အများသုံးအိမ်သာ၏ အန္တာရာယ်များ

အများသုံးအိမ်သာဟု ကြားလိုက်သည်နှင့်အများစု စိတ်ထဲတွင် မသတီစိတ် ရွံရှာစိတ်တို့ အရင်ဆုံးဖြစ်ပေါ်လာသည်မှာ လူများစုပင်ဟုဆိုရမည် ။ အထူးသဖြင့် သန့်ရှင်းရေးအားနည်းသော ကျနော်တို့နိုင်ငံတွင် ဆိုင်ကြီးများ ရှော့ပင်းမော်လ်များ စင်တာများ ပေါ်များလာသလောက် အိမ်သာများတွင် အနည်းနဲ့အများဆိုသလို သန့်ရှင်းမှုမရှိကြပေ ။

အိမ်သာဆိုသည်မှာ အညစ်အကြေးစွန့်ပစ်ရာ နေရာတစ်ခုဖြစ်သည့်အလျောက် ရောဂါပိုးမျိုးစုံပျော်ပျော်ကြီး ပေါက်ဖွားရာ နေရာတစ်ခုပင်ဖြစ်သည် ။ အမြဲတစေ စိုထိုင်းနေမှုကလဲ ရောဂါပိုးမွှားများ ကျင်လည်ကျက်စားစရာ ပတ်ဝန်းကျင်ကြီးဖြစ်လို့နေပါသေးသည် ။ ထို့ကြောင့်လဲ အများသုံးအိမ်သာဝင်ဖို့ မဝင်ဖို့ဆိုသည်မှာ တချို့သူတွေအတွက် အိပ်မက်ဆိုး ပမာပင် ။

ဘာကြောင့် းီလိုဖြစ်ရသလဲ ဆိုလျှင်တော့ ဒီလိုနေရာတွေကနေ ဂနိုရောဂါကဲ့သို့ပိုးများပေါက်ဖွားနိုင်သောကြောင့် ဖြစ်ပါတယ် ။ စိတ်သက်ရာရစရာတစ်ခုက ဘက်တီးရီးယားပိုးတွေက အိမ်သာက ကူးစက်တယ်ဆိုတာ မရှိသလောက်ရှားပါတယ် ။ ဘက်တီးရီးယားတွေက ပုံမှန်ပတ်ဝန်းကျင်မယ် အချိန်တိုလေးတစ်ခုသာ အသက်ရှင်နိုင်ပြီး သင့်ကိုကူးစက်ဖို့အတွက် ဆီးလမ်းကြောင်း မျိုးပွားလမ်းကြောင်းဖြစ်စေ သင့်တင်ပါး ပေါင်တို့မှာ အနာတစ်ခုခုဖြစ်စေ ရှိနေဖို့ လိုအပ်ပါတယ် ။ဒါကြောင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေဟာ အိမ်သာကတဆင့် ကူးစက်တယ်ဆိုတာ လုံးဝမရှိသလောက်ပါ ။

အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေဟာ လေထဲမှာ လျင်လျင်မြန်မြန် သေသွားကြတာပါ ။ ဒါကြောင့် လူကို ဒုက္ခပေးနိုင်တဲ့ အန္တရာယ်ရှိလောက်တဲ့ပမာဏ မရှိဘူးလို့ ဆိုပါတယ် ။

အိမ်သာရေ ဆွဲချလိုက်တာနဲ့ တပြိုင်နက် မစင်ထဲက ပိုးတွေဟာ လေထဲ ခြောက်ပေလောက်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ် ။ ဒါကြောင့် ရေဆွဲချပြီးတာနဲ့ တတ်နိုင်သမျှ မြန်မြန် အိမ်သာထဲက ထွက်ကြဖို့ တိုက်တွန်းထားပါတယ် ။

ပူနွေးစိုထိုင်းတဲ့နေရာတွေဖြစ်တဲ့ ရေပိုက်ခေါင်းတွေ ဘေစင်တွေ ဟာ အန္တရာယ်အပေးဆုံးပါ ။အန္တရာယ်အရှိဆုံးနေရာတွေဟာ စိတ်ချသန့်ရှင်းရတယ်လို့ ယူဆလေ့ရှိတဲ့နေရာတွေပါပဲ ။ အိမ်သာအိုး အိမ်သာအိုးအဖုံးတွေမှာ ဘယ်လောက်ထိ ဘက်တီးရီးယားတွေ ရှိနေလဲ ဘယ်သူမှ မသိနိုင်ပါဘူး ။ ဒါကြောင့် စမ်းသပ်ကြည့်တဲ့အခါ ရလာတဲ့အချက်များအရ ဘက်တီးရီးယာ အမျိုးအစားပေါင်း ငါးထောင်ထက်မနည်း ရှိနေပါသတဲ့ ။ ထူးဆန်းတာက တခြားနေရာတွေမှာထက် လက်စေးဘေစင်တွေမှာ ဘက်တီးရီးယား အများဆုံးတွေ့ရတယ်လို့ဆိုပါတယ် ။ ဘာလို့လဲဆိုတော့ ဘေစင်သန့်ရှင်းရေးလုပ်ရမှာ အိမ်သာသန့်ရှင်းရေးလုပ်တာလောက် သေချာ မတိုက်ချွတ် မဆေးကြောတဲ့အတွက်ဖြစ်ပါတယ် ။ ဒါ့အပြင် ကြမ်းပြင်တွေ နံရံတွေ တံခါးလက်ကိုင်တွေ ရေဆွဲချတဲ့ ဘားတွေ ရေလောင်းအိမ်သာအတွင်းမှ ရေခွက်တွေမှာလဲ ဘက်တီးရီးယားတွေမနည်းမနောရှိနေပါတယ် ။

သင့်အနေနဲ့ စဉ်းစားကြည့်ပါ အညစ်အကြေးကိုင်ပြီးသားလက်နဲ့ တစ်နေ့ကို လူဘယ်နှစ်ယောက်လောက် ဒီရေပိုက်ခေါင်းကို ကိုင်မလဲဆိုတာ ။

နောက်ပြီး လက်ကိုဆေးကြောတဲ့အခါ တချို့လူတွေဟာ ရေနဲ့စက္ကန့်ပိုင်းလောက်ဆေးကြောလေ့ရှိကြပါတယ် ။ ဒါဟာ ကောင်းမွန်တဲ့ အပြအမူ မဟုတ်ပါဘူး ။ ဆပ်ပြာနဲ့လက်ကို စတစ်တကျ လက်ဆေးနည်းအတိုင်း သေချာ ကျကျနနဆေးဖို့လိုအပ်ပါတယ် ။

နိဂုံးချုပ်အနေနဲ့ အများသားအိမ်သာအသုံးပြုရင် အောက်ပါနည်းလမ်းလေးတွေ မျှဝေလိုက်ပါတယ်

* ရေဆွဲချပြီးတိုင်း မြန်မြန်ထွက်ပါ

* လက်ဆေးပြီးလျှင် ရေပိုက်ခေါင်းကို တစ်ရှူးနှင့်ကိုင်ပြီးပိတ်ပါ ပြီးလျှင် ထိုတစ်ရှူးနှင့်ပဲ အိမ်သာတံခါးကို ကိုင်ဖွင့်ပါ ။

* လက်ဆေးပြီး အပူပေးအခြောက်ခံသောစက်ကို အသုံးပြုလျှင် သတိထားပါ ။ လူတိုင်းထိတွေ့ထားသော ရောဂါပိုးများစွားရှိနေသည့် မျက်နှာပြင်ကို မထိမိစေရန် ဂရုပြုပါ ။

အားလုံးကျန်းမာ ကြပါစေ

ဒေါက်ပီ

အမ်ားသံုးအိမ္သာ၏ အႏၱာရာယ္မ်ား

အမ်ားသံုးအိမ္သာဟု ၾကားလိုက္သည္ႏွင့္အမ်ားစု စိတ္ထဲတြင္ မသတီစိတ္ ရြံရွာစိတ္တို႔ အရင္ဆံုးျဖစ္ေပၚလာသည္မွာ လူမ်ားစုပင္ဟုဆိုရမည္ ။ အထူးသျဖင့္ သန္႔ရွင္းေရးအားနည္းေသာ က်ေနာ္တို႔ႏိုင္ငံတြင္ ဆိုင္ႀကီးမ်ား ေရွာ့ပင္းေမာ္လ္မ်ား စင္တာမ်ား ေပၚမ်ားလာသေလာက္ အိမ္သာမ်ားတြင္ အနည္းနဲ႔အမ်ားဆိုသလို သန္႔ရွင္းမႈမရွိၾကေပ ။

