sick

မီးယပ်ချမ်းထတယ်ဆိုတာ

အမျိုးသမီးများ မီးဖွားပြီးနောက်မှာ ချမ်းတုန်ပြီးဖျားတဲ့အဖျားကို အရပ်အခေါ်အနေနဲ့ မီးယပ်ချမ်းလို့ခေါ်ကြပါတယ်။ ဒီ Puerperal Pyrexia ဟာ ဘာကြောင့်ဖြစ်ရသလဲ ဘယ်လိုကုသပြီး ဘယ်လိုကာကွယ်မလဲဆိုတာတွေ သိရှိစေနိုင်ဖို့ ရေးသားလိုက်ပါတယ်။

ဖြစ်ရတဲ့အကြောင်းအရင်းများကတော့

-ဆီးလမ်းကြောင်းပိုးဝင်ခြင်း

-လိင်အင်္ဂါမှတစ်ဆင့်ပိုးဝင်ခြင်း

-Staphylococcus ပိုးကြောင့် ရင်သားနီရဲရောင်ရမ်းခြင်း ပြည်တည်ခြင်း

-ဗိုက်ခွဲမွေးခြင်း (LSCS) ၏နောက်တွင် အနာကောင်းစွာမကျက်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဖျားခြင်း

-Venous Thromboembolism (သွေးခဲပိတ်ခြင်း) စသည့်အချက်များကြောင့်ပဲဖြစ်ပါတယ်။

အရေးပေါ်လက္ခဏာများကတော့ အမျိုးသမီးတစ်ဦးဟာ

-38’C နှင့်အထက် ကိုယ်အပူချိန်ရှိနေခြင်း

-နှလုံးခုန်မြန်ခြင်း

-မောခြင်း

-ရင်ဘတ်အောင့်ခြင်း ၊ ဗိုက်အောင်ြ့ခင်း

-ဝမ်းလျှောခြင်း၊ အန်ခြင်း

-သားအိမ်ရှိသည့် ဆီးခုံတစ်ဝိုက်နေရာ ၊ ကျောက်ကပ်ရှိသည့် ခါးတစ်ဝိုက်နေရာမှာ ထိုးအောင့်နာကျင်ခြင်း

-အင်မတန်နုံးခွေခြင်း သို့မဟုတ် ဂဏာမငြိမ်ခြင်း စတဲ့လက္ခဏာတွေပြနေရင်တော့ ဆေးရုံ၊ဆေးခန်းကို အလျင်အမြန်ပြသသင့်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများကတော့

လိင်အင်္ဂါနဲ့ဆီးလမ်းကြောင်းကနေ ပိုးဝင်တာကို မကုသဘဲထားမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့

-ကျောက်ကပ်ပိုးဝင်ပြီးရောင်ရမ်းခြင်း

-ပြည်တည်နာဖြစ်ခြင်း

-သွေးဆင်းခြင်း

-Peritonitis ခေါ် အူတွင်းကလီစာများရောင်ခြင်း

-နောက်ပိုင်းတွင် သန္ဓေမအောင်တော့ဘဲ မြုံသွားခြင်း စသည်တို့အထိဖြစ်တတ်ပါတယ်။

ရင်သားရောင်ရမ်းခြင်း(Mastitis)ကတော့ ပြည်တည်နာအထိဖြစ်စေနိုင်ပါတယ်။

ဒီရောဂါကို ကာကွယ်ဖို့အတွက်နည်းလမ်းတွေကတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးကာလမှာ အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။

-တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။

-ကိုယ်ဝန်ရှိနေချိန်မှာ မည်သည့်ပိုးမှမဝင်နေအောင် တစ်ခုခုကို စမ်းသပ်မှုတွေ ဆေးစစ်ချက်တွေကနေ တွေ့ရှိတာနဲ့ ပျောက်ကင်းအောင် ကုသရပါမယ်။

-ဆီးပိုက်ထည့်ခြင်းကို တတ်နိုင်သလောက်ရှောင်ရပါမယ်။

-မိန်းမကိုယ်မှာ ချုပ်ထားတဲ့ အနာတွေရှိခဲ့ရင် သေချာသန့်စင်ပေးရပါမယ်။

ပြီးတော့ ဟော်မုန်းအပြောင်းအလဲနဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကလည်း အမျိုးသမီးတွေကို ဝေဒနာခံစားရမှုပိုစေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို Emotional Support ပေးဖို့ကလည်း အရေးကြီးပါတယ်။

ဒါ့အပြင် နို့တိုက်မိခင်တွေကို ကလေးကိုကောင်းစွာ နို့တိုက်နိုင်ဖို့ နည်းလမ်းအမှန်ကိုသင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ Mastitis ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

ချမ်းတုန်ဖျားခြင်းဟာ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်လို့ မပေါ့ဆဘဲ ဖြစ်တိုင်းမှာ ဆရာဝန်နဲ့အမြန်ဆုံးပြသပြီး ရောဂါကိုရှာဖွေကုသသင့်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

မီးယပ္ခ်မ္းထတယ္ဆိုတာ

အမ်ိဳးသမီးမ်ား မီးဖြားၿပီးေနာက္မွာ ခ်မ္းတုန္ၿပီးဖ်ားတဲ့အဖ်ားကို အရပ္အေခၚအေနနဲ႔ မီးယပ္ခ်မ္းလို႔ေခၚၾကပါတယ္။ ဒီ Puerperal Pyrexia ဟာ ဘာေၾကာင့္ျဖစ္ရသလဲ ဘယ္လိုကုသၿပီး ဘယ္လိုကာကြယ္မလဲဆိုတာေတြ သိရွိေစႏိုင္ဖို႔ ေရးသားလိုက္ပါတယ္။

