မိုးရာသီနဲ့COVID19

မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်

St.Christopher’s Hospital for Children မှ ပါမောက္ခ ဒေါက်တာ Alan Evangelista က ကိုရိုနာဗိုင်းရပ်စ်နဲ့ အအေးမိတုပ်ကွေးဝေဒနာအကြောင်းကိုနှစ်ပေါင်းများစွာသုတေသနပြုနေသူတစ်ဦးပဲဖြစ်ပါတယ် သူကဆိုရာမှာတော့ စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုးရဲ့ အရွယ်အစားကိုကြီးလာစေပြီး လေထုထဲကနေတဆင့်ခန္ဒာကိုယ်ထဲကို မြန်မြန်ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့တဲ့အခါ လျင်မြန်စွာသေဆုံးလေ့ရှိပါတယ်။ အခန်းအပူချိန် နိမ့်ကျတဲ့အခါ နဲ့စိုထိုင်းစနိမ့်တဲ့အခါမျိုးမှာရှင်သန်နိုင်ပါတယ်။

မိုးရာသီမှာတော့ ထိုင်းနိုင်ငံမှာ နှစ်စဉ် ရာသီတုပ်ကွေးပိုးဝင်ရောက်လေ့ရှိပါတယ်။အဲ့ဒီလိုပါပဲ ကျွန်တော်တို့နိုင်ငံမှာလည်း ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးရဲ့ဒဏ်ကိုခံစားရလေ့ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဒေသပေါင်း ၃၆ခုမှာ သေဆုံးသူ ၁သိန်း၄သောင်းကျော်ရှိခဲ့ပြီး လေ့လာမှုတွေအရ အနောက်တောင်မုတ်သုံရာသီမှာ ရောဂါဖြစ်ပွားမှုကအဓိကအနေနဲ့ဖြစ်ပြီးမုတ်သုံအပြီးကာလကလည်း အရေးကြီးတယ်လို့ဆိုပါတယ်။  မိုးရာသီကာလမှာ ကာလဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေး စတဲ့ ဝေဒနာတွေလည်းရှိသလို ရာသီတုပ် ကွေးနဲ့ကိုရိုနာဗိုင်းရပ်စ်ပိုးတွေကိုကာကွယ်ဖို့ရာ အတွက်ကိုလည်း အခြေခံအချက်တေ ွအားဖြင့်တူညီပါတယ်။ ဗီတာမင်ဒီ နဲ့ဗီတာမင်ဘီဟာ ကိုဗစ်ကြောင့်သေဆုံးမှုတွေကို ကာကွယ်ဖို့ရာလည်း အရေးပါပါတယ်။

ဒီနှစ်မျိုးလုံးက အသက်ရှူလမ်းကြောင်းကနေဝင်ရောက်တာဖြစ်ပါတယ်။ မိုးရာသီမှာ ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးကူးစက်ခြင်းက မြင့်မားသလိုပဲ Covid19ဗိုင်းရပ်စ်ပိုးကူးစက်မှုကလည်း မြင့်မားလာမှာဖြစ်ပါတယ်။ လက်များကိုမကြာခဏဆေးကြောခြင်း ၊ နှာခေါင်းစီးတပ်ဆင်ခြင်း၊ အာဟာရပြည့်ဝပြီး ပူနွေးတဲ့အစားအစာများကိုစားခြင်း၊ တကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ ကိုသာအသုံးပြုခြင်း ၊ လူနေထူထပ်ရာနေရာများကိုရှောင်ကြဉ်ခြင်း၊ အနည်းဆုံး ၂မီတာ အကွာအဝေးမှာနေထိုင်ခြင်း၊ မသန့်စင်ထားတဲ့လက်များနဲ့ မျက်စိ၊နှာခေါင်း၊ နှုတ်ခမ်းများကို ကိုင်တွယ်ခြင်းမှရှောင်ကြဉ်ခြင်း၊ ၊ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ နေထိုင်ခြင်းတွေကို အလေးထားသင့်ပါတယ်။ မိုးရေကြောင့် နှာခေါင်းစီးMaskတွေကိုရေထိတဲ့အခါမျိုးမှာ ရောဂါပိုးနဲ့ဘက်တီးရီးယားပိုးတွေကို အပြည့်အဝမကာကွယ်နိုင်ဘဲရှိတတ်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ အပြင်ထွက်တဲ့အခါ Mask အပိုတစ်ခုဆောင်ထားသင့်ပါတယ်။ လူတစ်ဦးခြင်းစီမှာနှာချေချောင်းဆိုးလိုက်တဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာသေးငယ်တဲ့အစက်လေးများကို လေထဲကိုထုတ်ပစ်လိုက်တတ်ပါတယ်။ နေမကောင်းလို့ဖျားနာနေချိန်မှာလည်း အဲ့ဒီအမှုန်လေးတွေက သူ့အနီးအနားကနေတခြားသူတွေဆီ ကူးစက်တတ်ပါတယ်။

ဒေါက်တာနိုင်း(ဆေး-၁)

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…