ပါဝင်သောဆေး-Rabeprazole Na, domperidone။
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- အစာအိမ်အနာ၊ အူအနာဖြစ်ခြင်းနှင့် အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်း ကုသရန်။
သုံးစွဲရန်အညွှန်း- တစ်နေ့ ၁ လုံး ၄-၈ ပတ်။
အစာနှင့်စားရန်သင့်မသင့်- အစားမစားခင် ၁၅-၃၀ ကြို၍သောက်ပါ။ ဆေးကိုဝါးမစားရ။ ဆေးအလုံးလိုက် မျိုချသောက်သုံးပါ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။ prolactin အကျိတ်ရှိသူများ၊ အသည်းမကောင်းသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်း သွေးထွက်ခြင်း၊ ပေါက်ခြင်း၊ ပိတ်ခြင်း။
သတိပြုရမည့်အချက်များ-ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရန်။ ကြာရှည်မသုံးသင့်ပါ။
ဘေးထွက်ဆိုးကျိုး-ခေါင်းကိုက်ခြင်း၊ ၀မ်းလျောခြင်း၊ ဗိုက်အောင့်ခြင်း၊ နှုံးချိခြင်း၊ လေပွခြင်း၊ ကိုယ်ပေါ်တွင် အနီစက်များထွက်ခြင်း၊ နေလောင်ခြင်း၊ အာခြောက်ခြင်း၊ ပိုးဝင်ခြင်း၊ ညအိပ်မပျော်ခြင်း၊ ချောင်းဆိုးခြင်း၊ ကျောအောင့်ခြင်း၊ နှာစီးခြင်း နှင့် အခြားသော လက္ခဏာများ။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဤဆေးကို သွေးကျဲဆေး၊ မှိုသတ်ဆေး၊ နှလုံးဆေးများနှင့် တွဲဖက်သောက်သုံးပါက သွေးတွင်း သွေးခဲစေသောဓာတ်နှင့် သွေးခဲရန်ကြာချိန်ကို စစ်ဆေးနေသင့်ပါသည်။
ဒေါက်တာချို(ဆေး ၁)