မိုးရာသီ နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

မုတ်သုံနှင့် အတူ မိုးစက်မိုးပေါက်များက တဖွဲဖွဲကျလာကာ မိုးရာသီ ကန့်လန်ကာကြီးကို ဖွင့်လှစ်လိုက်ပေပြီ ။ မိုးချစ်သူများအတွက်တော့ အလွန်ပျော်ရွှင်ရချိန်ကြီးဖြစ်ပြီး အစားအသောက်များ လှိုင်လှိုင်ပေါသော ရာသီလဲ ဖြစ် လမ်းဘေးဝဲယာများတွင် ရာသီပေါ် သီးနှံများ ခေါက်ဆွဲသုပ် ကြာဇံသုပ်လို လက်သုပ်များ တုတ်ထိုးလို အစရှိသဖြင့် လမ်းဘေးစာများက မိုးရာသီအချမ်းနှင့် ဆွဲဆောင်နိုင်လွန်းလှသည် ။ အလျင်စလို အားပါးတရ မစားခင် သတိပြုရမည်မှာ သန့်ရှင်းမှုပင်ဖြစ်သည် ။

မိုးရာသီတွင် အစားအသောက်များသည် ပျက်စီးလွယ်သလို သန့်ရှင်းရေးအားနည်းလျှင် အားနည်းသည့်အလျောက် ရောဂါဘယထူပြောလှသည် ။ မိုးရာသီတွင် မသန့်ရှင်းသော လက်လုပ်ချဉ်များ ၊ လက်သုပ်စုံများ ၊ ယင်နားစာများ ၊ မသန့်ရှင်းသောရေများမှ တဆင့် ဝမ်းရောဂါများ အကြီးအကျယ်ဖြစ်ပေါ်လေ့ရှိပါသည် ။ ထို့အတွက် မိမိကိုယ်တိုင်ရော ပတ်ဝန်းကျင်တွင်ပါ အထူးဂရုပြု နေထိုင်သင့်သည် ။

အဓိက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသော ရောဂါပိုးများ အဓိကဝင်သည့် လမ်းကြောင်းမှာ ပါးစပ်ကတဆင့်ဖြစ်သည် ။ ပါးစပ်ထဲသို့ စားသောအစားအသောက်များမှတဆင့် ရောဂါပိုးများဝင်လာကာ အူသိမ်ကို ရောင်ယမ်းမှု ဖြစ်စေပါသည် ။ ထိုရောင်သော အူများမှ လှုပ်ရှားမှုများလာကာ အစာနှင့်ရေကို ကောင်းကောင်းမစုပ်ယူနိုင်ဘဲ ဝမ်းသွားရသည့်အကြိမ် များလာပါလိမ့်မည် ။ ထို့အပြင် ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ ရေနှင့်ဓာတ်ဆားဓာတ်များ အလွန်အမင်းဆုံးရှုံးရပြီး ရေငတ်ခြင်း ၊ နှုံးခွေခြင်း ၊ ကြွက်တက်ခြင်း ၊ ခြေလက်များအေးစက်ခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး မကုသဘဲ ပေါ့ပေါ့ဆဆနေမိလျှင် ရှော့ဝင်သည်အထိဖြစ်စေပြီး အသက်ဆုံးရှုံးနိုင်ပါသည် ။

တစ်နေ့သုံးလေးခါထက်ပိုသွားပါက ဝမ်းပျက်ဝမ်းလျှောသည်လို့ သတ်မှတ်ထားသော်လည်း မိမိသွားနေကျ အကြိမ်အရေအတွက်ထက် ပိုများပါက ဝမ်းလျှောသည်ဟု ယူဆနိုင်ပါသည် ။

