ချောကလက်အမဲ နဲ့ ချစ်ကြောင်းသက်သေပြရအောင်

ချစ်ကြောင်းသက်သေပြဖို့ဆိုတာ ချောကလက်အမဲလိုပါသလား?
ဒီအဖြေ ဖြေဖို့ဆို လိုပါတယ်လို့ပဲ ဖြေရပါလိမ့်မယ်။

ဘာကြောင့်လဲဆို ချောကလက်အမဲတစ်တောင့်မှာ အံ့ဩဖွယ်အစွမ်းသတ္တိကောင်းများ နဲ့ ပြည့်စုံနေလို့ပါ။

?ကိုယ်အလေးချိန်ကျစေပါတယ်။
ချောကလက်အမဲမှာပါတဲ့ ကြွယ်ဝတဲ့အမျှင်ဓာတ်ဟာ ဗိုက်ပြည့်စေပြီး ဇီဝကမ္မဖြစ်စဉ်မြန်စေတာမို့
အဆီတွေ လောင်ကျွမ်းစေပါတယ်။

?ရေရှည်ချောင်းဆိုးခြင်းသက်သာစေပါတယ်။
ချောကလက်အမဲမှာ ပါဝင်တဲ့ Theobromine ဟာ ချောင်းဆိုးသက်သာစေပါတယ်။

?သွေးတွင်း အဆီဓာတ်ကျစေပါတယ်။
မကောင်းသော LDL ကိုလက်စတီရောကို ကျစေပါတယ်။

?ကိုယ်ခံအားကောင်းစေပါတယ်။
Flavinoid ပါဝင်တာကြောင့် ကိုယ်ခံအားစွမ်းရည် မြင့်စေပါတယ်။

?လေဖြတ်ကာကွယ်ပေးပါတယ်။
တစ်ပတ်လျှင် ၂.၂ အောင်စ စားသုံးခြင်းဖြင့် ၁၇ % လေဖြတ်ခြင်း ကာကွယ်ပေးနိုင်ပါသည်

?အရေပြားတင်းရင်းလှပစေပါတယ်။
ချောကလက်အမဲဟာ အရေပြားသွေးလည်ပတ်မှုကောင်းစေပြီး ရေဓာတ်ထိန်းပေးပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

?စိတ်ဖိစီးခြင်းလျော့ကျစေပါတယ်။
စိတ်ပျော်ရွင်စေတဲ့ Endrophinဟော်မုန်းထွက်စေတာမို့ စိတ်ပျော်ရွင် စေပါတယ်။

?မှတ်ဉာဏ်ကောင်းစေပါတယ်။
ဦးနှောက်သွေးလည်ပတ်ခြင်းကောင်းစေတာမို့ မှတ်ဉာဏ်အားကောင်းပြီး အသက်ကြီး၍ မှတ်ဉာဏ်ချို့ယွင်းခြင်းမဖြစ်အောင်ကာကွယ်ပေးသည်။

ဒါကြောင့် ကောင်းမွန်လှတဲ့ချောကလက်အမဲကို ဒီလိုတင်စားတာလွန်မယ် မထင်ပါဘူးနော်။

မယ်တင် (ဆေး ၁)











?မှတ်ဥာဏ်ကောင်းစေပါတယ်။
ဦးနှောက်သွေးလည်ပတ်ခြင်းကောင်းစေတာမို့ မှတ်ဥာဏ်အားကောင်းပြီး အသက်ကြီး၍ မှတ်ဥာဏ်ချို့ယွင်းခြင်းမဖြစ်အောင်ကာကွယ်ပေးသည်။


မယ်တင် (ဆေး ၁)

Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…

Leave a Reply

Your email address will not be published. Required fields are marked *