ျဖစ္ရတဲ့အေၾကာင္းအရင္းမ်ားကေတာ့

-ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း

-လိင္အဂၤါမွတစ္ဆင့္ပိုးဝင္ျခင္း

-Staphylococcus ပိုးေၾကာင့္ ရင္သားနီရဲေရာင္ရမ္းျခင္း ျပည္တည္ျခင္း

-ဗိုက္ခြဲေမြးျခင္း (LSCS) ၏ေနာက္တြင္ အနာေကာင္းစြာမက်က္ျခင္း၊ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းႏွင့္ ဖ်ားျခင္း

-Venous Thromboembolism (ေသြးခဲပိတ္ျခင္း) စသည့္အခ်က္မ်ားေၾကာင့္ပဲျဖစ္ပါတယ္။

အေရးေပၚလကၡဏာမ်ားကေတာ့ အမ်ိဳးသမီးတစ္ဦးဟာ

-38’C ႏွင့္အထက္ ကိုယ္အပူခ်ိန္ရွိေနျခင္း

-ႏွလံုးခုန္ျမန္ျခင္း

-ေမာျခင္း

-ရင္ဘတ္ေအာင့္ျခင္း ၊ ဗိုက္ေအာင္ျ့ခင္း

-ဝမ္းေလွ်ာျခင္း၊ အန္ျခင္း

-သားအိမ္ရွိသည့္ ဆီးခံုတစ္ဝိုက္ေနရာ ၊ ေက်ာက္ကပ္ရွိသည့္ ခါးတစ္ဝိုက္ေနရာမွာ ထိုးေအာင့္နာက်င္ျခင္း

-အင္မတန္နံုးေခြျခင္း သို႔မဟုတ္ ဂဏာမၿငိမ္ျခင္း စတဲ့လကၡဏာေတြျပေနရင္ေတာ့ ေဆးရံု၊ေဆးခန္းကို အလ်င္အျမန္ျပသသင့္ပါတယ္။

ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားကေတာ့

လိင္အဂၤါနဲ႔ဆီးလမ္းေၾကာင္းကေန ပိုးဝင္တာကို မကုသဘဲထားမယ္ဆိုရင္ ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔

-ေက်ာက္ကပ္ပိုးဝင္ၿပီးေရာင္ရမ္းျခင္း

-ျပည္တည္နာျဖစ္ျခင္း

-ေသြးဆင္းျခင္း

-Peritonitis ေခၚ အူတြင္းကလီစာမ်ားေရာင္ျခင္း

-ေနာက္ပိုင္းတြင္ သေႏၶမေအာင္ေတာ့ဘဲ ျမံဳသြားျခင္း စသည္တို႔အထိျဖစ္တတ္ပါတယ္။

ရင္သားေရာင္ရမ္းျခင္း(Mastitis)ကေတာ့ ျပည္တည္နာအထိျဖစ္ေစႏိုင္ပါတယ္။

ဒီေရာဂါကို ကာကြယ္ဖို႔အတြက္နည္းလမ္းေတြကေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ မီးဖြားၿပီးကာလမွာ အထူးဂ႐ုစိုက္ရမွာျဖစ္ပါတယ္။

-တစ္ကိုယ္ရည္သန္႔ရွင္းေရးကို ဂ႐ုစိုက္ရပါမယ္။

-ကိုယ္ဝန္ရွိေနခ်ိန္မွာ မည္သည့္ပိုးမွမဝင္ေနေအာင္ တစ္ခုခုကို စမ္းသပ္မႈေတြ ေဆးစစ္ခ်က္ေတြကေန ေတြ႕ရွိတာနဲ႔ ေပ်ာက္ကင္းေအာင္ ကုသရပါမယ္။

-ဆီးပိုက္ထည့္ျခင္းကို တတ္ႏိုင္သေလာက္ေရွာင္ရပါမယ္။

-မိန္းမကိုယ္မွာ ခ်ဳပ္ထားတဲ့ အနာေတြရွိခဲ့ရင္ ေသခ်ာသန္႔စင္ေပးရပါမယ္။

ၿပီးေတာ့ ေဟာ္မုန္းအေျပာင္းအလဲနဲ႔ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြကလည္း အမ်ိဳးသမီးေတြကို ေဝဒနာခံစားရမႈပိုေစတတ္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြကို Emotional Support ေပးဖို႔ကလည္း အေရးႀကီးပါတယ္။

ဒါ့အျပင္ ႏို႔တိုက္မိခင္ေတြကို ကေလးကိုေကာင္းစြာ ႏို႔တိုက္ႏိုင္ဖို႔ နည္းလမ္းအမွန္ကိုသင္ေပးဖို႔ လိုအပ္ပါတယ္။ ဒါမွသာ Mastitis ကိုကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

ခ်မ္းတုန္ဖ်ားျခင္းဟာ ေရာဂါတစ္ခုခုရဲ႕ လကၡဏာျဖစ္လို႔ မေပါ့ဆဘဲ ျဖစ္တိုင္းမွာ ဆရာဝန္နဲ႔အျမန္ဆံုးျပသၿပီး ေရာဂါကိုရွာေဖြကုသသင့္ပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *