“ဆောင်းရာသီတွင်း အသားမပတ်အောင် ဘယ်လို ကာကွယ်ရမလဲ”

“အလွန်အေးတဲ့ ရာသီ… အလွန်ချမ်းတဲ့ရာသီ”

ဆောင်းတွင်းဝင်လာတော့.. အချမ်းပိုပြီး.. အအိပ်ပိုမယ်.. အိပ်ရာထဲကွေးကောင်းတာနဲ့အတူ..အားကစားလိုက်စားသူတွေအဖို့ကျပြန်တော့ မနက်ခင်း အအေးလေးပိုနေချိန် ပိုအားစိုက်လို့ရပြန်သလို.. မဖြစ်မနေ အလုပ်ရှိလို့ မနက်ထရသူတွေ.. အပြင်သွားရသူတွေအဖို့… ဂရုစိုက်ရမယ့်အရာကတော့.. အသားအရေပါပဲ…

အရေပြားဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပါးဆုံး ဖြစ်သလို သူ့ကို မခြောက်သွေ့အောင် ကာကွယ်ဖို့ကလဲ ခက်ခဲပြန်ပါတယ်.. သို့သော် ဒီလိုအချက်လေးတွေ လိုက်နာခြင်း အားဖြင့်တော့ အတော်တန် သက်သာ ကွယ်နိုင်ပါတယ်..

– အသားအရည်နဲ့ ပတ်သတ်တဲ့ အထူးကုဆရာဝန်တွေဆီက ကိုယ်နဲ့ သင့်လျော်တဲ့ ဆေးများ၊ လိမ်းဆေးများ အကြံဉာဏ်တောင်းယူလို့ရပါတယ်..ခုခေတ် ဈေးကြီးစရာမလိုပဲ.. သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဆေးများလဲ ရနိုင်ပါပြီ…

– ဒါ့ပြင် အသားအရည်ကို အမြဲလို စိုစွတ်နေဖို့… အဆီဓာတ်ပါတဲ့ ointment တွေ၊ drycream ၊ night cream တွေ အသုံးပြုလို့ရပါတယ်..သို့သော် တချို့သော creamတွေဟာ မျက်နှာအတွက်မသင့်လျော်တာမို့ သေချာဂရုစိုက်လိမ်းသင့်ပါတယ်..

– နေလောင်ခံကာကွယ်လိမ်းဆေးတွေကို ဆောင်းတွင်းမှာလဲ လိမ်းဖို့ သင့်လျော်ပါတယ်… ဆောင်းတွင်းမှာ ထွက်ပေါ်လာတဲ့ နေရောင်ခြည်တွေဟာလဲ အသားအရည်ကို နွေရာသီကဲ့သို့ ထိခိုက်စေနိုင်ပါသေးတယ်…

– အပြင်သို့ထွက်ရင် ခြေအိတ် လက်အိတ်စွပ်ပါ.. သိုးမွေးနဲ့ ဓာတ်မတည့်တဲ့ သူတွေအဖို့ ချည်သား လက်အိတ် ထူထူလေးတွေ အသုံးပြုလို့ရပါတယ်…

– အထူးသတိပြုဖို့ရာ စိုနေတဲ့ ခြေအိတ်လက်အိတ်တွေ မသုံးပါနဲ့.. ယားယံခြင်း၊အသားပိုပတ်ခြင်းနဲ့.. နှင်းခူတွေထိတောင် ဖြစ်နိုင်ပါတယ်..

– အိမ်တွင်း ရုံးတွင်းမှာ humidifier တပ်ထားပြီး လေထုကို အနည်းငယ် စိုစွတ်နေအောင် ထားခြင်းဖြင့်.. အသားအရည်ခြောက်သွေ့မှုကို လျော့ပါးစေနိုင်ပါတယ်…

– ဆောင်းတွင်း.. ရေအေးဖြင့် ရေမချိုးနိုင်သူတွေအဖို့… အရမ်းပူသော ရေဖြင့် မချိုးဖို့ သတိထားရပါမယ်.. အလွန်ပူသော ရေဟာ အသားအရည်ကို ပိုမိုခြောက်သွေ့စေနိုင်ပါတယ်…

ဒီလို ဆောင်ရန် ရှောင်ရန်တွေကို သိရှိထားခြင်းအားဖြင့်.. ဆောင်းရာသီတွင်း အသားပတ်ခြင်းဒဏ်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်…

ချမ်းအေးလှတဲ့ ဆောင်းရာသီကို စိတ်ရွှင်လန်း ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်…

ပိုင်နီမောင်
#WebMD





– အသားအရည်​နဲ့ ပတ်​သတ်​တဲ့ အထူးကုဆရာဝန်​​တွေဆီက ကိုယ်​နဲ့ သင့်​​လျော်​တဲ့ ​ဆေးများ၊ လိမ်း​ဆေးများ ​အကြံဥာဏ်​​တောင်းယူလို့ရပါတယ်​..ခု​​ခေတ်​ ​ဈေးကြီးစရာမလိုပဲ.. သင့်​တင့်​တဲ့​​ဈေးနှုန်းနဲ့ ​ဆေးများလဲ ရနိုင်​ပါပြီ…









ပိုင်​နီ​မောင်
#WebMD

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…