မိုးမိပြီး ခေါင်းကိုက်တဲ့အခါ
ခေါင်းကိုက်နိုင်တဲ့ အကြောင်းပေါင်းများစွာရှိပေမဲ့ လူတိုင်းကို အနည်းနဲ့အများ ထိခိုက်စေနိုင်တဲ့ အကြောင်းကတော့ ရာသီဥတုပါ။ အထူးသဖြင့်ပြောရရင်တော့ မိုးရေပေါ့။ မိုးရာသီမှာ မိုးရေစိုတာ သဘာဝတစ်ခုဖြစ်သလိုပဲ မိုးမိပြီးရင် ခေါင်းကိုက်တတ်တာ ဖြစ်နေကျ ပြဿနာတစ်ခုဖြစ်ပါတယ်။
✔ဘာကြောင့်ကိုက်လဲ ??
– ခေါင်းကိုက်တာက အအေးမိဖျားနာနဲ့ တုပ်ကွေးရောဂါတွေရဲ့ ကနဦးလက္ခဏာတစ်ခုဖြစ်နိုင်သလို မဖျားဘဲလည်း ကိုက်နိုင်ပါတယ်။
-ပတ်ဝန်းကျင်လေထုဖိအားကျဆင်းလာမှုနဲ့ စိုထိုင်းဆမြင့်တက်လာမှုကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။
– ခေါင်းတစ်ခြမ်းကိုက်(Migraine)ရောဂါအခံ ရှိသူတွေမှာလည်း မိုးရေစိုတဲ့အခါ ရောဂါပြန်ကြွလာတတ်ပါတယ်။
– မိုးရေကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ သွားလာလုပ်ကိုင်ရခက်တဲ့အခါ စိတ်ဖိစီးမှုကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။
✔မိုးရေစိုပြီး ခေါင်းကိုက်လာရင် ဘာလုပ်မလဲ ??
– အရင်ဆုံး ခြောက်သွေ့ နွေးထွေးအောင်နေပါ။
– ရေနွေးပူပူ၊ ကော်ဖီ၊ လက်ဖက်ရည် သို့မဟုတ် နွားနို့ပူပူတစ်ခွက်သောက်ပါ။
– ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာတစ်ခုမှာ သက်သောင့်သက်သာ အနားယူပါ။
– အိပ်ရေးဝအောင် အိပ်လိုက်ပါ။
– အချိန်မှန် အာဟာရပြည့်ဝအောင် စားသောက်ပါ။
– ဖုန်း တီဗွီ နဲ့ ကွန်ပျူတာအသုံးပြုတာတွေ ခဏ နားပါ။
– သိပ်ကိုက်ရင် ပုံမှန်ထက်ပိုကိုက်ရင်တော့ ဆရာဝန်ပြပါ။
ခေါင်းကိုက်ဝေဒနာကင်းကြပါစေ..
Dr ဖြိုးဝေလင်း
(7.8.19)