မိုးရာသီတွင် ဝမ်းရောဂါ ကာကွယ်ရန်အတွက်

* ရေကို ကျိုချက်သောက်ပါ

* အစားမစားမီ အစာစားပြီးတိုင်း လက်ကိုဆေးပါ

* ပြင်ပအစားအစာများ တတ်နိုင်သလောက်ရှောင်ရှားပါ

* မိမိအိမ်တွေ သန့်ရှင်းလတ်ဆတ်စွာ သေချာချက်ပြုတ်ထားသော အစားအစာများကို စားပါ

* ထမင်းကျန်ဟင်းကျန်များ အမှည့်လွန် အသီးအနှံများ ရှောင်ကျဉ်ပါ

အကယ်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပါက

• ဓာတ်ဆားရေ များများသောက်ပါ

• ရေကောင်းရေသန့်သောက်ပါ ရေကိုကျိုချက်၍သောက်ပါ

• မာသော အစားအစာများကို ရှောင်ကြဉ်ပါ စွပ်ပြုတ်ကဲ့သို့အရည်များ များများသောက်ပေးပါ

• ရောဂါသက်သာလာလျှင် အာဟာရရှိပြီး ကြေလွယ်သော အစားအစာများ ဆန်ပြုတ်လို ခပ်ပျော့ပျော့ အစားအစာများ စားပေးပါ

အကယ်၍ ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့အတူ အဖျားရှိလျှင် ၊ ပျော့ခွေနေလျှင် ၊ မျက်တွင်းချိုင့်နေလျှင် ၊ သွေးပေါင်ချိန် ကျဆင်းပြီး ခြေလက်များအေးစက်နေလျှင် နီးစပ်ရာ ဆေးရုံ ဆေးခန်း အရေးပေါ်ဌာနများသို့
အမြန်ဆုံး သွားရောက်ပြသပါ ။

ထို့အပြင် ဝမ်းလျှောရောဂါသည် နို့စိုအရွယ် ကလေးငယ်များတွင် ပိုမိုဖြစ်စေတတ်ပါသည် ။ ကလေးငယ်များသည် တွေ့ကရာပစ္စည်းများ ပါးစပ်ထဲသို့ ထိုးထည့်တတ်ခြင်းကြောင့် ရောဂါပိုးဂဝင်လွယ်ပါသည် ။ ထိုအချိန်တွင် နို့တိုက်ခြင်းကို မရပ်ထားသင့်ပါ ။ နို့တိုက်ခြင်း ရပ်ထားပါက ရေနှင့် ဓာတ်ဆားဓာတ် ပိုမို လျော့နည်းစေပြီး သတိလစ်ခြင်း ၊ ငယ်ထိပ်ချိုင့်ခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်း သို့သွားရောက်ပြသသင့်ပါသည် ။

အဓိကအားဖြင့်ဆိုလျှင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် အခြားရာသီ ဥတုများထက် မိုးရာသီတွင် အဖြစ်များတတ်ပါသည် ။ ဤရောဂါအား အမှုမဲ့ အမှတ်မဲ့ထားကာ လစ်လျူရှုနေပါက ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ လျော့နည်းမှုကြောင့် ဇီဝကမ္မဖြစ်စဉ်များ ချို့ယွင်းပြီး အသက်အန္တရာယ်ရှိစေနိုင်သဖြင့် ဤမိုးဥတု အခါသမယတွင် အထူးဂရုပြုကြဖို့ တိုက်တွန်းလိုက်ရပါသည် ။

ဒေါက်တာ ရှိန်းသူဟန်

မိုးရာသီ ႏွင့္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ

မုတ္သံုႏွင့္ အတူ မိုးစက္မိုးေပါက္မ်ားက တဖြဲဖြဲက်လာကာ မိုးရာသီ ကန္႔လန္ကာႀကီးကို ဖြင့္လွစ္လိုက္ေပၿပီ ။ မိုးခ်စ္သူမ်ားအတြက္ေတာ့ အလြန္ေပ်ာ္ရႊင္ရခ်ိန္ႀကီးျဖစ္ၿပီး အစားအေသာက္မ်ား လိႈင္လိႈင္ေပါေသာ ရာသီလဲ ျဖစ္ လမ္းေဘးဝဲယာမ်ားတြင္ ရာသီေပၚ သီးႏွံမ်ား ေခါက္ဆြဲသုပ္ ၾကာဇံသုပ္လို လက္သုပ္မ်ား တုတ္ထိုးလို အစရွိသျဖင့္ လမ္းေဘးစာမ်ားက မိုးရာသီအခ်မ္းႏွင့္ ဆြဲေဆာင္ႏိုင္လြန္းလွသည္ ။ အလ်င္စလို အားပါးတရ မစားခင္ သတိျပဳရမည္မွာ သန္႔ရွင္းမႈပင္ျဖစ္သည္ ။

မိုးရာသီတြင္ အစားအေသာက္မ်ားသည္ ပ်က္စီးလြယ္သလို သန္႔ရွင္းေရးအားနည္းလွ်င္ အားနည္းသည့္အေလ်ာက္ ေရာဂါဘယထူေျပာလွသည္ ။ မိုးရာသီတြင္ မသန္႔ရွင္းေသာ လက္လုပ္ခ်ဥ္မ်ား ၊ လက္သုပ္စံုမ်ား ၊ ယင္နားစာမ်ား ၊ မသန္႔ရွင္းေသာေရမ်ားမွ တဆင့္ ဝမ္းေရာဂါမ်ား အႀကီးအက်ယ္ျဖစ္ေပၚေလ့ရွိပါသည္ ။ ထို႔အတြက္ မိမိကိုယ္တိုင္ေရာ ပတ္ဝန္းက်င္တြင္ပါ အထူးဂ႐ုျပဳ ေနထိုင္သင့္သည္ ။

အဓိက ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ေစေသာ ေရာဂါပိုးမ်ား အဓိကဝင္သည့္ လမ္းေၾကာင္းမွာ ပါးစပ္ကတဆင့္ျဖစ္သည္ ။ ပါးစပ္ထဲသို႔ စားေသာအစားအေသာက္မ်ားမွတဆင့္ ေရာဂါပိုးမ်ားဝင္လာကာ အူသိမ္ကို ေရာင္ယမ္းမႈ ျဖစ္ေစပါသည္ ။ ထိုေရာင္ေသာ အူမ်ားမွ လႈပ္ရွားမႈမ်ားလာကာ အစာႏွင့္ေရကို ေကာင္းေကာင္းမစုပ္ယူႏိုင္ဘဲ ဝမ္းသြားရသည့္အႀကိမ္ မ်ားလာပါလိမ့္မည္ ။ ထို႔အျပင္ ဝမ္းေလွ်ာျခင္းေၾကာင့္ ခႏၶာကိုယ္အတြင္းမွ ေရႏွင့္ဓာတ္ဆားဓာတ္မ်ား အလြန္အမင္းဆံုးရႈံးရၿပီး ေရငတ္ျခင္း ၊ နံႈးေခြျခင္း ၊ ႂကြက္တက္ျခင္း ၊ ေျခလက္မ်ားေအးစက္ျခင္းမ်ား ျဖစ္ေပၚလာႏိုင္ၿပီး မကုသဘဲ ေပါ့ေပါ့ဆဆေနမိလွ်င္ ေရွာ့ဝင္သည္အထိျဖစ္ေစၿပီး အသက္ဆံုးရႈံးႏိုင္ပါသည္ ။

တစ္ေန႔သံုးေလးခါထက္ပိုသြားပါက ဝမ္းပ်က္ဝမ္းေလွ်ာသည္လို႔ သတ္မွတ္ထားေသာ္လည္း မိမိသြားေနက် အႀကိမ္အေရအတြက္ထက္ ပိုမ်ားပါက ဝမ္းေလွ်ာသည္ဟု ယူဆႏိုင္ပါသည္ ။

မိုးရာသီတြင္ ဝမ္းေရာဂါ ကာကြယ္ရန္အတြက္

* ေရကို က်ဳိခ်က္ေသာက္ပါ

* အစားမစားမီ အစာစားၿပီးတိုင္း လက္ကိုေဆးပါ

* ျပင္ပအစားအစာမ်ား တတ္ႏိုင္သေလာက္ေရွာင္ရွားပါ

* မိမိအိမ္ေတြ သန္႔ရွင္းလတ္ဆတ္စြာ ေသခ်ာခ်က္ျပဳတ္ထားေသာ အစားအစာမ်ားကို စားပါ

* ထမင္းက်န္ဟင္းက်န္မ်ား အမွည့္လြန္ အသီးအႏွံမ်ား ေရွာင္က်ဥ္ပါ

အကယ္၍ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ပြားပါက

• ဓာတ္ဆားေရ မ်ားမ်ားေသာက္ပါ

• ေရေကာင္းေရသန္႔ေသာက္ပါ ေရကိုက်ဳိခ်က္၍ေသာက္ပါ

• မာေသာ အစားအစာမ်ားကို ေရွာင္ၾကဥ္ပါ စြပ္ျပဳတ္က့ဲသို႔အရည္မ်ား မ်ားမ်ားေသာက္ေပးပါ

• ေရာဂါသက္သာလာလွ်င္ အာဟာရရွိၿပီး ေၾကလြယ္ေသာ အစားအစာမ်ား ဆန္ျပဳတ္လို ခပ္ေပ်ာ့ေပ်ာ့ အစားအစာမ်ား စားေပးပါ

အကယ္၍ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါနဲ႔အတူ အဖ်ားရွိလွ်င္ ၊ ေပ်ာ့ေခြေနလွ်င္ ၊ မ်က္တြင္းခ်ဳိင့္ေနလွ်င္ ၊ ေသြးေပါင္ခ်ိန္ က်ဆင္းၿပီး ေျခလက္မ်ားေအးစက္ေနလွ်င္ နီးစပ္ရာ ေဆးရံု ေဆးခန္း အေရးေပၚဌာနမ်ားသို႔
အျမန္ဆံုး သြားေရာက္ျပသပါ ။

ထို႔အျပင္ ဝမ္းေလွွ်ာေရာဂါသည္ ႏို႔စိုအရြယ္ ကေလးငယ္မ်ားတြင္ ပိုမိုျဖစ္ေစတတ္ပါသည္ ။ ကေလးငယ္မ်ားသည္ ေတြ႕ကရာပစၥည္းမ်ား ပါးစပ္ထဲသို႔ ထိုးထည့္တတ္ျခင္းေၾကာင့္ ေရာဂါပိုးဂဝင္လြယ္ပါသည္ ။ ထိုအခ်ိန္တြင္ ႏို႔တိုက္ျခင္းကို မရပ္ထားသင့္ပါ ။ ႏို႔တိုက္ျခင္း ရပ္ထားပါက ေရႏွင့္ ဓာတ္ဆားဓာတ္ ပိုမို ေလ်ာ့နည္းေစၿပီး သတိလစ္ျခင္း ၊ ငယ္ထိပ္ခ်ဳိင့္ျခင္းမ်ား ျဖစ္ေပၚလာပါက နီးစပ္ရာ ေဆးရံုေဆးခန္း သို႔သြားေရာက္ျပသသင့္ပါသည္ ။

အဓိကအားျဖင့္ဆိုလွ်င္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါသည္ အျခားရာသီ ဥတုမ်ားထက္ မိုးရာသီတြင္ အျဖစ္မ်ားတတ္ပါသည္ ။ ဤေရာဂါအား အမႈမ့ဲ အမွတ္မ့ဲထားကာ လစ္လ်ဴရႈေနပါက ခႏၶာကိုယ္တြင္းရွိ ေရႏွင့္ဓာတ္ဆားဓာတ္မ်ား ေလ်ာ့နည္းမႈေၾကာင့္ ဇီဝကမၼျဖစ္စဥ္မ်ား ခ်ဳိ႕ယြင္းၿပီး အသက္အႏၲရာယ္ရွိေစႏိုင္သျဖင့္ ဤမိုးဥတု အခါသမယတြင္ အထူးဂ႐ုျပဳၾကဖို႔ တိုက္တြန္းလိုက္ရပါသည္ ။

ေဒါက္တာ ရွိန္းသူဟန္

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *