သွေးလှူဒါန်းချင်ရင် သိထားသင့်တဲ့အချက်များ

သွေးလှူခြင်းဟာ အလွန်မွန်မြတ်တဲ့အလုပ်ဖြစ်ပါတယ်။ သွေးလှူချင်တဲ့လူများဟာ ယေဘုယျအားဖြင့် ကျန်းမာရေးကောင်းမွန်ရပါမယ်။ ပေါင်ချိန်အနည်းဆုံး ၁၁၀ရှိရမှာဖြစ်ပြီး အသက် ၁၆နှစ်ရှိရပါမယ်။ အသက်၁၇နှစ်နဲ့အထက်ဆိုရင် မိဘရဲ့ထောက်ခံချက် ခွင့်ပြုချက်မလိုပါဘူး။ အသက် ၁၆နှစ်ဆိုရင်တော့ မိဘခွင့်ပြုချက်လိုအပ်ပါတယ်။

သင်ဘယ်သူလဲဆိုတာသိဖို့?

သွေးလှူဒါန်းမယ်ဆိုရင် သင့်ရဲ့ Identification အသိအမှတ်ပြုစာရွက်စာတမ်းတစ်ခုရှိရပါမယ်။ ဥပမာ မှတ်ပုံတင်။

သွေးလှူဒါန်းလို့မရတဲ့ အခြေအနေများ

သွေးလှူလို့မရတဲ့ အခြေအနေတွေရှိပါတယ်။ အဲဒါတွေကတော့

  1. လွန်ခဲ့တဲ့ ၁၂လအတွင်းမှာ တက်တူးထိုးထားခြင်း (သို့မဟုတ) သွေးသွင်းကုသမှုခံယူဖူးခြင်း
  2. အသည်းရောင်အသားဝါ B ပိုးနဲ့ C ပိုး သွေးထဲတွင်ရှိသူများ
  3. အသည်းရောင်အသားဝါ B ပိုး၊ C ပိုးရှိသူများနှင့် ပြီးခဲ့သော ၁၂လအတွင်းတွင် လိင်ဆက်ခံမှုရှိသူများ
  4. သွေးထဲတွင် HIV ပိုးစစ်ဆေးတွေ့ရှိထားသူများ
  5. အမျိုးသားတစ်ဦးဟာ လိင်တူဆက်ဆံခြင်းကို ပြီးခဲ့သော ၁၂ လအတွင်းတွင် ပြုလုပ်ခဲ့မိခြင်း
  6. မူးယစ်ဆေးဝါးကို အကြောထဲထိုးသွင်းထားသူများ
  7. ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ထိုးဆေးများကို အမြဲတစေ မိမိဘာသာ ထိုးသွင်းအသုံးပြုနေသူများ
  8. ပြည့်တန်ဆာအလုပ်လုပ်သူများ

အထက်ပါအချက်များကတော့ သွေးလှူဒါန်းမယ့်လူတွေသိသင့်တဲ့အချက်တွေဖြစ်ပါတယ်။ ဒါ့အပြင် သွေးလှူဒါန်းချင်တဲ့လူဟာ ကျန်းမာရေးကောင်းနေရပါမယ်။ တစ်နည်းပြောရရင် စိတ်ရောကိုယ်ပါ လန်းဆန်းကျန်းမာနေပြီး နေ့စဉ်လုပ်နေကျအလုပ်တွေကို တက်တက်ကြွကြွလုပ်နိုင်ခြင်းကို ကျန်းမာရေးကောင်းတယ်လို့ခေါ်ပါတယ်။ တကယ်လို့များ သွေးတိုးနဲ့ ဆီးချိုလိုရောဂါရှိနေတယ်ဆိုရင်တောင် ဆရာဝန်ရဲ့ညွှန်ကြားမှုအောက်မှာ သေချာကုသမှုခံနေရင် အခွင့်သင့်တဲ့အခါ သွေးလှူဒါန်းလို့ရပါတယ်။

ဒီအချက်တွေဟာ သွေးမလှူခင်သိသင့်တဲ့အချက်တွေဖြစ်ပါတယ်။ သွေးလှူဒါန်းပြီးတဲ့အခါ ဘယ်လိုပြန်အနားယူသင့်တယ် ဘယ်လိုအစားအသောက်တွေစားသင့်တယ်ဆိုတာကို နောက်ဆောင်းပါးမှာ ဆက်တင်ပြပေးသွားပါမယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

