အမျိုးသမီးသုံး ကွန်ဒုံးရဲ့ ကောင်းကျိုး ဆိုးကျိုးများ…

“လိုလျှင်ကြံဆ နည်းလမ်းရ ” ဆိုသလို.. လူသားတွေဟာ မည်သည့်ကိစ္စမဆို မိမိတို့ အတွက် အသုံးဝင် အသုံးပြုနိုင်မည့်အရာတွေကို ရှာဖွေတွေ့ရှိစမြဲပါ…ဒီလို တွေ့ရှိပြီးနောက်မှာ ကောင်းကျိုးနဲ့ ဆိုးကျိုးဟာ အမြဲ ဒွန်တွဲလာပါတယ်..
ဒီလိုပဲ … အိမ်ထောင်ပြုပြီး သားသမီးမရချင်လို့ဖြစ်စေ၊ အတူနေပြီးနောက်ပိုင်း ကိုယ်ဝန်မရချင်လို့ဖြစ်စေ … တားဆီးဖို့ရာ နည်းလမ်းတွေကို အများကြီး တွေ့ရှိခဲ့ပါတယ်… ကိုယ်ဝန်တားဖို့ရာ သောက်ဆေး၊ ထိုးဆေး၊ သားအိမ်တွင်း (သို့)လက်မောင်းတွင်းထည့်ပစ္စည်းတွေ အပြင် အမျိုးသား အမျိုးသမီးသုံး ကွန်ဒုံး အစရှိသဖြင့် ပေါ်ထွက်လာပါတယ်.. ဒီထဲကမှ အမျိုးသမီးတွေမှာ အသုံးပြုတဲ့ female condom diaphragm အကြောင်းသိပြီးကြပြီလား ? ..May လမှာ အမျိုးသမီးသုံး ကွန်ဒုံးရဲ့ အသုံးပြုပုံ များကို ပြောပြပြီးပြီ ဖြစ်လို့ ခု သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးများ ကို ဆက်ပြောပြချင်ပါတယ်…

“ကောင်းကျိုးများ ”

– ရိုးရိုးအမျိုးသမီးသုံး ကွန်ဒုံးနဲ့ မတူတာကတော့ မိမိနဲ့ ဆက်ဆံဖော်ဟာ ဒီပစ္စည်းထည့်၍ အသုံးပြုထားတယ်ဆို မခံစားရပဲ ပုံမှန်အတိုင်းခံစားနိုင်ပါတယ်…

– ရိုးရိုးကွန်ဒုံးကဲ့သို့မဟုတ်ပဲ မိန်းမကိုယ်အတွင်းမှာ cap လေးအဖြစ်သာ အသုံးပြုရတဲ့ အတွက် မိန်းမကိုယ်အဝမှာ ဓာတ်မတည့်၍ ယားယံတာတွေ မဖြစ်နိုင်ပါ..

– အသုံးပြုပုံကို သေချာလေ့လာပြီးတာနဲ့ မိမိဘာသာ အသုံးပြုနိုင်ပါတယ်..

– တစ်ခါဝယ်ပြီးလျှင် သေချာ သန့်စင်၍ ထိန်းသိမ်းပါက ကြာရှည်အသုံးပြုနိုင်ပါတယ်..

– ကိုယ်ဝန်တားဆေး၊ထိုးဆေးများနှင့် ဓာတ်မတည့်သူတွေမှာ အသုံးပြုနိုင်ပါတယ်

“ဆိုးကျိုးများ”

– မဆက်ဆံမီအချိန်မှာ ကြိုတင် ထည့်သွင်းထားရတဲ့အတွက် ကရိကထ များနိုင်ပါတယ်..

– rubber silicon (သို့) သုတ်ပိုးသေစေသော ဆေးကြောင့် ဓာတ်မတည့်ခြင်း၊ ယားယံခြင်းတွေ ဖြစ်နိုင်ပါတယ်..

– အသုံးပြုပြီး သေချာမသန့်စင်ခြင်း၊ မိန်းမကိုယ်တွင်း ကြာရှည်စွာထားခြင်းကြောင့်.. ပိုးဝင်ခြင်း များဖြစ်နိုင်ပါတယ်…

– သာမန် condom တွေထက် ဈေးပိုကြီးခြင်း၊ သုတ်ပိုးသေစေသော ဆေးများပါ တွဲဖက် အသုံးပြုရတဲ့အတွက် စရိတ်စက ပိုများနိုင်ပါတယ်..

