” မီးတွင်းကာလ အာဟာရ “

ဆရာဝန်တွေနဲ့ လွန်ဆွဲရတဲ့ ရှေးရိုးဆွဲအယူအဆတွေများစွာထဲက တစ်ခုကတော့ မေမေတို့မီးဖွားပြီး မီးတွင်းကာလမှာ ဘယ်လိုအစားအစာတွေ စားသင့်/မစားသင့်ဆိုတဲ့ ကိစ္စရပ်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

“ကြက်သားစားရင် ချုပ်ရိုးမကျက်ဘူး”

“အမေ ဟင်းသီးဟင်းရွက်စားရင် ကလေးလေပွတယ်”

“အမေ အချဉ်စားရင် ကလေးဝမ်းပျက်မယ်”

စတဲ့ လွဲမှားတဲ့ အယူအဆအစွဲအလန်းတွေဟာ ဆေးပညာရှုထောင့်ကကြည့်ရင်တော့ မမှန်ကန်တာတွေ့ရပါတယ်။

တကယ်တော့ မီးနေသည်များအနေနဲ့သားသမီးဖွားမြင်စဉ်အခါက ဆုံးရှုံးသွားတဲ့သွေး၊အာဟာရ၊အားအင်တွေကိုပြန်လည်ဖြည့်တင်းပေးဖို့နဲ့ မွေးကင်းစကလေးငယ်ကို ပြုစုစောင့်ရှောက်ရလို့ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိဆီးမှုများခြင်းတို့ကို ကြံ့ကြံ့ခံနိုင်ဖို့အတွက်အောက်ပါ အစားအစာများကို အဓိကစားပေးသင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်:

  1. ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ
  2. ကြက်သား၊ဝက်သား၊အမဲသားအပါအဝင်အသားအမျိုးမျိုး
  3. ပဲအမျိုးမျိုး
  4. ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့နို့နဲ့နို့ထွက်ပစ္စည်းအမျိုးမျိုး
  5. သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်အရွက်များ
  6. အနာအကျက်မြန်စေသော ဗီတာမင်စီပါဝင်တဲ့အသီးအရွက်များ (လိမ္မော်သီး၊ခရမ်းချဉ်သီး၊သံပုရာသီး စသည်…)
  7. နို့တိုက်မိခင်တွေအနေနဲ့ ရေဓာတ်လုံလောက်စွာရရှိနေစေရန်နှင့် နို့များများထွက်စေရန်ငှါ ရေ၊စွပ်ပြုတ်၊သစ်သီးဖျော်ရည် တို့ကို များများသောက်ပေးသင့်ပါတယ်။

သတိပြုသင့်တဲ့အချက်ကတော့ အချို့မိခင်တွေဝါ ကိုယ်ဝန်ဆောင်စဉ် အနည်းငယ်ပျက်ယွင်းသွားတဲ့ ခန္ဓာကိုယ်အလေးချိနိကို ပြန်လည်ထိန်းသိမ်းလိုတာကြောင့် မီးဖွားပြီးပြီးခြင်း အစားလျှော့၊ဝိတိချခြင်းများ ပြုလုပ်ဖို့ကြိုးစားတာတွေ့ရပါတယ်။

မီးတွင်းကာလနှင့် မီးဖွားပြီးခြောက်လအတွင်း(အထူးသဖြင့်နို့တိုက်မိခင်များ) အာဟာရပြည့်ဝစွာစားသုံးသင့်တာကြောင့်အစားရှောင်ခြင်း၊အစားလျှော့ခြင်း၊ဝိတ်ချခြင်းများ မပြုလုပ်သင့်ကြောင်းသတိချပ်စေလိုပါတယ်။ဒီလိုအချိန်မှာ အစားရှောင်၊အစားလျှော့ခြင်းကြောင့် မိခင်ရော ကလေးပါ လိုအပ်တဲ့ အာဟာရနဲ့သတ္တုဓာတ် ၊ဗီတာမင်များ လုံလောက်စွာမရရှိပဲ ကိုယ်ခံအားနည်းခြင်း၊ အာဟာရချို့တဲ့သောလက္ခဏာများပေါ်ပေါက်လာခြင်း၊မလိုလားအပ်သော ကျန်းမာရေးပြသနာများဝင်ရောက်လာခြင်းတို့နဲ့ ရင်ဆိုင်ကြုံတွေ့ရနိူင်ပါတယ်။

မေ (ဆေး ၂)

” မီးတြင္းကာလ အာဟာရ “

ဆရာဝန္ေတြနဲ့ လြန္ဆြဲရတဲ့ ေ႐ွး႐ိုးဆြဲအယူအဆေတြမ်ားစြာထဲက တစ္ခုကေတာ့ ေမေမတို႔မီးဖြားၿပီး မီးတြင္းကာလမွာ ဘယ္လိုအစားအစာေတြ စားသင့္/မစားသင့္ဆိုတဲ့ ကိစၥရပ္လည္းတစ္ခုအပါအဝင္ျဖစ္ပါတယ္။

