လူပြောများတဲ့ ဒက်ပို

ဒက်ပိုလို့ အရပ်ခေါ် ခေါ်နေကြတဲ့ သုံးလခံသန္ဓေတားဆေးဟာ အိမ်ထောင်ရှင်အမျိုးသမီးအများစု တွင်တွင်ကျယ်ကျယ်သုံးစွဲကြတဲ့ သားဆက်ခြားဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ဒီတော့ဒက်ပို (Depo Provera) ဆိုတဲ့ဆေးဟာ ဘာလဲ၊ ကောင်းကျိုးဆိုးကျိုး ဘာတွေရှိလဲဆိုတာ လေ့လာကြည့်ကြရအောင်။

ဒက်ပိုဆိုသည်မှာ..

Depo ဆိုတာဟာ သန္ဓေတားဆေးအဖြစ်နဲ့အသုံးပြုကြတဲ့ Medroxyprogesterone လို့ခေါ်တဲ့ ဟော်မုန်းဆေးတစ်မျိုးပဲဖြစ်ပါတယ်။ Depo ကို သုံးလပတ် (၁၂ပတ်) တစ်ခါထိုးခြင်းအားဖြင့် သားဆက်ခြားနိုင်ပါတယ်။ ဒက်ပိုဟာ မျိုးဥကြွေခြင်းကိုတားဆီးတဲ့အတွက် အမျိုးသားရဲ့သုက်ပိုးနဲ့ မျိုးဥထိတွေ့မှုမရှိစေခြင်းဖြင့် ကိုယ်ဝန်မရအောင် တားဆီးပေးပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းအဝရဲ့အခွဲျဓာတ်ကိုပိုများစေခြင်းဖြင့်လည်း သုက်ပိုးများကိုတားဆီးပေးပါတယ်။

“ဘာတွေကောင်းလဲ၊ ဘာတွေဆိုးလဲ”

အခြားသော သန္ဓေတားဆေးများနဲ့ယှဉ်ရင် Depoကိုရွေးသင့်တဲ့အကြောင်းတွေကတော့

  • ရိုးရှင်းလွယ်ကူစွာထိုးနှံနိုင်ပြီး ထိရောက်သောကာကွယ်မှုကိုပေးနိုင်ခြင်း
  • လက်ညိုးကဒ်တားဆေးလိုမျိုး နေ့စဉ်သောက်စရာမလိုဘဲ သုံးလမှတစ်ခါသာ ဆေးထိုးရန်လိုခြင်း
  • ရာသီသွေးမပေါ်တော့တဲ့အတွက် ဓမ္မတာကိုက်ခဲမှုဝေဒနာကိုမခံစားရတော့ခြင်း
  • သားအိမ်နံရံကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချပေးခြင်း စသည်တို့ပဲဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့

  • စထိုးကာစ လတွေမှာ ဓမ္မတာသွေးဆင်းမှုမမှန်ဘဲ မကြာခဏရာသီဆင်းခြင်း
  • ကိုယ်အလေးချိန်တက်နိုင်ခြင်း
  • အသည်းရောဂါ၊ ရင်းသားကင်ဆာဖြစ်ပွားမှုရှိပါက အသုံးမပြုနိုင်ခြင်း
  • စိတ်ကျရောဂါ၊ အရိုးပွရောဂါများရှိပါကအသုံးမပြုသင့်ခြင်း
  • နှလုံးနှင့်လေဖြတ်ဝေဒနာရှင်များ မသုံးမပြုသင့်ခြင်း
  • ဒက်ပိုကို နှစ်နှင့်ချီ၍ထိုးခဲ့ပါက တားဆေးဖြတ်အပြီးတစ်နှစ်ခန့်ကြာမှသာ ကိုယ်ဝန်ပြန်လည်ရနိုင်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သားဆက်ခြားတော့မယ်ဆိုရင် သန္ဓေတားနည်းများကို တစ်ခုချင်းစီလေ့လာပြီး သင့်တော်ရာကိုရွေးချယ်ပါ။ အကယ်၍ ဒက်ပိုကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင့်ရဲ့မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီး ရက်ချိန်းမှန်မှန်ထိုးနှံကာ ကိုယ်ဝန်ရှောင်နိုင်ပါကြောင်း ဗဟုသုတမျှဝေလိုက်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

လူေျပာမ်ားတဲ့ ဒက္ပို

ဒက္ပိုလို႔ အရပ္ေခၚ ေခၚေနၾကတဲ့ သံုးလခံသေႏၶတားေဆးဟာ အိမ္ေထာင္႐ွင္အမ်ိဳးသမီးအမ်ားစု တြင္တြင္က်ယ္က်ယ္သံုးစြဲၾကတဲ့ သားဆက္ျခားေဆးတစ္မ်ိဳးပဲျဖစ္ပါတယ္။ ဒီေတာ့ဒက္ပို (Depo Provera) ဆိုတဲ့ေဆးဟာ ဘာလဲ၊ ေကာင္းက်ိဳးဆိုးက်ိဳး ဘာေတြ႐ွိလဲဆိုတာ ေလ့လာၾကည့္ၾကရေအာင္။

ဒက္ပိုဆိုသည္မွာ..

