ပရောစတိတ် ကင်ဆာ
ဆီးကျိတ်ကင်ဆာရောဂါဟာ အမျိုးသားများတွင် အဖြစ်အများဆုံး ကင်ဆာရောဂါထဲက တစ်ခုဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ များသောအားဖြင့် နာကျင်မှုနဲ့ ရောဂါလက္ခဏာများ မပြတတ်တာကြောင့် ရောဂါအစဦးပိုင်းမှာ သိနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ တစ်ချို့သော ဆီးကျိတ်ကင်ဆာဝေဒနာရှင်တွေမှာ အောက်ပါရောဂါလက္ခဏာများ ပြသနိုင်ပါတယ်။
✏ ဆီးသွားချိန်စိတ် မကြာခဏဖြစ်ခြင်း
✏ ဆီးမအောင့်နိုင်ခြင်း
✏ ဆီးစသွားရန် ခက်ခဲခြင်း
✏ ဆီးကောင်းကောင်းမသွားခြင်း၊ တစက်စက်ကျခြင်း
✏ ဆီးသွားစဉ် နာကျင်ခြင်း
✏ လိင်တံ မထောင်မတ်နိုင်ခြင်း
✏ သုတ်လွှတ်စဉ် နာကျင်ခြင်း
✏ ဆီး (သို့) သုတ်ရည်ထဲတွင် သွေးပါခြင်း
✏ ခါးအောက်ပိုင်း၊ ပေါင်နှင့် တင်ပဆုံ နာကျင်ခြင်း
သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ဖြင့် စအိုမှတစ်ဆင့် လက်ညှိုးနှိုက်ကာ စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း Prostate-Specific Antigen (PSA) test ဖြင့် အကြမ်းဖျင်းရောဂါ စမ်းစစ်နိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာ သံသယရှိသူများကို
✏ စအိုမှတစ်ဆင့် Ultrasound ရိုက်ခြင်း
✏ ဆီးကျိတ်မှ အသားစယူကာ ဓာတ်ခွဲစစ်ဆေးခြင်း
✏ MRI သံလိုက်ဓာတ်မှန်ရိုက်ခြင်းများဖြင့် ဆီးကျိတ်ကင်ဆာကို အတည်ပြုနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာသည် အနီးရှိ ကိုယ်တွင်းအင်္ဂါများကို တိုက်ရိုက်ပြန့်နှံ့နိုင်သလို သွေးကြောများ၊ အကျိတ်များမှလည်း အရိုးနှင့် တစ်ခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပျံ့နှံ့နိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာရဲ့ ပျံ့နှံ့မှုနဲ့ အဆင့်ကို သိနိုင်ဖို့
-bone scan
-Ultrasound
-CT Scan
-MRI
-PET Scan တို့နဲ့ စစ်ဆေးနိုင်ပါတယ်။
ကုသမှုအပိုင်းများအနေနဲ့ ရောဂါအတိမ်အနက်ပေါ်မူတည်ပြီး ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ဟော်မုန်းဆေးများပေးခြင်း၊ Chemo ဆေးသွင်းခြင်း၊ ဆီးကျိတ်တစ်ရှူးများ အေးခဲခြင်း စတဲ့ မိမိနဲ့ကိုက်ညီတဲ့ ကုသမှုကို သက်ဆိုင်ရာဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ပေရာစတိတ္ ကင္ဆာ
