Voltex Painkiller Cream

🤦‍♀️ အကိုက်အခဲပျောက် လိမ်းဆေး အသုံးပြုသင့်သည့် အကြောင်းအရင်း
~~~~~~~~~~~~~~~~

ခန္ဓာကိုယ် နာကျင် ကိုက်ခဲတယ်ဆိုတာနဲ့ အလွယ်တကူပဲ အကိုက်အခဲပျောက်‌ ဆေး‌တွေကို ဒီနေ့ခေတ်မှာ သောက်သုံးလာတာကိုတွေ့ရပါတယ်။ ‌တစ်ခုခု ဖြစ်တာနဲ့ ဆေးဆိုင်တွေမှာ ‌စပ်ဆေးတွေဝယ်သောက်ကြတယ်။ ဝယ်သောက်တဲ့ဆေးတွေမှာ အကိုက်အခဲပျောက်ဆေး တစ်မျိုးထက် မက တစ်ချို့ ထည့်ပေးတတ်ကြပါတယ်။ ဒီလိုတွေ ခဏ ခဏသောက်ပြီး နောက်ပိုင်းမှာ အစာအိမ်ထိလာကြပြီး အကိုက်အခဲ သောက်ဆေးဆို မတည့်ဘူးဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ‌အတော်များများဖြစ်ကြပါတယ်။

အကိုက်အခဲ ပျောက်ဆေးတွေ ရေရှည်သောက်သုံးတာဟာ အစာအိမ်နဲ့အူလမ်းကြောင်းကို ထိခိုက်စေတာကြောင့် ခဏခဏ မသောက်သင့်ပါ။ မသောက်ဘဲ နေနိုင်ရင်တော့ အကောင်းဆုံးပါ။ ဘယ်လိုမှမဖြစ်လို့ သောက်မယ်ဆို နည်းမှန်လမ်းမှန်နဲ့ ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။

ဆေးသောက်ရမှာ ‌‌‌ကြောက်သူတွေ  အစာအိမ်ထိနေလို့ သောက်လို့မရတဲ့သူတွေ ဒူးနာ ခါးနာသမားတွေအနေနဲ့ အကိုက်အခဲသက်သာစေတဲ့ သောက်ဆေးအစား လိမ်းဆေးကို ပြောင်းသုံးပေးနိုင်ပါတယ်။အကိုက်အခဲပျောက်လိမ်း‌ ဆေးကို အသုံးပြုခြင်းအားဖြင့် အစာအိမ်လဲ မထိတော့သလို ရေရှည် လဲ အသုံးပြုရ သင့်တော်စေမှာဖြစ်ပါတယ်။ ‌အလွယ်တကူ လိမ်းနိုင်ပြီး Local Effectနဲ့ အာနိသင်အပြည့်ရစေပါတယ်။


📌အကိုက်အခဲပျောက်လိမ်း‌ဆေးကို ဘယ်လိုလူတွေ သုံးသင့်လဲ ❓


✓ဆေးသောက်ရကြောက်သူများ
ဒူးနာ ခါးနာသူများ
✓ကိုယ်လက်နာကျင်ကိုက်ခဲတတ်သူများ
ဇက်ကြောတက် နောက်ကျောတက်သူများ
✓အားကစား သမားများ
✓ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းလုပ်သူများ
အစာအိမ် ရောဂါ အခံရှိသူများ
✓Computer laptops screen အမြဲအသုံးပြုနေရသူများ
✓ကိုယ်လက် မအီမသာ အမြဲ ခံစားနေရသူများ
✓joint pain နဲ့ အဆစ်အမြစ် နာကျင် ရောင်ရမ်းနေသူများ တို့မှာ အသုံးပြုပေးနိုင်ပါတယ်။

လွယ်ကူ လျှင်မြန်တဲ့ အကိုက်အခဲပျောက်ဆေးကို လိမ်းပြီး နာကျင်ခြင်း တွေကနေ ကင်းဝေးအောင် နေကြဖို့ မမေ့ကြနဲ့နော်။

#Voltex #အကိုက်အခဲပျောက်ဆေး #လိမ်းဆေး#myDoctor

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…