ခွေးရူးပြန်ရောဂါ
ခွေးရူးပြန်ရောဂါဆိုသည်မှာ သွေးနွေးတိရစ္ဆာန်များမှလူ နှင့် လူအချင်းချင်း ကူးစက်သော ကူးစက်ရောဂါဖြစ်ပါသည်။
ပိုးအမျိုးအစား-ခွေးရူးပြန်ရောဂါ ဗိုင်းရပ်ပိုး
အရှေ့တောင်အာရှနိုင်ငံများတွင် ရောဂါဖြစ်ခြင်း၏ ၉၆ ရာခိုင်နှုန်းခန့် သည် ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်ပါသည်။ ကြောင်၊ မြွေပါ၊ မြေခွေး၊ ခွေးအ၊ ဝံပုလွေနှင့် အခြားသောတိရစ္ဆာန်များမှလည်း ကူးစက်နိုင်ပါသည်။ မျောက်နှင့် ကြွက်၊ မြင်းနှင့် မြည်းမှ ကူးစက်မှုနည်းပါသည်။
ကူးစက်တတ်သောနည်းလမ်းများ
- ရောဂါပိုးသယ်ဆောင်ထားသောသွေးနွေးတိရစ္ဆာန်များ အကိုက်ခံရခြင်း၊ ကုတ်ခြစ်ခံရခြင်း
- ဒဏ်ရာအနာတရများပေါ်သို့ ရောဂါပိုးသယ်ဆောင်ထားသောသွေးနွေးတိရစ္ဆာန်များ လျှာဖြင့်လျှက်ခြင်း
- ရောဂါပိုးသယ်ဆောင်ထားသောလင်းနို့များနေ ဂူတွင်း ရှိလေမှ တစ်ဆင့် ကူးစက်ခြင်း
- ရောဂါဖြစ်သောလူ၏ မျက်ကြည်လွှာ အစားထိုးခြင်း
- ရောဂါပိုးရှိသော ဓာတ်ခွဲခန်းသုံး နမူနာ များကိုင်တွယ်ခြင်း
- ရောဂါဖြစ်နေသူကို အနီးကပ်စောင့်ရှောက်ရခြင်း စသည်တို့ကြောင့် ကူးစက်နိုင်ပါသည်။
ရောဂါလက္ခဏာများ
ရောဂါပိုးထိတွေ့သည့်နေရာ(ဥပမာ-ခွေးကိုက်ခံရသောနေရာ) ပေါ်မူတည်၍ ရောဂါပျိုးချိန်ကြာချိန် ကွာတတ်ပါသည်။ ရောဂါပျိုးချိန်ဆိုသည်မှာ ပိုးဝင်သည့် အချိန်မှစ၍ ရောဂါလက္ခဏာပြသည့် အချိန်ကို ဆိုလိုပါသည်။ ရောဂါပျိုးချိန်-ရက်အနည်းငယ်မှသည် နှစ်အနည်းငယ်အထိ ကြာတတ်ပါသည်။ တိရစ္ဆာန်များတွင်
- ရန်လိုခြင်း
- အကြောင်းမရှိဘဲ ကိုက်ခြင်း
- အသံပြောင်းလဲခြင်း သို့ အသံမပြုနိုင်ခြင်း
- ပါးစပ်မှ သွားရည်တမြားမြားကျခြင်း
အမြှပ်များထွက်ကျနေခြင်း ဖြစ်ပါက ခွေးရူးပြန်ရောဂါဖြစ်နေနိုင်ပြီး ဤကဲ့သို့ တိရစ္ဆာန်များ တွေ့ပါက နီးစပ်ရာ ကျန်းမာရေးဝန်ကြီးဌာနသို့ အကြောင်းကြားရပါမည်။
လူတွင်ဖြစ်တတ်သော ခွေးရူးပြန်ရောဂါ လက္ခဏာ အမျိုးအစား ၂ မျိုးရှိပါသည်။
၁။ ရန်လိုတတ်သော ရောဂါလက္ခဏာများပြသောအမျိုးအစားနှင့်
၂။ အကြောသေအမျိုးအစား တို့ဖြစ်ပါသည်။
ခွေးရူးပြန်ရောဂါ၏ ရောဂါလက္ခဏာများမှာ