ေသြးလႉဒါန္းခ်င္ရင္ သိထားသင့္တဲ့အခ်က္မ်ား

ေသြးလႉျခင္းဟာ အလြန္မြန္ျမတ္တဲ့အလုပ္ျဖစ္ပါတယ္။ ေသြးလႉခ်င္တဲ့လူမ်ားဟာ ေယဘုယ်အားျဖင့္ က်န္းမာေရးေကာင္းမြန္ရပါမယ္။ ေပါင္ခ်ိန္အနည္းဆံုး ၁၁၀ရွိရမွာျဖစ္ၿပီး အသက္ ၁၆ႏွစ္ရွိရပါမယ္။ အသက္၁၇ႏွစ္နဲ႔အထက္ဆိုရင္ မိဘရဲ႕ေထာက္ခံခ်က္ ခြင့္ျပဳခ်က္မလိုပါဘူး။ အသက္ ၁၆ႏွစ္ဆိုရင္ေတာ့ မိဘခြင့္ျပဳခ်က္လိုအပ္ပါတယ္။

သင္ဘယ္သူလဲဆိုတာသိဖို႔?

ေသြးလႉဒါန္းမယ္ဆိုရင္ သင့္ရဲ႕ Identification အသိအမွတ္ျပဳစာရြက္စာတမ္းတစ္ခုရွိရပါမယ္။ ဥပမာ မွတ္ပံုတင္။

ေသြးလႉဒါန္းလို႔မရတဲ့ အေျခအေနမ်ား

ေသြးလႉလို႔မရတဲ့ အေျခအေနေတြရွိပါတယ္။ အဲဒါေတြကေတာ့

  1. လြန္ခဲ့တဲ့ ၁၂လအတြင္းမွာ တက္တူးထိုးထားျခင္း (သို႔မဟုတ) ေသြးသြင္းကုသမႈခံယူဖူးျခင္း
  2. အသည္းေရာင္အသားဝါ B ပိုးနဲ႔ C ပိုး ေသြးထဲတြင္ရွိသူမ်ား
  3. အသည္းေရာင္အသားဝါ B ပိုး၊ C ပိုးရွိသူမ်ားႏွင့္ ၿပီးခဲ့ေသာ ၁၂လအတြင္းတြင္ လိင္ဆက္ခံမႈရွိသူမ်ား
  4. ေသြးထဲတြင္ HIV ပိုးစစ္ေဆးေတြ႕ရွိထားသူမ်ား
  5. အမ်ိဳးသားတစ္ဦးဟာ လိင္တူဆက္ဆံျခင္းကို ၿပီးခဲ့ေသာ ၁၂ လအတြင္းတြင္ ျပဳလုပ္ခဲ့မိျခင္း
  6. မူးယစ္ေဆးဝါးကို အေၾကာထဲထိုးသြင္းထားသူမ်ား
  7. ဆရာဝန္ၫႊန္ၾကားခ်က္မရွိဘဲ ထိုးေဆးမ်ားကို အၿမဲတေစ မိမိဘာသာ ထိုးသြင္းအသံုးျပဳေနသူမ်ား
  8. ျပည့္တန္ဆာအလုပ္လုပ္သူမ်ား

အထက္ပါအခ်က္မ်ားကေတာ့ ေသြးလႉဒါန္းမယ့္လူေတြသိသင့္တဲ့အခ်က္ေတြျဖစ္ပါတယ္။ ဒါ့အျပင္ ေသြးလႉဒါန္းခ်င္တဲ့လူဟာ က်န္းမာေရးေကာင္းေနရပါမယ္။ တစ္နည္းေျပာရရင္ စိတ္ေ႐ာကိုယ္ပါ လန္းဆန္းက်န္းမာေနၿပီး ေန႔စဥ္လုပ္ေနက်အလုပ္ေတြကို တက္တက္ႂကြႂကြလုပ္ႏိုင္ျခင္းကို က်န္းမာေရးေကာင္းတယ္လို႔ေခၚပါတယ္။ တကယ္လို႔မ်ား ေသြးတိုးနဲ႔ ဆီးခ်ိဳလိုေရာဂါရွိေနတယ္ဆိုရင္ေတာင္ ဆရာဝန္ရဲ႕ၫႊန္ၾကားမႈေအာက္မွာ ေသခ်ာကုသမႈခံေနရင္ အခြင့္သင့္တဲ့အခါ ေသြးလႉဒါန္းလို႔ရပါတယ္။

ဒီအခ်က္ေတြဟာ ေသြးမလႉခင္သိသင့္တဲ့အခ်က္ေတြျဖစ္ပါတယ္။ ေသြးလႉဒါန္းၿပီးတဲ့အခါ ဘယ္လိုျပန္အနားယူသင့္တယ္ ဘယ္လိုအစားအေသာက္ေတြစားသင့္တယ္ဆိုတာကို ေနာက္ေဆာင္းပါးမွာ ဆက္တင္ျပေပးသြားပါမယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *