။
(၂) အချင်းက သားအိမ်နံရံထဲအထိ ထိုးဖောက်တွယ်ကပ်နေတဲ့အခါ အချင်းကပ်နိုင်ပါတယ်..။
(၃) အချင်းက သားအိမ်အပေါ်ပိုင်းထိပ်နားမှာ မရှိဘဲ သားအိမ်ခေါင်းနားထိရောက်တဲ့ အချင်းရှေ့ရောက်တဲ့အခါမျိူးမှာလဲ အချင်းကပ်တတ်ပါတယ်..။
ကုသမှူ
အချင်းကပ်တဲ့အခါ ဆရာဝန်တွေအနေနဲ့ သားအိမ်ညှစ်အားကောင်းစေတဲ့ ထိုးဆေး ကို လိုအပ်သလို ထိုးပါလိမ့်မယ်..။ အဲဒီနောက် ကပ်နေတဲ့ အချင်းပိုထွက်လာမလာ စစ်ဆေးပြီး ပိုရှည်ထွက်လာတယ်ဆိုရင်တော့ အချင်းကို ဖြေးဖြေးချင်း ချလိုက်မှာဖြစ်ပါတယ်..။ သားအိမ်ကို လဲ သာသာယာယာ ဖိပွတ်ပြီး ညှစ်အားကောင်းစေဖို့ သဘာဝနည်းနဲ့ ပံ့ပိုးပေးမှာဖြစ်ပါတယ်..။
လိုအပ်ရင် သားအိမ်ကျုံ့တဲ့ဆေးကို drip ပုလင်းနဲ့ အစက်ချပြီးလည်း ပေးနိုင်ပါတယ်…။ ဆရာဝန်က လိုအပ်ရင် ကပ်နေတဲ့အချင်းကို လက်နဲ့လှည့်ပြီးထုတ်တာ ဒါမှမဟုတ် ခွဲခန်းထဲဝင်ပြီး သင့်တော်တဲ့ မေ့ဆေးထုံဆေးကိုသုံးပြီး ထုတ်တာမျိူးလဲ ရှိနိုင်ပါတယ်..။
အချင်းကပ်ခြင်းရဲ့ လက္ခဏာများ
  • သွေးအလွန်အမင်းဆင်းခြင်း
  • ဗိုက်နာခြင်း
  • မွေးလမ်းကြောင်းမှ အနံ့ဆိုးသော အရည်ဆင်းခြင်း
  • အဖျားတက်ခြင်း
  • နို့မထွက်ခြင်း … စတဲ့ လက္ခဏာတွေရှိနိုင်ပါတယ်..။
ဒီလို လက္ခဏာတွေရှိရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှူကို မြန်မြန်ခံယူသင့်ပါတယ်..။
သတိပြုစရာ
အချင်းကပ်ဖူးတဲ့ ကလေးမိခင်တစ်ယောက်အနေနဲ့ သတိပြုသင့်တာကေတော့ … နောက်တစ်ခါကိုယ်ဝန်မှာလည်း အချင်းကပ်တာထပ်ဖြစ်နိုင်ချေရှိတယ် ဆိုတာပါပဲ..။ ဒါကြောင့် အချင်းကပ်ဖူးသူ အမျိူးသမီးတွေအနေနဲ့ နောက်တစ်ကြိမ် ကိုယ်ဝန်ထပ်ဆောင်တဲ့ အခါ …. ကိုယ်ဝန်ကို မှန်မှန်အပ်ဖို့.. ညွှန်ကြားချက်တွေ အတိုင်းလိုက်နာဖို့နဲ့ အထူးဂရုစိုက်ဖို့ လိုပါတယ်…။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
အချင်းကပ်ခြင်း
(၃) အချင်းက သားအိမ်အပေါ်ပိုင်းထိပ်နားမှာ မရှိဘဲ သားအိမ်ခေါင်းနားထိရောက်တဲ့ အချင်းရှေ့ရောက်တဲ့အခါမျိုးမှာလဲ အချင်းကပ်တတ်ပါတယ်..။
ကုသမှူ
  • ဗိုက်နာခြင်း
  • အဖျားတက်ခြင်း
သတိပြုစရာ
အချင်းကပ်ဖူးတဲ့ ကလေးမိခင်တစ်ယောက်အနေနဲ့ သတိပြုသင့်တာကတော့ … နောက်တစ်ခါကိုယ်ဝန်မှာလည်း အချင်းကပ်တာထပ်ဖြစ်နိုင်ချေရှိတယ် ဆိုတာပါပဲ..။ ဒါကြောင့် အချင်းကပ်ဖူးသူ အမျိုးသမီးတွေအနေနဲ့ နောက်တစ်ကြိမ် ကိုယ်ဝန်ထပ်ဆောင်တဲ့ အခါ …. ကိုယ်ဝန်ကို မှန်မှန်အပ်ဖို့.. ညွှန်ကြားချက်တွေ အတိုင်းလိုက်နာဖို့နဲ့ အထူးဂရုစိုက်ဖို့ လိုပါတယ်…။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Why do doctors ask for an ultrasound during pregnancy?
1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ
Why Children Should Avoid Energy Drinks
1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…
Leave a Reply
Your email address will not be published. Required fields are marked *