– ကိုယ်ဝန်မရအောင် တားဆီးနိုင်သော်လည်း လိင်မှ တဆင့်ကူးစက်သော ရောဂါများ-(HIV၊ Herpes )တွေကို မကာကွယ်နိုင်ပါ…

ဒါကြောင့်.. diaphragm ကို အသုံးမပြုခင် အညွှန်းသေချာစွာ ဖတ်ပါ … ပေါက်ပြဲခြင်း ရှိမရှိ သေချာ စစ်ဆေးပါ… ဓာတ်မတည့်ခြင်းတွေ ဖြစ်လာပါက ဆရာဝန်နှင့် ကုသဆွေးနွေးပါ…

May လမှ ရေးသားထားသော စာကို ဖတ်လို့ပါက…

https://www.facebook.com/flx/warn/?u=http%3A%2F%2F104.248.147.78%2Fmydoctor%2Ffemale-condom-diaphragm%2F&h=AT2OjX4PgaL8eW9ksScFwcCpQmSXAplByhlh5T94nykQesq5zdThNxMM3agd5RMtHHdeDU1Dmyy30Np7bP-7jGAv5AARmc6FQMawpdNJBixEcfLhJ541-A1-G6WV1tpy0k0

လုံခြုံစိတ်ချရသော အိမ်ထောင်မှုဘဝကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်…

ပိုင်နီမောင်

အမ်ိဳးသမီးသံုး ကြန္​ဒံုးရဲ႕ ​ေကာင္​းက်ိဳး ဆိုးက်ိဳးမ်ား...

"လိုလွ်င္​ၾကံဆ နည္​းလမ္​းရ " ဆိုသလို.. လူသား​ေတြဟာ မည္​သည္​့ကိစၥမဆို မိမိတို႔ အတြက္​ အသံုးဝင္​ အသံုးျပဳႏိုင္​မည္​့အရာ​ေတြကို ႐ွာ​ေဖြ​ေတြ႔႐ွိစျမဲပါ...ဒီလို ​ေတြ႔႐ွိၿပီး​ေနာက္​မွာ ​ေကာင္​းက်ိဳးနဲ႔ ဆိုးက်ိဳးဟာ အျမဲ ဒြန္​တဲြလာပါတယ္​..
ဒီလိုပဲ ... အိမ္​​ေထာင္​ျပဳၿပီး သားသမီးမရခ်င္​လို႔ျဖစ္​​ေစ၊ အတူ​ေနၿပီး​ေနာက္​ပိုင္​း ကိုယ္​ဝန္​မရခ်င္​လို႔ျဖစ္​​ေစ ... တားဆီးဖို႔ရာ နည္​းလမ္​း​ေတြကို အမ်ားႀကီး ​ေတြ႔႐ွိခဲ့ပါတယ္​... ကိုယ္​ဝန္​တား​ဖို႔ရာ ​ေသာက္​ေဆး၊ ထိုး​ေဆး၊ သားအိမ္​တြင္​း (သို႔)လက္​ေမာင္​းတြင္​းထည္​့ပစၥည္​း​ေတြ အျပင္​ အမ်ိဳးသား အမ်ိဳးသမီးသံုး ကြန္​ဒံုး အစ႐ွိသျဖင္​့ ​ေပၚထြက္​လာပါတယ္​.. ဒီထဲကမွ အမ်ိဳးသမီး​ေတြမွာ အသံုးျပဳတဲ့ female condom diaphragm အ​ေၾကာင္​းသိၿပီးၾကၿပီလား ? ..May လမွာ အမ်ိဳးသမီးသံုး ကြန္​ဒံုးရဲ႕ အသံုးျပဳပံု မ်ားကို ​ေျပာျပၿပီးၿပီ ျဖစ္​လို႔ ခု သူ႔ရဲ႕ ​ေကာင္​းက်ိဳး ဆိုးက်ိဳးမ်ား ကို ဆက္​​ေျပာျပခ်င္​ပါတယ္​...

"​​ေကာင္​းက်ိဳးမ်ား "

- ႐ိုး႐ိုးအမ်ိဳးသမီးသံုး ကြန္​ဒံုးနဲ႔ မတူတာက​ေတာ့ မိမိနဲ႔ ဆက္​ဆံ​ေဖာ္​ဟာ ဒီပစၥည္​းထည္​့၍ အသံုးျပဳထားတယ္​ဆို မခံစားရပဲ ပံုမွန္အတိုင္​​းခံစားႏိုင္​ပါတယ္​...

- ႐ိုး႐ိုးကြန္​ဒံုးကဲ့သို႔မဟုတ္​ပဲ မိန္​းမကိုယ္​အတြင္​းမွာ cap ​ေလးအျဖစ္​သာ အသံုးျပဳရတဲ့ အတြက္​ မိန္​းမကိုယ္​အဝမွာ ဓာတ္​မတည္​့၍ ယားယံတာ​ေတြ မျဖစ္​ႏိုင္​ပါ..

- အသံုးျပဳပံုကို ​ေသခ်ာ​ေလ့လာၿပီးတာနဲ႔ မိမိဘာသာ အသံုးျပဳႏိုင္​ပါတယ္​..

- တစ္​ခါဝယ္​ၿပီးလွ်င္​ ​ေသခ်ာ သန္​႔စင္​၍ ထိန္​းသိမ္​းပါက ၾကာ႐ွည္​အသံုးျပဳႏိုင္​ပါတယ္​..

- ​ကုိယ္​ဝန္​တားေဆး၊ထိုး​ေဆးမ်ားႏွင္​့ ဓာတ္​မတည္​့သူ​ေတြမွာ အသံုးျပဳႏိုင္​ပါတယ္​

"ဆိုးက်ိဳးမ်ား"

- မဆက္​ဆံမီအခ်ိန္​မွာ ႀကိဳတင္​ ထည္​့သြင္​းထားရတဲ့အတြက္​ ကရိကထ မ်ားႏိုင္​ပါတယ္​..

- rubber silicon (သို႔) သုတ္​ပိုး​ေသ​ေစ​ေသာ ​ေဆး​ေၾကာင္​့ ဓာတ္​မတည္​့ျခင္​း၊ ယားယံျခင္​း​ေတြ ျဖစ္​ႏိုင္​ပါတယ္​..

- အသံုးျပဳၿပီး ​ေသခ်ာမသန္​႔စင္ျခင္​း၊ မိန္​းမကိုယ္​တြင္​း ၾကာ႐ွည္​စြာထားျခင္​း​ေၾကာင္​့.. ပိုးဝင္​ျခင္​း မ်ားျဖစ္​ႏိုင္​ပါတယ္​...

- သာမန္​ condom ​ေတြထက္​ ​ေစ်းပိုႀကီးျခင္​း၊ သုတ္​ပို​း​ေသ​ေစ​ေသာ ​ေဆးမ်ားပါ တဲြဖက္​ အသံုးျပဳရတဲ့အတြက္​ စရိတ္​စက ပိုမ်ားႏိုင္​ပါတယ္​..

- ကုိယ္​ဝန္​မ​ရ​ေအာင္​ တားဆီးႏိုင္​​ေသာ္​လည္​း လိင္​မွ တဆင္​့ကူးစက္​​ေသာ ​ေရာဂါမ်ား-(HIV၊ Herpes )​ေတြကို မကာကြယ္​ႏိုင္​ပါ...

ဒါ​ေၾကာင္​့.. diaphragm ကို အသံုးမျပဳခင္​​ ​အၫႊန္​း​ေသခ်ာစြာ ဖတ္​ပါ ... ေပါက္​ျပဲျခင္​း ​႐ွိမ႐ွိ ေသခ်ာ စစ္​​ေဆးပါ... ဓာတ္​မတည္​့ျခင္​း​ေတြ ျဖစ္​လာပါက ဆရာဝန္​ႏွင္​့ ကုသ​ေဆြး​ေႏြးပါ...

May လမွ ​ေရးသားထား​ေသာ စာကို ဖတ္​လို႔ပါက...

https://www.facebook.com/flx/warn/?u=http%3A%2F%2F104.248.147.78%2Fmydoctor%2Ffemale-condom-diaphragm%2F&h=AT2OjX4PgaL8eW9ksScFwcCpQmSXAplByhlh5T94nykQesq5zdThNxMM3agd5RMtHHdeDU1Dmyy30Np7bP-7jGAv5AARmc6FQMawpdNJBixEcfLhJ541-A1-G6WV1tpy0k0

လံုျခံဳစိတ္​ခ်ရ​ေသာ အိမ္​​ေထာင္​မႈဘဝကို ပိုင္​ဆိုင္​ၾကပါ​ေစလို႔ ​ေတာင္​းဆု​ေမတၱာျပဳလ်က္​...

ပိုင္​နီ​ေမာင္​

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *