လက်မောင်းထဲက မာမာအချောင်းလေးအကြောင်း

အိမ်ထောင်ပြုပြီးကြတဲ့အခါမှာ ကိုယ်ဝန်တားဆေးကိုရွေးချယ်ခြင်းဟာ အရမ်းအရေးကြီးတဲ့အချက် ဖြစ်လာပါပြီ။ ဒီအခါမှာ အချို့က အရမ်းသတိမေ့တတ်ကြတဲ့အတွက် သို့မဟုတ် အလုပ်အရမ်းများကြတဲ့အတွက် နေ့စဉ်သောက်ဆေး၊ သုံးလထိုးဆေး အစရှိသည်တို့အတွက် သတိတရရှိဖို့အချိန်မပေးနိုင်တဲ့အခါ လက်မောင်းတွင်းထည့် နှစ်ရှည်ခံ သန္ဓေတားဆေးများကိုသုံးလာကြပါတယ်။

ရှိတော့ပါဘူး။

ဘယ်လောက်ထိကောင်းပြီး ဘယ်လောက်ထိအထားခံပါသလဲ။

လက်မောင်းတွင်းထည့်သန္ဓေတားဆေးဟာ သားဆက်ခြားခြင်းအောင်မြင်ရန် ၉၉ရာခိုင်နှုန်းထိစိတ်ချရပြီး ပစ္စည်းအမျိုးအစားပေါ်မူတည်ကာ သုံးနှစ်မှ ငါးနှစ်အထိ ကိုယ်ဝန်တားပေးနိုင်ပါတယ်။

ဘာတွေကောင်းလဲ၊ ဘာတွေဆိုးလဲ

ကောင်းကျိုးတွေအနေနဲ့ကတော့

– ထိရောက်သော သန္ဓေကာကွယ်နိုင်စွမ်းရှိခြင်း

– သုံးနှစ်/ငါးနှစ်ခံ ဖြစ်တဲ့အတွက် နေ့စဉ်လစဉ် ဆေးသောက်ဆေးထိုးကာ ကိုယ်ဝန်တားရန်မလိုအပ်ခြင်း

– မိမိမထားလိုတော့ပါက အချိန်မရွေးဖယ်ရှားနိုင်ခြင်း

– ဖယ်ရှားပြီးပြီးချင်း မကြာခင် ပြန်လည်ကိုယ်ဝန်ဆောင်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

ဆိုးကျိုးအနေနဲ့ကတော့

– ထည့်ကာစအချိန်တွေမှာ ဓမ္မတာသွေးဆင်းမှုမမှန်ဘဲ မကြာခဏရာသီဆင်းခြင်း

– လက်မောင်းတွင်းတွင်ထည့်ထားခြင်းကို ထိတွေ့ခံစားနိုင်ခြင်း

– ထည့်သွင်းသောအခါ၊ ပြန်လည်ထုတ်သောအခါတွင် တတ်ကျွမ်းနားလည်သောကျန်းမာရေးဝန်ထမ်းလိုအပ်ခြင်း တို့ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သားဆက်ခြားတော့မယ်ဆိုရင် သန္ဓေတားနည်းများကို တစ်ခုချင်းစီလေ့လာပြီး သင့်တော်ရာကိုရွေးချယ်ပါ။ အကယ်၍များ နှစ်ရှည်သန္ဓေတားချင်တယ်ဆိုရင်တော့ လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်းအသုံးပြုခြင်းဟာ ထည့်သွင်းစဉ်းစားစရာ သားဆက်ခြားနည်းတစ်ခုဖြသ်ကြောင်း တင်ပြလိုက်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

လက္ေမာင္းထဲက မာမာအေခ်ာင္းေလးအေၾကာင္း

အိမ္ေထာင္ျပဳၿပီးၾကတဲ့အခါမွာ ကိုယ္ဝန္တားေဆးကိုေရြးခ်ယ္ျခင္းဟာ အရမ္းအေရးႀကီးတဲ့အခ်က္ ျဖစ္လာပါၿပီ။ ဒီအခါမွာ အခ်ိဳ႕က အရမ္းသတိေမ့တတ္ၾကတဲ့အတြက္ သို႔မဟုတ္ အလုပ္အရမ္းမ်ားၾကတဲ့အတြက္ ေန႔စဥ္ေသာက္ေဆး၊ သံုးလထိုးေဆး အစ႐ွိသည္တို႔အတြက္ သတိတရ႐ွိဖို႔အခ်ိန္မေပးႏိုင္တဲ့အခါ လက္ေမာင္းတြင္းထည့္ ႏွစ္႐ွည္ခံ သေႏၶတားေဆးမ်ားကိုသံုးလာၾကပါတယ္။

႐ွိေတာ့ပါဘူး။

ဘယ္ေလာက္ထိေကာင္းၿပီး ဘယ္ေလာက္ထိအထားခံပါသလဲ။

လက္ေမာင္းတြင္းထည့္သေႏၶတားေဆးဟာ သားဆက္ျခားျခင္းေအာင္ျမင္ရန္ ၉၉ရာခိုင္ႏႈန္းထိစိတ္ခ်ရၿပီး ပစၥည္းအမ်ိဳးအစားေပၚမူတည္ကာ သံုးႏွစ္မွ ငါးႏွစ္အထိ ကိုယ္ဝန္တားေပးႏိုင္ပါတယ္။

ဘာေတြေကာင္းလဲ၊ ဘာေတြဆိုးလဲ

ေကာင္းက်ိဳးေတြအေနနဲ႔ကေတာ့

- ထိေရာက္ေသာ သေႏၶကာကြယ္ႏိုင္စြမ္း႐ွိျခင္း

- သံုးႏွစ္/ငါးႏွစ္ခံ ျဖစ္တဲ့အတြက္ ေန႔စဥ္လစဥ္ ေဆးေသာက္ေဆးထိုးကာ ကိုယ္ဝန္တားရန္မလိုအပ္ျခင္း

- မိမိမထားလိုေတာ့ပါက အခ်ိန္မေရြးဖယ္႐ွားႏိုင္ျခင္း

- ဖယ္႐ွားၿပီးၿပီးခ်င္း မၾကာခင္ ျပန္လည္ကိုယ္ဝန္ေဆာင္ႏိုင္ျခင္း တို႔ပဲျဖစ္ပါတယ္။

ဆိုးက်ိဳးအေနနဲ႔ကေတာ့

- ထည့္ကာစအခ်ိန္ေတြမွာ ဓမၼတာေသြးဆင္းမႈမမွန္ဘဲ မၾကာခဏရာသီဆင္းျခင္း

- လက္ေမာင္းတြင္းတြင္ထည့္ထားျခင္းကို ထိေတြ႔ခံစားႏိုင္ျခင္း

- ထည့္သြင္းေသာအခါ၊ ျပန္လည္ထုတ္ေသာအခါတြင္ တတ္ကြၽမ္းနားလည္ေသာက်န္းမာေရးဝန္ထမ္းလိုအပ္ျခင္း တို႔ပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္ သားဆက္ျခားေတာ့မယ္ဆိုရင္ သေႏၶတားနည္းမ်ားကို တစ္ခုခ်င္းစီေလ့လာၿပီး သင့္ေတာ္ရာကိုေရြးခ်ယ္ပါ။ အကယ္၍မ်ား ႏွစ္႐ွည္သေႏၶတားခ်င္တယ္ဆိုရင္ေတာ့ လက္ေမာင္းတြင္းထည့္သေႏၶတားပစၥည္းအသံုးျပဳျခင္းဟာ ထည့္သြင္းစဥ္းစားစရာ သားဆက္ျခားနည္းတစ္ခုျဖသ္ေၾကာင္း တင္ျပလိုက္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *