လိင်မှုကိစ္စ မပြုခြင်းရဲ့ နောက်ကွယ်မှ ကောင်းကျိုး ဆိုးကျိုးများ
“ကမ္ဘာကြီး ဘယ်က စ” ပါလိမ့်…
ဗြဟ္မာကြီးလေးဦး ၊ အာဒံ ဧဝ. အစရှိသဖြင့် ခုချိန်ထိ မရေမရာ ပြောကြမယ်…
ပြောချင်တာကတော့ ကမ္ဘာကြီး ဘယ်ကစခဲ့လဲ မသိပေမယ့်.. ယခု ကမ္ဘာပေါ်မှာ နေထိုင်တဲ့ လူသားတွေကတော့ မျိုးပွားခြင်းက ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်… မျိုးပွားဖို့ရာ ဖိုနဲ့မ ပေါင်းဆက်ရတယ်… သုတ်ပိုးနဲ့ မမျိုးဥ ပေါ့… (ယခုခေတ်ပေါ် ဖန်ပြွန်သန္ဓေသားဆိုတာလဲ သုတ်ပိုးနဲ့ မမျိုးဥက ဖြစ်လာတာပါ) ဆိုတော့ကာ.. ရှင်းရှင်းပြောရရင်ဖြင့် ဖိုနဲ့ မ လိင်ဆက်ဆံရာကနေ ကမ္ဘာကြီး လူဦးရေ တိုးပွားလာတယ်…. ဒါပြင် လိင်ဆက်ဆံခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုလည်း ကျန်းမာရေး ဗဟုသုတ အဖြစ် တော်တော်များများ သိကြမှာပါ…
ဒါဆို..ဆန့်ကျင်ဘက်ဖြစ်တဲ့ လိင် မဆက်ဆံခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကရော?
အစိုးမရတာကို” စိတ် ” လို့ ခေါ်သကဲ့လို … လူ့စိတ်ဆိုတာ.. တစ်ယောက် တစ်မျိုးရယ်ပါ.. ဒါကြောင့် လူတစ်ယောက်ရဲ့ ဆန္ဒဟာလဲ အချိန်နဲ့အမျှ ကွဲပြားနေမှာပါ…လူအများကြီးကို အကဲခတ်ဖို့ရာ ပိုခက်တာမို့ ယေဘုယျတွေ့နိုင်တဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေ ပြောပြပါမယ်….
လိင်မဆက်ဆံခြင်းရဲ့ ကောင်းကျိုးတွေကတော့…
– လိင်ဆက်ဆံရာမှာ အကာအကွယ် မသုံးမိတာကြောင့် (သို့) တပါးသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အကျိအခွဲျ၊သွေး စတာတွေနဲ့ ထိတွေ့မိလို့ ရောဂါ ကူးစက်ခြင်းတွေကနေ ကင်းဝေးနိုင်ပါတယ်…
– ချစ်သူရည်းစားတွေဟာ တခါတရံ လိင်ဆက်ဆံရာမှာ အကာအကွယ်မသုံးတာကြောင့် ကိုယ်ဝန်လွယ်ရခြင်း၊နောက်ဆက်တွဲမှာ စီးပွားရေး လူမှုရေး ပြသနာ ကြုံရခြင်းတွေနိုင်ပါတယ်… ဒါကြောင့် လိင်ဆက်ဆံတဲ့ အခါမှာ အကာအကွယ် သုံးဖို့ရာ(သို့) အသုံးမပြုခဲ့မိပါက အရေးပေါ်သန္ဓေတားဆေးဖြင့် တားဆီးဖို့ရာ လိုအပ်ပါတယ်… ချစ်သူ၊ လင်မယားတွေမှာ လိင်ဆက်ဆံမှု နည်းတဲ့အခါမှာ ဒီလို ပြသနာတွေက အနည်းငယ် ကင်းဝေးနိုင်ပါတယ်
– ချစ်သူ၊လင်မယားတို့မှာ အကြောင်းတစ်စုံတစ်ရာကြောင့် လိင်မဆက်ဆံနိုင်ပါကလည်း… တနည်းအားဖြင့် ခန္ဓာကိုယ်ချင်း ချစ်ခြင်းကို ဖလှယ်တာထက်…တစ်ဦးတစ်ယောက်ရဲ့ စိတ်ကို ပိုနားလည်ပေးပြီး sex ကိစ္စမဟုတ်သော တခြား romantic ဆန်တဲ့ နည်းလမ်းတွေ ပိုတွေးမိလာနိုင်တယ်..အချစ်မလျော့ပဲ ပိုတိုးလာနိုင်ပါသေးတယ်(တယောက်ကိုတယောက် နားလည်ဖို့ ပိုလိုအပ်ပါတယ်)
– မဇ္ဇိမ ပဋိပဍာ ဆိုသလို … ကာမအာရုံကို အရမ်းစွဲလန်းတတ်ပါက မကောင်းပါဘူး.. ဒါကြောင့် မိမိဟာ လိင်ကိစ္စကို သာမန်လောက်သာ စိတ်ဝင်စားတဲ့အခါ အခြားသော လူမှုရေး၊စီးပွားရေးနဲ့ အတွေး အခေါ်ဘက်ကို ပိုမို အချိန်ပေးနိုင်မှာ ဖြစ်ပါတယ်…
လိင်မဆက်ဆံခြင်းရဲ့ ဆိုးကျိုးတွေကတော့…
– မြွေတွေ ငါးတွေမှာ ခြေလက်တွေ ပါခဲ့ဖူးတယ်ဆို.. သိပ္ပံပညာရှင်တွေ ဆိုကြဖူးတယ်.. ဒါဆို ဘာလို့ ခုမရှိတော့လဲလို့ မေးကြမယ်… သဘာဝတရားကြီးက ဆန်းကြယ်တယ်… အသုံးမပြု အသုံးမလိုတော့တဲ့ အရာ တစ်ခုဟာ တဖြည်းဖြည်း သိမ်သွားပြီး ပျောက်ကွယ်သွားတယ်တဲ့… မစိုးရိမ်ပါနဲ့.. ဒီလို ဖြစ်ဖို့ဆိုတာက ရာစုနှစ်တော်တော်များများကြာမှ ဖြစ်နိုင်တာပါ.. သို့်သော်.. ကျွန်တော့်ကို “ဆရာ ကျွန်တော်သာ အသုံးမပြုတော့ရင် သိမ်သွားမှာလားလို့ မေးလာခဲ့ရင်တော့… အပေါ်က မြွေနဲ့ ငါး ဥပမာလိုပဲ ဖြေပါရစေ”
-သုတေတနတွေ အဆိုအရ တစ်ပတ်မှာ လေးငါးကြိမ်လောက် သုတ်လွှတ်ခြင်းဟာ ပရိစတိတ်(prostate)ကို ပုံမှန်ဖြစ်စေပြီး ကျန်းမာရေးကို မထိခိုက်နိုင်ပါဘူး… ဒီလိုပဲ အမျိုးသမီးတွေမှာဆိုရင်လဲ လိင်မဆက်ဆံတာ ကြာလာတဲ့အခါ မိန်းမကိုယ်ကြွက်သား အားလျော့လာတတ်ပြီး သားအိမ်ကံျွကျခြင်း ဖြစ်တတ်ပါတယ်…
– ဆား မပါတဲ့ ဟင်းဟာ ပေါ့ရွှတ်ရွှတ်နိုင်တယ်လို့ ပြောကြတယ်.. အဲ့စကားလိုပဲ… အိမ်ထောင်မှုတစ်ခုမှာလဲ ကာမသုခ ဆိုတဲ့ ဆားလေး လိုတတ်ပါတယ်… သို့မဟုတ်ပါက တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း ရင်းနှီးသင့်သလောက် မရင်းနှီးနိုင်ပဲ အိမ်ထောင်မှု အဆင်မပြေ ဖြစ်တတ်ပါတယ်…
-တခါတရံမှာ လူတစ်ယောက်ဟာ ကာမဆန္ဒတွေ ရှိနေပြီး သိက္ခာ ၊ လူမှုရေး၊ တခြားအခြေအနေ တစ်ခုကြောင့် အလိုမပြည့်တဲ့ အခါမျိုးမှာ မိမိကိုယ်ကို စိတ်အလိုမကျခြင်း၊ ဒေါသ ထွက်လွယ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်..
– ကာမစိတ် များလွန်းတာမျိုးကို လျော့ချဖို့ရာ တရား ထိုင်ခြင်း၊ တခြားသော မိမိ ဝါသနာ ပါရာ အလုပ်များကို ပြုခြင်း အားဖြင့် လျော့ချနိုင်ပါတယ်…
အရာရာတိုင်းမှာ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲလျက်ရှိတာမို့… မိမိ စိတ်ကို အုပ်စိုးနိုင်သော ကျန်းမာရေး အသိနဲ့ ပြည့်စုံသူများ ဖြစ်ကြပါစေလို့ တောင်းဆု မေတ္တာပြုလျက်….
ပိုင်နီမောင်
လိင္မႈကိစၥ မျပဳျခင္းရဲ႕ ေနာက္ကြယ္မွ ေကာင္းက်ိဳး ဆိုးကိ်ဳးမ်ား
“ကမၻာႀကီး ဘယ္က စ” ပါလိမ့္…
ျဗဟၼာႀကီးေလးဦး ၊ အာဒံ ဧဝ. အစ႐ွိသျဖင့္ ခုခ်ိန္ထိ မေရမရာ ေျပာၾကမယ္…
ေျပာခ်င္တာကေတာ့ ကမၻာႀကီး ဘယ္ကစခဲ့လဲ မသိေပမယ့္.. ယခု ကမၻာေပၚမွာ ေနထိုင္တဲ့ လူသားေတြကေတာ့ မ်ိဳးပြားျခင္းက ျဖစ္ေပၚလာတာပဲ ျဖစ္ပါတယ္… မ်ိဳးပြားဖို႔ရာ ဖိုနဲ႔မ ေပါင္းဆက္ရတယ္… သုတ္ပိုးနဲ႔ မမ်ိဳးဥ ေပါ့… (ယခုေခတ္ေပၚ ဖန္ႁပြန္သေႏၶသားဆိုတာလဲ သုတ္ပိုးနဲ႔ မမ်ိဳးဥက ျဖစ္လာတာပါ) ဆိုေတာ့ကာ.. ႐ွင္း႐ွင္းေျပာရရင္ျဖင့္ ဖိုနဲ႔ မ လိင္ဆက္ဆံရာကေန ကမၻာႀကီး လူဦးေရ တိုးပြားလာတယ္…. ဒါျပင္ လိင္ဆက္ဆံျခင္းရဲ႕ ေကာင္းက်ိဳးဆိုးက်ိဳးေတြကိုလည္း က်န္းမာေရး ဗဟုသုတ အျဖစ္ ေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ…
ဒါဆို..ဆန္႔က်င္ဘက္ျဖစ္တဲ့ လိင္ မဆက္ဆံျခင္းရဲ႕ ေကာင္းက်ိဳး ဆိုးက်ိဳးေတြကေရာ?
အစိုးမရတာကို” စိတ္ ” လို႔ ေခၚသကဲ့လို … လူ႔စိတ္ဆိုတာ.. တစ္ေယာက္ တစ္မ်ိဳးရယ္ပါ.. ဒါေၾကာင့္ လူတစ္ေယာက္ရဲ႕ ဆႏၵဟာလဲ အခ်ိန္နဲ႔အမ်ွ ကဲြျပားေနမွာပါ…လူအမ်ားႀကီးကို အကဲခတ္ဖို႔ရာ ပိုခက္တာမို႔ ေယဘုယ်ေတြ႕ႏိုင္တဲ့ ေကာင္းက်ိဳးဆိုးက်ိဳးေလးေတြ ေျပာျပပါမယ္….
လိင္မဆက္ဆံျခင္းရဲ႕ ေကာင္းက်ိဳးေတြကေတာ့…
– လိင္ဆက္ဆံရာမွာ အကာအကြယ္ မသံုးမိတာေၾကာင့္ (သို႔) တပါးသူရဲ႕ ခႏၶာကုိယ္က ထြက္တဲ့ အက်ိအခဲြၽ၊ေသြး စတာေတြနဲ႔ ထိေတြ႔မိလို႔ ေရာဂါ ကူးစက္ျခင္းေတြကေန ကင္းေဝးႏိုင္ပါတယ္…
– ခ်စ္သူရည္းစားေတြဟာ တခါတရံ လိင္ဆက္ဆံရာမွာ အကာအကြယ္မသံုးတာေၾကာင့္ ကုိယ္ဝန္လြယ္ရျခင္း၊ေနာက္ဆက္တဲြမွာ စီးပြားေရး လူမႈေရး ျပသနာ ၾကံဳရျခင္းေတြႏိုင္ပါတယ္… ဒါေၾကာင့္ လိင္ဆက္ဆံတဲ့ အခါမွာ အကာအကြယ္ သံုးဖို႔ရာ(သို႔) အသံုးမျပဳခဲ့မိပါက အေရးေပၚသေႏၶတားေဆးျဖင့္ တားဆီးဖို႔ရာ လိုအပ္ပါတယ္… ခ်စ္သူ၊ လင္မယားေတြမွာ လိင္ဆက္ဆံမႈ နည္းတဲ့အခါမွာ ဒီလို ျပသနာေတြက အနည္းငယ္ ကင္းေဝးႏိုင္ပါတယ္
– ခ်စ္သူ၊လင္မယားတို႔မွာ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ လိင္မဆက္ဆံႏိုင္ပါကလည္း… တနည္းအားျဖင့္ ခႏၶာကုိယ္ခ်င္း ခ်စ္ျခင္းကို ဖလွယ္တာထက္…တစ္ဦးတစ္ေယာက္ရဲ႕ စိတ္ကို ပိုနားလည္ေပးၿပီး sex ကိစၥမဟုတ္ေသာ တျခား romantic ဆန္တဲ့ နည္းလမ္းေတြ ပိုေတြးမိလာႏိုင္တယ္..အခ်စ္မေလ်ာ့ပဲ ပုိတိုးလာႏိုင္ပါေသးတယ္(တေယာက္ကိုတေယာက္ နားလည္ဖို႔ ပိုလိုအပ္ပါတယ္)
– မဇၨိမ ပဋိပဍာ ဆိုသလို … ကာမအာရံုကို အရမ္းစဲြလန္းတတ္ပါက မေကာင္းပါဘူး.. ဒါေၾကာင့္ မိမိဟာ လိင္ကိစၥကို သာမန္ေလာက္သာ စိတ္ဝင္စားတဲ့အခါ အျခားေသာ လူမႈေရး၊စီးပြားေရးနဲ႔ အေတြး အေခၚဘက္ကို ပိုမို အခ်ိန္ေပးႏိုင္မွာ ျဖစ္ပါတယ္…
လိင္မဆက္ဆံျခင္းရဲ႕ ဆိုးက်ိဳးေတြကေတာ့…
– ေႁမြေတြ ငါးေတြမွာ ေျခလက္ေတြ ပါခဲ့ဖူးတယ္ဆို.. သိပၸံပညာ႐ွင္ေတြ ဆိုၾကဖူးတယ္.. ဒါဆို ဘာလုိ႔ ခုမရွိေတာ့လဲလို႔ ေမးၾကမယ္… သဘာဝတရားႀကီးက ဆန္းၾကယ္တယ္… အသံုးမျပဳ အသံုးမလိုေတာ့တဲ့ အရာ တစ္ခုဟာ တျဖည္းျဖည္း သိမ္သြားၿပီး ေပ်ာက္ကြယ္သြားတယ္တဲ့… မစိုးရိမ္ပါနဲ႔.. ဒီလို ျဖစ္ဖို႔ဆိုတာက ရာစုႏွစ္ေတာ္ေတာ္မ်ားမ်ားၾကာမွ ျဖစ္ႏိုင္တာပါ.. သို့္ေသာ္.. ကြၽန္ေတာ့္ကို “ဆရာ ကြၽန္ေတာ္သာ အသံုးမျပဳေတာ့ရင္ သိမ္သြားမွာလားလို႔ ေမးလာခဲ့ရင္ေတာ့… အေပၚက ေႁမြနဲ႔ ငါး ဥပမာလိုပဲ ေျဖပါရေစ”
-သုေတတနေတြ အဆိုအရ တစ္ပတ္မွာ ေလးငါးႀကိမ္ေလာက္ သုတ္လႊတ္ျခင္းဟာ ပရိစတိတ္(prostate)ကို ပံုမွန္ျဖစ္ေစၿပီး က်န္းမာေရးကုိ မထိခိုက္ႏိုင္ပါဘူး… ဒီလိုပဲ အမ်ိဳးသမီးေတြမွာဆိုရင္လဲ လိင္မဆက္ဆံတာ ၾကာလာတဲ့အခါ မိန္းမကုိယ္ႂကြက္သား အားေလ်ာ့လာတတ္ၿပီး သားအိမ္ကံြၽက်ျခင္း ျဖစ္တတ္ပါတယ္…
– ဆား မပါတဲ့ ဟင္းဟာ ေပါ့ရႊတ္ရႊတ္ႏိုင္တယ္လို႔ ေျပာၾကတယ္.. အဲ့စကားလိုပဲ… အိမ္ေထာင္မႈတစ္ခုမွာလဲ ကာမသုခ ဆိုတဲ့ ဆားေလး လိုတတ္ပါတယ္… သို႔မဟုတ္ပါက တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ခ်င္း ရင္းႏွီးသင့္သေလာက္ မရင္းႏွီးႏိုင္ပဲ အိမ္ေထာင္မႈ အဆင္မေျပ ျဖစ္တတ္ပါတယ္…
-တခါတရံမွာ လူတစ္ေယာက္ဟာ ကာမဆႏၵေတြ ႐ွိေနၿပီး သိကၡာ ၊ လူမႈေရး၊ တျခားအေျခအေန တစ္ခုေၾကာင့္ အလိုမျပည့္တဲ့ အခါမ်ိဳးမွာ မိမိကုိယ္ကို စိတ္အလိုမက်ျခင္း၊ ေဒါသ ထြက္လြယ္ျခင္း စတာေတြ ျဖစ္တတ္ပါတယ္..
– ကာမစိတ္ မ်ားလြန္းတာမ်ိဳးကို ေလ်ာ့ခ်ဖို႔ရာ တရား ထိုင္ျခင္း၊ တျခားေသာ မိမိ ဝါသနာ ပါရာ အလုပ္မ်ားကို ျပဳျခင္း အားျဖင့္ ေလ်ာ့ခ်ႏိုင္ပါတယ္…
အရာရာတိုင္းမွာ ေကာင္းက်ိဳး ဆိုးက်ိဳး ဒြန္တဲြလ်က္႐ွိတာမို႔… မိမိ စိတ္ကို အုပ္စိုးႏိုင္ေသာ က်န္းမာေရး အသိနဲ႔ ျပည့္စံုသူမ်ား ျဖစ္ၾကပါေစလို႔ ေတာင္းဆု ေမတၱာျပဳလ်က္….
ပိုင္နီေမာင္