အိမ္သာဆိုသည္မွာ အညစ္အေၾကးစြန္႔ပစ္ရာ ေနရာတစ္ခုျဖစ္သည့္အေလ်ာက္ ေရာဂါပိုးမ်ဳိးစံုေပ်ာ္ေပ်ာ္ႀကီး ေပါက္ဖြားရာ ေနရာတစ္ခုပင္ျဖစ္သည္ ။ အၿမဲတေစ စိုထိုင္းေနမႈကလဲ ေရာဂါပိုးမႊားမ်ား က်င္လည္က်က္စားစရာ ပတ္ဝန္းက်င္ႀကီးျဖစ္လို႔ေနပါေသးသည္ ။ ထို႔ေၾကာင့္လဲ အမ်ားသံုးအိမ္သာဝင္ဖို႔ မဝင္ဖို႔ဆိုသည္မွာ တခ်ဳိ့သူေတြအတြက္ အိပ္မက္ဆိုး ပမာပင္ ။

ဘာေၾကာင့္ းီလိုျဖစ္ရသလဲ ဆိုလွ်င္ေတာ့ ဒီလိုေနရာေတြကေန ဂႏိုေရာဂါက့ဲသို႔ပိုးမ်ားေပါက္ဖြားႏိုင္ေသာေၾကာင့္ ျဖစ္ပါတယ္ ။ စိတ္သက္ရာရစရာတစ္ခုက ဘက္တီးရီးယားပိုးေတြက အိမ္သာက ကူးစက္တယ္ဆိုတာ မရွိသေလာက္ရွားပါတယ္ ။ ဘက္တီးရီးယားေတြက ပံုမွန္ပတ္ဝန္းက်င္မယ္ အခ်ိန္တိုေလးတစ္ခုသာ အသက္ရွင္ႏိုင္ၿပီး သင့္ကိုကူးစက္ဖို႔အတြက္ ဆီးလမ္းေၾကာင္း မ်ဳိးပြားလမ္းေၾကာင္းျဖစ္ေစ သင့္တင္ပါး ေပါင္တို႔မွာ အနာတစ္ခုခုျဖစ္ေစ ရွိေနဖို႔ လိုအပ္ပါတယ္ ။ဒါေၾကာင့္ လိင္မွတစ္ဆင့္ ကူးစက္တ့ဲေရာဂါေတြဟာ အိမ္သာကတဆင့္ ကူးစက္တယ္ဆိုတာ လံုးဝမရွိသေလာက္ပါ ။

အေအးမိတုပ္ေကြးျဖစ္ေစတ့ဲ ဗိုင္းရပ္စ္ေတြဟာ ေလထဲမွာ လ်င္လ်င္ျမန္ျမန္ ေသသြားၾကတာပါ ။ ဒါေၾကာင့္ လူကို ဒုကၡေပးႏိုင္တ့ဲ အႏၲရာယ္ရွိေလာက္တ့ဲပမာဏ မရွိဘူးလို႔ ဆိုပါတယ္ ။

အိမ္သာေရ ဆြဲခ်လိုက္တာနဲ႔ တၿပိဳင္နက္ မစင္ထဲက ပိုးေတြဟာ ေလထဲ ေျခာက္ေပေလာက္အထိ ျမင့္တက္လာတယ္လို႔ ဆိုပါတယ္ ။ ဒါေၾကာင့္ ေရဆြဲခ်ၿပီးတာနဲ႔ တတ္ႏိုင္သမွ် ျမန္ျမန္ အိမ္သာထဲက ထြက္ၾကဖို႔ တိုက္တြန္းထားပါတယ္ ။

ပူေႏြးစိုထိုင္းတ့ဲေနရာေတြျဖစ္တ့ဲ ေရပိုက္ေခါင္းေတြ ေဘစင္ေတြ ဟာ အႏၲရာယ္အေပးဆံုးပါ ။အႏၲရာယ္အရွိဆံုးေနရာေတြဟာ စိတ္ခ်သန္႔ရွင္းရတယ္လို႔ ယူဆေလ့ရွိတ့ဲေနရာေတြပါပဲ ။ အိမ္သာအိုး အိမ္သာအိုးအဖံုးေတြမွာ ဘယ္ေလာက္ထိ ဘက္တီးရီးယားေတြ ရွိေနလဲ ဘယ္သူမွ မသိႏိုင္ပါဘူး ။ ဒါေၾကာင့္ စမ္းသပ္ၾကည့္တ့ဲအခါ ရလာတ့ဲအခ်က္မ်ားအရ ဘက္တီးရီးယာ အမ်ဳိးအစားေပါင္း ငါးေထာင္ထက္မနည္း ရွိေနပါသတ့ဲ ။ ထူးဆန္းတာက တျခားေနရာေတြမွာထက္ လက္ေစးေဘစင္ေတြမွာ ဘက္တီးရီးယား အမ်ားဆံုးေတြ႕ရတယ္လို႔ဆိုပါတယ္ ။ ဘာလို႔လဲဆိုေတာ့ ေဘစင္သန္႔ရွင္းေရးလုပ္ရမွာ အိမ္သာသန္႔ရွင္းေရးလုပ္တာေလာက္ ေသခ်ာ မတိုက္ခၽြတ္ မေဆးေၾကာတ့ဲအတြက္ျဖစ္ပါတယ္ ။ ဒါ့အျပင္ ၾကမ္းျပင္ေတြ နံရံေတြ တံခါးလက္ကိုင္ေတြ ေရဆြဲခ်တ့ဲ ဘားေတြ ေရေလာင္းအိမ္သာအတြင္းမွ ေရခြက္ေတြမွာလဲ ဘက္တီးရီးယားေတြမနည္းမေနာရွိေနပါတယ္ ။

သင့္အေနနဲ႔ စဥ္းစားၾကည့္ပါ အညစ္အေၾကးကိုင္ၿပီးသားလက္နဲ႔ တစ္ေန႔ကို လူဘယ္ႏွစ္ေယာက္ေလာက္ ဒီေရပိုက္ေခါင္းကို ကိုင္မလဲဆိုတာ ။

ေနာက္ၿပီး လက္ကိုေဆးေၾကာတ့ဲအခါ တခ်ဳိ့လူေတြဟာ ေရနဲ႔စကၠန္႔ပိုင္းေလာက္ေဆးေၾကာေလ့ရွိၾကပါတယ္ ။ ဒါဟာ ေကာင္းမြန္တ့ဲ အျပအမူ မဟုတ္ပါဘူး ။ ဆပ္ျပာနဲ႔လက္ကို စတစ္တက် လက္ေဆးနည္းအတိုင္း ေသခ်ာ က်က်နနေဆးဖို႔လိုအပ္ပါတယ္ ။

နိဂံုးခ်ဳပ္အေနနဲ႔ အမ်ားသားအိမ္သာအသံုးျပဳရင္ ေအာက္ပါနည္းလမ္းေလးေတြ မွ်ေဝလိုက္ပါတယ္

* ေရဆြဲခ်ၿပီးတိုင္း ျမန္ျမန္ထြက္ပါ

* လက္ေဆးၿပီးလွ်င္ ေရပိုက္ေခါင္းကို တစ္႐ွဴးႏွင့္ကိုင္ၿပီးပိတ္ပါ ၿပီးလွ်င္ ထိုတစ္႐ွဴးႏွင့္ပဲ အိမ္သာတံခါးကို ကိုင္ဖြင့္ပါ ။

* လက္ေဆးၿပီး အပူေပးအေျခာက္ခံေသာစက္ကို အသံုးျပဳလွ်င္ သတိထားပါ ။ လူတိုင္းထိေတြ႕ထားေသာ ေရာဂါပိုးမ်ားစြားရွိေနသည့္ မ်က္ႏွာျပင္ကို မထိမိေစရန္ ဂ႐ုျပဳပါ ။

အားလံုးက်န္းမာ ၾကပါေစ

ေဒါက္ပီ

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…

Leave a Reply

Your email address will not be published. Required fields are marked *