” စိတ်ဖိအားတွေကို ဘယ်လိုလျှော့ချမလဲ “
ပြီးခဲ့တဲ့ 2017အတွင်း လူတွေရဲ့ စိတ်ကို ရုတ်တရက်ထိခိုက်ဝမ်းနည်းစေခဲ့တဲ့ ဖြစ်ရပ်တွေထဲမှာ Linkin Park အဖွဲ့က Chester Bennington ရဲ့ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်စဉ်လည်း ပါဝင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ တောင်ကိုရီးယား Kpop Shinee group က singer jonghyunမှာလည်း အလားတူ သေကြောင်းကြံစည်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီနေ့ခေတ် လူတိုင်းလိုလို ခံစားနေရတဲ့ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေဟာ မကျော်လွှားနိုင်တော့တဲ့အခါ ရောဂါတွေဖြစ်တာ သတ်သေလိုစိတ်တွေ သတ်သေဖို့ ကြိုးစားတာတွေ ဖြစ်လာတော့တာပါပဲ။အဲဒီအတွက် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု နဲ့ စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုပါတယ်။

>>>>>တရားထိုင်ခြင်းလို့ အလွယ်တကူနားလည်လက်ခံကြပေမယ့် အခုပြောမယ့် meditation မှာ စိတ်ကို အေးချမ်းအောင် တည်ငြိမ်အောင် လုပ်တာကိုဆိုလိုတာပါ။ ခန္ဓာကိုယ်ကိုထိုင်ပြီး မျက်စိမှိတ်ထားတာထက် ပိုပြီးတော့ပေါ့။ ထပ်ခါထပ်ခါ ပြုလုပ်နိုင်တဲ့ လှုပ်ရှားမှုတွေကိုပါ meditation ထဲကို ထည့်သွင်းရေတွက်ပါတယ်။ meditation မှာ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ သိုးမွှေးထိုးခြင်း၊ ပန်းချီဆေးခြယ်ခြင်း စတဲ့ တစ်ခုခုကို အာရုံစူးစိုက်စေမယ့် တည်ငြိမ်စေမယ့် အရာအားလုံး ပါဝင်ပါတယ်။

>>>>အသက်ပြင်းပြင်းရှုပါ။ စိတ်ဖိစီးနေတဲ့အခါ စိတ်ကျနေတဲ့ အခါမျိုးမှာ ၅မိနစ်လောက် အနားယူပြီး အသက်ရှုပါ ။ အသက်ရှုတဲ့ဆီပဲ အာရုံစိုက်ထားတဲ့ အခါ စိတ်ပြေလျော့မှုကို ခံစားရစေပါတယ်။

>>>>လည်ပင်းနဲ့ ပုခုံးကို ရေနွေးဖတ်လေး ဆယ်မိနစ်ခန့် ကပ်ပေးခြင်းကလည်း စိတ်ပြေလျော့စေတယ်လို့ပြောပါတယ်။

>>>>ကျောကို ဆန့် လဲလျောင်းပြီး မျက်လုံးတွေ ခဏမှိတ်ထားလို့လည်း ရပါသေးတယ်။

>>>>တက်တက်ကြွကြွနေပါ ။ Gymတွေ ယောဂသင်တန်းတွေ အကသင်တန်းတွေက တဆင့် စိတ်ဖိစီးမှုတွေ ပြေလျော့မှုရယူလိုက်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်လာတဲ့ endorphins (အန်ဒေါ့ဖင်း ) ဟော်မုန်းတွေက စိတ်ကို ပြန်လည်ပျော်ရွှင်အောင် လန်းဆန်းအောင် ပြုလုပ်ပေးပါတယ်။ လေ့ကျင့်ခန်းမလုပ်ချင်ဘူးဆိုတဲ့စိတ်ကို တွန်းလှန်ပါ။ ဆယ်မိနစ်လောက်ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်မယ်လို့ ကိုယ့်ကိုယ်ကို ဈေးပြန်ဆစ်ပါ။ နှလုံးခုန်နှုန်းတွေ ပြန်လည် တက်ကြွလာပါလိမ့်မယ်။Gymမသွားချင်တဲ့နေ့မျိုးမှာလည်း dancing class လိုမျိုး ယောဂသင်တန်းမျိုး စတဲ့ နေရာသစ်တစ်ခုကို အချစ်ဆုံး သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် သွားလိုက်ပါ။

>>>>>ဆက်သွယ်ပါ။

မိသားစုနဲ့ စကားစမြည်ပြောပါ။ သူငယ်ချင်း BFF တွေဆိုတာကလည်း ရင်ဖွင့်ဖော်ကောင်းပါ။ အိမ်နီးချင်းကောင်းတွေဆီ သွားလည်တာမျိုးကလည်း စိတ်ပြေလက်ပျောက်ဆိုတာမျိုးကို ဖြစ်စေမှာပါ ။

အဝေးရောက် သူငယ်ချင်းတွေ ၊ ဆွေမျိုးမိဘတွေနဲ့ ဖြစ်ဖြစ် ဖုန်းဆက်သွယ်ပြောခြင်းကလည်း ကိုယ်တစ်ယောက်တည်းဆိုတဲ့ ခံစားချက်ကို တတ်နိုင်သလောက် ဖြေပျောက်စေမှာပါ ။

>>>>Facebook သုံးတာကို လျှော့ပါ ။ ဒါမှမဟုတ် မသုံးဘဲ နေပါ။ လူတွေဟာ သူတို့ရဲ့ အပျော်ရွှင်ဆုံးကိစ္စတွေကိုပဲ Facebook မှာ ဝေမျှတာဖြစ်တဲ့အတွက် ပကတိအမြင်တွေနဲ့ ကွဲလွဲနေတာကို ကိုယ်ကသိထားနေရင်တောင်ပဲ စိတ်ကျတာက ပိုဖြစ်စေပါတယ်။ ကိုယ့်ဘဝကို သူတို့ highlight လုပ်ပြတဲ့ တစ်ကွက်စာပျော်ရွှင်မှု ခမ်းနားမှုတွေနဲ့ နှိုင်းယှဉ်စရာ မလိုအပ်ပါဘူး။ ပိတ်ရက်တွေမှာ Facebook ကို ကန့်သတ်လိုက်တာက အထောက်အကူ ဖြစ်စေပါတယ်။ Facebook မှာ အားကျရအောင် မနာလိုရအောင်ဖြစ်လာမယ့် မြင်ကွင်းတွေကို ကျော်ချလိုက်ပါ။မိမိချစ်ချင်ရသူတွေကို ဖုန်းနဲ့ဆက်သွယ်တာ ၊ SMS ပို့တာတွေ၊ မတွေ့ရတာကြာတဲ့သူတွေကို ဆက်သွယ်တာတွေက အဓိပ္ပာယ်ရှိသော ပျော်ရွှင်တဲ့ တကယ့်လူမှုဘဝကို တည်ဆောက်လို့ရပါတယ်။

>>>>လူမှုကွန်ရက်တွေက ကိုယ့်ကို စိတ်အနှောက်အယှက်ပေးနိုင်ပေမယ့် စာအုပ်ကောင်းတစ်အုပ်ကတော့ အေးချမ်းမှု ဗဟုသုတနဲ့ စိတ်အာဟာရ ဖြစ်စေမှာပါ။ စာဖတ်ပါ။လောကကြီးမှာ ဘယ်အရာကမှားတယ် ဘယ်အရာကမှန်တယ်ဆိုတာ သင်ယူလို့ရမှာပါ။

>>>>ယောဂလေ့ကျင့်ပါ။ ယောဂဟာ အသုံးဝင်တဲ့ စိတ်ဖိစီးမှုဖြေလျော့နိုင်တဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။ ယောဂလုပ်တဲ့အခါမှာ လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းတွေက ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေ ဖိအားတွေကို ရင်ဆိုင်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

>>>>လုံလောက်စွာ အိပ်စက်ပါ။ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို လုံလောက်စွာ အားအင်ပြန်လည်ဖြည့်တင်းဖို့ ကူညီပေးပါတယ်။ လုံလောက်တဲ့ အိပ်ချိန်နဲ့ သက်သောင့်သက်သာ အိပ်စက်နိုင်ဖို့ကလည်း လိုအပ်ပါတယ်။

>>>>စားသုံးပါ။

စိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကို စားသုံးပေးသင့်ပါတယ်။ Omega 3 Fatty acid ပါဝင်တဲ့ ငါးကိုလည်း စားသုံးပေးသင့်ပါတယ်။

>>>>လမ်းလျှောက်ထွက်ပါ ။

လတ်ဆတ်တဲ့ လေကို ဝဝရှုနိုင်ပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဘာကိုမှ မတွေးဘဲ လမ်းလျှောက်ခြင်းကလည်း စိတ်ဖိစီးမှုကို ဖြေလျော့ပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်မှာပါ။

ခွန်းညိုသွေး

” စိတ္ဖိအားေတြကို ဘယ္လိုေလွ်ာ့ခ်မလဲ “
ၿပီးခဲ့တဲ့ 2017အတြင္း လူေတြရဲ႕ စိတ္ကို ႐ုတ္တရက္ထိခိုက္ဝမ္းနည္းေစခဲ့တဲ့ ျဖစ္ရပ္ေတြထဲမွာ Linkin Park အဖြဲ႕က Chester Bennington ရဲ႕ မိမိကိုယ္ကို ေသေၾကာင္းၾကံစည္မႈျဖစ္စဥ္လည္း ပါဝင္ခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ ေတာင္ကိုရီးယား Kpop Shinee group က singer jonghyunမွာလည္း အလားတူ ေသေၾကာင္းၾကံစည္မႈေတြ ျဖစ္ခဲ့ပါတယ္။

ဒီေန႔ေခတ္ လူတိုင္းလိုလို ခံစားေနရတဲ့ စိတ္ဖိစီးမႈ စိုးရိမ္ပူပန္မႈနဲ႔ စိတ္ဓာတ္က်ျခင္းေတြဟာ မေက်ာ္လႊားႏိုင္ေတာ့တဲ့အခါ ေရာဂါေတြျဖစ္တာ သတ္ေသလိုစိတ္ေတြ သတ္ေသဖို႔ ႀကိဳးစားတာေတြ ျဖစ္လာေတာ့တာပါပဲ။အဲဒီအတြက္ စိတ္ဖိစီးမႈ၊ စိုးရိမ္ပူပန္မႈ နဲ႔ စိတ္ဓာတ္က်ျခင္းေတြကို သက္သာေစမယ့္ နည္းလမ္းတခ်ိဳ႕ကို ေဖာ္ျပေပးလိုပါတယ္။

>>>>>တရားထိုင္ျခင္းလို႔ အလြယ္တကူနားလည္လက္ခံၾကေပမယ့္ အခုေျပာမယ့္ meditation မွာ စိတ္ကို ေအးခ်မ္းေအာင္ တည္ၿငိမ္ေအာင္ လုပ္တာကိုဆိုလိုတာပါ။ ခႏၶာကိုယ္ကိုထိုင္ၿပီး မ်က္စိမွိတ္ထားတာထက္ ပိုၿပီးေတာ့ေပါ့။ ထပ္ခါထပ္ခါ ျပဳလုပ္ႏိုင္တဲ့ လႈပ္ရွားမႈေတြကိုပါ meditation ထဲကို ထည့္သြင္းေရတြက္ပါတယ္။ meditation မွာ လမ္းေလွ်ာက္ျခင္း၊ ေရကူးျခင္း၊ သိုးေမႊးထိုးျခင္း၊ ပန္းခ်ီေဆးျခယ္ျခင္း စတဲ့ တစ္ခုခုကို အာရံုစူးစိုက္ေစမယ့္ တည္ၿငိမ္ေစမယ့္ အရာအားလံုး ပါဝင္ပါတယ္။

>>>>အသက္ျပင္းျပင္းရႈပါ။ စိတ္ဖိစီးေနတဲ့အခါ စိတ္က်ေနတဲ့ အခါမ်ိဳးမွာ ၅မိနစ္ေလာက္ အနားယူၿပီး အသက္ရႈပါ ။ အသက္ရႈတဲ့ဆီပဲ အာရံုစိုက္ထားတဲ့ အခါ စိတ္ေျပေလ်ာ့မႈကို ခံစားရေစပါတယ္။

>>>>လည္ပင္းနဲ႔ ပုခံုးကို ေရေႏြးဖတ္ေလး ဆယ္မိနစ္ခန္႔ ကပ္ေပးျခင္းကလည္း စိတ္ေျပေလ်ာ့ေစတယ္လို႔ေျပာပါတယ္။

>>>>ေက်ာကို ဆန္႔ လဲေလ်ာင္းၿပီး မ်က္လံုးေတြ ခဏမွိတ္ထားလို႔လည္း ရပါေသးတယ္။

>>>>တက္တက္ႂကြႂကြေနပါ ။ Gymေတြ ေယာဂသင္တန္းေတြ အကသင္တန္းေတြက တဆင့္ စိတ္ဖိစီးမႈေတြ ေျပေလ်ာ့မႈရယူလိုက္ပါ။ ေလ့က်င့္ခန္းလုပ္တဲ့အခါ ထြက္လာတဲ့ endorphins (အန္ေဒါ့ဖင္း ) ေဟာ္မုန္းေတြက စိတ္ကို ျပန္လည္ေပ်ာ္ရႊင္ေအာင္ လန္းဆန္းေအာင္ ျပဳလုပ္ေပးပါတယ္။ ေလ့က်င့္ခန္းမလုပ္ခ်င္ဘူးဆိုတဲ့စိတ္ကို တြန္းလွန္ပါ။ ဆယ္မိနစ္ေလာက္ျဖစ္ျဖစ္ ေလ့က်င့္ခန္းလုပ္မယ္လို႔ ကိုယ့္ကိုယ္ကို ေစ်းျပန္ဆစ္ပါ။ ႏွလံုးခုန္ႏႈန္းေတြ ျပန္လည္ တက္ႂကြလာပါလိမ့္မယ္။Gymမသြားခ်င္တဲ့ေန႔မ်ိဳးမွာလည္း dancing class လိုမ်ိဳး ေယာဂသင္တန္းမ်ိဳး စတဲ့ ေနရာသစ္တစ္ခုကို အခ်စ္ဆံုး သူငယ္ခ်င္းနဲ႔ပဲျဖစ္ျဖစ္ သြားလိုက္ပါ။

>>>>>ဆက္သြယ္ပါ။

မိသားစုနဲ႔ စကားစျမည္ေျပာပါ။ သူငယ္ခ်င္း BFF ေတြဆိုတာကလည္း ရင္ဖြင့္ေဖာ္ေကာင္းပါ။ အိမ္နီးခ်င္းေကာင္းေတြဆီ သြားလည္တာမ်ိဳးကလည္း စိတ္ေျပလက္ေပ်ာက္ဆိုတာမ်ိဳးကို ျဖစ္ေစမွာပါ ။

အေဝးေရာက္ သူငယ္ခ်င္းေတြ ၊ ေဆြမ်ိဳးမိဘေတြနဲ႔ ျဖစ္ျဖစ္ ဖုန္းဆက္သြယ္ေျပာျခင္းကလည္း ကိုယ္တစ္ေယာက္တည္းဆိုတဲ့ ခံစားခ်က္ကို တတ္ႏိုင္သေလာက္ ေျဖေပ်ာက္ေစမွာပါ ။

>>>>Facebook သံုးတာကို ေလွ်ာ့ပါ ။ ဒါမွမဟုတ္ မသံုးဘဲ ေနပါ။ လူေတြဟာ သူတို႔ရဲ႕ အေပ်ာ္ရႊင္ဆံုးကိစၥေတြကိုပဲ Facebook မွာ ေဝမွ်တာျဖစ္တဲ့အတြက္ ပကတိအျမင္ေတြနဲ႔ ကြဲလြဲေနတာကို ကိုယ္ကသိထားေနရင္ေတာင္ပဲ စိတ္က်တာက ပိုျဖစ္ေစပါတယ္။ ကိုယ့္ဘဝကို သူတို႔ highlight လုပ္ျပတဲ့ တစ္ကြက္စာေပ်ာ္ရႊင္မႈ ခမ္းနားမႈေတြနဲ႔ ႏွိုင္းယွဥ္စရာ မလိုအပ္ပါဘူး။ ပိတ္ရက္ေတြမွာ Facebook ကို ကန္႔သတ္လိုက္တာက အေထာက္အကူ ျဖစ္ေစပါတယ္။ Facebook မွာ အားက်ရေအာင္ မနာလိုရေအာင္ျဖစ္လာမယ့္ ျမင္ကြင္းေတြကို ေက်ာ္ခ်လိုက္ပါ။မိမိခ်စ္ခ်င္ရသူေတြကို ဖုန္းနဲ႔ဆက္သြယ္တာ ၊ SMS ပို႔တာေတြ၊ မေတြ႕ရတာၾကာတဲ့သူေတြကို ဆက္သြယ္တာေတြက အဓိပၸာယ္ရွိေသာ ေပ်ာ္ရႊင္တဲ့ တကယ့္လူမႈဘဝကို တည္ေဆာက္လို႔ရပါတယ္။

>>>>လူမႈကြန္ရက္ေတြက ကိုယ့္ကို စိတ္အေႏွာက္အယွက္ေပးႏိုင္ေပမယ့္ စာအုပ္ေကာင္းတစ္အုပ္ကေတာ့ ေအးခ်မ္းမႈ ဗဟုသုတနဲ႔ စိတ္အာဟာရ ျဖစ္ေစမွာပါ။ စာဖတ္ပါ။ေလာကႀကီးမွာ ဘယ္အရာကမွားတယ္ ဘယ္အရာကမွန္တယ္ဆိုတာ သင္ယူလို႔ရမွာပါ။

>>>>ေယာဂေလ့က်င့္ပါ။ ေယာဂဟာ အသံုးဝင္တဲ့ စိတ္ဖိစီးမႈေျဖေလ်ာ့ႏိုင္တဲ့ ေလ့က်င့္ခန္း တစ္မ်ိဳးပါ။ ေယာဂလုပ္တဲ့အခါမွာ လိုက္နာရတဲ့ စည္းမ်ဥ္းစည္းကမ္းေတြက ကိုယ့္ရဲ႕ စိတ္ဖိစီးမႈေတြ ဖိအားေတြကို ရင္ဆိုင္ရာမွာ အေထာက္အကူ ျဖစ္ေစပါတယ္။

>>>>လံုေလာက္စြာ အိပ္စက္ပါ။ အိပ္စက္ျခင္းဟာ ခႏၶာကိုယ္နဲ႔ ဦးေႏွာက္ကို လံုေလာက္စြာ အားအင္ျပန္လည္ျဖည့္တင္းဖို႔ ကူညီေပးပါတယ္။ လံုေလာက္တဲ့ အိပ္ခ်ိန္နဲ႔ သက္ေသာင့္သက္သာ အိပ္စက္ႏိုင္ဖို႔ကလည္း လိုအပ္ပါတယ္။

>>>>စားသံုးပါ။

စိတ္ဖိစီးမႈေတြ ရွိလာတဲ့အခါမွာ လတ္ဆတ္တဲ့ ဟင္းသီးဟင္းရြက္ေတြ သစ္သီးေတြကို စားသံုးေပးသင့္ပါတယ္။ Omega 3 Fatty acid ပါဝင္တဲ့ ငါးကိုလည္း စားသံုးေပးသင့္ပါတယ္။

>>>>လမ္းေလွ်ာက္ထြက္ပါ ။

လတ္ဆတ္တဲ့ ေလကို ဝဝရႈႏိုင္ၿပီး ေသြးလည္ပတ္မႈေကာင္းေစပါတယ္။ ဘာကိုမွ မေတြးဘဲ လမ္းေလွ်ာက္ျခင္းကလည္း စိတ္ဖိစီးမႈကို ေျဖေလ်ာ့ေပးႏိုင္တဲ့ နည္းလမ္းတစ္ခုျဖစ္မွာပါ။

ခြန္းညိဳေသြး

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…

Leave a Reply

Your email address will not be published. Required fields are marked *