“ၾကက္သားစားရင္ ခ်ဳပ္႐ိုးမက်က္ဘူး”

“အေမ ဟင္းသီးဟင္းရြက္စားရင္ ကေလးေလပြတယ္”

“အေမ အခ်ဥ္စားရင္ ကေလးဝမ္းပ်က္မယ္”

စတဲ့ လြဲမွားတဲ့ အယူအဆအစြဲအလန္းေတြဟာ ေဆးပညာ႐ႈေထာင့္ကၾကည့္ရင္ေတာ့ မမွန္ကန္တာေတြ႔ရပါတယ္။

တကယ္ေတာ့ မီးေနသည္မ်ားအေနနဲ႔သားသမီးဖြားျမင္စဥ္အခါက ဆံုး႐ွံုးသြားတဲ့ေသြး၊အာဟာရ၊အားအင္ေတြကိုျပန္လည္ျဖည့္တင္းေပးဖို႔နဲ႔ ေမြးကင္းစကေလးငယ္ကို ျပဳစုေစာင့္ေ႐ွာက္ရလို႔ အိပ္ေရးပ်က္ျခင္း၊ စိတ္ဖိဆီးမႈမ်ားျခင္းတို႔ကို ၾက့ံၾကံ့ခံႏိုင္ဖို႔အတြက္ေအာက္ပါ အစားအစာမ်ားကို အဓိကစားေပးသင့္ေၾကာင္း ေဖာ္ျပေပးလိုက္ရပါတယ္:

  1. ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးမ်ား
  2. ၾကက္သား၊ဝက္သား၊အမဲသားအပါအဝင္အသားအမ်ိဳးမ်ိဳး
  3. ပဲအမ်ိဳးမ်ိဳး
  4. ကယ္လ္စီယမ္ဓာတ္ႂကြယ္ဝတဲ့နို႔နဲ႔ႏို႔ထြက္ပစၥည္းအမ်ိဳးမ်ိဳး
  5. သံဓာတ္ႂကြယ္ဝတဲ့ အစိမ္းရင့္ေရာင္အရြက္မ်ား
  6. အနာအက်က္ျမန္ေစေသာ ဗီတာမင္စီပါဝင္တဲ့အသီးအရြက္မ်ား (လိေမၼာ္သီး၊ခရမ္းခ်ဥ္သီး၊သံပုရာသီး စသည္…)
  7. ႏို႔တိုက္မိခင္ေတြအေနနဲ႔ ေရဓာတ္လံုေလာက္စြာရ႐ွိေနေစရန္ႏွင့္ ႏို႔မ်ားမ်ားထြက္ေစရန္ငွါ ေရ၊စြပ္ျပဳတ္၊သစ္သီးေဖ်ာ္ရည္ တို႔ကို မ်ားမ်ားေသာက္ေပးသင့္ပါတယ္။

သတိျပဳသင့္တဲ့အခ်က္ကေတာ့ အခ်ိဳ႕မိခင္ေတြဝါ ကိုယ္ဝန္ေဆာင္စဥ္ အနည္းငယ္ပ်က္ယြင္းသြားတဲ့ ခနၶာကိုယ္အေလးခ်ိနိကို ျပန္လည္ထိန္းသိမ္းလိုတာေၾကာင့္ မီးဖြားၿပီးၿပီးျခင္း အစားေလ်ွာ့၊ဝိ္တိိခ်ျခင္းမ်ား ျပဳလုပ္ဖို႔ႀကိဳးစားတာေတြ႔ရပါတယ္။

မီးတြင္းကာလႏွင့္ မီးဖြားၿပီးေျခာက္လအတြင္း(အထူးသျဖင့္ႏို႔တိုက္မိခင္မ်ား) အာဟာရျပည့္ဝစြာစားသံုးသင့္တာေၾကာင့္အစားေ႐ွာင္ျခင္း၊အစားေလ်ွာ့ျခင္း၊ဝိတ္ခ်ျခင္းမ်ား မျပဳလုပ္သင့္ေၾကာင္းသတိခ်ပ္ေစလိုပါတယ္။ဒီလိုအခ်ိန္မွာ အစားေ႐ွာင္၊အစားေလ်ွာ့ျခင္းေၾကာင့္ မိခင္ေရာ ကေလးပါ လိုအပ္တဲ့ အာဟာရနဲ႔သတၱဳဓာတ္ ၊ဗီတာမင္မ်ား လံုေလာက္စြာမရ႐ွိပဲ ကိုယ္ခံအားနည္းျခင္း၊ အာဟာရခ်ိဳ႕တဲ့ေသာလကၡဏာမ်ားေပၚေပါက္လာျခင္း၊မလိုလားအပ္ေသာ က်န္းမာေရးျပသနာမ်ားဝင္ေရာက္လာျခင္းတို႔နဲ႔ ရင္ဆိုင္ၾကံဳေတြ႔ရႏိူင္ပါတယ္။

ေမ (ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *