“ကြွက်သားကြီးထွားဖို့ ပရိုတင်းဖြည့်စွက်စာသောက်ဖို့ လိုပါသလား?”
ဘော်ဒီတောင့်တဲ့ သူငယ်ချင်းတွေ၊ ကြွက်သားထုတွေထွက်နေတဲ့ Gym က ဆရာတွေက Protein Supplement အကြောင်း ပြောပြကြပါလိမ့်မယ်။ ဒါဆို ကြွက်သားကြီးထွားဖို့ Protein ( အသားဓာတ်)လိုတယ်ဆိုတာ တော့ သေချာသလောက်ရှိနေပါပြီ။
ဘာကြောင့်လိုတာပါလဲ?
Protein Supplement တွေဟာ အဆင့်ဆင့်မွမ်းမံပြီးရထားတဲ့ အမှုန့်အနေနဲ့ ဖြစ်စေ၊ ဆေးတောင့်အနေနဲ့ဖြစ်စေ ရနိုင်တဲ့ ဖြည့်စွက်အာဟာရတွေပါ။ကြွက်သားကြီးထွားဖို့အတွက် protein ( အသားဓာတ်)ဟာ မဖြစ်မနေလိုအပ်ပါတယ်။ ခန္တာကိုယ်က
သောက်လိုက်တဲ့ Protein တွေကို Amino acid အဖြစ်ဖြိုခွဲပြီး ကြွက်သားကြီးထွားတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။
နေ့စဉ်စားသောက်နေတဲ့အထဲမှာ အသား၊ ငါး၊ ပဲ တွေကတစ်ဆင့် သဘာဝအသားဓာတ်ကိုရနိုင်တယ်ဆိုပေမယ့် ကြွက်သားကြီးထွားချင်တဲ့ သူတွေအတွက်တော့Supplement သောက်တာက ပိုပြီးထိရောက်နိုင်လို့ပါ။ဒါပေမယ့် Protein တစ်ခုထဲသောက်ပြီး
ကြွက်သားလေ့ကျင့်ခန်းမလုပ်ဘူးဆိုရင်တော့ မထိရောက်နိုင်ပါဘူး။
Protein Supplement ကို အခြားဘယ်အချိန်မှာသောက်လို့ရသလဲ?
ကြွက်သားထုတက်ခြင်သူတွေ သောက်လို့ရသလို၊ ကိုယ်အလေးချိန်လျှော့ခြင်သူတွေလည်းသောက်လို့ရပါတယ်။ ထမင်းအစားထိုး အာဟာရအနေနဲ့သောက်လို့ရပါတယ်။Protein Supplement တွေမှာ ကယ်လ်လိုရီပါတာ နည်းတဲ့အပြင်၊ သောက်ပြီးရင် အစားစားချင်စိတ်ကို ထိန်းပေးတော့ ကိုယ်အလေးချိန်လျှော့ခြင်သူတွေလည်း သောက်လို့ရပါတယ်။
ရေရှည်သောက်ရင် ဘာဆိုးကျိုးတွေဖြစ်နိုင်မလဲ?
Protein supplement တစ်မျိုးထည်းသောက်ပြီး အခြား အစားအစာတွေမစားဘူးဆိုရင် သဘာဝအစားအစာတွေကရတဲ့ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ လိုအပ်တဲ့ ဗီတာမင်၊သတ္တုဓာတ်တွေ အစုံအလင်မရနိုင်တော့ပါဘူး။ ကြာရှည်မှာ ဗီတာမက်ချို့တဲ့တာမျိုးဖြစ်နိုင်ပါတယ်။” တန်ဆေး၊ လွန်ဘေး” ဆိုသလိုပဲ ကြွက်သားတက်ခြင်စောနဲ့ အလွန်အကြွံသောက်မိရင် ကျောက်ကပ်ပျက်စီးတတ်ပါတယ်။ ဆီးနဲ့ ကျောက်ကပ်လမ်းကြောင်းတစ်လျှောက် ကျောက်တည်တာ၊ အရိုးပွတာတွေလည်းဖြစ်နိုင်ပါတယ်။
မယ်တင်( ဆေး ၁)