မီးတွင်းလူနာများ၌ သိုင်းရွိုက်အကျိတ် ယောင်ခြင်း
မီးတွင်းမိခင်များ၏ ၁၀ မှ ၁၅ ရာနှုန်းသည် မီးဖွားပြီး တစ်လအတွင်းတွင် စိတ်ကျရောဂါ ရတတ်ပါသည်။ အထူးသဖြင့် ယခင်က စိတ်ကျရောဂါ အခံရှိသူများတွင် ပိုမို အဖြစ်များသည်။
သို့သော် တကယ် စိတ်ကျရောဂါမှ ဟုတ်ရဲ့လား?
မီးတွင်းလူနာများ၌ သိုင်းရွိုက်အကျိတ် ယောင်ခြင်းမှာလည်း စိတ်ကျစေသော အခြေအနေများတွင် တစ်ရပ်ဖြစ်သည်။ သိုင်းရွိုက်ဟော်မုန်းသည် ခန္ဓာကိုယ်အတွက် ပြန်လည်တည်ဆောက်ရေး၊ တက်ကြွလန်းဆန်းရေးတို့အတွက် လိုအပ်သည့်အပြင် ဖွံ့ဖြိုးကြီးထွားမှုများအတွက်ပါ လိုအပ်သည်။ ထို့ကြောင့် သိုင်းရွိုက်ဟော်မုန်း နည်းပါးလာပါက ထိုင်းမှိုင်းလေးလံ သွားသဖြင့် စိတ်ကျရောဂါသည်နှင့် တူတူ လာပါသည်။ ထိုအဖြစ်ကို မသိပါပဲ မိသားစုတို့က လူနာကို စိတ်ညစ်တတ်ကြလေသည်။
ထို့ကြောင့် မီးတွင်းလူနာကို စိတ်ကျရောဂါရသည်ဟု မပြောနိုင်ခင်တွင် သိုင်းရွိုက်ဟော်မုန်း စစ်ဆေးမှုကိုပြုလုပ်ကြရပါသည်။ သိုင်းရွိုက်နည်းပါးပါက သိုင်းရွိုက်ယောင်ခြင်းအတွက် ဆေးသောက်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါပဲ စိတ်ကျနေခြင်းဖြစ်ပါကလည်း စိုးရိမ်စရာ မရှိပါ။ လိုအပ်လျှင် စိတ်ကျရောဂါဆေးများ ခေတ္တသောက်ရတတ်သော်လည်း နှစ်သိမ့်အားပေးမှု ကောင်းလျှင် မကြာမီပင် ပြန်ကောင်းတတ်ပါသည်။
ဒေါက်တာယမင်း (ဆေး ၁)
မီးတြင္းလူနာမ်ား၌ သိုင္း႐ြိဳက္အကိ်တ္ ေယာင္ျခင္း
မီးတြင္းမိခင္မ်ား၏ ၁၀ မွ ၁၅ ရာနႈန္းသည္ မီးဖြားၿပီး တစ္လအတြင္းတြင္ စိတ္က်ေရာဂါ ရတတ္ပါသည္။ အထူးသျဖင့္ ယခင္က စိတ္က်ေရာဂါ အခံရွိသူမ်ားတြင္ ပိုမို အျဖစ္မ်ားသည္။
သို႔ေသာ္ တကယ္ စိတ္က်ေရာဂါမွ ဟုတ္ရဲ႕လား?
မီးတြင္းလူနာမ်ား၌ သိုင္း႐ြိဳက္အကိ်တ္ ေယာင္ျခင္းမွာလည္း စိတ္က်ေစေသာ အေျခအေနမ်ားတြင္ တစ္ရပ္ျဖစ္သည္။ သိုင္း႐ြိဳက္ေဟာ္မုန္းသည္ ခႏၶာကိုယ္အတြက္ ျပန္လည္တည္ေဆာက္ေရး၊ တက္ႂကြလန္းဆန္းေရးတို႔အတြက္ လိုအပ္သည့္အျပင္ ဖြံ႕ၿဖိဳးႀကီးထြားမႈမ်ားအတြက္ပါ လိုအပ္သည္။ ထို႔ေၾကာင့္ သိုင္း႐ြိဳက္ေဟာ္မုန္း နည္းပါးလာပါက ထိုင္းမႈိင္းေလးလံ သြားသျဖင့္ စိတ္က်ေရာဂါသည္နွင့္ တူတူ လာပါသည္။ ထိုအျဖစ္ကို မသိပါပဲ မိသားစုတို႔က လူနာကို စိတ္ညစ္တတ္ၾကေလသည္။
ထို႔ေၾကာင့္ မီးတြင္းလူနာကုိ စိတ္က်ေရာဂါရသည္ဟု မေျပာနိုင္ခင္တြင္ သိုင္း႐ြိဳက္ေဟာ္မုန္း စစ္ေဆးမႈကိုျပဳလုပ္ၾကရပါသည္။ သိုင္း႐ြိဳက္နည္းပါးပါက သိုင္း႐ြိဳက္ေယာင္ျခင္းအတြက္ ေဆးေသာက္ရမည္ျဖစ္သည္။ ထိုသို႔မဟုတ္ပါပဲ စိတ္က်ေနျခင္းျဖစ္ပါကလည္း စိုးရိမ္စရာ မရွိပါ။ လိုအပ္လ်ွင္ စိတ္က်ေရာဂါေဆးမ်ား ေခတၱေသာက္ရတတ္ေသာ္လည္း နွစ္သိမ့္အားေပးမႈ ေကာင္းလ်ွင္ မၾကာမီပင္ ျပန္ေကာင္းတတ္ပါသည္။
ေဒါက္တာယမင္း (ေဆး ၁)