All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

အမျိုးသားများတွင် ဖြစ်လေ့ရှိသောမျိုးပွားခြင်းဆိုင်ရာရောဂါများ

1 Mins read

အမျိုးသားများတွင် ဖြစ်လေ့ရှိသောမျိုးပွားခြင်းဆိုင်ရာရောဂါများ

မျိူးပွားခြင်းဆိုင်ရာရောဂါတွေဆိုတာ အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာပါ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အချို့ကတော့ မျိူးပွားခြင်းဆိုင်ရာ ချို့ယွင်းချက်တွေဟာ အမျိူးသမီးတွေပဲဖြစ်တာလို့ ယူဆထားတာကမမှန်ကန်ပါဘူး။ အမျိူးသားတွေမှာလည်း အဆိုပါချို့ယွင်းချက်တွေရှိနိုင်ပါတယ်။

ဆီးချိုရောဂါခံစားရတာ ကြာနေပြီး နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးခံစားနေရတဲ့ အမျိုးသားတွေမှာ အာရုံကြောခံစားမှုတွေ အားနည်းတတ်ပါတယ်။ သုက်မလွှတ်နိုင်တာ၊ သုက်လွှတ်တဲ့ခံစားမှုမျိုးရပေမယ့် သုက်မထွက်တာတွေရှိနိုင်ပါတယ်။ အဆိုပါဝေဒနာတွေခံစားနေရမယ်ဆိုရင်တော့ သားသမီးရဖို့ ခက်ခဲနိုင်ပါတယ်။

နောက်ထပ်ဖြစ်နိုင်ခြေရှိတာကတော့ ဝှေးစေ့နဲ့ဆိုင်တဲ့ ဝေဒနာတွေဖြစ်ပါတယ်။ ဝှေးစေ့ဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအများစုလို အရိုးတွေ၊ ကြွက်သားတွေနဲ့ ကာကွယ်ထားတာမျိုးမရှိတာကြောင့် ထိခိုက်မိတာနဲ့ ချို့ယွင်းနိုင်ခြေများပါတယ်။ ဝှေးစေ့ပျောက်နေတာကလည်း မျိုးပွားခြင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုဖြစ်ပါတယ်။ပုံမှန်နေရာမှာရှိမနေတဲ့ဝှေးစေ့ကြောင့် မျိုးဆက်ပွားခြင်းဆိုင်ရာချို့ယွင်းချက်တွေဖြစ်လာနိုင်ပါတယ်။

ဝှေးစေ့ကင်ဆာဆိုတာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကင်ဆာလို့ဆိုတာထက် ဝှေးစေ့မှာအကြိတ်တည်တာတွေက မျိုးပွားခြင်းဆိုင်ရာ ချို့ယွင်းချက်ကို ဖြစ်စေနိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တာကတော့ သုက်ပိုးတွေကို သယ်ဆောင်တဲ့ ပြွန်တွေရောင်နေတာ တွေကလည်း မျိုးပွားခြင်းဆိုင်ရာဝေစနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။

အိမ်ထောင်ရှိသူတွေကော မရှိသူတွေပါ အတူနေအဖော်တစ်ဦးထက်မကထားရင်၊ ကူးစက်ရောဂါတွေရလာနိုပါတယ်။ ခုခံအားကျဆင်းမှုရောဂါ၊ လိင်အင်္ဂါကြွက်နို့ရောဂါ၊ ဆီးပူညောင်းကျရောဂါ စတာတွေကူးစက်လာရင်လည်း မျိုးပွားခြင်းဆိုင်ရာဝေဒနာတွေခံစားရနိုင်ပါတယ်။

အဆိုပါရောဂါဝေဒနာတွေခံစားလာရပြီဆိုရင်တော့ ထိရောက်တဲ့ကုသမှုတွေ ခံယူရပါမယ်။ စောစောကုသမှုခံယူထားလေ နောက်ဆက်တွဲဝေဒနာတွေခံစားရတာလျော့နည်းလေပါပဲ။ ဒါကြောင့်မို့ အမျိုးသားများအနေနဲ့ မိမိတို့မှာမျိုးပွားခြင်းဆိုင်ရာ ဝေဒနာခံစားနေရပြီဆိုတာနဲ့ ကုသမှုခံယူသင့်ပါတယ်။

Dr. ZZ


မျိုးပွားခြင်းဆိုင်ရာရောဂါတွေဆိုတာ အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာပါ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အချို့ကတော့ မျိုးပွားခြင်းဆိုင်ရာ ချို့ယွင်းချက်တွေဟာ အမျိုးသမီးတွေပဲဖြစ်တာလို့ ယူဆထားတာကမမှန်ကန်ပါဘူး။ အမျိုးသားတွေမှာလည်း အဆိုပါချို့ယွင်းချက်တွေရှိနိုင်ပါတယ်။






Dr. ZZ

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *