ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- အစာအိမ်အနာ၊ အူအနာဖြစ်ခြင်းနှင့် အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်း ကုသရန်။ အစာအိမ် အက်ဆစ်အထွက်များသော Zollinger-Ellison syndrome၊ H.pylori ပိုးကုသရန်တွဲအသုံးပြုပါသည်။
သုံးစွဲရန်အညွှန်း- နေ့စဉ် ၁၀-၂၀ မီလီဂရမ် ၄-၈ ပတ်။ Zollinger-Ellison syndrome တွင် ၆၀-၁၀၀မီလီဂရမ် အထိသုံးစွဲနိုင်ပါသည်။
အစာနှင့်စားရန်သင့်မသင့်- အစားရှိရှိ မရှိရှိ သောက်နိုင်ပါသည်။ ဆေးကို ၀ါးစားခြင်း၊ ချေခြင်းမပြုလုပ်ရ။ ဆေးကို အလုံးလိုက် သောက်သုံးပါ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊
သတိပြုရမည့်အချက်များ-တစ်နေ့ ၆၀မီလီဂရမ် ၂ကြိမ် သို့ ၁၆၀မီလီဂရမ် ၁ကြိမ် ထက်ပိုမသုံးသင့်ပါ။
ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသည်းမကောင်းသူများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရန်။ ကလေးများတွင် မသုံးသင့်ပါ။ ဆေးသည် အနည်းငယ် ငိုက်မျဉ်းတတ်သဖြင့် ဆေးသောက်ပြီး ကားမောင်းခြင်းနှင့် စက်ပစ္စည်းကြီးများ သုံးစွဲခြင်းများ မပြုလုပ်သင့်ပါ။
ဘေးထွက်ဆိုးကျိုး-ခေါင်းကိုက်ခြင်း၊ ၀မ်းလျောခြင်း၊ ဗိုက်အောင့်ခြင်း၊ နှုံးချိခြင်း၊ လေပွခြင်း၊ ကိုယ်ပေါ်တွင် အနီစက်များထွက်ခြင်း၊ အာခြောက်ခြင်း၊ ပိုးဝင်ခြင်း၊ ညအိပ်မပျော်ခြင်း၊ ချောင်းဆိုးခြင်း၊ ကျောအောင့်ခြင်း၊ နှာစီးခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဤဆေးသည် အစာအိမ်အက်ဆစ်ထွက်ခြင်း ကြာရှည် ထိရောက်စွာ တားဆီးနိုင်သဖြင့် မှိုသတ်ဆေးများ၏ စုပ်ယူမှုကိုကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)