Depo ဆိုတာဟာ သေႏၶတားေဆးအျဖစ္နဲ႔အသံုးျပဳၾကတဲ့ Medroxyprogesterone လို႔ေခၚတဲ့ ေဟာ္မုန္းေဆးတစ္မ်ိဳးပဲျဖစ္ပါတယ္။ Depo ကို သံုးလပတ္ (၁၂ပတ္) တစ္ခါထိုးျခင္းအားျဖင့္ သားဆက္ျခားႏိုင္ပါတယ္။ ဒက္ပိုဟာ မ်ိဳးဥေႂကြျခင္းကိုတားဆီးတဲ့အတြက္ အမ်ိဳးသားရဲ႕သုက္ပိုးနဲ႔ မ်ိဳးဥထိေတြ႔မႈမ႐ွိေစျခင္းျဖင့္ ကိုယ္ဝန္မရေအာင္ တားဆီးေပးပါတယ္။ ဒါ့အျပင္ သားအိမ္ေခါင္းအဝရဲ႕အခြဲ်ဓာတ္ကိုပိုမ်ားေစျခင္းျဖင့္လည္း သုက္ပိုးမ်ားကိုတားဆီးေပးပါတယ္။

"ဘာေတြေကာင္းလဲ၊ ဘာေတြဆိုးလဲ"

အျခားေသာ သေႏၶတားေဆးမ်ားနဲ႔ယွဥ္ရင္ Depoကိုေရြးသင့္တဲ့အေၾကာင္းေတြကေတာ့

  • ႐ိုး႐ွင္းလြယ္ကူစြာထိုးႏွံႏိုင္ၿပီး ထိေရာက္ေသာကာကြယ္မႈကိုေပးႏိုင္ျခင္း
  • လက္ညိဳးကဒ္တားေဆးလိုမ်ိဳး ေန႔စဥ္ေသာက္စရာမလိုဘဲ သံုးလမွတစ္ခါသာ ေဆးထိုးရန္လိုျခင္း
  • ရာသီေသြးမေပၚေတာ့တဲ့အတြက္ ဓမၼတာကိုက္ခဲမႈေဝဒနာကိုမခံစားရေတာ့ျခင္း
  • သားအိမ္နံရံကင္ဆာျဖစ္ပြားမႈႏႈန္းကို ေလ်ွာ့ခ်ေပးျခင္း စသည္တို႔ပဲျဖစ္ပါတယ္။

ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ကေတာ့

  • စထိုးကာစ လေတြမွာ ဓမၼတာေသြးဆင္းမႈမမွန္ဘဲ မၾကာခဏရာသီဆင္းျခင္း
  • ကိုယ္အေလးခ်ိန္တက္ႏိုင္ျခင္း
  • အသည္းေရာဂါ၊ ရင္းသားကင္ဆာျဖစ္ပြားမႈ႐ွိပါက အသံုးမျပဳႏိုင္ျခင္း
  • စိတ္က်ေရာဂါ၊ အ႐ိုးပြေရာဂါမ်ား႐ွိပါကအသံုးမျပဳသင့္ျခင္း
  • ႏွလံုးႏွင့္ေလျဖတ္ေဝဒနာ႐ွင္မ်ား မသံုးမျပဳသင့္ျခင္း
  • ဒက္ပိုကို ႏွစ္ႏွင့္ခ်ီ၍ထိုးခဲ့ပါက တားေဆးျဖတ္အၿပီးတစ္ႏွစ္ခန္႔ၾကာမွသာ ကိုယ္ဝန္ျပန္လည္ရႏိုင္ျခင္း စသည္တို႔ပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္ သားဆက္ျခားေတာ့မယ္ဆိုရင္ သေႏၶတားနည္းမ်ားကို တစ္ခုခ်င္းစီေလ့လာၿပီး သင့္ေတာ္ရာကိုေရြးခ်ယ္ပါ။ အကယ္၍ ဒက္ပိုကိုေရြးခ်ယ္ခဲ့မယ္ဆိုရင္ေတာ့ သင့္ရဲ႕မိသားစုဆရာဝန္နဲ႔တိုင္ပင္ၿပီး ရက္ခ်ိန္းမွန္မွန္ထိုးႏွံကာ ကိုယ္ဝန္ေ႐ွာင္ႏိုင္ပါေၾကာင္း ဗဟုသုတမ်ွေဝလိုက္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *