သိကောင်းစေရာ မျိုးဆက်ပွားပညာ။(အပိုင်း ၁ အပျိုဖော်ဝင်စပြောင်းလဲကြ)
ကဲ အမျိုးသား၊ အမျိုးသမီးတို့ရေ။ ဒီတစ်ခါတော့ အရွယ်ရောက်လာကြတယ့် လူငယ်တွေ မျိုးဆက်ပွားကျန်းမာရေးမှာ သိကို သိသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးမယ်နော်။ အိမ်ထောင်ပြု၊ သားမွေး၊ အချစ်နယ်ထဲကိုဝင်ရောက်တော့မယ့် လူငယ်၊ လူကြီးတိုင်းအနေနဲ့ ဒီအချက် ၂ချက်ကို မပိုင်ရင် နောင်တစ်ချိန် ဒုက္ခများမှာ အမှန်ပါပဲ။
မျိုးဆက်ပွားကျန်းမာရေးမှာ
၁။ မလိုလားတဲ့ကိုယ်ဝန် မရအောင်ကာကွယ်နည်း နဲ့
၂။ လိင်မှတစ်ဆင့် ရောဂါပိုးတွေ ကာကွယ်နိုင်ဖို့က အဓိက ရည်ရွယ်ချက်ကြီး ၂ရပ်ပဲ ဖြစ်ပါတယ်။
နေ့စဉ်နဲ့ အမျှ ဆေးရုံတွေမှာ ကိုယ်ဝန်ဖျက်ချတဲ့ ပုံစံမျိုးစုံနဲ့ ရောက်လာတဲ့အကြောင်းတွေ၊ ကြွေလွင့်သွားရှာ အမျိုးသမီးကောင်းလေးတွေအကြောင်းတွေကို နားနဲ့ မဆံ့အောင်ကြားနေရပါတယ်။ ဒါ့အပြင် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါကာကွယ်ရေးနည်းလမ်းတွေ မသိကြလို့ အကြောင်းအမျိုးမျိုးနဲ့ ကုသလို့ ရတဲ့ရောဂါရော၊ မရတဲ့ ရောဂါ ရနေသူတွေ နည်းမှမနည်းပါပဲ။
*ဒါတွေကို လျော့ချဖို့ အကောင်းဆုံးနည်းလမ်းကတော့ မျိုးဆက်ပွားကျန်းမာရေးအသိတွေကို လူတိုင်းသိထားဖို့ ဟောပြောခြင်းပဲပေါ့။*
ဤအကြောင်းအရာတွေဟာ နားရှက်စရာတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သိထားရင် မမှားတဲ့ အသိပညာတွေပါ။ မိမိသာမက မိမိပတ်ဝန်းကျင်နဲ့ နောင်လာနောင်သားမျိုးဆက်ကလေးများအတွက်ပါ အကျိုးရှိစေမှာပါ။
ပထမဆုံးအနေနဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအကြောင်း လေ့လာကြရအောင်။
-ကလေးဘဝ အမျိုးသားအင်္ဂါ၊ အမျိုးသမီး အင်္ဂါ မတူညီတာကလွဲလို့ အခြားကိုယ်အင်္ဂါပြောင်းလဲမှု ကြီးကြီးမားမားမတွေ့ရတတ်ပါဘူး။ ကလေးဘာဝ၊ ပတ်ဝန်းကျင်အားပေးမှု၊ ဗီဇ မတူညီတာကြောင့် ကစားပုံ၊ အသွားအလာ ကွာခြားတာလောက်ပဲ တွေ့ရတတ်ပါတယ်။
-ပျမ်းမျှ အသက် ၉ နှစ် ၁၀နှစ် ပတ်ဝန်းကျင်ရောက်တဲ့ အခါမှ ပျိုဖော်ဝင်လာကြပါတယ်။ အမျိုးသားတွေမှာ အသက် ၉နှစ်ဝန်းကျင်နဲ့ အမျိုးသမီးတွေထက် ပိုစောလေ့ရှိကြပါတယ်။
ပျိုဖော်ဝင်လာရင် ဘာတွေပြောင်းလဲလာမလဲ။
အမျိုးသားတွေမှာ
- -ဆံပင်ပေါက်ပုံတွေ ပြောင်းလာမယ်။ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်၊ ချိုင်းမွှေး၊ ဆီးစပ်အမွှေးတွေ ပေါက်လာမယ်။
- -အသံ ပြောင်းလာမယ်။
- -လည်စေ့ ခေါ် ဇလုပ်လေးတွေ ထွက်လာမယ်။
- -ရင်အုပ်ကားလာမယ်။ ကြွက်သားတွေ တက်လာမယ်။
- -မျိုးပွား အင်္ဂါတွေ ဖွံ့ဖြိုးလာမယ်။
- -စိတ်ပိုင်းဆိုင်ရာမှာ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားလာမယ်၊ အရာရာကို လက်တွေ့ စူးစမ်းချင်စိတ်တွေဖြစ်လာပါလိမ့်မယ်။
အမျိုးသမီးတွေမှာတော့
- -နေထိုင်သွားလာပုံတွေ ပြောင်းလဲလာမယ်။
- -ရင်သားဖွံ့ဖြိုးလာမယ်။
- -မျိုးပွားအင်္ဂါတွေ ဖွံ့ဖြိုးလာမယ်။
- -ရာသီသွေးပေါ်မယ်။
- -ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားမယ်။
ဒီလို ပြောင်းလဲလာတဲ့ အချိန်မှာ လုံလောက်တဲ့ မျိုးဆက်ပွားကျန်းမာရေးအကြောင်းတွေ သိထားမှ မလိုလားအပ်တဲ့ အန္တရာယ်တွေကို ကြိုတင် ရှောင်ရှားနိုင်ကာ ကျန်းမာလှပကြမှာ ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ရီချို(ဆေး ၁)
အမျိုးသားတွေမှာ
- -အသံ ပြောင်းလာမယ်။
- -ရင်အုပ်ကားလာမယ်။ ကြွက်သားတွေ တက်လာမယ်။
- -ရာသီသွေးပေါ်မယ်။
ဆက်လက်ဖော်ပြပါမည်။
ရီချို(ဆေး ၁)