- အကိုက်ခံရသောနေရာတွင် နာကျင်ခြင်း၊ ထုံခြင်း
- အဖျားတက်ခြင်း
- ခေါင်းကိုက်ခြင်း၊ နှုံးခြင်း
- ၁၀ ရက်ခန့်အကြာတွင် စိတ်လှုပ်ရှားခြင်း၊ ရန်လိုခြင်း၊ စိတ်တိုခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း
- စိတ်ဓာတ်ကျခြင်း
- အလင်းရောင်၊ အသံ၊ လေတိုးခြင်းစသည်တို့ကို ခံနိုင်ရည်မရှိခြင်း
- ရောဂါရင့်လာသောအခါ ရေကိုမြင်ရုံမျှဖြင့် လည်ပင်းကြွက်သားများညှစ်သဖြင့် လည်ပင်းတစ်ဆို့ခြင်း၊ ထို့ကြောင့် ရေကြောက်ခြင်း
- ကိုက်ခြင်း၊ တက်ခြင်း၊
- အချို့သောသူများတွင် အကြောသေ၊ လေဖြတ်ခြင်း
- သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။
ခွေးရူးပြန်ရောဂါ လက္ခဏာများပြပါက ပျောက်ကင်းအောင်ကုသရန် ခဲယဉ်းပါသည်။
- လူနာသက်သာစေရန်
- နာကျင်မှုများသက်သာစေရန်
- ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။
ထို့ကြောင့် ခွေးရူးပြန်ရောဂါသည် ကုသရန်ထက် ကာကွယ်ခြင်းသည်သာ အဓိကဖြစ်ပါသည်။
- အိမ်မွေးတိရစ ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်း
- ခွေးရူးပြန်ရောဂါဖြစ်နေသော သို့ သံသယဖြစ်ဖွယ်ရှိသော တိရစ ္ဆာန်များကို ထိန်းသိမ်းထားခြင်း
- အခြားနေရာမှသွင်းလာသော တိရစ ္ဆာန်များကို သီးခြားထားခြင်း
- အကိုက်မခံရအောင် ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ်နိုင်ပါသည်။
ထို့ပြင် တိရစ ္ဆာန်အကိုက်ခံရပါလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။
ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း။
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးပြန်ကာကွယ်ဆေးကို ကူးစက်နိုင်ချေရှိသောမည်သူမဆို ကြိုတင်ထိုးထားရန်လိုအပ်သကဲ့သို့ ခွေးကိုက်ခံရပါကလည်း စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။
ဝ၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။
တိရစ္ဆာန်အကိုက်ခံရသူများသည် ကာကွယ်ဆေးထိုးရုံမကဘဲ အဆိပ်ဖြေဆေးကိုလည်းထိုးရပါမည်။ ထို့အပြင် မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။
