ပါဝင်သောဆေး-Ranitidine HCl။
ဆေးပုံစံ-ထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ– အစာအိမ်အနာဖြစ်ခြင်းအမျိုးမျိုး၊ အစာအိမ်ပိုး H.pylori ပိုးကို ကုသသောပိုးသတ်ဆေးများနှင့် တွဲသုံးရန်။ အစာမျိုပြွန်ရောင်ခြင်းနှင့် အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်းများ ကုသရန်။ အစာအိမ် အက်ဆစ်အထွက်များသော Zollinger-Ellison syndrome၊ ခွဲခန်းမဝင်မီ အစာအိမ် အက်ဆစ်အထွက်နည်းစေရန် အသုံးပြုသည်။
သုံးစွဲရန်အညွှန်း- ၅၀မီလီဂရမ် တစ်နေ့ ၃-၄ကြိမ်။ အသားဆေး သို့ အကြောဆေး အနေဖြင့်သုံးနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ သွေးရောဂါရှိသူများ၊ အကြောဆေး လျင်မြန်စွာ သွင်းနေရသူများ။
သတိပြုရမည့်အချက်များ-နှလုံးမကောင်းသူများ၊ စိတ်ရောဂါရှိသူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-မစားချင်မသောက်ချင်ဖြစ်ခြင်း၊ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ စသည်။
ဒေါက်တာချို(ဆေး ၁)