ဆီးက်ိတ္ကင္ဆာေရာဂါဟာ အမ်ိဳးသားမ်ားတြင္ အျဖစ္အမ်ားဆံုး ကင္ဆာေရာဂါထဲက တစ္ခုျဖစ္ပါတယ္။ ဆီးက်ိတ္ကင္ဆာဟာ မ်ားေသာအားျဖင့္ နာက်င္မႈနဲ႔ ေရာဂါလကၡဏာမ်ား မျပတတ္တာေၾကာင့္ ေရာဂါအစဦးပိုင္းမွာ သိႏိုင္ဖို႔ ခဲယဥ္းပါတယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕ေသာ ဆီးက်ိတ္ကင္ဆာေဝဒနာ႐ွင္ေတြမွာ ေအာက္ပါေရာဂါလကၡဏာမ်ား ျပသႏိုင္ပါတယ္။
✏ ဆီးသြားခ်ိန္စိတ္ မၾကာခဏျဖစ္ျခင္း
✏ ဆီးမေအာင့္ႏိုင္ျခင္း
✏ ဆီးစသြားရန္ ခက္ခဲျခင္း
✏ ဆီးေကာင္းေကာင္းမသြားျခင္း၊ တစက္စက္က်ျခင္း
✏ ဆီးသြားစဥ္ နာက်င္ျခင္း
✏ လိင္တံ မေထာင္မတ္ႏိုင္ျခင္း
✏ သုတ္လႊတ္စဥ္ နာက်င္ျခင္း
✏ ဆီး (သို႔) သုတ္ရည္ထဲတြင္ ေသြးပါျခင္း
✏ ခါးေအာက္ပိုင္း၊ ေပါင္ႏွင့္ တင္ပဆံု နာက်င္ျခင္း
သက္ဆိုင္ရာ ကြၽမ္းက်င္ဆရာဝန္ျဖင့္ စအိုမွတစ္ဆင့္ လက္ညွိဳးႏႈိက္ကာ စမ္းသပ္ျခင္း၊ ေသြးစစ္ျခင္း Prostate-Specific Antigen (PSA) test ျဖင့္ အၾကမ္းဖ်င္းေရာဂါ စမ္းစစ္ႏိုင္ပါတယ္။
ဆီးက်ိတ္ကင္ဆာ သံသယရိွသူမ်ားကို
✏ စအိုမွတစ္ဆင့္ Ultrasound ႐ိုက္ျခင္း
✏ ဆီးက်ိတ္မွ အသားစယူကာ ဓာတ္ခြဲစစ္ေဆးျခင္း
✏ MRI သံလိုက္ဓာတ္မွန္႐ိုက္ျခင္းမ်ားျဖင့္ ဆီးက်ိတ္ကင္ဆာကို အတည္ျပဳႏိုင္ပါတယ္။
ဆီးက်ိတ္ကင္ဆာသည္ အနီးရိွ ကိုယ္တြင္းအဂၤါမ်ားကို တိုက္႐ိုက္ျပန္႔ႏွံ႔ႏိုင္သလို ေသြးေၾကာမ်ား၊ အက်ိတ္မ်ားမွလည္း အ႐ိုးႏွင့္ တစ္ျခားကိုယ္အဂၤါအစိတ္အပိုင္းေတြကို ပ်ံ ့ႏွံ့ႏိုင္ပါတယ္။ ဆီးက်ိတ္ကင္ဆာရဲ႕ ပ်ံ့ႏွ့ံမႈနဲ႔ အဆင့္ကို သိႏိုင္ဖို႔
-bone scan
-Ultrasound
-CT Scan
-MRI
-PET Scan တို႔နဲ႔ စစ္ေဆးႏိုင္ပါတယ္။
ကုသမႈအပိုင္းမ်ားအေနနဲ႔ ေရာဂါအတိမ္အနက္ေပၚမူတည္ၿပီး ခြဲစိတ္ကုသျခင္း၊ ဓာတ္ေရာင္ျခည္ျဖင့္ကုသျခင္း၊ ေဟာ္မုန္းေဆးမ်ားေပးျခင္း၊ Chemo ေဆးသြင္းျခင္း၊ ဆီးက်ိတ္တစ္႐ွဴးမ်ား ေအးခဲျခင္း စတဲ့ မိမိနဲ႔ကိုက္ညီတဲ့ ကုသမႈကို သက္ဆိုင္ရာဆရာဝန္နဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး ကုသမႈခံယူသင့္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)