ရီချို(ဆေး ၁)
ေခြးရူးျပန္ေရာဂါ
ေခြးရူးျပန္ေရာဂါဆိုသည္မွာ ေသြးေႏြးတိရစၦာန္မ်ားမွွလူ နွင့္ လူအခ်င္းခ်င္း ကူးစက္ေသာ ကူးစက္ေရာဂါျဖစ္ပါသည္။
ပိုးအမ်ိဳးအစား-ေခြးရူးျပန္ေရာဂါ ဗိုင္းရပ္ပိုး
အေရွ႕ေတာင္အာရွနိုင္ငံမ်ားတြင္ ေရာဂါျဖစ္ျခင္း၏ ၉၆ ရာခိုင္ႏႈန္းခန္႔ သည္ ေခြးကိုက္ခံရျခင္းေၾကာင့္ျဖစ္ပါသည္။ ေၾကာင္၊ ေျမြပါ၊ ေျမေခြး၊ ေခြးအ၊ ဝံပုေလြနွင့္ အျခားေသာတိရစၦာန္မ်ားမွလည္း ကူးစက္နိုင္ပါသည္။ ေမ်ာက္နွင့္ ၾကြက္၊ ျမင္းနွင့္ ျမည္းမွ ကူးစက္မႈနည္းပါသည္။
ကူးစက္တတ္ေသာနည္းလမ္းမ်ား
- ေရာဂါပိုးသယ္ေဆာင္ထားေသာေသြးေႏြးတိရစၦာန္မ်ား အကိုက္ခံရျခင္း၊ ကုတ္ျခစ္ခံရျခင္း
- ဒဏ္ရာအနာတရမ်ားေပၚသို႔ ေရာဂါပိုးသယ္ေဆာင္ထားေသာေသြးေႏြးတိရစၦာန္မ်ား လွ်ာျဖင့္လ်ွက္ျခင္း
- ေရာဂါပိုးသယ္ေဆာင္ထားေသာလင္းနို႔မ်ားေန ဂူတြင္း ရွိေလမွ တစ္ဆင့္ ကူးစက္ျခင္း
- ေရာဂါျဖစ္ေသာလူ၏ မ်က္ၾကည္လႊာ အစားထိုးျခင္း
- ေရာဂါပိုးရွိေသာ ဓာတ္ခြဲခန္းသံုး နမူနာ မ်ားကိုင္တြယ္ျခင္း
- ေရာဂါျဖစ္ေနသူကို အနီးကပ္ေစာင့္ေရွာက္ရျခင္း စသည္တို႔ေၾကာင့္ ကူးစက္နိုင္ပါသည္။
ေရာဂါလကၡဏာမ်ား
ေရာဂါပိုးထိေတြ႔သည့္ေနရာ(ဥပမာ-ေခြးကိုက္ခံရေသာေနရာ) ေပၚမူတည္၍ ေရာဂါပ်ိဳးခ်ိန္ၾကာခ်ိန္ ကြာတတ္ပါသည္။ ေရာဂါပ်ိဳးခ်ိန္ဆိုသည္မွာ ပိုးဝင္သည့္ အခ်ိန္မွစ၍ ေရာဂါလကၡဏာျပသည့္ အခ်ိန္ကို ဆိုလိုပါသည္။ ေရာဂါပ်ိဳးခ်ိန္-ရက္အနည္းငယ္မွသည္ နွစ္အနည္းငယ္အထိ ၾကာတတ္ပါသည္။ တိရစၦာန္မ်ားတြင္
- ရန္လိုျခင္း
- အေၾကာင္းမရွိဘဲ ကိုက္ျခင္း
- အသံေျပာင္းလဲျခင္း သို႔ အသံမျပဳနိုင္ျခင္း
- ပါးစပ္မွ သြားရည္တျမားျမားက်ျခင္း
အျမွပ္မ်ားထြက္က်ေနျခင္း ျဖစ္ပါက ေခြးရူးျပန္ေရာဂါျဖစ္ေနနိုင္ျပီး ဤကဲ့သို႔ တိရစၦာန္မ်ား ေတြ႔ပါက နီးစပ္ရာ က်န္းမာေရးဝန္ၾကီးဌာနသို႔ အေၾကာင္းၾကားရပါမည္။
လူတြင္ျဖစ္တတ္ေသာ ေခြးရူးျပန္ေရာဂါ လကၡဏာ အမ်ိဳးအစား ၂ မ်ိဳးရွိပါသည္။
၁။ ရန္လိုတတ္ေသာ ေရာဂါလကၡဏာမ်ားျပေသာအမ်ိဳးအစားနွင့္
၂။ အေၾကာေသအမ်ိဳးအစား တို႔ျဖစ္ပါသည္။
ေခြးရူးျပန္ေရာဂါ၏ ေရာဂါလကၡဏာမ်ားမွာ
- အကိုက္ခံရေသာေနရာတြင္ နာက်င္ျခင္း၊ ထံုျခင္း
- အဖ်ားတက္ျခင္း
- ေခါင္းကိုက္ျခင္း၊ ႏႈံးျခင္း
- ၁၀ ရက္ခန္႔အၾကာတြင္ စိတ္လႈပ္ရွားျခင္း၊ ရန္လိုျခင္း၊ စိတ္တိုျခင္း၊ ထင္ေယာင္ထင္မွားျဖစ္ျခင္း
- စိတ္ဓာတ္က်ျခင္း
- အလင္းေရာင္၊ အသံ၊ ေလတိုးျခင္းစသည္တို႔ကို ခံနိုင္ရည္မရွိျခင္း
- ေရာဂါရင့္လာေသာအခါ ေရကိုျမင္ရံုမွ်ျဖင့္ လည္ပင္းၾကြက္သားမ်ားညွစ္သျဖင့္ လည္ပင္းတစ္ဆို႔ျခင္း၊ ထို႔ေၾကာင့္ ေရေၾကာက္ျခင္း
- ကိုက္ျခင္း၊ တက္ျခင္း၊
- အခ်ိဳ႕ေသာသူမ်ားတြင္ အေၾကာေသ၊ ေလျဖတ္ျခင္း
- ေသဆံုးသည္အထိ ျဖစ္တတ္ပါသည္။
ေခြးရူးျပန္ေရာဂါ လကၡဏာမ်ားျပပါက ေပ်ာက္ကင္းေအာင္ကုသရန္ ခဲယဥ္းပါသည္။
- လူနာသက္သာေစရန္
- နာက်င္မႈမ်ားသက္သာေစရန္
- ေရာဂါလကၡဏာမ်ား သက္သာေစရန္သာ ျပဳလုပ္နိုင္ပါသည္။
ထို႔ေၾကာင့္ ေခြးရူးျပန္ေရာဂါသည္ ကုသရန္ထက္ ကာကြယ္ျခင္းသည္သာ အဓိကျဖစ္ပါသည္။
- အိမ္ေမြးတိရစ ၦာန္မ်ားကို ကာကြယ္ေဆးထိုးေပးျခင္း
- ေခြးရူးျပန္ေရာဂါျဖစ္ေနေသာ သို႔ သံသယျဖစ္ဖြယ္ရွိေသာ တိရစ ၦာန္မ်ားကို ထိန္းသိမ္းထားျခင္း
- အျခားေနရာမွသြင္းလာေသာ တိရစ ၦာန္မ်ားကို သီးျခားထားျခင္း
- အကိုက္မခံရေအာင္ ဂရုစိုက္ျခင္းျဖင့္ ေရာဂါကိုကာကြယ္နိုင္ပါသည္။
ထို႔ျပင္ တိရစ ၦာန္အကိုက္ခံရပါလည္း နီးစပ္ရာေဆးရံု၊ ေဆးခန္းမ်ားတြင္ ေခြးရူးျပန္ကာကြယ္ေဆး ထိုးထားသင့္ပါသည္။
ေခြးရူးျပန္ေရာဂါ မျဖစ္ေအာင္ မည္သို႔ ကာကြယ္နိုင္ပါသနည္း။
ေခြးရူးျပန္ေရာဂါ ကာကြယ္ေဆးႏွင့္ ေရာဂါပိုးအဆိပ္ေျဖေဆးဟူ၍ ၂မ်ိဳးရွိပါသည္။ ေခြးရူးျပန္ကာကြယ္ေဆးကို ကူးစက္နိုင္ေခ်ရွိေသာမည္သူမဆို ၾကိဳတင္ထုိးထားရန္လိုအပ္သကဲ့သို႔ ေခြးကိုက္ခံရပါကလည္း ေစာနိုင္သမ်ွေစာေစာ ကာကြယ္ေဆးထိုးထားသင့္ပါသည္။
၀၊ ၇၊ ၂၁ရက္အတိုင္း အနည္းဆံုး ၃ၾကိမ္ထိုးရန္လိုအပ္ပါသည္။ ပထမရက္တြင္ ေဆး၂လံုးထိုးရမည္ ျဖစ္၍ စုစုေပါင္း ကာကြယ္ေဆး ၄လံုး ထိုးရပါမည္။
တိရစာၦန္အကိုက္ခံရသူမ်ားသည္ ကာကြယ္ေဆးထိုးရုံမကဘဲ အဆိပ္ေျဖေဆးကိုလည္းထိုးရပါမည္။ ထို႔အျပင္ ေမးခိုင္ေရာဂါကာကြယ္ေဆးကိုပါ ထိုးသင့္ပါသည္။
ရီခ်ိဳ(ေဆး ၁)